dailyvid


1234
x

Latest Post

Showing posts with label media. Show all posts
Showing posts with label media. Show all posts

မြန်မာဒုက္ခသည် တို့ အိမ်မက်ဆိုးများနှင့် တ၀ဲလည်လည်

မြန်မာစစ်အစိုးရတပ်တို့၏ ဖိနှိပ်ညင်းပမ်းမှုကြောင့် ၂၀၀၆ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည့် ကရင်နီရွာသား၂၀၀၀၀ ခန့်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားမဝင် ဒုက္ခသည်အဖြစ် နေထိုင်ကြဆဲပင် ဖြစ်သည်။ ယခုနှစ် မေလအတွင်း တရွှေ့ရွှေ့ ထပ်မံထွက်ပြေး လာကြသည့် သူများမှာလည်း တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ယာယီထုတ်ပေးသည့် ရိက္ခာဖြင့်သာ အသက်ရှင်နေကြရပါသည်။

ဒုက္ခသည်များအပေါ် ထိုင်းအာဏာပိုင်တို့မှ ကန့်သတ်ပြဌာန်းထားသည့် မူပေါ်လစီအပေါ် UNHCR တို့မှလည်း ဒုက္ခသည်များကို ထိရောက် သည့် အသိအမှတ်ပြုမှုများ မပေးနိုင်သည့်အတွက် ဒုက္ခသည်များအဖို့ ခိုလုံနေထိုင်ခွင့်များ၊ အစားအစာများ ရပိုင်ခွင့်နှင့် လုံခြုံရေးတို့မှာ တရားဝင် သတ်မှတ်ပေးရန် အဟန့်အတားများ ဖြစ်ပေါ်လာပါသည်။

ယခင်က ထိုင်းအစိုးရ အနေဖြင့် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအပေါ် ထားရှိသည့် သဘောထားနှင့် ကိုင်တွယ်မှုတို့မှာ ချီးမွမ်းထိုက် လောက်သည့် သမိုင်းတွင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း နယ်စပ်ရေးရာဆိုင်ရာ ကိစ္စတို့ကို စစ်တပ်ဖြင့် မူပေါ်လစီများ ချမှတ်စေ ခဲ့သည့်အတွက် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

လတ်တလောတွင် ထိုင်းစစ်သားများသည် မဲဆောက်မြို့၏ မြောက်ဘက်ရှိ စစ်ဘေးကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များအား မြန်မာနိုင်ငံသို့  ပြန်လည်အခြေချနေထိုင်စေခြင်း၊ ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျမှ ရောက်လာသော ရိုဟင်ဂျာ ဒုက္ခသည် များအား မတော်မတရား ဆက်ဆံခြင်းနှင့် လာအိုမှ ရောက်လာကြသော H'mong ဒုက္ခသည်တို့ အား ၎င်းတို့၏ နိုင်ငံသို့ အတင်းအဓမ္မ ပြန်လည် အခြေချနေထိုင်စေခဲ့သည်။

ထိုင်းအစိုးရတို့သည် ၁၉၅၁ ခုနှစ်နှင့် ၁၉၆၇ ခုနှစ်တွင် မြန်မာစစ်ပြေးဒုက္ခသည်တို့ အား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် သဘောတူ လက်မှတ် ရေးထိုးချုပ်ဆိုခြင်း မပြုသော်လည်း လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ယာယီခိုလှုံသူများအဖြစ် လက်ခံသည်။ ၂၀၀၉ တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုးံ အစီရင်ခံစာအရ ထိုင်းအစိုးရတို့သည် လူ့အခွင့်အရေးနှင့် ပါတ်သက်ပြီုး ၎င်းတို့၏ ကတိကဝတ်များ ပျက်ပြားလာသည်ဟု ဖော်ပြထားသည်။

မကြာသေးမီက ဒုက္ခသည်များအပေါ် လုပ်ဆောင်ခဲ့သော ၎င်းတို့၏ ပေါ်လစီနှင့် နှိမ်နှင်းမှုသည် နိုင်ငံတကာနှင့် ဒေသအတွင်းရှိ နိုင်ငံများအဖို့ အာရုံစူးစိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဝေဖန်ခြင်းများလည်း ဖြစ်ပေါ်စေခဲ့သည်ဟု ထိုင်းအခြေခံလူမှုအသင်းအဖွဲ့များအား ကိုယ်စားပြုဆိုင်ရာ အမေရိကန် လွတ်တောအမတ်များက ဆိုသည်။

ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ UNHCR တို့ နှင့် ထိုင်းအစိုးရတို့ မှာ ဒုက္ခသည်များ၏ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအပေါ် ငြင်းခံမှုများ ဖြစ်ပေါ်လာသည်။ ဒုက္ခသည်များ၏ အခွင့်အရေးဆိုသည်မှာ ဘာလဲ ဆိုသည့် ငြင်းခံမှုများ ဖြစ်ပေါ်နေချိန်တွင် ယခု မတ်လအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်မှ စစ်ဘေးဒါဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အသက် ၃၅ နှစ်အရွယ်ရှိ မီးမယ်က “ကျမ ယောင်္ကျားကို နအဖ စစ်သားတွေက သတ်ခဲ့တယ်။ ရွာတွေလည်း ဖျက်ဆီးခံလိုက်ရတယ်။ လယ်ယာတွေကိုလည်း စွန့်လွတ်လိုက်ရတယ်။ ကျမမှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ ကျမ ကလေးတွေရဲ့ ဘဝလုံခြုံရေးတွေ အတွက်ကြောင့် ဒီနယ်စပ်ကို ထွက်လာရတာပါ” ဟု ပြောဆိုပါသည်။

မိမိဘဝလုံခြုံရန်အတွက် ထွက်ပြေးတိမ်းရှောင်လာသည်မှာ မီးမယ် တစ်ဦးတည်း မဟုတ်ပါ။ သူမက ဆက်လက်၍ “ကျမတို့ ထွက်လာတာ ၁၁၅ ယောက်လောက် ရှိတယ်။ ဒီနယ်စပ်ကို ရောက်ဖို့ တစ်ပတ်လောက် ကြာတယ်လေ။ လမ်းခရီးမှာ တောထဲမှာပဲ ပုန်းတယ်၊ အိပ်တယ်၊ တောထဲမှာ လှုပ်ရှားနေတဲ့ နအဖ စစ်သားတို့နဲ့  မြေမြုပ်မိုင်းတွေနဲ့ တိုးမိမှာ အရမ်းစိုးရိမ်တယ်။ နောက်ပြီး လာရမယ့် လမ်းပျောက်သွား မှာကိုလည်း စိုးရိမ်ခဲ့တယ်။ စားစရာတွေ တစ်ချို့ တော့ သယ်လာတယ်ပေါ့။ ဒါပေမယ့် အများအားဖြင့် တောထဲက အစားအစားကိုပဲ စားပါတယ်”

မီးမယ်သည် ထိုင်းနိုင်ငံသို့  စစရောက်ချိန်၌ ဘဝလုံခြုံမှု ရှိသည်ဟု ခံစားရသော်လည်း ထိုင်းအစိုးရတို့၏ တရားဝင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရသည့်အတွက်ကြောင့် ၎င်း၏ လုံခြုံမှုအတွက် ခိုကိုးရာထားခဲ့သည့် စိတ်ခံစားမှုမှာ ပျောက်ကွယ်သွားပါတော့သည်။ သူမသည် ယခုလက်ရှိတွင် မယ်ဟောင်ဆောင်မြောက်ဘက်ရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းတွင် နေထိုင်ပါသည်။

“အခုအချိန်မှာ တစ်ရက်တစ်ကြိမ်လောက် ချေးထားတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတာကိုပဲ တွေးနေပါတယ်။ ကျမမှာ အဝတ်အစားလည်း မရှိဘူး။ သူများတွေကိုပဲ မှီခိုနေပါတယ်။ အစားအစာတော့ နည်းနည်းရှိတယ်။ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီ တာလည်း မရှိပါဘူး။ သူငယ်ချင်းတွေရဲ့ ပေးကမ်းမှုတွေမှာပဲ မှီခိုနေပါတယ်” ဟု မီးမယ်က ဆက်ပြောပါသည်။

အမှတ် (၁) စခန်းတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူမှာ (၁၃၆၃၁) ဦး ရှိပြီး မှတ်ပုံမတင်သူမှာ (၇၂၇) ဦး ရှိသည်။

၂၀၀၉ ၏ ဒီဇင်ဘာလ နောက်ပိုင်းတွင် ထပ်မံရောက်လာကြသူမှာ (၁၁၇၄) ဦး ရှိပါသည်။ TBBC (Thai Burma Border Consortium) ၏ နောက်ဆုးံ အစီရင်ခံစာ ဖြစ်သော (Protracted Displacement and Militarization in Eastern Burma) အရ မြန်မာနိုင်ငံ၏ အရှေ့ ဘက်ရှိ ကျေးလက်တောရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သူဦးရေ (၄၇၀ ၀၀၀) ဦး ရှိသည်ဟု သတ်မှတ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖျက်ဆီးခြင်း ခံခဲ့ရသော ကျေးရွာနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံရသော ကျေးရွာပေါင်း (၃၅၀၀) ရွာ ရှိကာ ၂၀၀၈ သြဂုဏ်လမှ ၂၀၀၉ ဇူလိုင်လကြားတွင်လည်း (၁၂၀) ရွာ ဖျက်စီးခံရသည်ဟု ဖော်ပြ ထားပါသည်။ ထို့ အပြင် Darfur ဒုက္ခသည်နှင့် နိုင်ယှဉ်လျင် မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှု အများဆုံး နေရာ ဖြစ်သည်ဟု ဖော်ပြပြီး မြေမြုပ်မိုင်းနှင့် မြန်မာစစ်အစိုးရတပ်များ တောထဲသို့ ကျက်စားခြင်းသည် ကျေးလက်ဒေသရှိ ရွာသူရွာသားများအတွက် အကြီးမားဆုးံ ခြိမ်းခြောက်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စခန်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း TBBC ၏ ဤမြေမြုပ်မိုင်းနှင့် တောထဲတွင် ကျက်စားနေကြသော စစ်အစိုးရတပ်တို့သည် ကရင်နီပြည်ရှိ ရွာသူရွာသားများအတွက် အန္တရာယ်ရှိကြောင်း ထုတ်ဖော်ချက်ကို သဘောတူသည်။ ၎င်းက “နအဖ စစ်သားတွေက မြေမြုပ်မိုင်းကို ရွာသားတွေရဲ့  လယ်ယာတွေနဲ့ သွားရာလမ်းတွေမှာ မြုပ်ထားတော့ အန္တရာယ် ရှိတာပေါ့” ဟု ဆိုပါသည်။

ကရင်နီဒုက္ခသည်စခန်းတွင် မီးမယ် လွယ်အိပ်ယှက်သင်နေပြီ
မီးမယ်တို့ ဇနီးမောင်နှံသည် ကရင်နီတပ်မတော်များအား အကူအညီ ပေးသည်ဟု စစ်အစိုးရတပ်များက စွပ်စွဲထားသည့်အတွက် မိမိ၏ ရွာဟောင်းကို မပြန်ရဲကြောင်း ဆိုသည်။

အားကိုးအားထားရသော လင်အသတ်ခံရသည့် မီးမယ်က ဝမ်းနည်းကြေကွဲစွာဖြင့် ယခုလို ပြောချလိုက်ပါတော့သည်။

“ကျမ ယောက်ကျားကို နအဖ စစ်သားတွေ သတ်လိုက်ပြီးနောက်ပိုင်း ကျမတို့ တောင်ယာကို လုပ်ကိုင်မယ့် သူနဲ့ ကျမတို့ကို လုပ်ကျွေးမယ့်သူ မရှိတော့ဘူးလေ။ ဒီတော့ ကျမတို့ ဘယ်လို ဆက်လုပ်ရတော့မှာလဲ”

ကန္တာရ၀တီတိုင်းမ်

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR

မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။

UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် မလေးရှားအာဏာပိုင်များနှင့် တိုင်ပင်ဆွေး နွေးနေကြောင်းနှင့် ရလဒ်ကောင်းတွေရလာနိုင်ကြောင်းပြောကြားခဲ့သည်။ CDU မှ မြန်မာဒုက္ခသည်အဖွဲ့အစည်း များကို ပြောကြားရာတွင် UNHCR ကဒ်ရရှိထားပြီး အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်မဲ့နေသူ ဒုက္ခသည်များ၏ နာမည်၊ စာရင်း၊ အလုပ်လုပ်ကိုင်ရာနေရာ၊ ဆက်သွယ်ရန်လိပ်စာ စသည့်အချက်များပါသည့် စာရင်းကို UNHCR သို့ပေးပို့ပေးကြရန် ပါဝင်သည်။
UNHCR ၏ မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောက်ရွက်ပေးမှုသည် ကောင်းမွန်သော အစီအစဉ်ဖြစ်ပေမယ့် မလေးရှား uNHCR အရာရှိတစ်ချို့ အထူးသဖြင့် Registration Unit ၏ ခွဲခြားဆက်ဆံမှု များကြောင့် အခက်အခဲ အကန့်အသတ်များရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) ဥက္ကဌ ဦးမောင်လှက အစည်းအဝေးတွင် ပြောကြားရာတွင် “ အလုပ်အကိုင်ရရှိရေးအတွက် UNHCR မှ ယခုလို ကူညီဆောင်ရွက်နေခြင်းသည် ၀မ်းသာ စရာကောင်းသည်။ သို့သော် UNHCR ကဒ်ရရှိထားသူများအတွက်သာဖြစ်နေပြီး ဒုက္ခသည်ဖြစ်ထိုက်ပေမယ့် UNHCR Registration တွင် နာမည်စာရင်းသွင်းဖို့တောင် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအဖို့ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ” ဟု ပြောဆိုသွားသည်။

မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရင်တောင်မှ UNHCR ကဒ်မရသေးသော မြန်မာဒုက္ခသည်များမှာ ဘာအခွင့်အရေးမှ မရသည့်အပြင် မလေးအာဏာပိုင်များ၏ အတင်း အကြပ်ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်းရှိသည်။ ထို့ပြင် ဒုက္ခ သည်ချင်းအတူတူ UNHCR ကဒ်ရရှိထားသူများ နှင့် UNHCR ကဒ်မရသေးသောသူများကြား ကွာဟချက်လည်း အလွန်ကြီးများသွားမည်။

ဒီလိုမြန်မာဒုက္ခသည်အချင်းချင်းမညီမျှမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်ရတာဟာ မလေးရှား UNHCR အရာရှိတစ် ချို့ရဲ့ မတရားခွဲခြားမှုကြောင့်ဘဲဖြစ်တယ်။ မလေးရှား အစိုးရက လူသားချင်းစာနာလို့ တရားဝင်လုပ်ကိုင်ခွင့် ပြု လာရင်တောင်မှ မလေးရှား UNHCR အရာရှိတစ်ချို့ရဲ့ နှစ်ရှည်လများ ခွဲခြားဆက်ဆံမှုတွေကြောင့် UNHCR ကဒ်ရထားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေကျတော့ အလုပ်အကိုင်တွေရစေ၊ သူတို့ UNHCR ကဒ်မပေးတဲ့ ဗ မာလူမျိုးတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကျတော့ ထောင်ကျစေ သ ဘောဖြစ်နေပြီ။

မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။

တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။

အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။

မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။

“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) အဖွဲ့ဝင်တွေရဲ့ နာမည်၊ လိပ်စာ၊ ရောက်ရှိရာနေရာ၊ မလေးရှားရောက်သည့်နှစ်၊ အိမ်ထောင်ရှိ/မရှိ အစရှိသဖြင့် အချက်အလက်များပါတဲ့ စာရင်းကို ၂၀၁၀ ဖေဖော် ၀ါရီလဆန်းပိုင်းနောက်ဆုံးထားပို့ပေးရန် အကြောင်းကြားခဲ့သည်။ UNHCR ပြောတဲ့အတိုင်း ကျနော်တို့ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ ဒီအဖွဲ့ဝင်တွေကို UNHCR စာရင်းသွင်းပြုလုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။

BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိတာ ကြောင့် ကျနော်ကိုယ်တိုင်သွားရောက် စုံစမ်းမေးမြန်းတဲ့အခါ UNHCR အရာရှိရဲ့ တုံ့ပြန်ချက်ဟာ လုံးဝကို အံ့ အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။

UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။


အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ”
ပေးပို့ပေးသူ - ခမိခဆဲ http://kamikaze-2010.blogspot.com

နအဖ စစ်သံရုံးရှေ့ တွင်ကျင်းပပြုလုပ်သည့် ဂလိုဘယ်အက်ရှင်နေ့ အခမ်းအနား ( ကိုရီးယား )


လေးစားစွာဖြင့်
flyingpeacock

( Behind the scenes with Generation Wave မှန်တာတွေကို ပြောရဲဖို့ လိုလာပြီ

MAE SOT, Thailand — Behind the rusty prison bars, two men lie on the floor in light blue fatigues. A stream of light pours in through a small window near the top of their cell. All is still.

Suddenly, loud music begins to blare. The men leap up and clang their iron shackles as smoke drifts into their cell. They start singing against a heavy beat: “Never turn back, never give up.”

Despite appearances, these men are not criminals and they are not in prison — at least not in a literal sense

9KT and MK are famous Myanmar hip-hop artists on the set of their latest music video, "Never Give Up." Donning black masks and using pseudonyms, these musicians aim to keep their political tunes under the radar of a dictatorship as oppressive as Myanmar, formerly called Burma.

“We wanted to film in a prison cell in order to represent for all our members and friends who are now behind bars,” said 9KT, arranging his mask on the set of the music video. “We are trying to tell the government, even if they imprison us they cannot stop us fighting for freedom; we will always carry on.”

“We are telling the people that they shouldn’t give up,” he said. “Burmese youth can’t be afraid of the Burmese junta, they need to fight for freedom in our country.”

Watch a draft of the "Never Give Up" music video:





Already a prominent hip-hop artist in Myanmar, 9KT grew inspired to make more subversive songs when he heard the political hip-hop of refugees from his country in Australia. He wanted to similarly address the extreme suffering he saw around him.

He traveled to Mae Sot, Thailand, near the Myanmar border, more than a year ago. The area has for more than two decades played host to an array of organizations opposing the Myanmar junta.

There, he joined up with an underground political group called Generation Wave (GW). He later met MK through GW, and they immediately found common ground in their love for music and the desire to “wake up the youth.” In Mae Sot, they can produce their music with relative safety, away from the police presence in Yangon, Myanmar's capital.

GW itself was formed after the "Saffron Revolution" in September 2007 when rising fuel prices provoked thousands of monks to take to the streets in protest. Civilians joined the movement, but the military junta cracked down, leaving hundreds dead and thousands imprisoned.

Following the crackdown, a group of protesters, who had been friends since high school, started GW as a way to inspire new activists inside Myanmar. Having analyzed revolutions worldwide and the opposition movement in their country they decided to focus on non-violent resistance.

In two and half years, the group has carried out what they call “action campaigns” almost every week. Their main activities include anti-government graffiti in busy places, handing out pamphlets and writing and distributing political music.

“The youth of Burma have seen so many activists thrown behind bars, they have seen monks killed in the streets, so many are turning their back to the struggle for human rights,” said Min Yan Naing, founder of GW. “Our job and aim is to bring them back and make them feel the responsibility to change our country and better the lives for all Burmese people.”

Just association with GW risks a hefty prison sentence. Thirty GW members have been arrested. Nyie Chan was handed the longest sentence, 32 years, and is said to be suffering from severe stomach problems in Myanmar’s notorious Insein prison near Yangon.

source by : GlobalPost

The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ

May 24 - 30, 2010 TheV Weekly TheVOICEVol.6 / No.28 Monday, May 24 - 30 , 201 0 voice (6-28)

ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီ ၀န်းကျင်ခန့်မှ စ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးသည် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်း အတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်) မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။ (ဓါတ်ပုံ များ အောက်တွင် ဖော်ပြထားပါသည်။








source by : ELEVEN MEDIA

မြန်မာနိုင်ငံသားတိုင်း သိထားသင့်သော ၂၀၁၀ ရွေးကောက်ပွဲ ဆိုးကျိုးများ

လေးစားရသော မိတ်ဆွေခင်ဗျား .......
ပြည်တွင်းမှာ အစိုးရဌာနတခုရဲ့ အကြီးအကဲဖြစ်နေတဲ့ ပညာတတ်မိတ်ဆွေကမေးတယ်။ " ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့နိုင်မှာပဲ မဟုတ်လား" တဲ့။ ထိုမေးခွန်းကြောင့် ရင်ထဲလေးလံကာ အထိတ်တလန့် ဖြစ်သွားရသည်။ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ဥပဒေ ပါအချက်လက် များအကြောင်း သာမန် ပြည်သူအများ နားမလည်မှုကြောင့် ဖြစ်လာမည့် ဆိုးကျိုးများ ကိုသတိပြုမိသောကြောင့်၊ လူအများနားလည်သင့်သော အဓိကအချက်များအား ထုတ်နှုတ်ကာ နားလည်လွယ်အောင် ရေးသားလိုက်ပါသည်။

မေးခွန်း ၁။ အစိုးရကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ပြောထားတော့ ရွေးကောက်ပွဲဟာ တရားမျှတမှာလား။

အဖြေ ၁။ လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာ အစိုးရကကတိပေးထားရုံနှင့်မလုံလောက်ပါ။ ရွေးကောက်ပွဲဆိုသည်မှာ မဲထည့်၊ မဲရေတွက်လုပ်ငန်းစဉ်တခုတည်းမဟုတ်ပါ။ ရွေးကောက်ခံကိုယ်စားလှယ်များ လွတ်လပ်စွာမဲဆွယ်ခွင့်၊ ပုဂ္ဂလိကပိုင်မီဒီယာများသာမက နိုင်ငံပိုင်မီဒီယာများကိုလဲ လွတ်လပ်စွာ၊ သာတူညီမျှစွာသုံးစွဲမဲဆွယ်ခွင့်။ ပါတီများမှ တင်သွင်းသော ကိုယ်စားလှယ်များအား စိစစ်ရာမှာ မျှတမှုရှိခြင်း။ ပါတီများအားလုံး လုပ်ပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့်တို့သည် တပြေးညီ ဥပဒေအတိုင်း ဖြစ်စေခြင်း စသည့်လုပ်ငန်းစဉ်များ ပါဝင်ပါသည်။

(က) ယခုနအဖမှ ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကိုပြန်ကြည့်လျှင် နိုင်ငံတကာမှ လွတ်လပ်သော အဖွဲ့အစည်းများအား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခွင့်မပေးပါ။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် အာဆီယံနိုင်ငံများအပါအ၀င် ဇင်ဘာဘွေ၊ အီရတ်၊ အာဖဂန် စသည်နိုင်ငံများပင်လျှင် နိုင်ငံတကာ စောင့်ကြည့် လေ့လာမှုအား ခွင့်ြ့ပုခဲ့ကြသည့် သာဓကရှိပါသည်။

(ခ) လက်ရှိအခြေအနေတွင် နအဖ နှင့်နီးစပ်သော၊ နအဖမှဖွဲ့စည်းထားတော့ ပါတီများမှအပ ကျန်ပါတီများမှာ တရားဝင်မဲဆွယ်လှုပ်ရှားခွင့် မရှိသေးပါ။

(ဂ) နိုင်ငံရေးပါတီများ သာတူညီမျှရှိစေရေးနှင့်ပတ်သက်လျှင် ယခု နအဖမှဖွဲ့စည်းထားတာ့ USDP ပါတီသည် နိုင်ငံပိုင် အဆောက်အအုံ၊မြေနေရာ စသည်တို့ကို ဆက်လက်သုံးစွဲနေသည့်အပြင်၊ ပါတီရံပုံငွေများမှာလဲ မူလမိခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း မှရယူသုံးစွဲနေသောပါတီဖြစ်သည့်အပြင်၊ ၀န်ထမ်းအများစုပါဝင်သည့် အသင်းသားများမှာလည်း ပါတီဝင်အလိုလိုဖြစ်သွားမည့်အခြေအနေများရှိနေပါသည်။

(ဃ) ၂၀၀၈ခုနှစ် ဆန္ဒခံယူပွဲ မှအတွေ့အကြုံများအရ ၀န်ထမ်းအများစုအား အဓမ္မဖိအားပေးကာ နအဖဖွဲ့စည်းထားသောပါတီအများအတွက် ကြိုတင်ထောက်ခံမဲပေးစေခြင်း စသည့်အချက်များ ဖြစ်လာနိုင်သည်။

(င) လက်ရှိရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအပေါ် အကြွင်းမဲ့အာဏာဖြင့် ထိန်းချုပ်ထားနိုင်ပြီး၊ ကော်မတီရဲ့ဆုံးဖြတ်ချက်သည်အတည်ဖြစ်ပြီး တရားဥပဒေအရ ပြန်လည်ရင်ဆိုင် ဖြေရှင်းခွင့်ပင်မရှိပါ။

အထက်ပါအချက်လက်များအား ထောက်ရှုခြင်းအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ခြေ အလွန်နည်းပါးကြောင်း သုံးသပ်နိုင်ပါသည်။

မေးခွန်း ၂။ ဒါဆို အခု လွှတ်တော်ထဲဝင်ပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ကြိုးစားမည် ဆိုတဲ့ပါတီများလဲရှိပါသည်။ ထိုပါတီများမှသူများရော လွှတ်တော်အတွင်းရောက်နိုင်ပါရဲ့လား။

အဖြေ ၂။ အဖြေ ၁ မှာဖြေဆိုထားချက်အရ နအဖနှင့် မပတ်သက်သော ပါတီများမှသူများ လွှတ်တော်တွင်းရောက်နိုင်ခြေ နည်းပါးသည်မှာ ရှင်းပါသည်။ သို့သော် အဖြေ ၁ ပါ မညီမျှသော၊ မတရားသော ကိစ္စများကံကောင်းစွာဖြင့် ဖြစ်မလာဘူးဟု ဆိုကြပါစို့။ ဒါဆိုလျှင် မေးခွန်းပါ လွှတ်တော်တွင်း ၀င်ရောက်ပြောင်းလဲဖို့ ကြိုးစားသည့်ပါတီများ ရွေးကောက်ပွဲတွင် ၀င်ရောက်ရန်ပြင်ဆင်သည့်အခါ အဓိကပြသနာကြီးများ ရှိပါသေးသည်။
နအဖ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဟူ၍ လွှတ်တော် ၂ရပ်ရှိမည်ဖြစ်ရာ၊ ထိုလွှတ်တော် ၂ရပ်ပေါင်းအတွက် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၆၆၄ယောက်ရှိမည်။ ထိုအထဲမှ လွှတ်တော်၂ရပ်လုံးတွင် စစ်တပ်မှတိုက်ရိုက်ပါဝင်မည့် အရေအတွက် ကိုနှုတ်လျှင် ပြည်သူများရွေးချယ်ရမည့် ကိုယ့်စားလှယ်အရေအတွက် မှာ ၄၉၈ယောက်ဖြစ်သည်။ ကိုယ်စားလှယ်တစ်ဦး ၅သိန်းနှုံးအစိုးရ ထံတင်သွင်းရမည်ဖြစ်ရာ အသစ်တည်ထောင်သောပါတီများမှာ ကိုယ်စားလှယ်နေရာ အားလုံးဝင်ပြိုင်နိုင်ရန် ကိုယ်စားလှယ်များအတွက် ကုန်ကျစားရိတ်သည်ပင် သိန်းပေါင်း ၂၅၀၀ရှိသည်။ မဲဆွယ်ရာတွင်သုံးစွဲရမည့်ငွေကြေးမပါသေး။ ထို့ကြောင့် နအဖ ဖွဲ့စည်းပေးထားသော ပါတီမှလွဲလျှင် ကျန်ပါတီများမှာ ကိုယ်စားလှယ်နေရာ ၁၀၀ခန့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ပင် မလွယ်ကူပါ။
ထိုအချက်ကြောင့် ပြုပြင်ပြောင်းလဲမည် ဟုကြွေးကြော်ထားသော ပါတီများမှကိုယ်စားလှယ်အများ လွှတ်တော်အတွင်းရောက်နိုင်ချေ အလွန်နည်းပါးပါသည်။

မေးခွန်း ၃။ အထက်ပါ အခက်အခဲများအား ကျော်လွှားနိုင်သည်ပဲဆိုကြစို့၊ ဒါဆိုလျှင် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်မည့်ပါတီများမှ ကိုယ်စားလှယ်နေရာ အများအပြားဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရလျှင်ရော နောင်တက်မည့်အစိုးရအဖွဲ့မှာ မပါနိုင်ဘူးလား။

အဖြေ ၃။ ပထမသိထားသင့်သည်မှာ ရွေးကောက်ခံကိုယ် စားလှယ်များသည် ဥပဒေပြုရေး (legistation) အတွက်သာ တာဝန်ရှိမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ (executive branch) ဖွဲ့စည်းဖို့မဟုတ်ပါ။ ဖွဲ့စည်းပုံအရ လွှတ်တော်နှစ်ရပ်မှ ဒုသမ္မတ နှစ်ယောက် အမည်စာရင်း တင်သွားနိုင်မှာဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်များမှ တစ်ယောက်၊ စုစုပေါင်း ၃ယောက်တင်သွင်းရမှာဖြစ်ပါတယ်။ လွှတ်တော်၂ရပ်မှ ကိုယ်စားလှယ်များဖွဲ့စည်းထားသော သမတရွေးချယ်ရေး အဖွဲ့က ဒုသမ္မတ ၃ယောက်မှ တစ်ယောက်အား သမ္မတအဖြစ်ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်ရမှာမဟုတ်ပါ။ ထိုသမ္မတသည် ဖွဲ့စည်းပုံအရ စစ်ရေးအမြင်ရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။ အရွေးခံရသော သမ္မတမှ အစိုးရအဖွဲ့အတွက် ၀န်ကြီးများအား နာမည်စာရင်း တင်သွင်းဖွဲ့စည်းရမှာဖြစ်ပြီး၊ ၀န်ကြီးဖြစ်မည့်သူများဟာ ပြည်သူရွေးချယ်ထားသော ကိုယ်စားလှယ်ဖြစ်လျှင်၊ မိမိပါတီမှ နှုတ်ထွက်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ပါတီတခုသည် ကိုယ်စားလှယ်အများစု အရွေးခံရစေကာမူ အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်ရန် အခွင့်အလမ်းနည်းပါးသလို၊ ပါဝင်နိုင်ပါကလဲ မိခင်ပါတီအား ကိုယ်စားပြုနိုင်မည် မဟုတ်တော့ပါ၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တော့ပါ။ သမ္မတမှ ချမှတ်ပေးသော မူဝါဒလမ်းကြောင်းများ အကောင်ထည်ဖေါ်ပေးရမည့် သူမျှသာဖြစ်သွားပေမည်။

မေးခွန်း ၄။ ခင်ဗျားဟာကလဲဗျာ ပါတီကရွေးကောက်ပွဲမှာ အများစုအနိုင်ရတောင် သိပ်မဟုတ်လှသေးပါလား။ ဒါဆို ဆိုပါစို့ ပါတီတခုက လွှတ်တော် ၂ရပ်လုံးမှာ ကိုယ်စားလှယ်နေရာ အများစုအနိုင်ရပါပြီတဲ့။ သူတို့ကိုယ်စားလှယ်တွေက ကိုယ့်ပါတီခေါင်းဆောင်ကို ဒုသမ္မတတွေအဖြစ် နာမည်စာရင်းတင်သွင်းနိုင်ရင် ကိုယ့်ပါတီကလူ သမ္မတမဖြစ်နိုင်ဘူးလား။ ဒါဆို အစိုးရမဖွဲ့ မဖွဲ့နိုင်ဘူးလား။


အဖြေ ၄။ အဲသလောက် အထိကံကောင်းဖို့ဖြစ်နိုင်ချေ နည်းပေမယ့် ဖြစ်လာနိုင်တယ်ဆိုကြပါစို့။ ဖွဲ့စည်းပုံမှာလေ့လာကြည့်တဲ့အခါ တခုထူးခြားတာတွေ့ရပါတယ်။ နိုင်ငံတော် သမတ နှင့်သက်ဆိုင်တဲ့ အခန်း (၃) ပုဒ်မ ၆၀(စ)မှာ ဒီလိုဆိုထားတယ်။

ကိုယ်စားလှယ်များက သမ္မတအမည်စာရင်းများ တင်သွင်းပြီးနောက်မှာ " ထိုသို့ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကိုပြဌာန်းပေးရမည်" တဲ့။ ထိုပုဒ်မ မှာ လိုအပ်သလို manipulate လုပ်နိုင်ရန် ဟထားသည်ဟုယူဆနိုင်စရာ အကြောင်းရှိသည်။
ယခုရွေးကောက်ပွဲကာလသည် ထိုဖွဲ့စည်းပုံအရဆိုလျှင် အသွင်ပြောင်းကာလ (transitional period) ပါပုဒ်မများနှင့် အကြုံးဝင်နေပါသည်။ အသွင်ပြောင်းကာလ အစိုးရမှာ နအဖဖြစ်သည်။ အသွင်ပြောင်းကာလအစိုးရ လုပ်ချင်တာလုပ်တာမှန်သမျှသည် ထို ဖွဲ့စည်းပုံ အသက်ဝင်စေရေးဖြစ်သည်ဟု မှတ်ယူရမည်ဟု ရေးသားထားပြန်ပါသည်။ ဒါ့ကြောင့် နအဖ သည် ထိုပြဌာန်းချက်အရ သမတရွေးချယ်ရေး ဥပဒေလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်နိုင်ချေရှိနေပါသေးသည်။
ထိုဥပဒေအား လိုသလိုလုပ်နိုင်ရန် ဟထားခြင်း(open) ဖြစ်နိုင်ချေရှိသည်။ အချုပ်အားဖြင့် ဆိုရလျှင် အနိုင်ရပါတီမှ အမည်စာရင်းတင်သွင်းသူ သမတဖြစ်နိုင်ချေဆိုသည်မှာ ကြံ့ဖွတ်ပါတီမှ လွဲ၍ ဖြစ်နိုင်ချေ သိပ်မရှိဟုဆိုနိုင်သည်။
မေးခွန်း ၅။ သမတဖြစ်နိုင်ခြေနည်းလဲ အနိုင်ရပါတီဟာ ဖွဲ့စည်းပုံပါ ဒီမိုကရေစီမကျတဲ့ ဥပဒေတွေပြင်ဆင်ဖို့ မလုပ်နိုင်လောက်ဖူးလား။

အဖြေ ၅။ ဖွဲ့စည်းပုံပြင်ဖို့ဆိုလျှင် ပထမဆုံး လွှတ်တော်ကိုယ်စားလှယ်အားလုံးပေါင်းရဲ့ ၂၀ရာနှုံးက အဆိုတင်သွင်းရမှာဖြစ်တယ်။ ထို ၂၀ရာနှုံးအဆိုတင်သွင်းနိုင်မှ လွှတ်တော်မှာ အဲဒီဥပဒေကို ပြောင်းသင့် မပြောင်းသင့် ဆွေးနွေးမှာဖြစ်တယ်။ ပြောင်းသင့်တယ်လို့ အဖြေထွက်မှ မဲခွဲမှာဖြစ်ပီး အနည်းဆုံး ၇၅%သော
ကိုယ်စားလှယ်များရဲ့ ထောက်ခံချက်လိုတယ်။ ကိုယ်စားလှယ်များ ထောက်ခံချက်ရရုံနှင့် မပြီးသေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခါ ပြည်သူအများစုမှထောက်ခံမဲရမှာသာ ပြောင်းလဲနိုင်မှာဖြစ်တယ်။

မေးခွန်း ၆။ ဒါဆို မျှော်လင့်ချက်တော့ ရှိသေးတာပဲ နအဖနှင့်ပတ်သက်သော ပါတီများ၊ မပတ်သက်သော ပါတီများမှကိုယ်စားလှယ် များအပါဝင် တပ်မတော်ကိုယ်စားလှယ်များထဲမှ ပြုပြင်ပြောင်းလဲမှုကိုလိုလားသူများကိုပါ စည်းရုံးနိုင်လျှင် ဖြစ်နိုင်ချေရှိတယ် မဟုတ်ဘူးလား။

အဖြေ ၆။ အဲဒီအိပ်မက်အတိုင်း တကယ်ဖြစ်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် သတိပြုစေလိုတာက ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ကိုယ်စားလှယ်များအား ကြိုက်သလို ရွေးချယ်ခွင့်၊ ဖယ်ရှားခွင့်ရှိနေတယ်။ ပြုပြင်ပြောင်းလဲ လိုတဲ့စစ်သားကိုယ်စားလှယ်များဟာ အချိန်မရွေးဖယ်ရှားခံလိမ့်မယ်။

ထို့ကြောင့် စစ်တပ်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ အဓိက အခန်းကြီများနှင့် မပတ်သက်သော သာမန်အသေးအမွှား ပုဒ်မများနှင့်သက်ဆိုင်တော့ ကဏ္ဍများတွင်သာ မျှော်လင့်လို့ရမှာဖြစ်တယ်။

မေးခွန်း ၇။ ကဲဗျာ ဒါဆိုလဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့က ဒီနအဖကလူတွေ ရှိနေသရွေ့တယ်မလွယ်ပါလား။ သူတို့တွေဟာ ၂၀၁၀ပြီးရင် အုပ်ချုပ်ရေးဖွဲ့စည်းပုံကတော့ ပြောင်းသွားမှာပဲဟာ၊ အဲဒီကျမှ ပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေသူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကြိုစားမယ်။ သူတို့ဘေးကို လွှင့်သွားအောင် ၀ိုင်းလုပ်ကြမယ်ဆိုရင်ကောဗျာ။

အဖြေ ၇။ ဒီမေးခွန်းဟာ ဘာနဲ့အလားတူနေလဲဆိုတော့၊ တကယ့်စစ်မြေပြင်မှာ ရန်သူကိုအနိုင်ယူဖို့မလွယ်လို့ အသေအချာပြင်ဆင်ထားတဲ့ သူ့ဘန်ကာထဲအထိလိုက်ပြီးမှ သတ်မယ်ဆိုတဲ့အယူအဆလိုပဲ။ နအဖဟာ သူတို့ဖွဲ့စည်းပုံမှာ တိုင်းပြည်ရှေ့ရေးအတွက် စစ်မှန်တဲ့တရားမျှတမှု၊ လွတ်လပ်မှု၊ နဲ့ လူ့အခွင့်အရေး များအတွက် ဘာမှလုံလောက်တဲ့ အာမခံချက်ပေးမထားပေမယ့်၊ သူတို့ရှေ့ရေးအတွက်တော့ အာမခံချက် အပြည့်အ၀ယူထားပါတယ်။ အခုချိန်အထိ ၂၂ကျော်အတွင်း လုပ်ဆောင်ခဲ့သမျှရော ၂၀၁၀အပြီး အစိုးရဖွဲ့ပြီးသည်အထိ သူတို့လုပ်ခဲ့သမျှအရာအားလုံးအတွက် ဘယ်လိုတရားဥပဒေအရမှ စွဲဆိုနိုင်စေခြင်းမရှိရဟု အခြေခံဥပဒေအတွင်းမှာ အတိအလင်းထည့်သွင်းထားပါတယ်။

ထို့ကြောင့် ၂၀၁၀ ပြီးသွားလျှင်လည်း သူတို့သည် တရားဥပဒေ အထက်တွင်ရှိ နေအုံးမှာဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေးများ၊ ပိုင်ဆိုင်မှုများကို လက်လွတ်စပါယ် ပေးချင်ရာပေး၊ ခွဲချင်သလိုခွဲခဲ့သမျှ၊ ဒီပဲယင်း ကဲ့သို့ အလွန်ကြီးမားလှသော ရာဇ၀တ်မှုကြီး ကျူးလွန်ခဲ့သမျှ အရာအားလုံးအတွက်၊ ဘာမှအရေးယူမခံရပဲ လွတ်ငြိမ်းချမ်းသာ ခွင့်ရနေကြမှာဖြစ်ပါတယ်။

မေးခွန်း ၈။ ဒါဆို ကျုပ်တို့လိုပြည်သူတွေ အနေနဲ့ဘာများတတ်နိုင်သေးတုံး။

အဖြေ
၈။ ပြည်သူများ အနေနဲ့ ယခုလာမယ့်ရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက်များများစားစား သိပ်မထားနိုင်ပါ။ မျှော်လင့်ချက်မထားနိုင်သဖြင့် စိတ်မ၀င်စားဟုဆိုတာ ဖာသိဖာသာနေလို့လဲမဖြစ်ပါ။
ဆန္ဒမဲတခုခြင်းသည် မိမိကိုယ်တိုင်နှင့် မိမိမျိုးဆက်သစ်တို့ အနာဂါတ်အတွက် အလွန်အရေးပါသော အုတ်တစ်ချပ်စီ ဖြစ်သည်ကို သတိပြုစေလိုတယ်။
ခြောက်တိုင်းကြောက်၊ သွေးဆောင်ဖြားယောင်းခံရတိုင်း နားယောင်ကာ တိုင်းပြည်အကျိုးသယ်ပိုးနိုင်မည်ဟု မိမိမယုံကြည်သော ပါတီနှင့် ကိုယ်စားလှယ်များအား မျက်စိမှိတ်မထောက်ခံလိုက်ဖို့ အလွန်အရေးကြီးပါတယ်။ မဲပေး၊ မဲရေတွက်သည့် လုပ်ငန်းစဉ်များတွင် မှန်ကန်မှုရှိစေရန်၊ ထင်သာမြင်သာရှိစေရန် ပြည်သူအပေါင်းမှ တာဝန်သိစွာ ၀ိုင်းဝန်ကူညီ စောင့်ကြပ် လုပ်ဆောင်ပေးနိုင်လျှင် ရေနက်ထဲ စုန်းစုန်းမြုတ်သည့်အဖြစ်မှ ရှောင်လွှဲနိုင်ပြီး အနည်းဆုံးတော့ ရေတိမ်မှာ နှာခေါင်းလောက်တော့ ပေါ်နေနိုင်သေးသည့်အခြေအနေကို ဖန်တီးနိုင်ဖို့ရာ အခွင့်အလမ်းရှိပါသေးတယ်။

အာဇာနည် ဘလောဂ် ကပြန်လည်မျှ ဝေပေးခြင်းဖြစ်ပါသည်။

ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို

တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတု မာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉ နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင် ထွက်ခွာပါသည်။ ပထမဦးဆုံး မိသာစုမှ ဂါရ၀ ပြုပြီးနောက် ကြွရောက် လာတဲ့ သံတမန်များ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များ ဧည့်ပရိတ်သတ်များ မှ ဂါရ၀ပြုပါတယ် ထို့နောက် အခမ်းအနား အစီအစဉ်ဖြင့် ကျင်းပ ရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံး ဂါရ၀ါပြုခြင်း အစီအစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ် စည်းမှာ အဖွဲ့ချုပ် အဖွဲ့ဝင်များမှ နောက်ဆုံး အကြိမ် ဂါရ၀ပြုခြင်း အစီအစဉ် ၃ အရ သံဝေဂ ကထာ ဖတ်ခြင်း(ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင် စိုးမြင့်၏ အထ္ထုပ္ပတ္တိနှင့် လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ်ကြားခြင်း(တာမွေ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သည့် အတွက် တို့ဗမာ သီချင်းကို ကြွရောက် လာသူများက သံပြိုင် သီဆို၍ အခမ်းအနား ပြီးဆုံးပါသည် (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။


ထို့နောက် ကြေးစည် သခင် စိုးမြင့်၏ ဓာတ်ပုံ လွမ်းသူ ပန်းခြင်း ပန်းခွေများကို သားသမီး မြေးမြစ်များ နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင် စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍ မီးသဂြိုလ် စက်သို့ ပို့ဆောင် သဂြိုလ် ပါသည်။ သခင် စိုးမြင့် ၏ ဈာပန သို့ မိသားစုဝင်များ နိုင်ငံခြား သံတမန်မျာ (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ) ၀ါရင့် နိုင်ငံရေး သမားများ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ဦးဝင်းတင် ဦးဉာဏ်ဝင်း အပါအ၀င် အဖွဲ့ချုပ် အဖွဲ့ဝင်များ ဆွေမျိုး မိတ်သင်္ဂဟ များ မှ လိုက်ပါ ပို့ဆောင် ကြပါသည်။ ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးပါသည်။

အင်းလေး ကန် ရေခမ်းခြင်း နောက်ဆက်တွဲ မှတ်တမ်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
အင်းလေး ကန် ရေခမ်းခြင်း နောက်ဆက်တွဲ မှတ်တမ်း ဓါတ်ပုံများ
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger