dailyvid


1234
x

Latest Post

Showing posts with label News. Show all posts
Showing posts with label News. Show all posts

မြန်မာနိုင်ငံ အမျိုးသ္မီးများအပေါ် စစ်အစိုးရမှကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲ

အမျီုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် Japan နိုင်ငံ Humam Right Now (HRW) တို့မှတာဝန်ယူ ကျင်းပသည့် မြန်မာနိုင်ငံ မှ အမျီုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်သော ရာဇ၀တ်မှူများနှင့် ပတ်သက်သည့် ဟောပြောပွဲ နှင့် နိုင်ငံတကာပြည့်သူခုံရုံးကို Japan နိုင်ငံ Aoyama Gakuin University တွင်ပထမဦးဆုံးကျင်းပသည့် အခမ်းအနား ဓါတ်ပုံမှတ်တမ်း။

စစ်အုပ်စု၏ အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ ဂျပန်နိုင်ငံတွင် ပြည်သူ့ခုံရုံးတက်မည်

မြန်မာစစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင်ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၄င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် တိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေဖြင့် တားဆီးရန် ၂၀၁၀ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ်ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံး ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ပြည်သူများအပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ခုံရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ ပြည်သူ့ခုံရုံးဖွင့်၍ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးများအပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ခုံရုံးဖြစ်ကြောင်း BCJP သို့ ပြောကြားလာပါသည်။

အဆိုပါ ပြည်သူ့ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘတ်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘတ်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုက်ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)

မော်တော်ကား တိမ်းမှောက်မှုကြောင့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး

နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို့  အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

မောင်ဖိုးတီလုံးမှာ မော်တော်ကား တိမ်းမှောက် ချိန်တွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ရန်ကုန်မြို့တော်ဝန် စီးနင်းလာသည့် မော်တော် ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈) ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့တော်ဝန် သည် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ရှိ မင်္ဂလာဈေး မီးလာင်မှု၊ သီရိ မင်္ဂလာဈေး ရွှေ့ပြောင်း နေရာချထားမှု၊ နှစ် ခြောက်ဆယ် မြေဂရမ်များ ပြန်လည် စီစစ်ရန် အတွက် နေပြည်တော်သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်ချုပ် ဌေးဦး နှင့် တွေ့ဆုံအပြီး (လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စည်ပင် အရာရှိတစ်ဦးက ပြောသည်။

တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ
မော်တော်ကား တိမ်းမှောက်မှု ဖြစ်စဉ်တွင် ထိုတိမ်းမှောက်ရာ နေရာ၌ လက်ကိုင်ဖုန်းများ မှ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိ နေခြင်း၊ စတစ်ကာ ကပ်ထားသော မော်တော်ကား ဖြစ်၍ ရွာသားများက ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ကို မလုပ်ရဲ ဟု သိရသည်။

မြို့တော်ဝန်၏ မော်တော်ကား ရန်ကုန်မြို့ထဲ ၀င်လာ ချိန် တွင် ရန်ကုန်မြို့၌ မိုးသည်းထန် စွာရွာသွန်းနေချိန် ဖြစ်သည်။ ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်း ဈေး မီးလောင်မှုတွင် ၎င်းကိုယ်တိုင် မီးရှို့ခိုင်းသည် ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ ဈေးသားများက ငြိုငြင်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သီရိမင်္ဂလာဈေး ပြောင်းရွှေ့မှု တွင် စည်ပင်ရဲနှင့် ဈေးသူ ဈေးသားတို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင်တို့တွေ အသေဆိုး နဲ့ သေပါစေဟု ဆုတောင်း ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင် ရန်ကုန်မြို့၌ သဂြိုလ်မည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

ကလေးစစ်သား စုဆောင်းမှု့တွေကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်စာ ၀ါးရုံကုန်းကျေး၇ွာအုပ်စု စံဖဲ၇ွာမှအသက် ၁၅ နှစ်အရွယ်မောင်တင်မင်းနိုင်ဆိုသူအား မေလ ၁၆ ရက်နေ့က ခမရ (၅၈၆)မှတပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရပြီး ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ခံခဲ့ရကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ မောင်တင်မင်းနိုင်နှင့်တချားလူငယ်တစ်ဦးတို့ ကြွက်ထိုးနေစဉ် အဆိုပါအနီးနားမှာရှိသော (ဒေသအခေါ်)သံလမ်းကင်း (မီးရထားလမ်းဘေးတွင်ရှိသောအစောင့်တဲ) မှတာဝန်ကျ နအဖ စစ်သားသုံးယောက်က (ဟေ့ကောင်တွေလာအုံးဟု) လှမ်းခေါ်ပြီး မောင်တင်မင်းနိုင်နှင့်သူ၏အဖော်အား မင်းတို့စစ်ထဲဝင်မလား မဝင်ရင်မင်းတို့ပြန်လို့မရတော့ဘူး ဆိုပြီးခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ဆိုသူထွက်ပြေးစဉ် တာဝန်ကျသုံးဦးအနက်မှ တပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ပြီး အသက်ရှင်နေသေးသော မောင်တင်မင်းနိုင်အား ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ပြီး ကျန် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ကြောင်းသိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

gordon_brown

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း

လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။
ဧရာဝတီ သတင်းဌာန

နအဖ စစ်သံရုံးရှေ့ တွင်ကျင်းပပြုလုပ်သည့် ဂလိုဘယ်အက်ရှင်နေ့ အခမ်းအနား ( ကိုရီးယား )


လေးစားစွာဖြင့်
flyingpeacock

ကဗျာဆရာ ကိုစောဝေ အကျဉ်းထောင်မှ လွတ်မြောက်

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား ကဗျာ ဖြင့် သရော်ခဲ့သည့် ကဗျာဆရာ စောဝေ သည် ယနေ့ မနက် အစောပိုင်း က ရမည်းသင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ကိုစောဝေ ၏ ဇနီးဖြစ်သူ မနန်းစန်းစန်းအေး က ပြောသည်။ သူညနေ လောက် အိမ်ကို ပြန်ရောက် လာလိမ့်မယ်။ အခုတော့ လွတ်တာ သေချာ သွားပြီ။ သူနဲ့ တယ်လီဖုန်းပြောပြီး ပြီ ဟု ပြောသည်။
ကဗျာဆရာ စောဝေ သည် HIV နှင့် နေထိုင်သည့် ကလေးငယ်များ အတွက် ရံပုံငွေ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည့် အဖြူရောင် သက်တံ့ ကဗျာ ရွတ်ဆိုပွဲ များ ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထုတ် အချစ်ဂျာနယ် တွင် ချစ်သူများ နေ့ နှင့် ပတ်သက်ပြီး သူရေးသည့် အချစ်ကဗျာ တပုဒ် မှာ မြန်မာ စစ်အာဏာရှင် ဗိုလ်ချူပ်မှုး ကြီး သန်းရွှေ အား သွယ်ဝိုက်ပြီး ထိခိုက် သည် ဟု စာဖတ်ပရိတ် သတ် က အထင်ရှိသောကြောင့် လွန်ခဲ့သည့် နှစ်နှစ် ခန့် က ထောင်ဒဏ် နှစ် နှစ် အပြစ် ပေးခံခဲ့ရသည်။

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ရေး အတွက် ပါဝင် လှုပ်ရှားသည့် ကဗျာဆရာ၊စာရေးဆရာ များ ကို စစ်အစိုးရ က အကြောင်း အမျိုးဖြင့် ဖမ်းဆီးထောင်ချ ချသည်။ ဧပြီ လ ၁၅ ရက်နေ့ က ကန်တော်ကြီး ဗုံးကွဲမှု တွင် ဓာတ်ပုံ
မှတ်တမ်း ရိုက်ကူး သော စာရေးဆရာ လင်းယုန်မောင်မောင် ၏ သား နှင့် မြေးဖြစ်သူ အား စစ်အစိုးရ မှအကြောင်းမဲ့ ဖမ်းဆီးထားသည်။
သတင်း - Freedom News Group

photayokeking.org ၀က်ဘ်ဆိုဒ် ပြန်လည် တိုက်ခိုက်ခံရ

စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်အား မေလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် ညပိုင်း အချိန်ကစပြီး မြန်မာပြည်တွင်း အပါအ၀င် နိုင်ငံတကာနေရာ အနှံ့အပြားရှိ ဒေသအသီးသီးမှ ဖွင့်ကြည့်လို့ မရ ဖြစ်ခဲ့ပါတယ်။ ၀က်ဘ်ဆိုဒ်အား ပြန်လည် စစ်ဆေးကြည့်ရှုတဲ့အခါ the domain name photayokeking.org is being attacked on the DNS level to our name servers လို့ Server Company က ပြန်လည် ပြောကြား ခဲ့ပါတယ်။ ၀က်ဘ်ဆိုဒ်အား ဖွင့်ကြည့်တဲ့အခါ Server Not Found ပေါ်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။



ORG Domain ၀က်ဘ်ဆိုဒ်အား ပြန်လည် ပြင်ဆင်နေတာကြောင့် လောလောဆယ်တွင် http://photayokeking.blogspot.com မှာ သတင်းနဲ့ ဆောင်းပါးများ ပြောင်းလဲတင်ပြသွားမှာ ဖြစ်ကြောင်း အကြောင်းကြား အသိပေး အပ်ပါတယ် ခင်ဗျား။

http://photayokeking.blogspot.com/2010/05/org.html

( Behind the scenes with Generation Wave မှန်တာတွေကို ပြောရဲဖို့ လိုလာပြီ

MAE SOT, Thailand — Behind the rusty prison bars, two men lie on the floor in light blue fatigues. A stream of light pours in through a small window near the top of their cell. All is still.

Suddenly, loud music begins to blare. The men leap up and clang their iron shackles as smoke drifts into their cell. They start singing against a heavy beat: “Never turn back, never give up.”

Despite appearances, these men are not criminals and they are not in prison — at least not in a literal sense

9KT and MK are famous Myanmar hip-hop artists on the set of their latest music video, "Never Give Up." Donning black masks and using pseudonyms, these musicians aim to keep their political tunes under the radar of a dictatorship as oppressive as Myanmar, formerly called Burma.

“We wanted to film in a prison cell in order to represent for all our members and friends who are now behind bars,” said 9KT, arranging his mask on the set of the music video. “We are trying to tell the government, even if they imprison us they cannot stop us fighting for freedom; we will always carry on.”

“We are telling the people that they shouldn’t give up,” he said. “Burmese youth can’t be afraid of the Burmese junta, they need to fight for freedom in our country.”

Watch a draft of the "Never Give Up" music video:





Already a prominent hip-hop artist in Myanmar, 9KT grew inspired to make more subversive songs when he heard the political hip-hop of refugees from his country in Australia. He wanted to similarly address the extreme suffering he saw around him.

He traveled to Mae Sot, Thailand, near the Myanmar border, more than a year ago. The area has for more than two decades played host to an array of organizations opposing the Myanmar junta.

There, he joined up with an underground political group called Generation Wave (GW). He later met MK through GW, and they immediately found common ground in their love for music and the desire to “wake up the youth.” In Mae Sot, they can produce their music with relative safety, away from the police presence in Yangon, Myanmar's capital.

GW itself was formed after the "Saffron Revolution" in September 2007 when rising fuel prices provoked thousands of monks to take to the streets in protest. Civilians joined the movement, but the military junta cracked down, leaving hundreds dead and thousands imprisoned.

Following the crackdown, a group of protesters, who had been friends since high school, started GW as a way to inspire new activists inside Myanmar. Having analyzed revolutions worldwide and the opposition movement in their country they decided to focus on non-violent resistance.

In two and half years, the group has carried out what they call “action campaigns” almost every week. Their main activities include anti-government graffiti in busy places, handing out pamphlets and writing and distributing political music.

“The youth of Burma have seen so many activists thrown behind bars, they have seen monks killed in the streets, so many are turning their back to the struggle for human rights,” said Min Yan Naing, founder of GW. “Our job and aim is to bring them back and make them feel the responsibility to change our country and better the lives for all Burmese people.”

Just association with GW risks a hefty prison sentence. Thirty GW members have been arrested. Nyie Chan was handed the longest sentence, 32 years, and is said to be suffering from severe stomach problems in Myanmar’s notorious Insein prison near Yangon.

source by : GlobalPost

မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိ



အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး မီးသတ်ကားများကို ထပ်မံတိုးမြှင့်ခေါ်ယူပြီး မီးဆက်လတ်ငြိမ်းသတ်နေဆဲ ဖြစ်ကြောင်း သိရပါသည်။

ပြည်သူများအနေဖြင့် နေအိမ်များသို့ ကူးဆက်လာမည်ကို စိုးရိမ်နေကြသည်ဟုဆိုသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီ ၀န်းကျင်ခန့်မှ စ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးသည် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်း အတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်) မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။ (ဓါတ်ပုံ များ အောက်တွင် ဖော်ပြထားပါသည်။








source by : ELEVEN MEDIA

မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြောက်ငွေညှစ်ခံရ

မလေးရှားနိုင်ငံ Kedah ပြည်နယ်၌ မြန်မာလူငယ် ၄ ဦးသည် ကိုထွန်းဆိုသူ ပွဲစား၏ ခြိမ်းခြောက်ငွေညှစ်ခံနေရ သဖြင့် မြန်မာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) မှ ငွေပေးချေပြီး ကယ်ဆယ်ခဲ့ရသည်ဟု သတင်းရသည်။

ဖြစ်ပွားပုံမှာ ကိုထွန်းဆိုသူ မွန်အမျိုးသားပွဲစားတစ်ဦးသည် ကိုအောင်(အသက် ၂၉နှစ်)၊ မမျိုး(အသက် ၂၉ နှစ်)၊ ကိုနိုင်(အသက် ၂၄ နှစ်)၊ မအေး(အသက် ၂၉ နှစ်) အပါအ၀င် အခြား ၃ ဦးကို အလုပ်ပေးမည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့တွင် ပူခတ်ဘရာ အရပ်မှ ခေါ်ဆောင်ခဲ့သည်။

ထို ဧပြီလ ၁၆ ရက်နေ့တွင်ပင် စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဧပြီ ၂၁ ရက်နေ့တွင် Lataing ကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ ထိုညမှာပင် ထို ကိုထွန်းဆိုသူက သူတို့လေးဦးနှင့်အတူပါလာသော ကိုမင်း၏ ဇနီးဖြစ်သူ မစိုး (အသက် ၂၉ နှစ်) ကို ခေါ်ထုတ်သွားခဲ့သည်။ ဧပြီ ၂၄ ရက်နေ့တွင် မစိုးက မလေးရှား တွင် မနေချင်တော့သဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကိုထွန်းမှ ကျန် ၆ ဦးအား ပြောခဲ့သည်။

ဧပြီ ၃၀ ရက်နေ့တွင် မယားပျောက်သွားသဖြင့် ကိုမင်းနှင့် သူ၏အမေဆိုသူ အမျိုးသမီးကြီးသည် အလုပ်မှထွက် ပြေးသွားခဲ့သည်။ မေလ ၁ ရက်နေ့တွင် ပွဲစားကိုထွန်းမှ အခြားအလုပ်တစ်ခုကို ပြောင်းပြီး အလုပ်လုပ်ရမည်ဟု ပြောသည်။ မေလ ၃ ရက်နေ့တွင် ကျန် ၄ ဦးမှ စုံတွဲတစ်တွဲကို သူဌေးနဲ့တွေ့ရန် ခေါ်ထုတ်သွားပြီး လမ်းတွင် ၎င်း တို့ ၂ ဦးအား ထွက်ပြေးသွားသော ၂ ဦး နှင့် ပတ်သတ်ပြီး တာဝန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက်ပြီး စိုက်ပျိုးရေး ခြံတစ်ခြံသို့ ခေါ်သွားပြီး ၄ ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။

ထို မေလ ၃ ရက်နေ့ညတွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဆိုသူနှင့် သူတို့ကိုယ်သူတို့ ရဲဟုပြောသော လူ ၂ ဦးတို့သည် ထိန်းသိမ်းထားသော ကိုအောင် နှင့် မမျိုးတို့အား လျှော်ကြေး ရင်းဂစ် ၂၀၀၀ ကျော်ပေးရန် လက် ထိပ်ပြခြိမ်းခြောက်သည်။ ငွေကို မြန်မာပြည်လှမ်းမှာရန်လည်း ပြောသည်။

မေလ ၇ ရက်နေ့တွင် သူတို့ အလုပ်လုပ်နေခဲ့သော ရာဘာခြံသို့ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် ကိုထွန်းမှ ၄ ယောက်စလုံးအား သူ့သူဌေးနဲ့လိုက်တွေ့ရန်နှင့် ငွေလျှော်ရန်ပြောသည်။

မေလ ၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်တွင် ကိုထွန်း၏ သူဌေးဆိုသူရောက်လာပြီး အလုပ်လုပ်ပြီးဆပ်ရန် နှင့် ကိုထွန်းခေါ်ရာသို့ လိုက်သွားရန်ပြောခဲ့သည်။ ထို့နောက် ၄ ယောက်စလုံးအား စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်သွား ခဲ့သည်။ ကိုထွန်းရဲ့ လူယုံ ၂ ဦးက ရင်းဂစ် ၂၈၂၀ ကို ၂ ရက်အတွင်း ပေးရန်ပြောခဲ့သည်။ ၇ ရက်နေ့ည ၁၂ နာရီခန့်တွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဟုဆိုသူနှင့် ရဲဟုသူတို့ဘာသာပြောသော လူ ၃ ဦးက အမျိုး သား ၂ ဦးစလုံးကို လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ အမျိုးသမီးအား ၂ ရက်အတွင်း ငွေရှာကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မမျိုးမှာ အလွန်ကြောက်လန့်ပြီး မေ့မြောသွားသဖြင့် သူတို့အားလုံး ပြန်သွားခဲ့ သည်။ မေလ ၈ ရက်နေ့တွင် ကိုထွန်းရောက်လာပြီး ၂ ရက်အတွင်း ငွေပေးရန် ထပ်ပြောပြန်သည်။

မေလ ၉ ရက်နေ့တွင် ၎င်းတို့ လေးဦးသည် မလေးရှားရှိ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးထံ ဖုန်းဆက်အကူအညီ တောင်းခဲ့သည်။ ထိုမိတ်ဆွေက မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) သို့ အကူအညီပေးပါရန် ဖုန်းဆက် တောင်းခံခဲ့သည်။

မေလ ၁၂ ရက်နေ့တွင် ဘီအာအိုမှဥက္ကဌ ဦးမောင်လှ ကူညီရန်သွားခဲ့သည်။ ၁၄ ရက်နေ့တွင် ကိုထွန်းဆိုသူနဲ့ ဖုန်းဖြင့်ဆက်သွယ်ပြီး ညှိနှိုင်းကာ ရင်းဂစ် ၄၀၀၀ ပေး၍ ကယ်ဆယ်ခဲ့သည်။

ထို ကိုထွန်းဆိုသူမှာ မွန်အမျိုးသားဖြစ်ပြီး အသက် ၄၀ ပတ်ဝန်းကျင်ရှိသည်။ ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ကားမှာ WBM 9699 အနက်ရောင်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသား ဒုက္ခသည်များမှာ ရောက်ရှိရာနေရာဒေသအသီးသီးတွင် ခက်ခက်ခဲခဲလုပ်ကိုင်နေကြ ရသည်။ ပြန်ပေးဆွဲခံရခြင်း၊ လူသတ်မုဒိန်းကျင့်ခြင်းခံနေရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်း၊ ဓါးပြတိုက်ခြင်းများ ခံနေ ရသည်။ ထို့ပြင် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းများကိုလည်း ခံနေရသည်။ အဆိုးဆုံးမှာ မလေးရှား UNHCR မှ မြန်မာလူမျိုးများအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုများကြောင့် မလေးရှားရောက် မြန်မာဒုက္ခ သည်များ၏ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အပြင် လူ့အခွင့်အရေးများ အလွန်အမင်း ဆုံးရှုံးနစ်နာနေကြရသည်။

မောင်မြန်မာ(BRO)
22 May 2010

မှတ်ချက်။ ပွဲစားအမည် ကိုထွန်း ဆိုသူမှာ အမှန်ဖြစ်ပြီး အနိုင်ကျင့်ခံခဲ့ရသူများ၏ နာမည်များကို ပြောင်းလဲထား သည်။
http://kamikaze-2010.blogspot.com/

လူ့အခွင့်အရေး လှုပ်ရှားသူ ကိုကျော်စိုး ထောင်တွင်း ကွယ်လွန်

ချင်းမိုင် ( မဇ္ဈိမ ) ။ ။ စက်တင်ဘာ သံဃာများ ဆန္ဒထုတ်ဖော်ပွဲ ကာလ၌ ဖမ်းဆီးခံခဲ့ရသူ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုကျော်စိုးသည် မန္တလေးတိုင်း မြင်းခြံထောင် ဆေးရုံ၌ ယမန်နေ့မနက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

တောင်းကြီးမြို့မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP အဖွဲ့ဝင် ကိုကျော်စိုး (ခ) ကျော်ကျော်စိုး (ခ) Jeffery (၃၉ နှစ်) သည် အသက်ရှုကြပ်သည့်ရောဂါ၊ အစာအိမ် ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ပြောသည်။

“ဆေးဝါးအချိန်မှီ ကုသခွင့် မရတာ၊ လုံလောက်တဲ့ ဆရာဝန်တွေနဲ့ ဆေးကုသလို့ မရတာတွေဘဲ။ အစာအိမ်ရောဂါရယ်။ အသက်ရှုကြပ်တယ်လို့ ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“အစိုးရကတော့ ထိုင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲတာပဲ၊ သူက တော့ လူ့အခွင့်အရေးကြေငြာစာတမ်းကို အများပြည်သူ သိအောင် ဖြန့်ဖြူးတာတော့ လုပ်တာပေါ့” ဟု ဦးဘိုကြည်က ဆက်ပြောသည်။

သူကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကြီးမြို့ နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန် အင်းစိန်ထောင်၌ ချုပ်ထားခဲ့သည်။ ၂၀၀၈ ခု နိုဝင်ဘာ ၁၁ ရက်တွင် တရားမဝင်ဖွဲ့စည်းမှု ပုဒ်မ ၁၇-၁၊ ၁၃-က တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ၅ဝ၅-ခ အစိုးရအား အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင် ၁၀ နှစ်ချခဲ့ပြီးနောက် မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B က ယနေ့ ထုတ်ပြန်သည်။

ကိုကျော်စိုးကို ရိုက်နှက်ညှင်းပမ်း စစ်ဆေးမှုများ ပြုခဲ့ကြောင်းနှင့် သူသည် ၁၉၈၈ ခုမှစ၍ နိုင်ငံအနှံ့ အကျဉ်းထောင်များ၌ သေဆုံးခဲ့ရသည့် ၁၄၄ ဦးမြောက် နိုင်ငံရေး အကျဉ်းသား ဖြစ်သည်ဟု AAPP-B ကပြောသည်။

၂၀၀၇ ခုနှစ်မှ စ၍ HRDP အဖွဲ့ဝင် အနည်းဆုံး ၂၀ ခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။


လက်ရှိ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်ပေါင်း ၄၄ ခု၊ ရဲဘက်စခန်း ၅၀ ကျော်တို့မှ နိုင်ငံရေးအကျဉ်း သားပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် ကျန်းမာရေးချို့တဲ့နေသည့် နိုင်ငံရေးအကျဉ်းသား ၁၄၂ ဦးရှိ သည်ဟု AAPP-B က ထုတ်ပြန်သည်။

အကျဉ်းသားများသည် အများအားဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ခံစားနေရကြောင်း ဦးဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများ ၂ သိန်းကျော်သည် လိုအပ်သည့် ဆေးဝါးကုသမှု လုံလောက်မှု မရရှိသဖြင့် အထူး စိုးရိမ်ရသည်ဟု သူကဆိုသည်။

“ဆေးဝါးကုသခွင့် မပေးဘူး။ ကျန်းမာရေးအတွက် သင့်တော်မဲ့ အာဟာရတွေ ကျွေးတာ မရှိဘူး။ ဒီအတိုင်းဆိုရင် နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲမှာ တဖြည်းဖြည်းနဲ့ ဆုံးပါးသွားမဲ့ အနေ အထားကို ရောက်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကိုကျော်စိုး သေဆုံးပြီး ဇနီးသည် ဒေါ်မေမေစိုးနှင့် ၇ နှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/5403-2010-05-20-05-12-33.html

လျှပ်တပြက်ဂျာနယ် ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်သတင်းထုတ်ပြန်နေ

Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သုံးဦး ပုံကို လျှပ်တပြက် ဝိုင်းတော်သားတွေ ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်သတင်းထုတ်ပြန်နေတာပါ။ ပြည်သူဆီက အခကြေးငွေယူပြီး မှန်ကန်တဲ့ သတင်းမထုတ်ပြန်ရဲရင် ပုံမှန်အတိုင်း ဘုရား သွားကျောင်းတက် သတင်းပဲ ဂျာနယ်မှာ ထည့်ပါလား။

ဤ ပုံကိုကြည့်လိုက်ပါက လျှပ်တပြက်ဂျာနယ် က နအဖရဲ့ လက်ကိုင်တုတ် ဂျာနယ်ဆိုတာသိသာ ထင်းရှားနေတဲ့ သက်သေ တခုပါဘဲ..။ ဘာကြောင့်များ လူထုချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုသူတို့ ကြောက်လန့် နေကြတာလဲဆိုတာ တော့ စဉ်းစားစရာတစ်ခု ပါဘဲ..။

အမှန်တရားကို တကယ်ချစ်မြတ်နိုးတဲ့ လူတွေကတော့ လူထုခေါင်းဆောင်ကို ချစ်မြတ်နိုးပြီ လေးစားချစ်ခင်ကြတာပါ...။ အမှန်တရားကို ဖုံးကွယ်နေကြတဲ့ စစ်အုပ်စုအာဏာရှင်တွေကတော့ တော်တော် လေးကိုကြောက်လန့် နေကြတာပါ..။

ဒါကြောင့် ကျမတို့ ခေါင်းဆောင်ပြောတဲ့ စကားလေးအတိုင်းဘဲ အမှန်တရားအတွက်လုပ်တဲ့ သူတွေဟာ ရှုံးရင်လဲ နိုင်တာပဲ.. နိုင်ရင်လဲ နိုင်တာပဲ.. ဘယ်တော့မှ မရှုံးဘူး..ဆိုတာကိုတော့ စစ်အုပ်စု အာဏာရှင် တွေနဲ့သူတို့ရဲ့လက်ကိုင်တုတ် သတင်းဂျာနယ်တွေအထူးသဖြင့်လျှပ်တပြက် ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် စစ်အုပ်စုအာဏာရှင်တွေကို မျက်နှာ ရအောင် လုပ်တတ်သော ဦးမြတ်ခိုင်ကို ဒီပို့စ်လေးနဲ့ ပြောကြားလိုက်ပါသည်။

မမြတ်လေးငုံ ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြသည်။

ရေအလှူရှင်ကားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အနိုင်ကျင့်

RFA News | ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ရေလှူဒါန်းနေကြတဲ့ အလှူရှင်ကားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အလံစိုက်ခိုင်း နေတာကြောင့် ရေအလှူရှင်တွေ စိတ်အနှောင့်အယှက် ဖြစ်နေရသလို ရေလှူဒါန်းသူတွေလည်း တစထက်တစ နည်းပါးလာနေတယ်လို့ သိရပါတယ်။

အပူချိန်မြင့်တက်ပြီး သောက်သုံးရေ ပြတ်လပ်နေတဲ့ ဒလမြို့အဝင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက ရေလှူဒါန်းတဲ့ ကားတွေကို တားဆီးပြီး အလံစိုက်ခိုင်းနေတာ ဖြစ်ကြောင်း မေလ ၁၄ ရက် ဒီကနေ့ ကိုယ်တိုင် သွားရောက် ရေလှူခဲ့သူ လူငယ်တဦးက RFA ကို အခုလို ပြောပါတယ်။

“ဒီကနေပြီးတော့ သွားလှူတယ်၊ သွားလှူတဲ့အခါကျတော့ ဒလမြို့နယ်မှာ ကျနော်တို့ ကြံ့ခိုင်ရေးကဆိုလို့ရှိရင် သူတို့ ကြံ့ခိုင်ရေးအလံကို တပ်ပြီးလို့ရှိရင် ရေတွေကို လှူလို့ရမယ်၊ ကြံ့ခိုင်ရေးအလံကို မတပ်ဖူး ဆိုလို့ရှိရင် ရေမလှူနဲ့ ၊ ကျနော်တို့ အခု ကားနဲ့သွားရင် ကားမှာစိုက်၊ ကွန်တောင်းနဲ့သွားရင် ကွန်တောင်းမှာစိုက်၊ အခု အဲ့လိုစိုက်ခိုင်းတာပေါ့၊ ဒလမြို့အဝင်မှာ ခင်ဗျ၊ သူတို့ ကြံ့ခိုင်ရေးက သူတို့ အကြီးအကဲတွေက ဒါကိုသူတို့ ညွန်ကြားထားလို့ လုပ်တာပါ ဆိုပြီးတော့ အဲ့ဒီက စည်းရုံးရေးမှူး တယောက်ကတော့ ပြောပါတယ်ခင်ဗျ၊ ရေလှူဒါန်းတဲ့သူတွေကတော့ အကုန်လုံး ပြန်မောင်းထွက်လာတာပေါ့။ ထွက်လာပြီး တဖက်ကနေ လမ်းကြို လမ်းကြားတွေကနေ ပြန်ဝိုက်ပြီးတော့ အဲ့လိုပဲ တိုက်ရိုက် သွားလှူကြတာပဲ၊ ကြောက်တဲ့လူတွေကျတော့လည်း အဲ့လိုပဲ ပေါ့၊ အလံ စိုက်ခိုင်းလိုက်တော့တာပေါ့၊ သူတို့က လှူရဖို့ အရေးကြီးတယ်ဆိုပြီးတော့၊ ကျနော်တို့ တွေကျတော့ အစိုက်မခံဘူး ကိုယ့်ဖာသာကိုယ် လှူတယ်။”
ခုနောက်ပိုင်း လာရောက် ရေလှူဒါန်းကြတဲ့ အလှူရှင်တွေ နည်းပါးလာနေပြီး မြို့တွင်းက ဘုန်းတော်ကြီးကျောင်း အတော်များများမှာလည်း ရေပြတ်လပ်မှုတွေ ရှိနေသေးတယ်လို့ ခုနက ရေလှူဒါန်းခဲ့တဲ့ လူငယ်ကပဲ ဆက်ပြောပါတယ်။အလားတူ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာလည်း ရေအလှူရှင်တွေ သွားရောက် လှူဒါန်းနေတာတွေ ရှိနေပေမဲ့ ရေမလုံလောက်ပဲ ဖြစ်နေကြတယ်လို့ ဒေသတွင်း ရေရရှိရေးအတွက် သွားရောက် ကူညီ လှူဒါန်းပေးနေသူတဦးက RFA ကို ပြောပါတယ်။

“ကွမ်းခြံကုန်းနားက အနီးအနားက ရွာတွေပေါ့ သုံးခွ၊ ခရေကုန်း၊ တိုက်ကြီး၊ ဆင်သိုရွာတွေ နောက် တော်ကူးဆိုတဲ့ ရွာလည်း ပါတယ်၊ ကပ်မလာရွာ၊ မှောဘီ ၊ ဒယ်လူး ရေကန်တွေ ခမ်းခြောက်ပြီးတော့ သောက်ရေ မရတာ၊ တချို့နေရာတွေကတော့ ပတ်ကြားတွေ အက်ကုန်ပြီ၊ မြို့ပေါ်က အလှူရှင်တွေက ထောလဂျီ တွေနဲ့ သွားပြီးတော့ ပို့ပေးကြတယ်လေ၊ ဒီမှာ ရွာတရွာကို တနေ့ တနေ့ကို ထော်လဂျီ နှစ်စီး သုံးစီး၊ အဲ့လိုပဲ ပေးနိုင်တယ်၊ မိုးကလည်း ဒီမှာ လုံးဝ မရဘူး။”

ကွမ်းခြံကုန်းမြို့နယ်အတွင်းက သောက်သုံးရေ ပြတ်လပ်နေကြတဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းကြတဲ့ အလှူရှင်တွေဟာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မေးမြန်းမှုတွေ ခံနေကြရသလို ရေရှားပါးမှုကြောင့် ဖြစ်ပေါ်လာမဲ့ ရောဂါအန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတယ်လို့ ပြောနေကြပါတယ်။

ရေရှားပါမှု ပြဿနာ နေရာ အနှံ့အပြား ဖြစ်ပေါ်နေ

ကာတွန်း ဟန်လေး
ယခု အခါ ရေရှားပါးမှု ပြဿနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ် နေပါသည်။ ထို့အတူပဲ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ ကျေးရွာ များနှင့် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာ အနှံ့အပြား တွင်လည်း အဆိုပါ ပြဿနာများ ဖြစ်ပေါ် နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။ သောက်သုံးရေ ပြတ်လတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ရောဂါဘယတွေ ထူထပ် များပြား လာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်း ရောဂါ ဖြစ်သည်။ ဒီ ပို့စ်လေးကို ရေးဖြစ်သွားတာ ကလည်း အဖြစ်ပျက်လေး တစ်ခုကြောင့်ပါ။

လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူ လာခံသော မိသားစု တစ်စုကြောင့် ဖြစ်သည်။ ပေရေ ညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်က ဆွဲပြီး မျက်ရည် လည်ရွှဲ နဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲဒီလောက် ထင်မထား မိခဲ့ပေ။ နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ သောက်ရေသန့် လာပို့သော လူငယ် တစ်ဦးနှင့် စကား စပ်မိရာမှ ကုလားဝဲ ရွာနှင့် ရွာနီးချုပ်စပ် တို့၏ ဒုက္ခ အစုံစုံကို ကြားသိ လိုက်ရသည်။ အဆိုပါ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ယူပြီး ရေ လှူချင် သူများကို ကူညီနေ လျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ် ဝန်းကျင်ကို အားတက် သရော သွားလှူ ဖြစ်နေခဲ့သည်။ နေရာ အနှံ့အပြားတွင် ဖြစ်နေသော ရေ အခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာ နောက်ထား ရေအသက် တစ် မနက် ဆိုတာကို ပဲ အဓိက ထားပြီး ကူညီရန် အတွက် နီးစပ် ရာ ရေဒုက္ခ သည် ရွာသို့ ကျွန်တော် ကွင်းဆင်း ကြည့်ရှုရန် သူငယ်ချင်းများအား တိုင်ပင် လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေ တစ်ဦး မှ သူ့ Taxi ဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေ သွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခ ကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဒါ ပေါက်သွားပြီး ငွေကျပ် ငါး ထောင် လှူဒါန်း သွားပါသည်)

ကျွန်တော် ကွင်းဆင်း ကြည့်မိသော ရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇန ဥယျာဉ်မြို့တော် အကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူး တံတားကြီး၏ တစ်ဘက် ခြမ်း၌ တည်ရှိသော ကုလားဝဲ ရွာပင်ဖြစ်သည်။ရွာတွင် အိမ်ခြေ လေးရာ့ ရှစ်ဆယ်ကျော် ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခု နှစ်တွင်မှ အခက်ခဲ ဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲ ရွာအထိ ကားလမ်းပေါက်ပြီး တခြား ရွာနီး ချုပ်ဆက် များသို့ လှည်းလမ်း ကနေ ထော်လာဂျီနှင့် သွားမှရောက်ကြောင်း အဆိုပါ ရွာများသို့ ကုလားဝဲ အထိ လာလှူ ထားသော သုံးရေ သောက်ရေ များအား ပြန်လည် ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု မရှိသေးကြောင်း အလှူရှင် များလည်း စဉ်ဆက် မပြက် လာရောက် လှူဒါန်းလျှက် ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံ ရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့် ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမို ဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြ ပါသည်။ ကုလားဝဲကို အခြေတည်ပြီး ပဲ ပို့ပေးနိုင်သောကြောင့် အခြား ရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်း နိုင်မည် ဆိုလျင် ပိုမို အဆင်ပြေ နိုင်ပါသည်။

လှူစေချင်သူ ၁ ဦး
.........................
ထပ်ဆင့် မေတ္တာရပ်ခံ နှိုးဆော် အပ်ပါသည်

အားလုံးလည်း ဖောက်ပြန် နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ တရှိန်းရှိန်း တောက်လောင် နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။ စင်္ကာပူမှာ အလုပ်လုပ် နေရတဲ့ ညီအကို မောင်နှမတွေ အနေနဲ့တော့ အပူဒဏ်ကို နည်းအမျိုးမျိုး သုံးပြီး ရှောင်ရှားလို့ ရနိုင်ပါသေးတယ်။ ရာသီဥတု ပူလာတာနဲ့ အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက် ထွက်ပြီး ကိုယ်တွင်းက ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလို ဆုံးရှူံးသွားတဲ့ ရေဓါတ်ကို ပြင်ပကနေ ရေ နှင့် အရည် တစ်မျိုးမျိုး သောက်သုံးပေးခြင်း အားဖြင့် ကိုယ့်တွင်း ရေဓါတ် ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ် အပူဒဏ် လွန်ကဲနေမှုကို ပြေပျောက် စေတယ်။

ကဲ..... ကြည့်ကြည့် ကြစမ်းပါ။ အမိမြေက မောင်နှမ သားချင်းတွေ အဘယ်သို့ ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက် ပူတဲ့နေ။ ဒီလို ပူပြင်း ခြောက်သွေ့လာတာနဲ့ အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲ ဖြစ်နေကြရပါပြီ။ ငါ့တို့တွေ သူတို့တွေ အတွက် ဘာလုပ် ပေးကြမှာလဲ။ သူတို့ အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ” စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင် သလောက် အလှူငွေလေး ထည့်ဝင်စေချင်တယ်ကွာ။

ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )

အောက်ပါ အဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နိုင်ပါတယ်။
  • ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
  • ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
  • ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
  • ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
  • မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://www.khitpyaing.org/index.php?route=detail&id=654

ဒီစာစုလေးကို ဖတ်ကြည့်ပြီး၊ သင် ကိုယ်တိုင်သော် လည်းကောင်း၊ သင့် သူငယ်ချင်း မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက် အကူအညီ တစ်ခုခု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ ထူးခြားတဲ့ အပူပြင်းဆုံး နေရောင်ခြည် အောက်မှာ ကျွန်ုပ်တို့ အားလုံး အလူးအလဲ ခံစားနေကြ ရပါတယ်၊ ကျွန်ုပ်တို့ အတွက် အရိပ် အာဝါသ ကောင်းကောင်း ပေးခဲ့ကြတဲ့ သက်ရှည် သစ်ပင်ကြီး များဟာလည်း နာဂစ် အိမ်မက်ဆိုး အောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ နာဂစ် အဓိက ပစ်မှတ် ထားခံခဲ့ရတဲ့ ဒေသ တစ်ချို့မှာ သောက်သုံးရေ ရှားပါးခြင်း ဒဏ်ကို ခါးဆီး ခံနေကြရ ပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်း အနီးရှိ အလယ်ကျွန်း ကျေးရွာနှင့် ဒီးဒူးကုန်း ကျေးရွာ များမှာ ရေရှားပါးခြင်း ဒဏ်ကို ခံနေကြရပ်ပြီ။ ရေတစ်ထမ်း ရဖို့ နှစ်မိုင် ခရီးကို နေရောင်ခြည် ပြင်းပြင်း အောက်မှာ အမောတကော သယ်ယူ နေရပါတယ်။ ခက်ခက်ခဲခဲ ရရှိလာတဲ့ ရေတစ်ထမ်း ဟာလည်း အငန်ဓါတ် မကင်းနိုင်လို့ သောက်သုံးဖို့ အခက်တွေ့ နေကြပါတယ်။ မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ လူပေါင်း များစွာရဲ့အသက်ကို ဆက်ပေးနိုင်မယ့် အခွင့်အရေး ကောင်းပါ။ ဒုက္ခရောက်သူကို ကူညီလေ့ ရှိတာ မြန်မာ လူမျိုးတို့ရဲ့ ပင်ကို စိတ်ရင်းပါ။ မိတ်ဆွေတို့ရဲ့ ပင်ကို စိတ်ရင်းကို လှစ်ဟာပြဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ အားလုံးက မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့် လက်တစ်စုံကို မျှော်လင့် နေပါတယ်။ ကျွန်ုပ်တို့ရဲ့ ရေကြည် တစ်ပေါက်နဲ့ ဒုက္ခ ရောက်နေတဲ့ လူပေါင်းများစွာကို အသက်ဆက် ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!

ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)

ထိုင်းတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူမည်


NEJ News | ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခေါ်ယူရန် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ကော်မတီမှ ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီလိုက်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် အတ်ချာကာ စီဘူရူယန်က အမှုဆောင်ဒါရိုက်တာများအဖွဲ့ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လိုအပ်ချက်များအရ ဒေသတွင်း လိုအပ်နေသော အလုပ်သမားအရေအတွက် (၃) သိန်းမှ (၅) သိန်းကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်း အသုံးပြုခွင့် ရရှိရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယင်းသဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ပါရှိသည်။

ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီမံကိန်းများတွင် ကျွမ်းကျင်သူများနှင့် ထိုင်းလူမျိုးဝန်ထမ်းများကိုသာ ငှားရမ်းအသုံးပြုလေ့ရှိသော်လည်း ယခုအခါတွင် စွမ်းရည်နိမ့်နှင့်စွမ်းရည်မြင့် လုပ်သားပြတ်လပ်မှုကို ကုစားရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည်ဟု သိရသည်။

အဆိုပါခွင့်ပြုချက်အရ နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရသော အကြီးစား စက်မှုလုပ်ငန်းများမှာ လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ကားနှင့်ကားပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ် ချုပ်လုပ်မှုလုပ်ငန်းနှင့် ဖိနပ်ခြေအိတ် ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုံလောက်သော လုပ်သားအင်အားမရှိပါက ထိုင်းအစိုးရ၏အရှိန်အဟုန်မြင့် စီမံကိန်းများသည် အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းသွားလိမ့်မည် ဖြစ်သည့်အတွက် ဤအခြေအနေကို ထိန်းသိန်းရန်အတွက် အစိုးရမှ သဘောတူခဲ့ခြင်းဖြစ်သည်ဟု စက်မှုလုပ်ငန်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ ခွန်မိုင်က “အခုသူတို့ခေါ်မယ်ဆိုတာက Board of Investment (BoI) က ခေါ်တာလေ။ သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလေ၊ အဲဒီတော့ သူတို့ ဘယ်လိုခေါ်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ယာယီပတ်စပို့စ် ကိုင်တဲ့သူလား၊ ပတ်စပို့စ် အကြီးကိုင်တဲ့ အလုပ်သမားလားပေါ့၊ အရင်က နားလည်မှု စာချွန်လွှာတွေကတော့ ယာယီပတ်စပို့စ် လုပ်သားတွေအတွက်ပါ” ဟု ဆိုသည်။

မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့သည် ၂၀၀၃ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား ငှားယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်သည်။

ထိုသို့ခေါ်ယူရာတွင် အလုပ်သမားများ ရရှိနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ “သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုတော့ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးလည်း အပြည့်အဝရမယ်၊ လုပ်ခလည်း နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းရမယ်” ဟု ၎င်းက ဆက်ပြောသည်။

စွမ်းရည်နိမ့်လုပ်သားဆိုသည်မှာ 3D ဟုခေါ်သည့် Dirty, Dangerous, Difficult သန့်ရှင်းမှုနည်းခြင်း၊ အန္တရယ်များခြင်း၊ ခက်ခဲပင်ပန်းခြင်း စသည့်အလုပ်မျိုးကို လုပ်ဆောင်သူများဖြစ်ပြီး စွမ်းရည်မြင့်လုပ်သားသည် အဆင့်မြင့် အတတ်ပညာ၊ နည်းပညာများ တတ်ကျွမ်းသူများကို ဆိုလိုသည်။

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက် မြင့်မားနေပြီး ယခုတရားဝင်တည်ရှိနေသော (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားထု၏ အလုပ်အကိုင်နှင့်ပတ်သက်၍ ထိခိုက်စရာ အကြောင်းမရှိသည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများသည်လည်း ဤလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။
http://www.khitpyaing.org/index.php?route=detail&id=706

NLD ကို အမေရိကန် ဆက်ထောက်ခံသွားမည် VOA News


ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လက်ရှိ ရပ်တည်ချက်ကို အမေရိကန်က သဘောပေါက်ပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က ပြောလိုက်ပါတယ်။ တရားဝင်ပါတီ မဟုတ်တော့တဲ့ နောက်ပိုင်း NLD ပါတီက နိုင်ငံတကာ ထိပ်တန်း သံတမန်တယောက်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်တာမို့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေး ပြောဆိုခဲ့ကြသလဲ ဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန် ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ် ဒုတိယနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ရန်ကုန် ၆ မိုင်က အမေရိကန် သံမှူးကြီး နေအိမ်မှာ သီးခြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ စတွေ့ပြီး ဆွေးနွေးပြောဆိုချိန် တနာရီကျော် ကြာမြင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဦးတင်ဦး၊ ဦးဝင်းတင် ဦးဆောင်ပြီးတော့ အဖွဲ့ချုပ် ခေါင်းဆောင် ၁၀ ဦး တွေ့ဆုံခဲ့ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ပါဝင် တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။

“သူ့ဘက်က သူလာတဲ့ ခရီးစဉ် အကြောင်းကို စပြောပါတယ်။ အမေရိကန်ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် တောင်းဆိုထားတဲ့ အချက်တွေ ရှိပါတယ်တဲ့။ မနေ့ကလည်း နအဖ အရာရှိများနဲ့ နေပြည်တော်မှာ သူ တွေ့ပါတယ်တဲ့။ အဲတော့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မတွေ့ရပါဘူးတဲ့။ ဒါကြောင့်မို့ ခရီးစဉ်နဲ့ ပတ်သက်လို့ သူ့ဘက်က စိတ်ပျက်ပါတယ်တဲ့။ NLD ရဲ့ ရပ်တည်ချက်ကိုလည်း သူတို့ သိတဲ့အကြောင်း၊ အမေရိကန် အစိုးရကလည်း ဒီကိစ္စကို အသိအမှတ် ပြုတဲ့အကြောင်း ပြောထားပြီး ဖြစ်ပါတယ်တဲ့။ အဲတော့ NLD ဘက်က ရပ်တည်ချက်နဲ့ အနေအထား ပြောပါဦးတဲ့။

“အဲတော့ ကျနော်တို့က နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကို မေလ ၇ ရက်နေ့က စပြီးတော့ ဆက်ပြီး ဆောင်ရွက်နေတယ်။ ကျနော်တို့မှာ နိုင်ငံရေး မရှိတာမဟုတ်ဘူး၊ ကျနော်တို့မှာ နိုင်ငံရေးရှိတယ်။ ကျနော်တို့နိုင်ငံရေးဆိုတာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ လူ့အခွင့်အရေး အပြည့်အ၀ ရရှိတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ အဲဒါတွေ ရှင်းပြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ့်ကိစ္စရော ဘာများပြောသေးလဲခင်ဗျ။

“ကျနော်တို့နဲ့ပြီးမှ တွေ့မယ်လို့ ဆိုပါတယ်။ ကျနော်တို့နဲ့ တွေ့ပြီးမှ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အဲဒီမှာပဲ စီစဉ်ထားတယ်လို့ ဆိုတယ်။ နောက်အခန်းတခန်းမှာပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီမတ်တင်းမှာ စိမ်းလဲ့ကန်သာမှာ တွေ့မယ်လို့ အကြမ်းဖျင်း အစီအစဉ် သိခဲ့ပါတယ်။”

NLD ရဲ့ အခု ရပ်တည်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုများ ဆွေးနွေးဖြစ်သေးလဲခင်ဗျ။ ဆိုလိုတာက မေလ ၇ ရက်နေ့ မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်တဲ့ နောက်ပိုင်းပေါ့၊ NLD ရပ်တည်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်သဘောထား ဘာများပြောသေးလဲ။

“ဒါကို သူ သဘောပေါက်တယ်၊ နားလည်တယ်။ NLD ရဲ့ ဆောင်ရွက်သွားမယ့် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သူပြောတာက ပြည့်ပြည့်၀၀ အမေရိကန် အစိုးရက ဆက်လက် ကူညီသွားမယ်တဲ့၊ ဒီမိုကရေစီ ရတဲ့အထိ။ အဲဒါ ပြောပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမြင်ရော ပြောသေးလားခင်ဗျ။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်တို့ အမြင်ကို ပြောတာပေါ့။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုက တရားမျှတ၊ လွတ်လပ်မှု မရှိဘူး။ ကျနော်တို့ဘက်ကတော့ အထူးသဖြင့် ဦးတင်ဦးနဲ့ ဆရာ ဦးဝင်းတင်တို့က ခေါင်းဆောင်ပြီး တင်ပြတာပေါ့။ အမေရိကန် အစိုးရအနေနဲ့ ဒါ့ထက် ပြင်းပြင်းထန်ထန် ဖိအားပေးပြီး တောင်းဆိုသင့်တယ်။ ဒါဟာ လက်ခံနိုင်လောက်တဲ့၊ အများအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဆက်လက်ပြီး ဖိအားပေး တောင်းဆိုသင့်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြပါတယ်။ ရွေးကောက်ပွဲက ပေါ်လာမယ့် ရလဒ်ဟာလည်း ဘယ်လိုမှ တိုင်းပြည်ကို ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်သလို ဘယ်လိုမှလည်း ပြောင်းလဲ တိုးတက်မှုတွေ ရှိလာမယ်လို့ မယူဆတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြတယ်။”

အန်ကယ်ဦးအုန်းကြိုင်ရဲ့ အမြင်ရော ဘယ်လိုရှိလဲခင်ဗျ။ သူ ဒီတခေါက်လာတဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တစုံတရာ ရလဒ်ထွက်နိုင်မယ်လို့ ယူဆလို့ ရမလား။

“ကျနော်ထင်တာတော့ သူကိုယ်တိုင်က ၀န်ခံသွားတာပဲ။ သူကတော့ တိုးတက်မှု မရှိဘူးတဲ့၊ စိတ်ပျက်တယ်လို့ သူပြောသွားတာပဲ။ အဲဒီတော့ နောက်ပိုင်း အခြေအနေတော့ ဘယ်လိုပြောသွားမလဲ မသိဘူး၊ ပြန်ခါနီး အခြေအနေအထိ၊ ကျနော်တို့နဲ့ တွေ့တဲ့အထိတော့ အဲဒီအတိုင်း သူပြောသွားတာပဲ။”

အမေရိကန်နိုင်ငံရဲ့ မူဝါဒသစ်နဲ့ ပတ်သက်လို့ရော သူ့ဘက်က သုံးသပ်ချက်၊ တစုံတရာ ပြောတာ ရှိပါသလား။

“သူ့ကြည့်ရတာတော့ အမေရိကန်က Engagement လုပ်ရေးဆိုတဲ့ ပေါ်လစီကို အကောင်အထည် ဖော်နေတာပဲ။ အခုထိတော့ အောင်မြင်မှု မရဘူး။ ဒါကို သူက အခုထက်ထိ အောင်မြင်မှု မရသေးဘူးလို့ ပြောသွားတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြီးခဲ့တဲ့ မေလ ၆ ရက်က စလို့ တည်ဆဲဥပဒေအရ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်လို့ မရတော့ပါဘူး။ အဲဒီနောက်ပိုင်း အဖွဲ့ချုပ် ခေါင်းဆောင်မှုအနေနဲ့ အခုလို နိုင်ငံတကာ ထိပ်တန်း သံတမန်တဦးကို တွေ့ဆုံခဲ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အရင် ပါတီ တရားဝင် ရပ်တည်တုန်း မနှစ်ကတော့ ပါတီဌာနချုပ်ရုံးမှာပဲ မစ္စတာ ကမ့်ပ်ဘဲလ်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြင် တရားဝင် နိုင်ငံရေးပါတီ အချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အစိုးရ ဧည့်ဂေဟာမှာ မွန်းလွဲပိုင်း တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မြန်မာနိုင်ငံ နှစ်ရက်တာ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ အခု ညပိုင်းမှာ ထုတ်ပြန်ချက်တရပ် ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။
VOA News

နာရေးကူညီမှုအသင်း ပါတီ နိုင်ငံရေး လုံးဝမပြုလုပ်ဟု ကြေညာ

နာရေး ကူညီမှုအသင်း( ရန်ကုန်) ကပါတီနိုင်ငံရေး လုံးဝ မပြုလုပ်ကြောင်း မေလ ၅ ရက်နေ့က ပြုလုပ်သည့် အသင်း၏ အစည်းအဝေးတွင် ထုတ်ပြန် ကြေညာလိုက်သည်။ အသင်းအနေဖြင့် သော်လည်းကောင်း၊ အသင်းဝင် တစ်ဦးချင်းအနေဖြင့် သော်လည်းကောင်း ပါတီ တည်ထောင် ၍ ရွေးကောက်ပွဲဝင်ခြင်း၊ အခြားပါတီများတွင် တစ်ဦးချင်း ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းနှင့် မိမိသဘောဖြင့် တစ်သီး ပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက် ရွေးချယ်ခံခြင်းစသည့် ကိစ္စရပ်များ အပါအဝင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လုံးဝ ပါဝင် ပတ်သက် ဆောင်ရွက်ခြင်း ပြု လုပ်မည် မဟုတ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://mtalk.net.mm/2009-07-24-21-53-53/3870-2010-05-07-06-39-45.html

IC Tokyo Live Show ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ရရှိခဲ့


တိုကျို၊ မေ(၉)

သတင်း-သန့်မျိုးထွေး

အိုင်စီအဖွဲ့၏ ဒုတိယမြောက် တိုကျိုလိုက်ဒ်ရှိုးပွဲကို ပရိတ်သတ်(၃၀၀)ကျော်သာ လာရောက် ကြည့်ရှု့ခဲ့သော်လည်း အိုင်စီအဖွဲ့၏ ပရော်ဖက်ရှင်နယ်ဆန်စွာ အားကြိုးမာန်တက်တီးခတ်မှုနှင့် အဆိုတော်များ၏ အားပါးတရဖျော်ဖြေမှုကြောင့် ပရိတ်သတ်၏အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။

လိုက်ဒ်ရှိုးပွဲကို Caltec ကုမ္မဏီ၏စီစဉ်မှုဖြင့် တိုကျိုမြို့ အာရက၀ါမြို့နယ်ရှိ ဆန်းပုလဲ(Sun Pearl)ခန့်မတွင် ယနေ့ညနေ(၄)နာရီခွဲမှစတင်၍ ည(၈)နာရီခွဲအထိ ကျင်းပခဲ့ပြီး

သွားရေးလာရေးအခက်အခဲကြောင့် ပရိတ်သတ်များရုံအတွင်းဝင်ရောက်မှု နောက်ကျခဲ့အတွက် ယမန်နှစ်ကနှင့်မတူဘဲ ပထမပိုင်းကိုရိုးရှင်စွာဖြင့်စတင်ခဲ့သည်။

ယခုပွဲအတွက်လိုက်ပါလာသည့် တဦးတည်းသော မိန်းကလေးအဆိုတော်ခင်ဘုဏ်းမှစတင်ဖျော်ဖြေပေးခဲ့ပြီးနောက် ပရိတ်သတ်အသဲစွဲRဇာနည်မှ “အချစ်ရှိလား”သီချင်းဖြင့်

တိုကျိုပရိတ်သတ်ကို မိတ်ဆက်သီဆိုပေးပြီး ၄င်း၏ပထမပိုင်းအပိတ်သီချင်းကို အဝေးရောက်မြန်မာလူငယ်များအတွက်“ကိုယ်အနားရှိစေချင်”သီချင်းကိုသီဆိုပေးခဲ့သည်။


အဆိုတော်တဦးနှင့်တဦးအကြားအတွင် ပရိတ်သတ်ကသူတို့စောင့်မျှော်နေသည့် လေးဖြူနှင့်မျိုးကြီးတို့၏နာမည်များကို အော်ဟစ်တောင်းဆိုကြသည်။ ဒီနောက်တွင်

အိုင်စီအဖွဲ့၏ အလွမ်းမင်းသာဟုခေါ်သည့် ၀ိုင်ဝိုင်းအလှည့်ဖြစ်ပြီး ၀ိုင်ဝိုင်းမှ “စည်း”၊“လွမ်းနေဦးမယ်”၊ “တမ်းတ”သီချင်းများကို သီဆိုပြီးနောက်တွင် မျိုးကြီးမှစင်ပေါ်တက်ရောက်သီဆိုပေးခဲ့သည်။

မျိုးကြီးသီဆိုနေချိန်တွင် ပရိတ်သတ်အချို့မှ စင်ရှေ့သွားရောက်ကခုန်ခဲ့ရာ လုံခြုံရေးတာဝန်ယူထားသူ ဂျပန်လူမျိုးများမှဝိုင်းဝန်းထိမ်းသိမ်းခဲ့ရပြီး ဆက်လက်ပြီး အငဲမှသီဆိုပေးခဲ့သည်။

ပထမပိုင်း၏အဆုံး၌ ပရိတ်သတ်စောင့်မျှော်နေသည့် လေးဖြူထွက်ပေါ်လာခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပရိတ်သတ်အားလုံးစင်ရှေ့သို့ထွက်လာပြီး သူတို့ချစ်သည့်လေးဖြူကို အားပါးတရအားပေးရာ လေးဖြူမှလည်း နောက်နှစ်များတွင် ယခုထက်ပိုသက်သာသောဈေးနှုန်းဖြင့် ပရိတ်သတ်အရေအတွက်ပိုမိုများပြားစွာ လာရောက်အားပေးသည်ကို မြင်လိုကြောင်းနှုတ်ခွန်းဆက်စကားဆိုသည်။

လေးဖြူကယမန်နှစ်ကထက်စာလျှင်ပိုမိုပျော်ရွင်စရာကောင်းကြောင်း၊ ပရိတ်သတ်များအတွက်သွားလာရေးအခက်အခဲဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အဆင်ပြေချောမွေ့သော ပို့ဆောင်ရေးရှိဖို့မျှော်လင့်ကြောင်းဖွင်ဟပြောဆိုသွားပြီး အိုင်စီအဖွဲ့၏ အနှစ်(၂၀)မြောက်လိုက်ဒ်ရှိုးပွဲကျင်းပမည့်သတင်းမှာ မမှန်ကန်ကြောင်းငြင်းဆိုသွားသည်။

“ဘ၀မှာအရမ်းအရေးကြီးတဲ့အချက်က အများကြီးမရှိပါဘူး၊ နံပါတ်တစ်က ကိုယ်ရဲ့ဝိဥာဉ်၊ ကိုယ့်ရဲ့လိပ်ပြာ ကိုယ့်စိတ်ချမ်းသာဖို့ကို အဓိကထားကြိုးစားကြပါလို့။ အဲ့ဒါမှ ကိုယ်ကဘယ်နေရာရောက်ရောက် လွတ်မြောက်နိုင်မယ်၊ စိတ်ချမ်းသာနိုင်မယ်လို့ပြောချင်ပါတယ်။”ဟု အဝေးရောက်မြန်မာလူမျိုးများအတွက် အားပေးစကားကို မိုးသောက်ကြယ်သို့ပြောပြသွားသည်။

အိုင်စီ၏အသက်အရွယ်အကြီးဆုံးဖြစ်သည့် ဒရမ်တီးခတ်သူ ကိုခရမ်းက “အရင်နှစ်ကထက်စာရင်တော့ ဒီနှစ်သုံးတဲ့စက်တွေက ပိုကောင်းတယ်ဗျ၊ ပိုအားရတယ်ပေါ့ဗျာ။ တီးရတာ နည်းနည်းဖီးလ်ရှိတယ်ဗျ၊ နောက်နှစ်တွေမှာလည်း လာရောက်ဖျော်ဖြေဖို့ကို မျှော်လင့်ထားတဲ့အတွက် စီစဉ်သူတွေနဲ့ ညှိနှိုင်းနေပါတယ်”ဟု ယခုနှစ်ကျင်းပသောပွဲအတွက် ၄င်း၏ခံစားချက်ကို ပြောပြသည်။

ဒုတိယပိုင်းအရောက်တွင် ခင်ဘုဏ်းကပင်စတင်ဖျော်ဖြေရာ သူမ၏ဖက်ရှင်ဒီဇိုင်းဆန်းဆန်း ၀တ်ဆင်ထားမှုကြောင့် ပရိတ်သတ်၏ လက်ခုပ်သံများဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ပထမပိုင်းနည်းတူ Rဇာနည်၊ ၀ိုင်ဝိုင်းတို့မှ အလှည့်ကျဖျော်ဖြေပြီးနောက် အိုင်စီအဖွဲ့၏ နာမည်ကျော်သုံးဦးအတွဲဖြစ်သည့် လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ တယောက်တလှည့်စီ အိုင်စီ၏စတိုင်လ်အတိုင်း အပြိုင်သီဆို ဖျော်ဖြေကြသည်။

တယောက်နှင့်တယောက်ဖျော်ဖြေမှုကြားတွင် ပလေယာများ၏ တကိုယ်တော်လက်စွမ်းပြတီးခတ်မှုလည်း ပါဝင်ခဲ့ပြီး “အိုး ဒီဇင်ဘာ”သီချင်းကို သီဆိုမှုတွင် အ၀င်အထွက်အနည်းငယ်မှားယွင်မှုရှိခဲ့ခြင်းမှတပါး စီရီးခွေများတွင် နားဆင်ရသည့်အသံအတိုင်း မျိုးကြီး၏သီဆိုနိုင်မှုကို ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည်။

လိဒ်ဂီတာသမားလည်းဖြစ် အသံဖမ်းအင်ဂျင်နီယာတဦးလည်းဖြစ်သည့် ချစ်စမ်းမောင်မှ မြန်မာရိုးရာဂီတနှင့်အနောက်တိုင်းဂီတ သံစဉ်နှစ်ခုကိုတွဲဖက်၍ သံစဉ်အသစ်များဖန်တီးလာမှုအပေါ် “သူတို့လွတ်လွတ်လပ်လပ် Createလုပ်တာပေါ့နော်၊ တချို့လိုက်ဖက်တာတွေရှိသလို၊ တချို့ကလည်းမလိုက်ဖက်ဘူးပေါ့နော်၊ ဒါပေမဲ့ခေတ်ရေစီးကြောင်းအရတော့ ကျနော်တို့အဲ့လိုလုပ်တာကို အားပေးပါတယ်၊ ကျနော်တို့ဆိုလည်းတခါတလေ ရိုးရာ(Traditional)နဲ့ရော့ခ်ကိုပေါင်းတီတာတွေရှိပါတယ်၊ ဒါတွေက ပရိတ်သတ်ကို အအီပြေအောင်ဆိုတဲ့သဘောပေါ့၊ ဒါပေမဲ့ တဖက်စွန်းရောက်အောင်လုပ်တာတွေကတော့ သိပ်နားထောင်လို့မကောင်းဘူး”ဟုဝေဖန်သုံးသပ်ပြောဆိုသွားသည်။

အဆုံးပိတ်အဖြစ် လေးဖြူနှင့်မျိုးကြီး၏ “အိမ်ကိုပြန်ခဲ့တော့”သီချင်းကို နှုတ်ဆက်သီဆိုပေးပြီး ယနေ့ပွဲမှာ ပရိတ်သတ်အရေအတွက်အားဖြင့် အခြားပွဲများထက်စာလျှင် နည်းပါးသည်ဟုဆိုနိုင်သော်လည်း မြန်မာပြည်၏နံပါတ်တစ်ဟု သတ်မှတ်၍ရနိုင်သည့် အိုင်စီအဖွဲ့၏ ပရောဖက်ရှင်နယ်ဆန်စွာ ဖျော်ဖြေတီးခတ်သီဆိုမှုများကြောင့် ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger