dailyvid


1234
x

Latest Post

Daw Suu Kyi needs urgent medical care

Aung San Suu Kyi, the Burmese pro-democracy leader, urgently needs medical attention in the prison where she is being held during her trial, her party said on Friday.
Aung San Suu Kyi, Burma's detained opposition leader, urgently needs medical attention in the prison where she is being held during her trial
A party statement said it was "gravely concerned" about the Nobel Peace Prize laureate's health, saying she cannot sleep well because she suffers from leg cramps.
Suu Kyi, 63, was treated for dehydration and low blood pressure in early May, a few days after an American intruder was arrested for sneaking into her home. The military government has accused her of violating the terms of her house arrest for harbouring the John Yettaw, the 53-year-old Vietnam veteran who this week testified that he had been "sent by God" to warn her of a plot to kill her. If found guilty, Mrs Suu Kyi could spend up to five years in prison.
Closing arguments in the trial have been rescheduled from next Monday to the following Friday, said Nyan Win, one of Mrs Suu Kyi's lawyers.
Burma's foreign ministry said in a statement on Sunday that Mrs Suu Kyi, who is being held in a prison "guest house," is being "provided with adequate health care and she is in good health." The government earlier said a team of doctors was taking care of her.
The trial has drawn outrage from the international community and Mrs Suu Kyi's local supporters, who worry that the military junta is using the American intruder an excuse to keep her detained through next year's elections. Her party overwhelmingly won the last elections in 1990 but was not allowed to take power by the military, which has run the country since 1962.
Tags From ဒေါင်းတမာန်
ယခုလ (၇) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတော်တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး မြေပိနေသူများစွာရှိနေသေးကြောင်း အပြည့်အစုံဖတ်ရန်

အန်တီစု၏ (၆၄)နှစ်ပြည့်မွေးနေ့အတွက် ဂျပန်ရောက်မြန်မာများသို့

ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၄)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုချစ်မြတ်နိုးကြသော ဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှု ကုသိုလ်ပြုပွဲများ ပြုလုပ်ပေးခြင်း၊ အလှူအတန်း ပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။
အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံ တာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချ ချုပ်နှောင်ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ပြောပြသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ (AKIHABARA) ရက်ကွက်ရှိ၊ Kanda ချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင် ဝင်းမှဆက်လက်ရှင်းပြသည်။

မိမိတို့ လေးစားချစ်ခင်မြတ်နိုးသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလိုသူ၊ သို့မဟုတ် ကုသိုလ်ယူလိုသူဂျပန်ရောက် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံ တာဝန်ခံများဖြစ်ကြသည့် ဦးညီညီပေါက် (HRDP-Japan)ဝ၉၀ ၁၆၅၁ ၇၆၄၀၊ ဒေါ်တင်တင်ဝင်း (မိုးသောက်ကြယ်စာကြည့်တိုက်) ဝ၉၀ ၈၇၂၀ ၉၀၁၇၊ ဦးဘုန်းလှိုင် (FWUBC) ဝ၉၀ ၅၃၁၈ ၅၀၅၄၊ ဦး ဝင်းဇော် (NLD LA-JB) ဝ၉၀ ၂၄၈၆ ၂၈၉၇၊ ဦးညိုဝင်းသိန်း (ဖန်မီးအိမ်ဖောင်ဒေးရှင်း-ဂျပန်) ဝ၉၀ ၈၅၀ဝ ၁၆၄၂၊ ဒေါ်အိဖြူထွေး(မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း-ဂျပန်) ဝ၈၀ ၅၆၈၉ ၆၁၄၈၊ ဦးထင်ပေါ်(HRWUB) ဝ၉၀ ၁၇၃၉ ၆၄၈၉ နှင့် ဦး မောင်သန့် (BDA Group) ဝ၈၀ ၁၂၉၉ ၅၈၁၂ သို့ဆက်သွယ် လှူဒါန်းနိုင်သည့်အပြင် အတူလက်တွဲ၍ တာဝန်ယူလုပ်ဆောင်ပေးမည့် သူများကိုလည်း ကြိုဆိုဖိတ်ခေါ်ပါကြောင်း သိရှိရပါသည်။
မိုးသောက်ကြယ် ရယူပါသည်။

ထိုင်းလွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆို ဖတ်ရန်

ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သတ်စွာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

မေလ ၃ဝ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒီပဲယင်း ၆ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆန္ဒပြပွဲကို နေ့ခင်း ၃ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ထိုဆန္ဒပြပွဲတွင် ထူးထူး ခြားခြား ဆန္ဒပြသူများသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တိတ်ဆိတ်ငြိမ်သတ်စွာ ပန်းပွင့်များ၊ ပန်းခွေများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါသည်။ လူအင်အား ၄ဝဝ ကျော် တက်ရောက်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဦးဆောင်ကာ ဆောင်ရွက်ပေးခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ အဖွဲ့ဝင်များအနေဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် အပေါ်အဝတ်အစားအား အနက်ရောင်များ ဝတ်ဆင်ကာ တက်ရောက်ခဲ့ပါသည်။ ယခုနောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် အရင်ကထက် နိုင်ငံခြားသားများ၊ ဂျပန်လူမျိုးများပါဝင် အင်အားဖြည့်တင်းပေး နေသည်ကို တွေ့နေရပါသည်။

လက်တလော သတင်းများ

အင်းစိန်ထောင်ရှေ့ တွင် ယနေ့ မွန်းလွဲ ၁း၂၀ မိနစ်က ဆန္ဒပြ၍ အဖမ်းခံရသူသည် အသက် ၅၆ နှစ်အရွယ် လေတပ်အငြိမ်းစား ဗိုလ်ကြီး ဇော်ညွှန့် ဖြစ်သည်။
သူက ဆိုင်းဘုတ်ကိုင်ထားတယ်၊ ဆိုင်းဘုတ်မှာ အမေစုကို ကယ်ဖို့သင့်ပြီ ဆိုတဲ့ စာတန်း ပါတာကို မြင်လိုက် တယ်၊ အောက်မှာတော့ တခြားစာတွေလား မသိဘူးပါသေးတယ်၊ သူက လက်ကို မြှောက်ပြီး ပြနေတုန်း သူ့ကို ရဲနဲ့ အရပ်ဝတ် လုံခြုံရေးတွေက ချက်ချင်းဖမ်းသွားတာ တွေ့လိုက်တယ်”ဟု ဦးဇော်ညွှန့် အဖမ်းခံရသည်ကို မြင်တွေ့လိုက်ရသော လူငယ်တဦးက ပြောပြသည်။
ထိုသို့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြချိန်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး လုံခြုံရေးရဲများက ဖမ်းဆီး၍ အင်းစိန်ဈေး အတွင်းသို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ရဲကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်းလည်း သူက ပြော သည်။
အဆိုပါ ဆန္ဒပြသူ ဦးဇော်ညွှန့်သည် နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျခံခဲ့ဖူးသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးပြီး နောက် အင်းစိန်ထောင်အနီးတွင်လုံခြုံရေးပိုမို တင်းကျပ်လာကြောင်း သိရှိရသည်။

လုံခြုံရေးရဲများ တင်းကျပ်စွာ ချထားမှုကြောင့် အင်းစိန်ဈေးရှိ ဈေးသည်များ ဈေးရောင်းမကောင်းကြဘဲ မပြောရဲ မဆိုရဲ ဖြစ်နေကြ ကြောင်း ဈေးသူဈေးသားများက ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုတွင် နှစ်ဖက်လျောက်လဲချက် အပြီးသတ် လုပ်ရမည့်နေ့ကို ဇွန်လ ၁ ရက်နေ့ဟု သတ်မှတ်လိုက်သည်ဟု အတိုက်အခံပါတီ သတင်းရပ်ကွက်အရ သိရသည်။

တဆက်ထဲမှာပဲ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရခြင်းနှင့် ပတ်သက်ပြီး “ကမ္ဘာတဝန်းမှာရော အာဆီယံ အသင်းမှာပါ စိုးရိမ် ပူပန်နေကြလို့ ထုတ်ဖော် ပြောကြားလိုက်တာပါ” ဟု ဆူရင်ပစ်ဆူဝမ်က ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
mizzimaburmese.com နှင့် irrawaddy.org တို့မှ ရယူပါသည်။

Obama backs calls for Daw Suu Kyi release

May 27, 2009 –United States’ President Barack Obama has called for the immediate and unconditional release of Aung San Suu Kyi, and has criticized the ongoing court hearing as a “show trial based on spurious charges”.In his first statement on the trial of the opposition leader, now in its eighth day, Obama echoed international outcry over the arbitrariness of the charges she faces. Many critics of the trial, including members of Suu Kyi’s legal team, have said that the verdict is likely a foregone conclusion. If convicted, she could be sentenced to up to five years. In a statement released by the White House yesterday, Obama said that her continued trial and detention “cast serious doubt on the Burmese regime’s willingness to be a responsible member of the international community”. Obama also praised Suu Kyi for her “profound patriotism, sacrifice, and the vision of a democratic and prosperous Burma”. Today is the six-year anniversary of the beginning of her current internment. She was put under house arrest on 27 May, 2003, following the Depayin massacre in which a government-backed mob opened fire on a convoy of National League for Democracy (NLD) supporters, killing 70. This morning the Burmese government officially ended her detention, although given the probability of being found guilty of the charges related to US citizen John Yettaw’s stay at her compound, the announcement will stand for little. Suu Kyi pleaded ‘not guilty’ yesterday as she testified in front of Rangoon’s Insein prison courtroom for the first time in this trial. On Monday, the prosecution team abruptly dropped its nine remaining witnesses. Suu Kyi’s legal team believe it to be a means with which to rush through the trial.

Reporting by Francis Wade (DVB)

၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ





မေလ ၂၇ ရက်နေ့ နေ့လည် ၃းဝဝနာရီတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ ROPPONGI ဘူတာမှ စတင်ကာ ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသည်။

ချီတက်ဆန္ဒပြပွဲအား နိုင်ငံခြားရေးရုံးသို့ လှည့်လည် ဆန္ဒပြခဲ့ရာ ဂျပန် အဖွဲ့အစည်းအသီးသီးမှ ဂျပန်လူမျိုး အများအပြား နှင့် ဂျပန်ရောက် မြန်မာလူမျိုးများ၊ နိုင်ငံခြားသားများ စုစုပေါင်း လူအင်အား ၅ဝဝ ကျော် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

အဆိုပါ ဆန္ဒပြပွဲတွင် နိုင်ငံခြားရေးရုံးမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ဂျပန်လူမျိုးများ နားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ကြွေးကြော်သံများအား ဂျပန်ဘာသာ တခုတည်းဖြင့် ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ပါသည်။

ကျွန်တော့အနေဖြင့် ထိုဆန္ဒပြပွဲအား နိုင်ငံခြားရေးရုံးမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ဂျပန်ပြည်သူလူထုများ ရှေ့တွင် အမှန်တကယ် မီးမှောင်း ထိုးပြနိုင်ခဲ့သည့် ဆန္ဒပြပွဲတခုဖြစ်သည့် အတွက်အလွန်တရာ အားရ ကျေနပ်မိပါသည်။

နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေ ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း

“ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ နေအိမ် အကျယ်ချုပ်ဆိုတာ မရှိတော့ဘူး။ ဘာတွေ သက်ရောက်လာနိုင်မလဲ ပြောလို့ရှိရင် နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မရှိတော့ဘူး ပြောလို့ ရသွားတယ်ပေါ့။”
“သူ့ကြေညာချက်အရ သူကိုယ်တိုင်က အကျဉ်းကျနေတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များနှင့် တရားဥပဒေရဲ့ အကာအကွယ် မရခဲ့ဘူး။ တရားဥပဒေရဲ့ ညှာတာမှုကိုလည်း မရခဲ့ဘူး။ ထောင်ကို နှစ်ရှည် ချခံနေရသူဖြစ်လို့ ဒီလိုအချိန်မှာ သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားတစုံတဦး ဒုက္ခရောက်အောင် တွန်းပို့တဲ့ အလုပ်ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီ ကြေငြာချက် ဖော်ပြထားပါတယ်။”
အင်္ဂါနေ့၊ မေလ 26 2009 18:35 - ( မြန်မာစံတော်ချိန် ) တွင် ဦးဥာဏ်ဝင်း မှ ဖြေကြားသွားခြင်း ဖြစ်ပါသည်။
mizzimaburmese.com မှ ရယူပါသည်။

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ်

ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။
သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။
မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။
ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။
ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။
mizzimaburmese.com မှရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ပြုလုပ်မည့် တရားခွင် ကြားနာမှုတွင် ကိုယ်တိုင် ထွက်ဆိုချက်ပြုမည် ဖြစ်ကြောင်း

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ပြုလုပ်မည့် တရားခွင် ကြားနာမှုတွင် ကိုယ်တိုင် ထွက်ဆိုချက်ပြုမည် ဖြစ်ကြောင်း သူ၏ ရှေ့နေတဦးဖြစ်သော ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။
တရားလိုပြသက်သေများ ယနေ့ ထွက်ဆိုချက် ပြုလုပ်သွားပြီး ဖြစ်သည်။
တရားဆိုင်ဘက်မှ တင်ပြသော သက်သေများ စာရင်းတွင် နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုးတို့ ပါဝင်သည်ဟု သိရသည်။
တင်္နလာနေ့က တရားဆိုင်ဘက်မှ ရှေ့နေများက တရားလိုပြ သက်သေငါးဦးကို မေးခွန်းပြန်ထုတ် စစ်ဆေးခြင်း ပြုခဲ့သည်။ အခြားသော သက်သေများကိုတော့ တရားလို စစ်အစိုးရဘက်က ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
mizzimaburmese.com မှ ရယူပါသည်။

စွမ်းအားရှင် နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ၅ဝဝ ကျော်ခန့်ကို တရက် ကျပ် ၂ ထောင်နှုန်းနှင့် အခကြေးငွေပေးကာ ငှားရမ်းထားကြောင်း

ဦးဝင်းတင်၊ ဦးကြည်ဝင်း (NLDလွှတ်တော်ကိုယ်စားလှယ်) ၊ ဦးတင်ဦး (NLD ဒု-ဥက္ကဋ္ဌ) အပါအဝင် သက်သေ (၄) ဦး အားစစ်ဆေးမည်

ယနေ့ဆဌမမြောက်ရုံးချိန်းတွင် နအဖစစ်အစိုးရက ၎င်းတို့ တင်ပြထားသော သက်သေ (၂၃) ဦးအနက်မှ (၁ဝ) ဦးကို ပယ်ဖျက်လိုက်ခြင်းဖြင့် တရားလိုပြသက်သေစစ်မေးမှုကို အဆုံးသတ်စေခဲ့ပြီဖြစ်သည်။
“ဒီနေ့ ပြန်ခေါ်သက်သေ (၄) ဦးကို စစ်မေးတယ်။ နောက်စစ်မေးဖို့ကျန်နေတဲ့ အထဲက (၁) ဦးကို မေးတယ်။ နောက်ထပ် စစ်မေးဖို့ကျန်နေသေးတဲ့ သက်သေ (၁ဝ) ဦးကို အစိုးရကပယ်ဖျက်လိုက်တယ်တဲ့” ဟု အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ပြန်ခေါ်သက်သေ (၅) ဦးကို ထပ်မံစစ်မေး မှုပြုရန် တင်ပြထားသော်လည်း ယနေ့တွင် (၄) ဦးသာ စစ်မေးခွင့်ရခဲ့သည်။ မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး အမည်စာရင်းကို တင်သွင်းသွားမည်ဖြစ်ပြီး အဆိုပါ (၄) ဦးထဲတွင် ဦးဝင်းတင်၊ ဦးကြည်ဝင်း (အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်) ၊ ဦးတင်ဦး (အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) တို့ ပါဝင်မည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။အမှုစစ်ဆေးရာ အထူးတရားရုံး၊ အကျဉ်းဦးစီးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များနှင့် ပြည်သူများသည် ယခင်နေ့များအတိုင်း အေးချမ်းစွာရှိကြပြီး လုံခြုံရေးအင်အားလည်း လျော့နည်းချထားကြောင်း မျက်မြင်တဦးက ပြောသည်။ “အရပ်ဝတ်လုံခြုံရေးတွေ နည်းသွားပေမယ့် လုံခြုံရေးကား (၃) စီးနဲ့ ၂က/၇၄၄၀ အချုပ်ကား (၁) စီး အသင့်အနေ အထား ရှိနေတာကို ထူးထူးခြားခြားတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ယနေ့နံနက် (၁၀) နာရီခန့်တွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့်ဇိုမီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်တို့ အင်းစိန် (အကစ) ရှေ့သို့ရောက်ရှိလာကြပြီး (၁၁) နာရီခန့်တွင် ပုံမှန်အစည်းအဝေးရှိသည့် အတွက် ဗဟန်း ရွှေဂုံတိုင်ရုံးချုပ်သို့ ပြန်သွားကြသည်။ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းတို့်မှ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်အချို့လည်း လာရောက်အင်အား ဖြည့်ကြသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အမှုကို မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်တွင် စစ်မေးမှုများပြုလုပ်တော့မည်ဟု ယူဆရသည်။ khitpyaing.org မှ ရယူပါသည်။

ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွါးခဲ့

ဘင်္ဂလား ပင်လယ်အော်အတွင်း ဗဟိုပြု တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် မေလ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ထိုသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ရေလျှံနေသော ရန်ကုန်မြို့လယ် မြင်ကွင်း တနေရာ။ ဓါတ်ပုံ - မဇ္ဈိမ။

ရေလျှံနေသော ရန်ကုန်မြို့လယ် မြင်ကွင်း တနေရာ။ ဓါတ်ပုံ - မဇ္ဈိမ။

ရန်ကုန်မြို့ နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အနက် ယာဉ်အသွား အလာများ ပိတ်ဆို့သွားသည်အထိ ဆိုးရွားစွာ ရေလျှံခဲ့သော နေရာများမှာ ပြည်လမ်းမကြီးပေါ်ရှိ ကုန်းမြင့်သာယာ ကုန်းဆင်းနှင့် ၇ မိုင်ကြား၊ ကမာရွတ်မြို့နယ်ရှိ ဗဟိုလမ်းမပေါ်၊ မဟာဗန္ဓုလမ်းမပေါ် ပန်းဆိုးတန်း ကားမှတ်တိုင်ပတ်ဝန်းကျင်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၊ ယုဇနပလာဇာရှေ့နှင့် တာမွေပလာဇာရှေ့၊ လေးထောင့်ကန်လမ်းမပေါ် သင်္ဃန်းကျွန်း ဈေးအနီး၊ ကန်တော်ကလေး မြန်မာ့ဂုဏ်ရည် လမ်းမတို့ ဖြစ်သည်။
mizzimaburmese.com မှ ရယူပါသည်။

Myanmar: Suu Kyi pleads not guilty at trial, party says

A television grab shows Aung San Suu Kyi meeting with diplomats at Insein Prison in Yangon on May 20.

သူရရွှေမန်း၏သား ဗိုလ်တိုးနိုင်မန်းရဲ့ လူသတ်မှုဇာတ်လမ်း

“အပြောကတော့ ရွှေမန်း အက မှာတော့ မျောက်ဖိုးစိန်”

အားတက်စရာကောင်းသော ပြည်တွင်းလုပ်ဆောင်ချက်

လူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးရဲ့ မီးရှုးတန်ဆောင် ၊မြန်မာ့ဒီမိုကရေစီအရေးရဲ့ လမင်းကြီး ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်အောင် ကျောက်ပန်းတောင်းလူငယ် ၄၀ကျော်ဟာ စုရပ်ကနေ မဟာစေတီကြီးဘုရားဆီကို တူညီဝတ်စုံဝတ်ကာချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်၊၊ ဒီဆုတောင်းတဲ့ပွဲကို လက်ကိုင်ဒုတ်တွေက စောင့်ကြည့်အင်းအားပြပြီး မေးမြန်းတာရှိခဲ့ပေမဲ့ တစုံတရာတော့ အနှောက်အယှက်မပေးဘူးလို့ သိရပါတယ်၊ (ကျေးဇူးကြီးပါပေ့) ၊ ပြည်သူချစ်တဲ့ ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေဘောင်အတွင်းက လှုပ်ရှားမှုဖြစ်တာကြောင့် ပြည်သူတရပ်လုံး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်တဲ့ပွဲတွေ လုပ်ပြီး နအဖကို ဆန့်ကျင်ကြပါစို့ လို့တိုက်တွန်းရင်း ဖြေးဖြေးချင်း တိုက်ပွဲအရှိန်မြှင့်တင်ကြတာပေါ့၊
anyarnwaytamarmyay.blogspot.com မှ ရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် ဂျွန် ဝီလျံ ယက်ထော တို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေကြား

ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲကျင်းပ



ဂျပန်ရောက်မြန်မာလူမျိုးများ နှင့် ဂျပန်လူမျိုးများ သည် မေလ၊ ၂၄ ရက်နေ့ နေ့လည် ၂း၃ဝ မှ စတင်ကာ EBISU ပန်းခြံတွင် လူစုဝေးပြီး ၄းဝဝ တွင် စတင် ထွက်ခွာသွားရာ SENDAGAYA ဘူတာ အထိ ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်း လွှတ်ပေးရေး ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြပွဲအား YOYOGI ပန်းခြံ တွင် အဆုံးသတ် ရပ်နားကာ ချီတက် ဆန္ဒပြပွဲ ပြီးဆုံးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ လူမျိုးများ နှင့် ဂျပန်လူမျိုးများ စုစုပေါင်း လူဦးရေ ၈ဝဝ ကျော် ချီတက်ဆန္ဒပြ ခဲ့ကြပါသည်။
မေလ ၂၇ ရက်နေ့တွင် တဖန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်း အမှတ်ဖြင့် ROPPONGI ဘူတာတွင် ချီတက်ဆန္ဒပြပွဲ ထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။























ဓါတ်ပုံ ပို့ပေးသော သူများအားအထူးပင် ကျေးဇူးတင်ရှိပါသည်။

လူ့အခွင့်အရေး အပြည့်အဝရရှိသော မြန်မာနိုင်ငံသို့


ကာတွန်း ဟန်လေး (ခေတ်ပြိုင်ဝက်ဘ်ဆိုက်)

Ban Ki-moon မြန်မာပြည်ကိုသွားမည်

“ကျနော် မြန်မာနိုင်ငံကို ဖြစ်နိုင်သရွှေ့ အမြန်ဆုံး သွားပါမယ်။ မြန်မာအစိုးရနဲ့ အရေးတကြီး၊ အလေးအနက် ဆွေးနွေးစရာတွေ ပေါ်လာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် တခြားအစိုးရ အရာရှိတွေနဲ့လည်း ဆွေးနွေးမှာ ဖြစ်ပါတယ်” မစ္စတာဘန်ကီမွန်းက စီအန်အန် CNN ရုပ်သံဌာနနှင့် သီးသန့် မေးဖြေခန်းတခုတွင် ပြောခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ တရားဝင်မည် မဟုတ်ဟု အမေရိကန်ပြော

မြန်မာ စစ်အစိုးရက လက်ရှိ လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားမည် ဆိုလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားဝင်မည် မဟုတ်သည့် အပြင် အသိအမှတ် ပြုခံရမည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယမန်နေ့က ပြောကြားလိုက်သည်။

ဟီလာရီ ကလင်တန် (ဓာတ်ပုံ - အေပီ)

ဟီလာရီ ကလင်တန်၏ ပြောကြားချက်သည် သမ္မတ အိုဘားမား အစိုးရက မြန်မာ စစ်အစိုးရအပေါ် တင်းမာသည့် သဘောထား ရှိကြောင်း ဖော်ညွှန်းနေသည်။ အိုဘားမား အစိုးရ ဖွဲ့စည်းခါစတွင် မြန်မာ စစ်အစိုးရ အပေါ် ပိုမို ပျော့ပြောင်းသည့် မူဝါဒ ထားရှိမည်ဟူသော အရိပ် အယောင်များ ပြသခဲ့ဖူးသည်။ အမေရိကန်၏ မြန်မာပြည် ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟုပင် ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုမှာ အလုပ်မဖြစ်ကြောင်း ဟီလာရီ ကလင်တန် ကိုယ်တိုင် တရားဝင် ပြောကြားဖူးသည်။
သို့သော်လည်း မူဝါဒများ ပြန်လည် တင်းမာလာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုလိုက်ခြင်းကြောင့် ဖြစ်မည်ဟု အများက ယူဆကြသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အခြေအမြစ် မရှိဘဲ စွဲချက် တင်ထားတာကို အမေရိကန် အစိုးရက လက်မခံပါဘူး။ လွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ မလုပ်သေးတာကိုလည်း လက်မခံပါဘူး” ဟု ဟီလာရီ ကလင်တန်က အထက် လွှတ်တော်တွင် ယမန်နေ့က ပြောလိုက်သည်။
“သူတို့ ဒီအတိုင်းသာ ဆက်သွားနေရင် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ လုံးဝ တရားဝင်မှာ မဟုတ်ဘူး၊ နိုင်ငံတကာ မှာလည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး” ဟု ဟီလာရီ ကလင်တန်က မြန်မာအစိုးရကို သတိပေးလိုက်သည်။
“စစ်အစိုးရ အပေါ် သြဇာ သက်ရောက်မှု ရှိနိုင်တဲ့ ချဉ်းကပ်မှုမျိုး ရနိုင်ဖို့  ကြိုးစားနေပါတယ်” ဟု မြန်မာပြည် ဆိုင်ရာ မူဝါဒအား ပြန်လည် သုံးသပ်နေခြင်းကို ရည်ရွယ်ပြီး ပြောလိုက်သည်။
မြန်မာ စစ်အစိုးရ အပေါ် သြဇာ လွှမ်းသည့် နိုင်ငံ တချို့ ရှိသည်ဟု ဟီလာရီ ကလင်တန်က ဆိုသည်။
“ဖိနှိပ်တဲ့ မြန်မာ စစ်အုပ်စုကို ဆက်ပြီး မထောက်ခံသင့်တော့ဘူး ဆိုတာကို အဲဒီ နိုင်ငံတွေ မြင်လာကြဖို့ အမေရိကန်က ကြိုးစားနေပါတယ်။ စစ်အုပ်စုကို အရေးယူဖို့ နိုင်ငံတကာ ထောက်ခံမှုတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။
အဆိုပါ နိုင်ငံများ၏ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး ဟီလာရီ ကလင်တန်ကို အထက် လွှတ်တော်တွင် မေးမြန်းခဲ့ကြသည်။
ဟီလာရီ ကလင်တန်က “တုံ့ပြန်ချက်တွေက အားရစရာ ကောင်းပါတယ်။ ပြင်းပြင်း ထန်ထန် ကြေညာ ပြောဆိုခဲ့တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတချို့နဲ့ စကား ပြောဖြစ်ခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ကုလသမဂ္ဂ၏ ထောက်ခံမှု ပိုမို ရရှိရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းနေသည် ဟုလည်း ကလင်တန်က ပြောသည်။
Tags : from irrawaddy.org

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမျက်နှာချင်းဆိုင်နေအိမ်နှင့် ဆန္ဒပြသူများကြား အမုန်းပွားအောင် လုပ်ဆောင်နေ

တာဝန်ကြရဲအရာရှိ၏ ပြောပြချက်အရ သံရုံးမျက်နှာချင်းဆိုင်တွင် နေထိုင်သူများကို မြန်မာသံရုံးမှ လက်ဆောင်ပေးကမ်းစည်းရုံးပြီး ကန့်ကွက်စေရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါသည်။ နအဖနှောက်ယှက်မှုကြားမှ ဆန္ဒပြပွဲအား ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ အေးချမ်းတိတ်ဆိတ်စွာ ဆန္ဒပြခဲ့ကြပါသည်။ ယခင်နေ့များကဲ့သို့ ကြွေးကြော်သံ ရွတ်ဆိုခွင့်မရရှိသော်လည်း ဂျပန်နိုင်ငံမှတာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်အရ ညနေ ၄ နာရီတွင် တစ်ကြိမ်သာ ကြွေးကြော်ပြီး ဆန္ဒပြပွဲပြီးဆုံးခဲ့ပါသည်။ ယနေ့လူအင်အား ၁၇ဝ ကျော် တက်ရောက်ခဲ့ကြကာ ဆန္ဒပြသူများဘက်မှလည်း အဆိုပါ တိုက်မျက်နှာစာလမ်းမကို သန့်ရှင်းရေးပြုလုပ်ပေးပြီးမှ ဆန္ဒပြပွဲရုတ်သိမ်းခဲ့ပါသည်။ ယခုသတင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွပ်မြောက်နယ်မြေ ) ဂျပန်ဋ္ဌာနခွဲမှ ပြန်ကြားရေးအဖွဲ့ဝင် ကိုစိုးအောင်ဝင်း ထံမှ ရရှိပါသည်။

Japan was 15.4 percent lower than the same time period last year

နိုင်ငံခြား သတင်းထောက် ၅ ဦးနှင့် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း သတင်းထောက် ၅ ဦးတို့ကို ယနေ့ တရားရုံးသို့ ၀င်ခွင့်ပြုလိုက်ကြောင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး သတင်းရယူရန် အတွက် နိုင်ငံခြား သတင်းထောက် ၅ ဦးနှင့် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း သတင်းထောက် ၅ ဦးတို့ကို ယနေ့ တရားရုံးသို့ ၀င်ခွင့်ပြု လိုက်ကြောင်း နိုင်ငံခြားသတင်းထောက် တဦးက ဧရာဝတီသို့ ပြောကြားသည်။
“ထုံးစံအတိုင်း အကျဉ်းထောင်ထဲကိုဆိုတော့ ဘာပစ္စည်းမှတော့ ယူခွင့်မပြုဘူး၊ သတင်း ထောက်တွေကို မဲနှိုက်ပြီး ပေါက်တဲ့သူ ဝင်ခွင့်ပြုတာ၊ အခုလို မီဒီယာတွေကို ခွင့်ပြုတာတော့ ကောင်းတဲ့ကိစ္စပဲ” ဟု သူကဆိုသည်။
ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံသား၏ အမှုကို ယခုလ ၁၈ ရက်နေ့မှစတင်၍ ၂ ရက်အကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် အာဏာပိုင်များ က ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ရုံးတင်စစ်ဆေးသည့် ကိစ္စအတွက် နိုင်ငံတကာက အများပြည်သူ ကြားနာခွင့်ရရှိသည့် တရားစီရင်ရေးဖြစ်စေရန် တောင်းဆိုထားခဲ့ရာ ယနေ့တွင် မီဒီယာတချို့ကို ဝင်ရောက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ ၀င်ခွင့်ပြုခဲ့ခြင်းမှာ နိုင်ငံတကာ အသိုင်း အ၀န်းက စစ်အစိုးရကို ဖိအားပေးတောင်းဆိုမှုများကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက သုံးသပ်သည်။
သတင်းယူရန်အတွက် Reuters, AFP နှင့် ဂျပန်သတင်းဌာနသုံးခုတို့ မဲပေါက်ကာ ဝင်ခွင့်ရခဲ့ပြီး ပြည်တွင်း သတင်းထောက်များ အဖြစ် Myanmar Times ဂျာနယ် အပါအဝင် သတင်းဌာန ၅ ခုမှ သတင်းထောက်များ ၀င်ခွင့်ရသည်ဟု ကြားသိရသည်။
မည်သည့် သတင်းဌာနများ ပါဝင်သည်ကို အသေးစိတ် သိရှိရန် စုံစမ်းဆဲဖြစ်သည်။
Tags : from irrawaddy.org

18 May ဂျပန်နိုင်ငံတွင်း လှုပ်ရှားမှု

ယနေ့ ၁၈ ရက်နေ့ တွင် နိုင်ငံတကာရှိ မြန်မာသံရုံးများ ရှေ့တွင် ဆန္ဒပြပွဲများ ပြုလုပ်နေကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ အနေနှင့် ယခင် နေ့လည် ၃ နာရီမှ ၄ နာရီ ပြုလုပ်နေရာမှ ၁၅ ရက်နေ့ကနေ စတင်၍ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အချိန်တိုးပြီး လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သတင်းရရှိပါသည်။ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ရာ လူဦးရေ ၄၀၀ ကျော် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွပ်မြောက် ရေးအတွက် စည်းကမ်းရှိရှိ၊ အားတက်သရော ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုပွဲတွင် ဂျပန်လူမှုရေးအဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိသူများ၊ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက အားပေးစကားများပြောကြား သွားခဲ့ပါသည်။

May 18 မှ May 19 ထပ်မံရုံးချိန်းလိုက်၊ လူထု (၁,၀၀၀) ကျော်က အင်းစိန်ထောင်ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေ

အဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုကို မနက်ဖြန်တွင် ဆက်လက်စစ်ဆေးလိမ့်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချခံထားရစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အမေရိကန်နိုင်ငံသား တဦး ရေကူးဝင်ရောက်ခဲ့ပြီးနောက် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ အစိုးရဘက်က ရဲမှူးကြီးက တရားသူကြီးထံ စတင်အမှုစွဲတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေအဖြစ် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါတယ်။ အစိုးရဘက်က တရားလိုပြသက်သေ (၂၂) ဦးရှိပါတယ်။ ဒီနေ့တရားစတင်စွဲဆိုတာနဲ့ တရားလိုရဲမှူးကြီးကို ဒီဘက်ကရှေ့နေတွေက ပြန်လည်မေးမြန်းတာလောက်ပဲပြီးပါတယ်။ မနက်ဖြန်ကို ထပ်ပြီးရုံးချိန်းလိုက်ပါတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကိုလည်း ရုံးထုတ်ခဲ့ရာ ရှေ့နေ ဦးခင်မောင်ဦးက အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်သည်။
နအဖစစ်အစိုးရဘက်မှ တရားလိုပြသက်သေ (၂၂) ဦးတင်ထားရာ (၂၁) ဦးမှာ အစိုးရ၀န်ထမ်းများဖြစ်ပြီး (၁) ဦးသာ အရပ်သားဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အမှုကို ယနေ့နံနက် (၁၀) နာရီတွင် စတင်တရားစွဲတင်လိုက်ပြီး ညနေ (၂) နာရီခွဲတွင် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားစဉ် နိုင်ငံခြားသားတယောက် နေအိမ်အတွင်း ၀င်ရောက်ခဲ့ ခြင်းမှာ အစိုးရ၏လုံခြုံရေးညံ့ဖျင်းမှုကြောင့်ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံတရားစွဲဆိုလိုက်သည့် အတွက် ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားနေသူများက မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြပွဲများ စတင်ပြုလုပ် နေကြသည်။
ပြည်တွင်း၌လည်း ပြည်သူလူထု (၁,၀၀၀) ကျော်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့် အင်းစိန်ထောင်ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စတင်လိုက်ကြပြီဖြစ်သည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်မှ ၁၉၉၅ ခုနှစ် ဇူလိုင်အထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၀၂ ခုနှစ် မေအထိတကြိမ်၊ ၂၀၀၃ ခုနှစ် မေမှ ယခုအချိန်အထိ နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ဒေါ်မာမာအေး မှ အန်တီစုအား ပြောချင်တဲ့စကားများ

နအဖရဲ့  ဂျွန်ဝီလီယံယက်တော ရေကူးဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းဖြစ်ကြောင်း ပြည်သူတစ်ဦးမှ ထုတ်ဖော်ပြောဆိုလာ

ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။
နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။
နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။
ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။
niknayman-niknayman မှ သတင်းရယူပါသည်။ အပြည်အစုံဖတ်ရန် ခေါင်းစဉ်ကိုနိုပ်ပါ

KNLA လက်ချက်ကြောင့် ဗိုလ်မှူးချုပ်ကောင်းမြတ် ခြုံခိုတိုက်ခိုက်ခံရပြီး ငရဲလားသွားပြီ

(ကိုနစ်သတင်းပါ) (မေလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်) က ကရင်ပြည်နယ်၊ သံတောင်ဒေသ ဘောဂလိဒေသမှာ စစ်ဆင်ရေးဝင်နေသော တောင်ကုတ်အခြေစိုက် စကခ (၅)၊ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ် (DSA အမှတ်စဉ် ၂၃ ကျောင်းဆင်း) ခြုံခိုတိုက်ခိုက်ခံရပြီး ငရဲလားသွားသည်ဟု သတင်းရရှိပါတယ်။ ဖြစ်ပွားမှုမှာ အဆိုပါ ဗိုလ်မှူးချုပ်ကောင်းမြတ် လိုက်ပါလာသော ကား (၃) စီးအနက်မှ နောက်ဆုံးကားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂) မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဗိုလ်မှူးချုပ်ကောင်းမြတ် သေဆုံးသွားကြောင်း သတင်းသိရှိရပါသည်။ ပြည်သူ့ ချဉ်ဖတ် နအဖမျိုးယုတ် ဗိုလ်မှူးချူပ်ကောင်းမြတ်ဟာ ပြည်သူလူထုအပေါ်မှာ အလွန်ဆိုးရွားစွာ ဆက်ဆံ သောသူ တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ တပ်မဟာ (၂) နယ်မြေ ဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖ တပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က “မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်း မဟုတ် တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး။ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲ့ဒါတွေကို အားကိုးမနေနဲ့။ ငါတို့ နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်” လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက် ညှဉ်းပန်းမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခဲ့ပါတယ်။ လူထုကို ရိက္ခာထမ်းခိုင်းတာတွေ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၆) ရက်နေ့ကလည်း ဘောဂလိရွာသား (၅၀) နဲ့ ရေသိုးကြီးရွာသား (၂၀) ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက်ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေး ယူခိုင်းခဲ့ပါတယ်။ http://www.niknayman-niknayman.co.cc/ မှရယူပါသည်။

အန်တီစု အမှုကို မလိုက်နိုင်အောင် ရှေ့နေနှစ်ဦးအား လိုင်စဉ်သိမ်း

Mr Yettaw * Click here to red full story

"He is a fool," the lawyer said. The opposition newspaper Irrawady described Mr Yettaw as a "stalker" and the latest in a long line of naive Western protesters who have done more harm than good to Burma's beleaguered democracy movement. The State Department in Washington says that Burmese authorities allowed a US diplomat to visit Mr Yettaw in jail on Wednesday (local time). But while condemning the regime's latest actions against Ms Suu Kyi, the department has made no comment on Mr Yettaw.

Mr. John William Yettaw ၏ ကိုယ်ရေးအကျဉ်း

၁။ အမည်*************Mr. John William Yettaw
၂။ အခြားအမည်********မရှိပါ
၃။ အသက်မွေးသကရာဇ်**၆-၉-၁၉၅၅
၎။ လူမျိုး**************အမေရိကန်လူမျိုး
၅။ အရပ်အမြင့်*********၅ ပေ ၁၀ လက်မ
၆။ ကိုယ်အလေးချိန်*****ပေါင် ၂၂၀
၇။ မွေးဖွားရာဇာတိ******Detroit Michigan
၈။ မှတ်ပုံတင်အမှတ်****p.p N0- 439767722-24-8-2008 EV - T (တိုးရစ်ဗီဇာ)
၉။ ပညာအရည်အချင်း***PHD (psychology)တက်ရောက်ဆဲ
၁၀။ အလုပ်အကိုင်******student Clinical Psychology Forest Institute
၁၁။ နေရပ်လိပ်စာ*******31158 Deta Road Falcon Missouri (65470)
၁၂။ မိဘအမည် (ဘ)***Jerome William Yettaw (Engineer 1983 ကွယ်လွန်)
၁၃။ ဇနီးအမည်********Betty Yettaw (မှီခို)
အလုပ်အကိုင်
နေရပ်လိပ်စာ**********အတူနေ
၁၄။ ပါဝင်ခဲ့သည့်*******စစ်မှုထမ်းနှစ်နှစ် လုပ်ကိုင်ခဲ့သည်
အဖွဲ့အစည်း
မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

ဖတ်လို့ကောင်းတဲ့ Link လေးတွေပါ































Dr.lunswe
နစ်နေမန်း
ဖိုးတရုတ်
ငွန်ငယ်မိုး
နွေဆူးလင်္ကာ
မိုးသောက်ကြယ်
အရှင်ထာဝရ
ဒီရေ
ဒီမိုဝေယံ
ဒို့အာဇာနည်
မြတ်လေးငုံ
flyingpeacock
မောင်ထားဝယ်
လွင်ပြင်
ခမိခဆဲ






























ဒေါင်းတမာန်
ဒေါင်းမာန်ဟုန်
ခွပ်ဒေါင်းသွေး
နက်ဝေါ့မီဒီယာ
ကိုရင်နော်ခင်လေး
မဆုမွန်
ခြေလှမ်းသစ်
ရွှေနန္ဒရဲ့ခရေပန်း
Save Burma
ရဲရင့်ငယ်
လင်းဦး(စိတ်ပညာ)
မေတ္တာမီးအိမ်
kiki-idiotlove
မကြီးသဒ္ဓါ
ကောင်းကင်ကို






























မငယ်နိုင်
ကိုရန်အောင်
G-Waveအဖွဲ့
မြေသြဇာအဖွဲ့
ငဝန်နဒီ
NLD.LA.JB
မျိုးချစ်မြန်မာ
ရွှေဝါရောင်
ဖိုးရှုပ်လေး
ခေတ်သစ်ဒီမိုကရေစီ
မြေကြီး
Data carrier
ခွပ်ဒေါင်းကြယ်စင်
ကိုမင်းမော်စိုး
ကိုညိုကြီး


မြန်မာပြည်မှ စာဖတ်ရလွယ်ကူအောင် သတင်းအစုံကို ညီအစ်ကိုများ စုပေါင်းတင်ပေးထားသော
လိပ်စာလေး>>>>>>>>>>>>
Freemyanmar

လာပြန်ပြီ အနောက်တောင်မုတ်သုံလေတဲ့

မေလ(၁၁)ရက်မှ (၂၀)ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ စတင်ဝင်ရောက်ရာ၌ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလဒုတိယ (၁၀)ရက်ပတ်(၁၁ရက်မှ၂၀ရက်)၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလတတိယ (၁၀)ရက်ပတ်(၂၁ရက်မှ၃၁ရက်)၊ အလယ်ပိုင်းဒေသများသို့ မေလကုန်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဇွန်လဆန်းပိုင်းတွင် အသီးသီးဝင်ရောက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံလုံးကို လွှမ်းခြုံဝင်ရောက်ပြီးနောက် ဇွန်လဆန်းတွင် မိုးဦးရာသီ စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများဖြစ်ပြီး စက်တင်ဘာနှင့် အောက်တိုဘာလတို့မှာ မိုးလွန်ကာလများ ဖြစ်သည်။ မိုးကြိုကာလဖြစ်သည့် ယခုအချိန်တွင် မုန်တိုင်းကို သတိပြုရန်လိုအပ်ပြီး မိုးဦးရာသီ ရောက်ရှိပါက မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းကို စိုးရိမ်ဖွယ်ရာ မရှိတော့ဟု ဆိုသည်။ မေလအတွင်းတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် (၈)ရက်မှ (၁၂)ရက်ခန့်နှင့် ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ရက်သတ္တပတ်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့် မေလ(၆)ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့၌ ရုတ်တရက် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ကြော်ငြာBillboardကြီးများ၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်ကြိုးနှင့် တယ်လီဖုန်းကြိုများ ပြတ်တောက်ခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မိုးသက်လေပြင်း ကျရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)အထိ မြင့်တက်ခဲ့ကာ လေငြိမ်သွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်းလည်း သိရသည်။

Ref: မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန, BiWeeklyEleven

ဂျပန်မှာ ၀က်တုပ်ကွေး စဖြစ်နေပြီ

ဂျပန်နိုင်ငံမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်သူများ ပထမဆုံးအကြိမ် ရှိနေပြီလို့ အတည်ပြုကြေညာပါတယ်။ ကျောင်းဆရာ တယောက်နဲ့ အထက်တန်းကျောင်းသား နှစ်ယောက်တို့မှာ H1N1 ရောဂါပိုး တွေ့ရှိရတယ်။ အမေရိကန်နိုင်ငံ မစ်ချီကန် ပြည်နယ် ဒီထရွိတ်မြို့ကပြန်အလာ တိုကျိုကို အရောက် တုပ်ကွေးရောဂါ ဖြစ်နေလို့ သူတို့ကို ဆေးရုံတင်ထားရကြောင်း ဂျပန် ကျန်းမာရေးဌာနက ဆိုပါတယ်။

သူတို့ခရီးစဉ်အတွင်း ကနေဒါနိုင်ငံကိုလည်း ၀င်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံမှာလည်း H1N1 ၀က်တုပ်ကွေး ရောဂါ ဖြစ်နေသူတယောက် သေဆုံးသွားပါတယ်။ အသက် ၃၀ အရွယ်ရှိ အဲဒီအမျိုးသမီးမှာ တခြားရောဂါများလည်း ရှိနေတာ မို့ သေဆုံးရတဲ့နေရာမှာ အဲဒီ ၀က်တုပ်ကွေးရောဂါက ဘယ်လောက်အထိ ပါဝင်လဲဆိုတာ သေချာမသိရဘူးလို့ ကျန်းမာရေး တာဝန်ခံများက ပြောဆိုပါတယ်။

မက္ကဆီကိုမှာ နောက်တယောက် သေဆုံးပြန်လို့ ၀က်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၄၅ ယောက် ရှိသွားပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရောဂါပိုး ငြိနေသူ ၂,၅၀၀ လောက်ရှိပြီး အများစုကတော့ မက္ကဆီကို နဲ့ အမေရိကန်နိုင်ငံ မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

ကျွန်တော်တို့မိခင် ကျန်းမာရေးအခြေအနေ မကောင်း

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဆေးဝါး ကုသပေးနေတဲ့ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း လည်း အထိန်းသိမ်းခံ ထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနဲ့ ဒေါက်တာ
တင်မျိုးဝင်း ဘာကြောင့် အထိန်းသိမ်းခံရတာလဲ ဆိုတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေအနေကတော့ အတော့်ကို ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်လို့ပဲ ပြောရမှာပါ။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူသိထားတာကို အခုလိုပြောပြပါတယ်။

“ကျနော် သိသလောက်လေ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က pressure low ဖြစ်နေတာပေါ့။ နောက်ပြီးတော့ ရေဓါတ်လျော့နည်းတဲ့ အခြေအနေ တွေ့တယ်လို့ ပြောတယ်။ မနေ့ကပဲ အားဆေးသွင်းတယ်။ ဆက်ပြီးတော့လည်း သွင်းဖို့လိုတယ်လို့ ပြောတော့ အခု လောလောဆယ် ကျန်းမာရေးမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အဖမ်းခံထားရတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော လောလောဆယ် ဒေါက်တာ တင်မျိုးဝင်း က အိမ်ပြန်ရောက်ပြီလား။ ဘာကြောင့် အဖမ်းခံရတာလဲ။ ဘယ်နေ့ကရော အဖမ်းခံရတာလဲ၊ -

“၇ ရက်နေ့မှာ တွေ့ဖို့ သူတို့ အဲဒီခြံနားကို သွားတယ်။ တွေ့ရမယ့်သဘော ပြောတယ်။ စောင့်ပါဆိုတာနဲ့ ညနေ ၅ နာရီ လောက်ထိ ဘာမှမတွေ့ရဘူး။ မတွေ့ရတော့မှ ပြန်လာတယ်။ ပြန်လာပြီးတော့မှ လာခေါ်သွားတာ။ ၇ ရက်နဲ့ ညပိုင်း ၆ နာရီဝန်းကျင် လောက်မှာ ပြောစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးလို့ သုံးနာရီ လေးနာရီလောက် ကြာပြီးတော့ သူ ပြန်မလာရဘူး၊ သူ သုံးနေကျ ဆေးနဲ့ အ၀တ်အစား လာယူတယ်။ မနေ့က တခါ ၈ ရက်နေ့ပေါ့။ တခါ အ၀တ်အစား လာယူ တယ်။ မနေ့က ညအထိတော့ ပြန်မရောက်သေးဘူး။ ဆိုတော့ ဒါက under detention ပေါ့လေ။ ထိန်းသိမ်းခံထားရတဲ့ အခြေအနေမှာ ရှိပါတယ်။ ၈ ရက်နေ့ကျတော့ ဆရာ့ရဲ့ လက်ထောက် ဒေါက်တာ ပြုံးမော်အေး ကို ဒေါ်အောင်ဆန်းစုကြည် ကို ၀င်ရောက် ဆေးစစ်ခွင့် ပြုတယ်။”

ဟုတ်ကဲ့။ ရေကူးဝင်တဲ့ နိုင်ငံခြားသားနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး ဆရာတို့ သိထားတာ ဘာများ ရှိပါသလဲခင်ဗျ။ -

“အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ သတင်းထပ် မရဘူး။”

သံရုံးက တွေ့ခွင့်တောင်းတယ် ဆိုပြီးတော့ ကျနော်တို့ သတင်းတွေမှာ တွေ့ရပါတယ်။ သံရုံးနဲ့လည်း တွေ့ခွင့်မရဘူး ပြောတယ်။ -

“သံရုံးကတော့ ကျနော်တို့လည်း မေးပါတယ်။ သံရုံးကတော့ သူတို့ ၀န်ကြီးဌာန နှစ်ခုပေါ့လေ။ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးကို မေတ္တာရပ်ခံထားတယ်။ ဘာမှ မထူးသေးဘူးလို့ သူတို့ ပြောပါတယ်။”

ဟုတ်ကဲ့။ မနေ့ကတုန်းက ရန်ကုန်ကလာတဲ့ သတင်းတပုဒ်မှာ ကျနော်တို့ တွေ့ရတာက ဒီ နိုင်ငံခြားသား ရေကူးဝင်လာတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် သိတဲ့ဆိုတဲ့ သဘောမျိုး သတင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါကို လက်မခံဘူးပေါ့နော်။ ဒါ တရားမ၀င်ဘူး ဆိုတာ ပြောတယ်။ ဆိုတော့ အဲဒီဟာလေးနဲ့ ပတ်သက်လို့ရော ဘာများ တခုခု ပြောနိုင်မလဲ။ သတင်းက အဲဒီနေရာမှာ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ -

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရှိလို့ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ အဆက်အသွယ်ရှိရင် သူက ကိစ္စတွေကို အမှန်အတိုင်း ပြောတတ်တဲ့ ခေါင်းဆောင်ပါ။ မမှန်တာ မပြောဘူး။ မှန်တာပြောမှာပဲ။ ထိမ်ချန်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ ခုနက သတင်းက သူ့ဆီက တိုက်ရိုက်ရတယ်ဆိုရင်တော့ ဒါ မှန်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မသိပါဘူးခင်ဗျာ။”

ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုချိန်မှာ ကိုယ့် ခေါင်းဆောင်တယောက် နေအိမ်အကျယ်ချုပ်ကျတယ်။ ဒီလို အဖြစ်အပျက်တွေ ဖြစ်နေတယ်။ အဲန်ကယ်လ်တို့အနေနဲ့ ဒီလိုအချိန်မှာ အဖြစ်ချင်းဆုံးပေါ့ လိုချင်တာက ဘာပါလဲခင်ဗျ။ အဖြစ်သင့်ဆုံးကရော ဘာလို့ ယူဆပါသလဲ။ -

“အဖြစ်ချင်ဆုံး အဖြစ်သင့်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းကြာလှပြီ။ သိပ်ကောင်းတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ထိန်းသိမ်းနေတာ။ ဒီ ၂၇ ရက်နေ့ ဆိုရင်လည်း ၆ နှစ်ပြည့်ပါပြီ။ အဲဒီတော့ အခုလို ပြဿနာတွေ၊ လုံခြုံရေး ကောင်းတယ် မကောင်းတယ် တို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတို့ ဒီလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခြင်းအားဖြင့် လက်ရှိ ကျနော်တို့ အုပ်ချုပ်ရေး စစ်ခေါင်းဆောင်များ အနေနဲ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်လို့ အဲဒါပဲ ပြောချင်ပါတယ်။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အပေါ် တင်သွင်းခဲ့တဲ့ အယူခံလွှာကို မြန်မာစစ်အစိုးရက ဒီသီတင်းပတ် ထဲမှာ ပယ်ချထားပါတယ်။ ၂၀၀၃ ခှုနှစ်၊ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နားမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ချထားခဲ့တာမို့ ဒီလဟာ ထိန်းသိမ်းခံကာလ ခြောက်နှစ်ပြည့်မြောက်တဲ့လ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဥပဒေအရ ပြန်လွှတ်ပေးရတော့မယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။

ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၄ နာရီလောက်က ဆက်သွယ်မေးမြန်းခဲ့ချိန် အထိတော့ ဒေါက်တာတင်မျိုးဝင်း အိမ်ပြန် မရောက်သေးသလို သူ့ကို ဘာကြောင့်ဖမ်းထားတယ် ဆိုတာကိုလည်း မသိရသေးပါဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးဝင်ရောက်ခဲ့တယ် ဆိုတဲ့ နိုင်ငံခြားသားနဲ့ ပတ်သက်လို့ လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကနေ့ ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်မှာတော့ သတင်းစာထဲမှာ ဖော်ပြထားတဲ့ အဲဒီလူရဲ့ နောက်ဆုံးနာမည် စာလုံးပေါင်း လွဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောတာ ကို ကိုးကားဖော်ပြထားပြီး သူနဲ့တွေ့ခွင့်ရဖို့ သံရုံးက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ၊ နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တော့မယ့်ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း ထားတဲ့ကိစ္စ၊ ရေကူးဝင်ရောက်တယ် ဆိုတဲ့ နောက်ဆက်တွဲအခြေအနေ စတာတွေနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေ ဘက်ကနေ အခုချိန်ထိ ရှင်းရှင်းလင်းလင်း ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။


သတိပြုပါရန်

အစိုးရလက်ပါးစေရဲ့ blog တွေကို အားလုံးက သတိပေးသည့်သဘောမျိုး ပြုလုပ်ပေးပါရန် တောင်းဆိုအပ်ပါသည်။
ကျွန်တော်အင်တာနက်ပေါ် ဒီနေ့သတင်းရှာတော့ http://kyeesaytaman.blogspot.com/ ယခု blog တွင် ဒေါ်စုနှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားပါသည်။ ဒေါသအရမ်းဖြစ်မိသောကြောင့် ယခုလိုရေးသားခဲ့ပါသည် ဒီblogရေးတဲ့ကောင် ဦးနှောက်ကော် ကောင်းသေးရဲ့လား မင်းအဖေ သမ်းစွေ လုပ်လို့ ဒို့နိုင်ငံသုံးမရတာကွ နိုင်ငံကိုတကယ်ချစ်ရင် ဆက်မရေးပါနဲ့ အောက်ခြေလူတန်းစားတွေ ရဲ့ဘ၀ကိုစာနာရင်ပေါ့
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger