dailyvid


1234
x

Latest Post

သက်ကြီး ပူဇော်ပွဲ

သက်ကြီး ပူဇော်ပွဲကို ဖိတ်စာပါ အတိုင်း မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ် တက်ရောက်လာကြတဲ့ ဘဘတွေ ကတော့ စာရေးဆရာကြီး နန်းညွန့်ဆွေ (ကိုဇာဂနာအဖေ)၊ ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးအုန်းကြိုင်တို့ တက်ရောက်ကြပြီး ဦးတင်ဦး ကတော့ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ဘူး ။ မလာဖြစ်တဲ့ ဘဘ တို့ကို အိမ်အရောက် ကန်တော့ခံ ပစ္စည်းတွေ လိုက်ပို့ပါတယ် ။ ဦးတင်ဦးက သူ အကြောင်း ကြောင်းကြောင့် မလာဖြစ်တဲ့ အတွက် စိတ်မကောင်း ကြောင်း ပြောဆိုပါတယ်။ အခမ်းအနားများကို အစီအစဉ်တကျ ကျင်းပ ပါတယ်ဘဘ တို့အား ကန်တော့ခြင်း ကဗျာရွတ်ခြင်း ပေးပို့လာတဲ့ သ၀ဏ်လွှာများ ဖတ်ကြားခြင်းများ ပြုလုပ်ပါတယ် ပြီးနောက် ဘဘ တို့မှ သြ၀ါဒ စကားပြောပါတယ် ။ဘဘ တို့အား ကျေးဇူးတင် စကားပြောပြီးတော့ အခမ်းအနား ရုတ်သိမ်း၍ အကျွေးအမွေးနဲ့ ဧည့်ခံ ပါတယ်။ တက်ရောက် လာကြသူတွေ ကတော့ NLD MDC အင်္ဂါ မိသားစု ကျောင်းသားလူငယ် များ နှင့် အခြား ဧည့်ပရိတ်သတ်များ ဖြစ်ကြပါတယ်။ ထို့နောက် ကိုဘိုကြည် အိမ်သို့သွားရောက် ကြပါတယ်။ ကိုဘိုကြည် အမေ နှစ်ပတ်လည်ပွဲ ကိုလည်း ကျင်းပခဲ့ကြပါတယ်

သက်ကြီးပူဇော်ပွဲ နှင့် ကိုဘိုကြည် အမေ နှစ်ပတ်လည်ပွဲ ဓါတ်ပုံများ

ငါတို့ လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

ရွှေမင်းအေး
(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေ မြို့နယ်ကစ
တစ်နိုင်ငံလုံး အုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ် တစ်ယောက် အတင်းအကျပ် လိုက်စု
လူထု ဆန္ဒဖော်ထုတ်ပွဲ အတု..... မဟုတ်ဘူး
မြန်မာ ပြည်သူတွေရဲ့
အမျိုးသားရေး စိတ်ဓါတ်ကိုယ်စီနဲ့
တာဝန် သိသိ ပြသ ခဲ့ကြတဲ့
ဒီမိုကရေစီ တောင်းဆိုပွဲကြီး ဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင် တွေဟာ
ငါတို့ အတွက်
မြန်မာပြည်ကြီး အတွက်
အသက်ကို စတေး
ကျင့်ဝတ်ကို ချိုးဖောက်
ရဲရဲတောက် လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါး ကွဲအက်တဲ့ အထိ။
ဘယ်သူတွေ ကြည့်နေရက် မလဲ
သံဃာနဲ့ ပြည်သူ အတူဆင်နွှဲ
ရာဇ၀င်ရဲ့ ပွဲတော် အသစ်
အချစ်ကို ခဏဖယ်
မိသားစုကို ဘေးချိတ်
ပညာရေးကို ခေါက်သိမ်း
အလုပ်ကို ထားရစ်
မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ် ဖားဖားနဲ့ ဗလီဆရာတွေ
လက်ဝါး ကပ်တိုင်နဲ့ ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန် ဖေးမကူတွဲ
ဗမာ့ ဒီမိုကရေစီ တိုက်ပွဲကို
မခွဲအတူ တောင်းဆို နေကြရဲ့။
အင်္ကျီ ဗလာနဲ့ သူဖုန်းစား
ဟန်းဖုန်း အသစ်နဲ့ သူဌေးသား
ရော့ခ်ကာနဲ့ ရက်ပ်ပါ
လူကြီးနဲ့ လူငယ်
ကျောင်းသားနဲ့ လက်လုပ် လက်စား
မိန်းမနဲ့ ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်း ဖြစ်တယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့
ညီညွတ်မှု ပြယုဂ် အမှန်
အာဏာရှင်ကို တွန်းလှန်ကြဖို့
ငါတို့တွေ ချီလာပါပြီ။

(၄)
၈၈ မျိုးဆက် ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက် ကျောင်းသားတို့
စုပေါင်းအားနဲ့ လွှင့်ထူ
ခွပ်ဒေါင်း အလံ တလူလူ
တို့ပြည်သူတွေ လွတ်လပ်ဖို့
တို့နိုင်ငံတော် လွတ်လပ်ဖို့
အသက်ကို ပဓါနမထား
ရှေ့ဆုံးက လျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်း အသွယ်သွယ်က
မျိုးချစ် ပြည်သူ အသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင် ဟစ်ကြွေးအားပေး
ငါ့တို့ သွေးတွေ စည်းခဲ့ပြီ
ငါတို့ သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင် ယူနီဖောင်းနဲ့ အရိုင်း ကောင်တွေ
ရွံရှာ စက်ဆုပ်ဖွယ် လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့ အမုန်းကို
မျက်လုံးချင်း မဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ ဆန္ဒပြတယ်
သံဃာတို့ရဲ့ အေးမြ သာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိ လျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာ လမ်းမတွေဟာ
" အရှေ့အရပ်၌ ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့် တုန်ခါပေါ့။
မာန်ဟုန် ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီး တကားကား
ယူနီဖောင်း တလွှားလွှားနဲ့
ဝီစကီ ပုလင်း ခါးကြားထိုး
ခွေးမျိုး ခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီ အရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံက ကြားစေသား။

(၇)
"လက်ညိုး ညွှန်ရာ
သွေးချောင်း စီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေ ကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံ တစ်ဝက် မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့ အတူ
မငြိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်း ကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်း ကြပါစေ...
သံဃာသတ်တဲ့ မိစ္ဆာတွေ မိုးကြိုးပစ်လို့ သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့ အုပ်ကွယ်
သွေးအိုင် အလယ် အားတင်းရပ်
နိုင်ငံ အတွက် အသက်ပေးမယ်
ဆယ်ပြန်မက သေရဲတယ်
မျိုးဆက်သစ် ငါတို့ လူငယ်။

(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာ ပြည်သူ အားလုံးရဲ့ ရင်ထဲ
အမြဲ ရှိနေမှာပါ။
သူတို့ဟာ
သေနတ် ပြောင်းဝရှေ့မှာ
ရင်ကော့ကာ အံကိုကြိတ်
အမျိုးသားရေး စိတ်ဓါတ် ပြည့်ဝစွာ
အသေခံ တိုက်ပွဲဝင်ခဲ့ ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူ ငါတို့သည်
ရင်ထဲမှ အမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သော လက်များဖြင့်
အလေးအမြတ် ပြုပါ၏။

(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှ မခြောက်ဘူး
ငါတို့ မျက်ရည်တွေလည်း
ဘယ်တော့မှ မခမ်းဘူး
ငါတို့ လက်ခုပ် သံတွေဟာလည်း
မမောနိုင် မပမ်းနိုင် ဆက်တီးနေဦးမှာပါပဲ။
ရှုံးနိမ့်ခြင်းကို
အလိုမတူဘဲ ရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေ အပေါ်
နာကျည်း အံကြိတ်ကြ... ရွံရှာ မုန်းတီးကြ
လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်
စစ်အစိုးရ ပြုတ်ကျဖို့ အရေးပဲ
ငါတို့ အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာ ပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့ အတွက် နေရာ မရှိတာ
ကမ္ဘာ သိအောင် ငါတို့ ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။

(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။ ။

ရွှေမင်းအေး

မှတ်ချက် ။ ။ ဒီကဗျာလေးကို ထပ်ဖြန့် ပေးကြပါ ခင်ဗျာ.........။ 2007 ကတည်းက ရေးထားပေမယ့်.... ခုမှ စာရိုက်ပြီး ဖြန့်ဖြစ်တာပါ..... စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို အားလုံး ပြန်လည် အမှတ်ရမိကြမယ်လို့ မျှော်လင့်ပါတယ်......။

--
မြန်မာ့ ဒီမိုကရေစီ ကျောင်းသားများ
Democracy Students of Myanmar
2010.

Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ (၂)နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

ကျနော် သတင်းမုဆိုး

မင်းအောင်နိုင် (မဇ္ဈိမသတင်းဌာန)
မုဆိုးဆိုတာ တခါတရံ ကံမကောင်းရင် သားကောင် ပြန်ဖြစ်သွားတတ်ပါတယ်။ ဒီလိုပဲ သတင်းမုဆိုးတွေလည်း ကံမကောင်း အကြောင်းမလှတဲ့အခါ ကိုယ်တိုင်ဟာ သတင်းသားကောင် ပြန်ဖြစ်သွားပြီး သတင်းသမား ကိုယ်တိုင်က သတင်းဖြစ်သွားရော။

မြန်မာပြည်တွင်းမှာ စစ်အာဏာရှင်တွေရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာစောင်တွေမှာ အလုပ်လုပ်နေကြတဲ့ သတင်းသမားတွေတောင် အနေအထိုင် အမေးအမြန်း ဆင်ခြင်ရတာတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပမှာ အခြေစိုက်တဲ့ မီဒီယာတွေရဲ့ ပြည်တွင်းသတင်းထောက်တွေ၊ ကူညီလုပ်ကိုင်ပေးနေသူတွေ အတွက်ကတော့ အထူးပြောစရာလိုတော့မှာ မဟုတ်ပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်တတ်အောင် ကျင့်ထားရတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနအောက်က စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှာ သတင်းစာစောင်တွေဟာ စိစစ်ဖြတ်တောက်ခံပြီး ခွင့်ပြုချက်ရမှ ထုတ်ဝေရတာပါ။ ဒါပေမဲ့ အများပြည်သူကို အသိမပေးချင်တဲ့ ဌာနဆိုင်ရာ သတင်းတခုခု ပါလာပြီဆိုရင်တော့ အဲဒီဂျာနယ်တိုက်ကို သက်ဆိုင်ရာဌာနက ပြဿနာရှာပါတော့တယ်။ စိစစ်ရေးရဲ့ မှတ်ချက်တွေဖြစ်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ၊ အမည်ရာထူးဖော်ပြရန်၊ သတင်းအတွက် ဂျာနယ်က တာဝန်ယူရန်၊ ဌာနဆိုင်ရာ သဘောတူညီ ထောက်ခံချက် တင်ပြရန် ဆိုတာတွေက အပတ်စဉ် ကြုံနေရတာမို့ ဂျာနယ်တိုက်တွေဟာ အရေထူနေကြပါပြီ။ တချို့ဝန်ကြီးဌာနတွေဆို သူတို့ဌာန သတင်းများပါလာရင် ဘာပါလာပါလာ လုံးဝခွင့်မပြုရန်ဆိုပြီး စိစစ်ရေးကို ကြိုတင်အသိပေး အကြောင်းကြားထားတာတွေ ရှိပါတယ်။ စာပေစိစစ်ရေးကလည်း ဂျာနယ်တွေ မှားရင်သာ ဘာကြောင့်ပါ ဆိုတဲ့ ဖြေရှင်းချက် တောင်းတတ်တာ၊ သူတို့ ဖြုတ်တာပယ်တာတွေကျ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ရတာ မဟုတ်ဘူး၊ မေးလည်း မရပါ။

ဒီတော့ ပြည်တွင်းမှာ ဖော်ပြခွင့်မရနိုင်တဲ့ သတင်းမျိုးတွေ၊ ပြည်တွင်းက မေးရင် ဖြေဖို့ ခက်တဲ့ သတင်းမျိုးတွေဟာ ပြည်ပမီဒီယာတွေကနေတဆင့် ပြည်သူတွေသိအောင် တင်ပြရပါတယ်။ မြန်မာပြည်မှာနေပြီး သတင်းစာသမား ဂျာနယ်လစ်တယောက်အဖြစ် လုပ်ကိုင်နေရတာဟာ ချမ်းသာဖို့လမ်း၊ လူမှုဘဝတွေ အဆင်ပြေနိုင်တဲ့ လမ်းရယ်လို့ မမြင်နိုင်ပေမယ့် ဝါသနာအရင်းခံရယ်၊ အများအကျိုးပြုမှု လုပ်ချင်တာရယ်တွေကြောင့် သတင်းထောက်ဘဝကို မက်မက်မောမော လုပ်နေကြတာပဲ ဖြစ်ပါတယ်။

သတင်းထောက်လစာ၊ သတင်းစာမူခ ရတာတို့ထက် ကိုယ်ဖော်ထုတ်ရေးသားလိုက်တဲ့ သတင်းတပုဒ်ကြောင့် အာဏာရှင်တွေ တုန်လှုပ်သွားရတာမျိုး၊ ပြည်သူတွေအတွက် အကျိုးရှိသွားတာမျိုးတွေကြောင့် ရတဲ့ပီတိကို ပိုမက်ပြီး သတင်းထောက်လုပ်နေကြသူတွေက အများသားပါ။

သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ်မှာက သတင်းထောက်တယောက်ဟာ မိမိ ဘယ်သတင်းစာတိုက်ရဲ့ သတင်းထောက် ဘယ်သူဖြစ်ကြောင်းနဲ့ ယခုသိလိုသမျှ မေးမြန်းတာတွေကို သတင်းအဖြစ် ပုံနှိပ်ဖော်ပြမှာ ဖြစ်ကြောင်း ပြောပြမိတ်ဆက်ဖို့ အရေးကြီးအချက် တရပ်အနေနဲ့ ပါဝင်ပါတယ်။ ပြည်ပအခြေစိုက် သတင်းဌာနအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းမှာနေသူ သတင်းထောက်တယောက်ဟာ ကိုယ်ဘယ်သတင်းဌာနကပါလို့ ထုတ်ဖော်မိတ်ဆက် သတင်းယူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မတုန်း။ ကိုယ်မေးမိတဲ့သူက သာမန်ပြည်သူထဲက လူတယောက်ဆိုရင် ထပြေးသွားရုံ၊ မဖြေနိုင်ဘူး အငြင်းခံရရုံနဲ့ ပြီးနိုင်ပေမယ့် အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်နေရင်တော့ သတင်းပေး တိုင်တန်းခံရပြီး ထောင်နန်းစံရမှာပါ။

တခါတလေ ကိုယ်ရထားတဲ့ သတင်းအစအနတွေက အထဲကနေ လိုက်ဖို့ အဆင်မပြေနိုင်တဲ့ အနေအထားမျိုးကျ သတင်းအစအန အချက်အလက်အပြည့်အစုံ မေးသင့်တဲ့ လူတွေကို ပြည်ပအခြေစိုက် မိခင်သတင်းဌာနဆီ ပို့ပေးလိုက်ရတယ်။ ဌာနမှာ လုပ်နေတဲ့ သတင်းရဲဘော်ရဲဘက်တယောက်က တာဝန်ယူပြီး ပြည်တွင်းကို ခေါ်ဆိုမေးမြန်း ဖော်ထုတ်ရေးသားလိုက်ရတဲ့ သတင်းမျိုးတွေ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် လိုရင်းက အဖြစ်မှန် သတင်းတပုဒ်ကို ဖော်ထုတ်ရေးသားလိုက်နိုင်ဖို့သာပဲ ဖြစ်တယ်။

တကယ်တမ်း ပြောမပြလည်း သိနိုင်တာကတော့ ပြည်တွင်းကနေ ပြင်ပမီဒီယာအတွက် အလုပ်လုပ်ပေးနေသူ တရားမဝင် သတင်းထောက်တယောက် ဘဝဟာ ဘယ်လောက် အန္တရာယ် ကြီးတယ်ဆိုတာပါပဲ။ တဘဝလုံး အဖမ်းခံ၊ အနှိပ်စက်ခံပြီး လဲရလောက်တဲ့ သတင်း ဖြစ်နိုင် မဖြစ်နိုင်၊ လုပ်သင့် မလုပ်သင့် အမြဲ ခေါင်းထဲထည့် စဉ်းစားနေရတယ်။ ပေးဆပ်လိုက်ရတာနဲ့ တန်လား၊ အများပြည်သူအတွက် ငါ့တဘဝလုံးရင်းပြီး ဖော်ထုတ်လိုက်ရင်ဖြင့် တိုင်းပြည်နဲ့ လူမျိုး အားလုံးကောင်းစားသွားမှာလား၊ ဒါမျိုးဆိုရင်တော့ လဲသင့်လဲရမှာပေမယ့် တခါတခါ မိုက်ရူးရဲမဆန်သင့်တဲ့ ရှေ့ဆက်လုပ်နေရဦးမယ့် အခြေအနေတွေကို ထည့်တွက်တွေးရတာကလည်း သတင်းတပုဒ်ရဖို့ ကြိုးစားရတာထက် ပိုခက်သေးတော့။

အဲဒီလို အခြေအနေတွေ၊ သိပ်ခြေလှမ်းမကြဲဘဲ အသာဒိုင်လျှိုလုပ်ရတဲ့ ကိစ္စတွေ၊ သိလည်း မသိစေ၊ မြင်လည်း မမြင်စေ သတိထားရတဲ့ အနေအထားတွေ၊ ဒီလိုမျိုး သတင်းတွေဟာ ဘယ်သူဘယ်ဆိုဒ်ကနေ ထွက်နေတာတွေကို မရိပ်မိစေဖို့ ဆင်ခြင်ရတာမျိုး ဘာမှ မလှုပ်ရှားဘဲ နေနေရတာမျိုးတွေ တခါတလေ ရှိတတ်ပါတယ်။ ဒါပေမဲ့ မိခင်သတင်းဌာနက အထက်လူကြီး အယ်ဒီတာဆရာများက သတင်း တက်မလာတာကြာရင် ထောင်းပါတော့တယ်။ အလုပ်မလုပ်ဘဲ လစာ အလကားထိုင်ယူနေတယ် အထင်မှားပါတော့တယ်။ အထဲမှာနေပြီး အလုပ်လုပ်နေရတဲ့ ကိုယ်တွေက ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ရှင်းပြပြောပြရတယ်။

မြန်မာပြည်က လူတွေက နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်ရင်ဖြင့် ပြုံးပြုံးလေးနဲ့ အိုက်တင်ပေးတတ်ကြပေမယ့် ကိုယ်တွေများ သတင်းအတွက် လိုအပ်လို့ ဓာတ်ပုံရိုက်ရင်ဖြင့် ပြူးပြူးပြာပြာ ဖြစ်ကြတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နေရာတွေ၊ ရုံးဌာနတွေများ ရိုက်မိရင်ဖြင့် ပိုဆိုးပေါ့။ အဲဒါကြောင့် ပြည်ပသတင်းဌာနအတွက် အလုပ်လုပ်နေသူတွေဟာ ကင်မရာခိုးရိုက်နည်းလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတယ်။ မီးလောင်သတင်းတွေ၊ ဗုံးကွဲသတင်းတွေ များသွားပြီး ထင်ထင်ပေါ်ပေါ် မရိုက်မိလေနဲ့ ရှင်းလို့ကို ဆုံးမှာမဟုတ်ဘူး။ ပြည်တွင်းက ဘယ်သတင်းစာစောင်မှာ လုပ်နေတဲ့ သတင်းထောက်ပါလို့ သက်သေမပြနိုင်ရင်တော့ ညောင်းပေတော့ အချုပ်ထဲ။

စစ်အာဏာရှင်တွေက သတင်းထောက်တွေကို ငြှိုးမယ်ဆိုလည်း ငြှိုးလောက်ပါတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုတွေ၊ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဘေးဒုက္ခလိုမျိုး ကြီးကြီးမားမား အဖြစ်အပျက် သတင်းတွေ အပြင်မထွက်နိုင်အောင် စိစစ်နှိပ်ကွပ်တဲ့ ကြားထဲကနေ ကမ္ဘာသိဖြစ်ကုန်တော့ မဟာအရှက်တော် ကွဲပြီး ရွှေစိတ်တော်က သတင်းထောက်တွေအပေါ် အတိုးချငြှိုးလေပြီပေါ့။

တရားဝင် ကဒ်ကိုင်ပြီး နိုင်ငံခြားသတင်းဌာနတွေအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းက နိုင်ငံခြား သတင်းထောက်တွေတောင် စစ်အာဏာရှင်တွေ အမျက်မရှအောင် ကြည့်ကျက်ပေါင်းနေရသေးတာပဲ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သတင်းအပို့ကောင်းလို့ ဖုန်းအပိတ်ခံထားရဆဲသူတွေ၊ ကင်မရာအသိမ်းခံခဲ့ရတဲ့သူတွေ၊ စစ်ကြောရေးမှာ တနေကုန် နေခဲ့လိုက်ရသူတွေ ရှိခဲ့ဖူးတယ်။ တကယ်တမ်း သတင်းကြီးတွေ ရှိလာဖြစ်လာရင်တောင် သူတို့တွေမှာ အရေးအသား သတိထားကြတဲ့သူ အမေးအမြန်း ဂရုစိုက်ရတဲ့သူ အချို့တွေ ရှိတယ်လေ။

ကိုယ်ကြားဖူးတာတခုက ရဲသတင်းအထူးတပ်ဖွဲ့ (အက်စ်ဘီ) က လူတွေဆို ပြည်ပအခြေစိုက် စစ်အစိုးရ ဆန့်ကျင်ဘက် မီဒီယာတွေက သတင်းတွေဖတ်ပြီး အထက်လူကြီးကို တင်ပြပြီး ဖော်လိုးအပ် ပြန်လိုက်ရတာတွေ ရှိဆိုပဲ။

ပြည်တွင်းမှာ တရားဝင် ထုတ်ဝေခွင့် ရထားတဲ့ သတင်းဂျာနယ်တွေမှာ လုပ်နေပါရဲ့နဲ့ အခန့်မသင့် ခြေချော်လက်ချော် ဖြစ်ခဲ့လို့ ထောင်နန်းစံခဲ့ရသူတွေတောင် ရှိမှတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေသူတွေ အတွက်ကတော့ ပြောနေဖို့ကို မလိုတော့ဘူး။ ပြည်ပသတင်းဌာနတွေအတွက် သတင်းယူနေတာ သိပြီး၊ မိသွားခဲ့ရင်ဖြင့် သောက်မြင်ကတ်ပုဒ်မပါ ပေါင်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာနေပြီး ပြည်ပအခြေစိုက်ကာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ သတင်းဌာနအတွက် အလုပ်လုပ်နေသူ သတင်းမုဆိုးတွေဟာ ကိုယ်ကိုယ်တိုင် သားကောင်မဖြစ်ဖို့ သွားသတိ၊ စားသတိ၊ သတင်းလိုက်သတိ၊ ပြောသတိ၊ မေးသတိနဲ့ သတိများစွာ ထားရပါတယ်။

ဓါတ်ပန္နက်ရိုက်ပြီ (သာဓု ခေါ်ဆိုစေနိုင်ဖို့)

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

အန်တီစုက မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ် ထုတ်ပြန်ချက်ကို သဘောတူဟုပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နှစ်နာရီကြာ တွေ့ဆုံခဲ့သူ သူမ၏ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြီးခဲ့သော သောကြာနေ့က မြန်မာနိုင်ငံသို့ ၅ရက် ခရီးစဉ် အပြီးတွင် မစ္စတာ ကင်တာနား၏ ထုတ်ပြန်ခဲ့ သော ထုတ်ပြန်ချက်ကို အပြည့်အဝ သဘောတူသည်ဟု ပြောပြခဲ့ ပါသည်။

ထိုထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက နိုင်ငံရေးယုံကြည်ချက်တွေကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ တို့ ပါဝင်ပါတ်သက်ခွင့်မရှိပဲ၊ နိုင်ငံရေး ပါတီတွေအနေနဲ့ ပါတီရဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုလုပ်ခွင့် ပေးခြင်းမရှိပဲ ကျင်းပမယ်ဆိုရင် စစ်အုပ်ချုပ်သူတွေ ကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ရဲ့ ပါတီ ခေါင်းဆောင်က မြန်မာ နိုင်ငံမှာ ၅ရက်ခရီးစဉ်ပြီးဆုံးတဲ့ သောကြာနေ့က မစ္စတာ ကင်တားနားရဲ့ စစ်အုပ်ချုပ်သူတွေကို ဝေဖန်ပြောဆို ခဲ့တာဟာ မှန်ကန်ပြီး ဆီလျှော်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်” ဟု ပြန်လည် ပြောပြခဲ့ကြောင်း သိရပါသည်။

ဥိးဥာဏ်ဝင်းကပဲ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖေဖေါ်ဝါရီလါ ၁၃ ရက်နေ့က လွတ်မြောက် လာတဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးဟာ သူရဲ့ တာဝန် ဝတ္တရား တွေကို နောက်ရက်မှာပဲ စတင်ထမ်းဆောင်ခဲ့တာနဲ့ ၊ NLD ရဲ့ အီးစီ ၁၁ ဦးကနေ ၂၀ဦး အထိ တိုးချဲ့မယ့် အစီအစဉ်ကိုလဲ အပေါ် ကျေနပ်အားရမိတယ်လို့ သူ့ကို ပြောပြ ခဲ့တယ် လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်းကပဲ NLD ပါတီဟာ အလုပ်အမှုဆောင် ၁၀၀နဲ့ ဗဟိုကော်မတီ ၂၀ ရှိမယ့် အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။

သံဃာတော်များမှ အိတ်ဖွင့် ပေးစာ

တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသား ကျောင်းသူများး၊ တောင်သူဦး ကြီးများ နှင့် ဝန်ထမ်း အလုပ်သမားများ အားလုံးသို့ သံဃာတော်များမှ အိတ်ဖွင့်ပေးစာ

အခု လက်ရှိ အချိန် ကာလဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာ အတွက် သေရေးရှင်ရေး နဲ့ တမျှ အရေးကြီး နေတဲ့ အချိန် ကာလ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူများဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို နအဖ စစ်ခေါင်းဆောင် တွေရဲ့ သေးသိမ် နုံချာတဲ့ သဘောထား အတိုင်း အဖြစ်ခံလို့ မရပါဘူး။

သက္ကရာဇ် (၂၀၁၀) ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူ လူထု အားလုံးရဲ့ ဆန္ဒ သဘောထား အတိုင်းသာ ဖြစ်စေရပါမယ်။

ဒီလို ဖြစ်လာဖို့ အတွက် ဘုန်းဘုန်းတို့နဲ့ အတူ တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူ ဦးကြီးများနဲ့ ဝန်ထမ်း အလုပ်သမား အားလုံးတို့ အနေနဲ့ လမ်းကြောင်း တခုထဲ ပေါ်မှာ စုစည်း ညီညွတ်စွာနဲ့ အာဏာရှင် စနစ်အောက်က ရုံန်းထွက် နိုင်ဖို့ အခုလို အိပ်ဖွင့် ပေးစာကို ပေးရခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်သည့် အမျိုးသားရေး အလုပ်သမား လှုပ်ရှားမှုကြီး မှ တမျိုးသားလုံး ပူပေါင်း ပါဝင် လုပ်ဆောင်မဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဖြင့် နအဖ စစ်အာဏာရှင် စနစ်ကို မြန်မာပြည် မြေကြီးပေါ်မှ အပြီးအပိုင် ဖယ်ရှား ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

အခု လက်ရှိ အခြေအနေမှာ လွတ်လပ်မှု၊ တရား မျှတမှု၊ တန်းတူညီမျှမှု၊ ဆိုတဲ့ လူ့အခွင့်အရေး တွေကို မြန်မာပြည်သူလူထု အားလုံး ရှုံးဆုံး နေကြရပါတယ်။ မြန်မာပြည်သူ လူထုဟာ အာဏာ ရူး နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေရဲ့ မတရား ဖိနှိပ် ချုပ်ချယ်မှုအောက်မှာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုတွေကို ခံနေကြရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေဟာ ရဲဘော်တို့ရဲ့ တည်ကြည်မှု၊ သစ္စာ စောင့်သိမှုတွေကို အသုံးချပြီး သူ့အာဏာ တည်မြဲဖို့၊ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေ ကောင်းစားဖို့ စီမံ ဆောင်ရွက်နေကြ ပါတယ်။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ မြန်မာ့ တပ်မတော်ကို မှားယွင်းစွာ ဦးဆောင် အသုံးချနေတဲ့ အာဏာရှင် ဗိုလ်သန်းရွှေကို တော်လှန်ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံလာဖို့ လေးနက် တည်ကြည်စွာ ဖိတ်ခေါ် အပ်ပါတယ်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အထဲမှာ အတူ ပူးပေါင်း ပါဝင် လာကြမဲ့ တပ်မတော်သား အပေါင်းကို တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဂုဏ်ယူစွာနဲ့ နွေးနွေးထွေးထွေး ကြိုဆို နေကြမှာ ဖြစ်ပါတယ်။

ကျောင်းသား ဆိုတာ တော်လှန်ရေးရဲ့ ပြယုဂ် တခုပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ခေတ်အဆက် ဆက် နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ ကာလ တစ်လျှောက်လုံးမှာ ခွပ်ဒေါင်းအာဇာနည်များက သမိုင်းမော်ကွန်းတွေကို အထပ်ထပ် ရေးထိုးခဲ့ကြ ပြီးပါပြီ။ ကျောင်းသားတွေရဲ့ ကြီးမြတ်တဲ့ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ထိမ်းသိမ်းပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦးမှာ ဦးဆောင် နေရာယူကြဖို့ ဘုန်းဘုန်းတို့က ယနေ့ခေတ် ကျောင်းသား မျိုးဆက်များကို အလေးအနက် တိုက်တွန်း အပ်ပါတယ်။ တတိုင်းပြည်လုံးရှိ ကျောင်းသားတွေရဲ့ ပါဝင် ဦးဆောင်မှုဟာ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲ အောင်မြင်ဖို့ အတွက် အသက် သွေးကြောပဲ ဖြစ်ပါတယ်။ ပါဝင် ဦးဆောင်ကြမယ် ဆိုတာကိုလဲ အပြည့်အဝ ယုံကြည်ထားပါတယ်။

အခု အချိန်မှာ အလုပ်သမားထုကြီးဟာ မိမိတို့ နှစ်ပေါင်းများစွာ ရှုံးဆုံးနေတဲ့ လုပ်သမား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်သည့် အမျိုးသားရေး အလုပ်သမား လှုပ်ရှားမှုကြီးကို စတင် လုပ်ဆောင် နေကြပါပြီ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူ လယ်သများ၊ ဝန်ထမ်း အမှုထမ်းများ၊ အလုပ်သမားထု တစ်ရပ်လုံးက နေပြီးတော့မှ မိမိတို့ရဲ့ အဖိနှိပ်ခံ ဘဝတွေ ကနေ တပြိုင်ထဲ ရုန်းထွက်ကြဖို့ အချိန် ကျရောက် နေပြီဆိုတာကို ဘုန်းဘုန်းတို့မှ တော်လှန်ရေး သတိပေး နိုးဆော် အပ်ပါတယ်။

နအဖ စစ်အာဏာရှင် လက်အောက်ကနေ ဘုန်းဘုန်းတို့အားလုံး လွတ်မြောက်ရမယ်၊ ဆင်းရဲတွင်းကနေ လွတ်မြောက် ရမယ်၊ မတရား ဖိနှိပ် ချုပ်ချယ်မှုတွေ ကနေ ကင်းဝေးရမယ် ဆိုတဲ့ ယုံကြည်ချက် တွေကို မြဲမြဲ ဆုပ်ကိုင် ထားမယ်လို့ ယုံကြည်ထားပါတယ်။

ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ နိုင်ငံရေး အာဏာဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ယန္ဒရားဟာလည်း အချိန်မရွေး ပြိုကွဲသွားတဲ့ အရာဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ စစ်အာဏာရှင် စနစ်တခုလုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အောက်မှာ အမိ မြန်မာပြည် မြေကြီးပေါ်က လုံးဝ ပျောက်ကွယ် သွားရမှာ ဖြစ်တယ်။



မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေး တပ်ဦး

ရန်ကုန်မြို့

အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထည့်သွင်းပေးရေး စာပို့တောင်းဆိုသွားမည်

နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

The Voice 6-16

TIME TO TIME Journal

အလံတော်သစ် ဂျာနယ်

မြန်မာ့ဘ၀ ၊ မြန်မာ့ဝန်းကျင် နှင့် မြန်မာ့ကဗျာ (ဆရာ တင်မိုး)

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

မနေ့ ညက စစ်တွေ မှာ ကျောင်းသား သပိတ်ကြီးက ညကြီး သန်ခေါင်မှာ စတင် ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော် ဦးသုမင်္ဂလာ တရားပွဲ အပြီးမှာ တက်ရောက်လာတဲ့ လူထု ပရိသတ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွား သွားရခြင်း ဖြစ်ပါတယ်။ ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သံယံဇတတွေကို ဂုတ်သွေးစုတ် နေမှုတွေကို ထုတ်ဖေါ် ပြောဆို သွားတယ်။ ရခိုင် ပြည်နယ်က သဘာဝ ဓါတ်ငွေ တွေထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြား သွားတယ်လို့ ဆိုပါတယ်။

ကျောင်းသား လူငယ်တွေ အနေနဲ့ ၈၈ တုန်းက ကျောင်းသားတွေ ကို အတုယူကြဖို့  ဟောကြား သွားတယ်။ တရားပွဲ အပြီးမှာ ကျောင်းသား ၁၀ ဦးနှင့်သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား ရွှေစေတီဘုရား အထိ ချီတက်တယ်။ ရဟန်းပျိုသမဂ္ဂ နဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြ နေစဉ်မှာ ကျောင်းသားများက
လျှပ်စစ်မီး - ရရှိရေး ဒို့ အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော် ဆန္ဒပြကြတယ်။


နအဖ ၊ ကြံဖွတ်နှင့် ရဲ များက ဆန္ဒပြသမားများကို နှိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့  မီးစက် ဂွ ဆုံတွေမှာ နေရာ ယူပြီး လူစု ခွဲခိုင်းတယ်။ ဆန္ဒပြ သမားများက သွေးထွက် သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင်သွေး နီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင် ပြည်နယ် လူထု ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင် ခေမာစာရ က '' ဒီ ဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီးဖြစ်ခဲ့ပြီ၊ ဒီလိုလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာလိမ့်မယ်။ ဘာဖြစ် လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေ ကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေ နေရတာ၊ ပြည်သူတွေ ကပ်တဲ့ ဆွမ်းပူ ကွမ်းပူ ကို ဒို့ ရဟန်းတွေ ဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့  ပိုင်းဖြတ်ထား ပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာ တပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေ သပိတ် ကော်မတီမှာ နယက ဆရာတော် တပါး ဖြစ်ခဲ့ပါတယ်။ မနပုလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံး လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် တပါး ဖြစ်ပါတယ်။

ဒုတိယအကြိမ် - ABMA Journal ထွက်ရှိ

21210ABMA Journal
၂၀၁၀-ဖေဖေါ်ဝါရီလတွက် ( ဒုတိယအကြိမ်-ABMA Journal)ကို အွန်လိုင်းမှာလွယ်လွယ်ကူကူ ဖတ်နိုင်သလို၊ ပရင့်ထုတ်ရာမှာ A4- စာရွက်ဖြင့်လွယ်လွယ်ကူကူ ထုတ်ယူဖတ်ရှုနိုင်အောင် စီစဉ်ထားပါသည်။ဒါ့အပြင်A.B.M.A ကိုယ်ပိုင်ဝတ်ဒ်ဆိုဒ်မှာလည်း အလွယ်တကူ ဒေါင်းလုတ်လုပ်ယူဖတ်နိုင်အောင်စီစဉ်ထားပါသည်။ A.B.M.A ဂျာနယ်ကို တလလျှင် နှစ်ကြိမ်ဖြန့်ဝေပေးနေပါသည်။
http://allburmamonksalliance.com/
http://allburmamonksalliance.org/

ကျနော်နှစ်သက်မိသော comment တစ်ခု ဗုဒ္ဓဘာသာဝင်များအတွက် ပြန်လည်မျှဝေပေးခြင်း

ရှင်းလင်းခြင်း(၁)
ဝက်ပိုင်ရှင်မိတ်ဆွေကြီး နဲ့ တကွ ရောက်လာကြကုန်သော မိတ်ဆွေအပေါင်းတို့ခင်မျာ-

ဒီဝက်ဆိုဒ်ရောက်လာမိတ်ဆွေ အပေါင်း စိတ်မသက်သာမှု ဒေါသများ မဖြစ်စေရန် လည်းကောင်း။ ၀က်ဆိုဒ်ရေးတဲ့ မိတ်ဆွေကြီး နှင့် ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသော တခြားဝက်ဆိုဒ်မှ သက်ဆိုင်ရာ မိတ်ဆွေအပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-

တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ်တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါးအောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီး ချင်တဲ့ ဗုဒ္ဓဘာသာ သို့ ပုတ်ခတ်စော်ကားဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။

တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ - ဘုရား အလောင်း ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်ဆိုတာတွေ)။ ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမဘယ်နှစ်ယောက်ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ - စသည်ဖြင့် ပုဂ္ဂိုလ်ရေး pensonal(သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။

မိတ်ဆွေကြီးဟာ သူများpersonal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး အသိဥာဏ်ပိုင်း-စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။ ဒီဝက်ဆိုဒ်ရှင်မိတ်ဆွေကြီး ပုတ်ခတ်ထားတဲ့ ဘုရားဟာ ဘယ်သူနဲ့တူလဲ။ ဘယ်ပုံအစစ်ဖြစ်သလဲ။ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီ-ဆင်းတု-တစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ(သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။

-အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန် ကြော်ငြာပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။

တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာ-ဘာလဲ-ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ်လုပ်ဆောင် ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ် ကောင်းကျိုးတွေ ဆုတောင်းစရာမလိုဘဲ အလိုလိုရဖြစ်ပေါ်လာအောင်ပြုလုပ်တာပါပဲ။ တကယ့် ဗုဒ္ဓဘာသာမှာ လူတွေကို နတ်ပြည်နှင့်ဖြားယောင်းစရာမလိုသလို၊ ငရဲပြည်နှင့်ခြိမ်းခြောက်ရန်မလိုအပ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင် သင့်လှကြောင်း အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သော ကြောင့်ဖြစ်ပါတယ်။ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင် ရန် အလုပ်တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄) ဆင့် (သို့) အလုပ်(၄မျိုး)ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင်သွားရပါမယ်။ ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ယခုဝက်ဆိုက် မှမိတ်ဆွေကြီး ဝေဖန် ကန့်ကွက် ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့) တကယ့်ဗုဒ္ဓဘာသာကို ထိခိုက်စော်ကားမှုဖြစ်ပါသည်ဟု ကျွန်တော်ဒီနေရာကပဲ လေးလေး နက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ-

ရှင်းလင်းခြင်း(၂)

ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့ ၀ါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဟန်ပြ ဗုဒ္ဓဘာသာကိုသာ သွားရောက် ကန့်ကွက် ဖျက်ဆီး နေသောကြောင့်ဖြစ်ပါသည်။

သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု- စေတီပုထိုး - မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း)ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်းလဲဖို့ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာက မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းလင်းလာချေပြီ။

နိုင်ငံပေါင်း (၇၀)ကျော်တွင် ၀ိပဿနာတရားရိပ်သာများဖွင့်လျှက် တကယ့်ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံမှ ပြန်လည်သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင် အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည် ထွန်းလင်းနေပါပြီ။

အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်-ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး-နေရာမရွေး-အချိန်မရွေး လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း သိနားလည်လျှက် လိုက်နာကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင် ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများ ကျော်ကြားလာကာ လိုက်နာ ကျင့်သုံး လျှက်ရှိကြပါပြီ။

ထို့ကြောင့် ယခုဝက်ဆိုဒ်ကိုလာရောက်ကာ စိတ်ဆိုးမကျေနပ်ဒေါသထွက်မိသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ယခု ၀က်ဆိုဒ်ပိုင်ရှင် မိတ်ဆွေကြီး စော်ကား ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး ဆော်သြတိုက်တွန်းပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည်လျှက် စိတ်မသက်မသာမဖြစ်ကြပဲ ၊ ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကား ကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ လေးလေး နက်နက် ပန်ကြားအပ်ပါတယ်။

ရှင်းလင်းခြင်း(၃)
ဗုဒ္ဓရဲ့ အဆင့်-၄ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု ၀က်ဆိုဒ် မိတ်ဆွေကြီး နှင့် မသိသေးသူများအားလုံးပဲ သိရှိရန် အကျဉ်းမျှဖော်ပြအပ်ပါတယ်ခင်ဗျား-

ပထမအဆင့် (ဒါန) -
ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး
တစုံတရာမျှော်လင့်ချက်မပါ - -သူတပါး အကျိုး သက်သက် အတွက် စွန့်လွှတ်ပေးကမ်းမှု။
မိမိလောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။
(ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့ စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့်များများလှူ ဟု မကန့်သတ်ခဲ့ပေ။ သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာသူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း ဆက်လက်လှူဒါန်းပါရန် မိန့်ကြားထားလေသည် )

ဒုတိယအဆင့် (သီလ)-
လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး-တိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း-ခိုးယူခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါး သားပျို-သမီးပျို-ကာမပိုင်ရှိသူများအား လွန်ကျူး စော်ကား ဖျက်ဆီးခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများသောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း ။ စသည်တို့ဖြစ်လေသည်။ (တနည်းအားဖြင့်) မိမိ ဒေါသ-လောဘ အလျှောက် မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

တတိယအဆင့်(သမာဓိဘာဝနာ) -
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသော မေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်းမြောက်သောစိတ်ထား မုဒိတာ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။

လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိ မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခောစိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ တောင်တွေး- မြောက်တွေး- ဟိုမကောင်းကြံ- ဒီမကောင်းကြံ- ဟိုပူ- ဒီပူ-
ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့် စောင့်ကြည့်ကာ တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင်ရန်ဖြစ်လေသည်။

(တနည်းအားဖြင့်)
မနာလိုစိတ်-မုန်းတီးစိတ်-အပျော်ကြူးချင်သောစိတ်-ထောင်လွှားသောစိတ်-
ပျင်းရိသောစိတ်- သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် - ပျက်စီးစေလိုသောစိတ် စသည် ဖြင့် မကောင်းသောစိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)

ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့ တော်တော်လေး ခဲယဉ်းနေတတ်ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ ပုတ်ခတ်ထားတဲ့ post တစ်ခု တရားနည်း တစ်ခုကို ၀ိပဿနာအဖြစ် အထင်မှားလျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)

အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူ ၀က်ဆိုဒ်ရှင် မိတ်ဆွေကြီး နားလည်ဖို့ ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့် တော့ ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့် ရှင်းပြလိုက်ပါသည်။

အမှန် ကို အမှန် အတိုင်း သိနေခြင်း။
-တကယ့် အရှိ ကို အရှိအတိုင်း လက်ခံယုံကြည်နေခြင်း။
-တကယ်မဟုတ်တာ ကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း။
-တကယ် မရှိတာ ကို တကယ်မရှိမှန်း နားလည် သဘောပေါက် ဆင်ခြင်နေခြင်းဖြင့်
(တနည်းအားဖြင့်)
-မမြဲသော တရစပ် ပျက်စီးနေသော အနိစ္စသဘာဝများကို တရစပ်
ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲနေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း -
- အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော ဒုက္ခသဘာဝများကို
အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘေ(ဒုက္ခ)ဟု သိနေခြင်း
-ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု -
အဖတ်မတင်မှု-သဘာဝသက်သက်များကို ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ်
(တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု - အဖတ်မတင်မှု-သဘာဝသက်သက်များ(အနတ္တ)ဟု -
အမှန်တရား ကို မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း(သိနားလည်သွားမှုဖြင့်)
(ဥာဏ်အားဖြင့်) ပူလောင်ဆင်းရဲစေသောစိတ်များ-မမှန်ကန်သောစိတ်များ (ကိလေသာများ)
ကို တစ်စ တစ်စ စွန့်လွှတ်- စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။

နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)ဖြင့် တကယ့်ချမ်းသာအစစ် - ငြိမ်းချမ်းရာအစစ် -တည်မြဲရာအစစ် - အိုနာသေကင်းရာအစစ် ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင် သိရှိ - မျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်သွားခြင်း ဖြစ်လေသည်။

ရှင်းလင်းခြင်း(၄)
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကိုရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄) ဆင့်ကို နောက်ဆုံး (၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားသော်လည်း တဆင့်လုပ်လျှင် တဆင့်အလျှေက် နှစ်ဆင့် လုပ်လျှင် နှစ်ဆင့်အလျှောက်- သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့်အလျှေက် မိမိ နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါ ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ univeral law ဓမ္မ ဖြစ်ကြောင်း။ မိမိ နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ဒိဋ္ဌ မျက်မြင် တွေ့ရှိ သိရှိနိုင်ကြောင်း။ မိမိ နှလုံးသားထဲတွင် ဗုဒ္ဓဘာသာအစစ် (ဓမ္မ) ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း ။ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာမလိုကြောင်း မှာကြားထား လေသည်။

(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို- မလုပ်လျှင် မလုပ်သလောက် အကျိုးနည်း ပေမည်။ )

ဗုဒ္ဓဘာသာများအနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့ ဘယ်လောက်ပဲ မှတ်တမ်းတင်ရေးထား ရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံးအဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက ဗုဒ္ဓဘာသာအတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည်ရပ်တည် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ် တည်တံ့အောင်ပြုလုပ်ခြင်းတော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။

ရှင်းလင်းခြင်း(၅)
ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသောမိတ်ဆွေဖြင့် အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်အများ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး၏ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုလျှက်- အထက်ပါ အချက်(၄) ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက် ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ) ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။ တခြား ပုဂ္ဂိုလ်ရေး pensonal ဇာတ်လမ်း။ ဇာတ်ကွက် အပေါ်ယံ ဗုဒ္ဓဘာသာ (သမိုင်း) များ ကို ဝေဖန်ပုတ်ခတ်နေခြင်းသည်လည်းကောင်း။

မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို နောက်ဆုံး စက္ကူပေါ်ရောက်အောင် လူသားများ ပြုလုပ် ရေးသားထားခြင်းဖြစ်လေရာ ကျမ်းစာပါ အချက်များကို ဆုပ်ကိုင်လျှက် ဆက်လက်ငြင်းခုန်ဆွေးနွေးနေပါက ပြဿနာ နှင့်ပျော်မွေ့တတ်သည့် လူသားစစ်စစ်များ ဖြစ်ကြသော မိတ်ဆွေကြီးတို့ ဘယ်တော့မှ အဖြေမှန် ရလိမ့်မည် ဟု ကျွန်ုပ်မှ ရဲရဲ ကြီး အာမခံပါတယ် ခင်မျာ-

မိတ်ဆွေကြီးတို့ ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင်ကို တွန်းချလို့ရရင်ရမယ်- သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့မရပါဘူး။ မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်- မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကိုတော့ လုံးဝ ပြတ်လပ်သွားအောင် ခွာချလို့ မရပါဘူး။

ဗုဒ္ဓကျမ်းစာအုပ်တွေ- ဗုဒ္ဓဘာသာကျောင်းတိုက်ကြီးတွေ- ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်- မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ-ငါ့ဟာအဖြစ် မသိမ်းပိုက်ပဲ စွန့်လွှတ်နေသောသဘောထား-အေးချမ်းသောစိတ်-၀ိပဿနာဥာဏ်-မဂ်ဥာဏ်-ဖိုလ်ဥာဏ်များကို
တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ မရပါ။

(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။
မေးခွန်းများကို နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာ လုပ်ခဲ့သော်လည်း နိဗ္ဗာန် ကို ရောက်သောသူများရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း ပြောလိုရင်းဖြစ်ပေသည်။ ဓမ္မ univeral law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက် တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်) သို့သော် အထက်ပါ အဆင့် (၄)ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက မိမိလုပ်ဆောင်နိုင်မှုစွမ်းအား ကြီးလျှင် ကြီးသလောက် ပြုလုပ်ခဲ့သော တန်ပြန်အကျိုးသက်ရောက်မှုများကို compensate လုပ်နိုင်စွမ်းရှိပါတယ်။

အမိ-အဖ(သို့) ရဟန္တာ ကို သတ်သောကံ-စသည်ဖြင့် အားကြီးမားလွန်းသော အကုသိုလ်ကံများ
ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် compensate မလုပ်နိုင်ပါ။
တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက်ခံရလေသည်)

MR TRUEANSWER
www.trueanswer.multiply.com

အလုပ်သမား ဆန္ဒပြပွဲများအား ပြည်သူ တစ်ရပ်လုံးက ၀န်းရံပေးကြပါရန်


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၁/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ ။ ။ ၁၈ - ၂- ၂၀၁၀

အလုပ်သမား ဆန္ဒပြပွဲများအား ပြည်သူ တရပ်လုံး ၀ိုင်းဝန်းကြ

(၁) ယခုရက်ပိုင်း အတွင်း ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုံနှင့် အင်းစိန် အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ၏ လုပ်ခ၊ အလုပ်ချိန် နှင့် လူမှု ဖူလုံရေး ကိစ္စများ အတွက် တောင်းဆို ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံ၏ မျက်မှောက် အခြေအနေကို လက်တွေ့ ပကတိ ထင်ဟပ် ဖေါ်ပြနေခြင်း ဖြစ်သည်။ လှိုင်သာယာနှင့် အင်းစိန် ဆန္ဒပြပွဲများသည် ထို အလုပ်သမားများ၏ ပြဿနာ သက်သက်မျှ မဟုတ်ဘဲ မြန်မာ ပြည်သူ တရပ်လုံး ခံစားနေကြရသော မီးဖိုချောင် ပြဿနာပင် ဖြစ်သည်။ ယနေ့ အခြေအနေသည် ထိုဆန္ဒပြ အလုပ်သမား မိသားစုများသာမက စစ်အုပ်စု ထိပ်သီး အသိုင်းအ၀ိုင်းမှ လွဲ၍ မြန်မာ တနိုင်ငံလုံးရှိ ပြည်သူ တရပ်လုံး၊ လူထု လူတန်းစား အားလုံး လူတန်းစေ့ မနေနိုင်သည့် စားဝတ်နေရေး အကျပ်အတည်း ပြဿနာကို ရင်ဆိုင် ကြုံတွေ့ နေရသည့် အခြေအနေ ဖြစ်သည်။

(၂) အလုပ်သမား လယ်သမားများ၊ သာမန် အစိုးရ ၀န်ထမ်းများ၊ စစ်တပ် အတွင်းမှ သာမန် အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများ၊ ရဲဝန်ထမ်းများ စသည့် မြန်မာ ပြည်သူ အများစုကြီး ရင်ဆိုင် နေရသော ဆင်းရဲမွဲတေမှု ပြဿနာကို မြန်မာပြည်သူ တရပ်လုံး အတွက် လှိုင်သာယာနှင့် အင်းစိန်အလုပ်သမားများက ကိုယ်စားပြု ဖေါ်ထုတ် ပြသလိုက်ခြင်း ဖြစ်သောကြောင့် ထိုအလုပ်သမားများ၏ သပိတ် တိုက်ပွဲများကို မိမိတို့မှ အလေးအနက် ဂုဏ်ပြုပါသည်။

(၃) စစ်အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေး ပြဿနာများကို ပြေလည်အောင် ဖြေရှင်း မပေးရုံသာမက တိုင်းပြည်အတွင်း ပေါ်ပေါက်နေသော ပြဿနာ အရပ်ရပ်ကို ငြိမ်းအေး သွားစေနိုင်ရန် မြန်မာ ပြည်သူ လူထုကြီးက လိုလားနေသည့် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းသို့ လက်ကမ်း ဖိတ်ခေါ်မှုကို လည်း ယနေ့ ထက်တိုင် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်သည်။ ဆွေးနွေး အဖြေရှာမှုအား ငြင်းပယ် နေသမျှ ကာလပတ်လုံး ထိုသို့သော ပြဿနာများ ဆန္ဒ ပြပွဲများသည် ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နေဦးမည်သာ ဖြစ်သည်။

(၄) စစ်အစိုးရသည် တိုင်းပြည် တွင်းရှိ ပြဿနာတိုင်းကို ၄င်းတို့၏ အာဏာကိုယ်ကျိုးအတွက် ရက်စက် ကြမ်းကြုတ်စွာ ခြိမ်းခြောက် အကြမ်းဖက် ဖြေရှင်းသည့်နည်း၊ တစိတ်တပိုင်း ယာယီ လိုက်လျောဟန် ပြုကာ အချိုသတ် ပွဲဖြတ်ပစ်လိုက်သည့် နည်းတို့ဖြင့် အစဉ်အမြဲ မှားယွင်းစွာ ဖြေရှင်းလေ့ရှိသည်။ ယခုလည်း လှိုင်သာယာ အလုပ်သမားများ၏ ကျိုးကြောင်း ဆီလျှော်သော တောင်းဆိုမှုများကို ထို ခြိမ်းခြောက်/ အချိုသတ် နည်း နှစ်နည်းဖြင့်ပင် ဖြိုခွင်း ပစ်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ စစ်အစိုးရ၏ ဤမတရား သဖြင့် လုပ်ရပ်အား မိမိတို့မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်။ စစ်အစိုးရက မည်သို့ပင် ခြိမ်းခြောက် လှည့်ဖျားကာ ဆန္ဒပြပွဲများအား ငြိမ်ဝပ် ပိပြားသွားအောင် လုပ်စေကာမူ ဘ၀ အသိ ကြွယ်ဝသော အလုပ်သမား ထုကြီးက ချယ်လှယ် သွေးစုပ် ခံနေရသမျှ ကာလပတ်လုံး၊ အခွင့်အရေး ဆုံးရှုံး နေသမျှ ကာလ ပတ်လုံး ဘ၀ လိုအပ်ချက် အရ ဆန္ဒပြ သပိတ် တိုက်ပွဲများကို ပုံစံမျိုးစုံဖြင့် ဆက်လက် ဆင်နွှဲနေကြမည်။

(၅) သို့ဖြစ်ပါ၍ တပ်မတော်သားများ အပါအ၀င် အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တရပ်လုံး၏ နေ့စဉ် ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာများကို ကိုယ်စားပြု ဆန္ဒပြနေသည့် လှိုင်သာယာ နှင့် အင်းစိန် အလုပ်သမားများ၏ ဆန္ဒပြပွဲများကို ပြည်သူ တရပ်လုံးမှ ဆန္ဒပြ အလုပ်သမားများအား စားသောက်စရာများ ထောက်ပံ့ပေးပို့ခြင်း အပါအ၀င် ပူးပေါင်း ပါဝင်ဆန္ဒပြခြင်းအထိ နည်းမျိုးစုံဖြင့် ထောက်ခံ အားပေးကြပါရန် မိမိတို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် တို့မှ မြန်မာ ပြည်သူ တရပ်လုံးအား လေးလေး နက်နက် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ - မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်


PDF ဖိုင် အား ဒေါင်းလုပ် ရယူရန် Statement PDF * 332 KB

အလုပ်သမားဆန္ဒပြပွဲများအား ပြည်သူတစ်ရပ်လုံးက ၀န်းရံပေးကြပါရန်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန် ကြေငြာချက်

ရုပ်ပုံပေါ် ကလစ် နှိပ်၍ အကြီးကြည့်ပါ။

အကျဉ်းသားများ အခွင့်အရေး တောင်းဆိုချက်

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို
သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့ ၁ရ.၂.၂၀၁၀
နေ့မှစ၍ တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး
၂။ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိရေး
၃။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ
အချိန်ပြည့်သွားလာနိုင်ရေး
၅။ စာပေ ရေးသားလေ့ကျင့်ခွင့် ရရှိရေး။

တောင်းဆိုရသည့်အကြောင်းအရင်းများ

အချက် ၁။ ။ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို တပါတ်၊
ဆယ်ရက်ကြာမျှကြံ့ကြာခြင်း၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း၊
ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်း၊ တခါတရံ လုံးဝမရခြင်း၊
၂ရက်၃ရက်ကြာမှ ရရှိခြင်း။
အချက် ၂။ ။ သောက်ဆေး၊ ထိုးဆေး လုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန်
ခက်ခဲကြံ့ကြာခြင်း။ တိုက်ပိတ် အကျဉ်းသားများအတွက်
မိလ္လာခွက်များအဖုံးမပါရှိခြင်း။
အချက် ၃။ ။ နီရဲကြမ်းတမ်းပြီး စပါးလုံး၊ ခဲများရောနေသော ဆန်ထမင်းကိုသာ
စားရခြင်း၊ တပါတ်လျှင် နှစ်နပ်အသားစား ရသော်လည်း ကျန်ရက်များတွင်
ပိုးကောင်များပါသောပဲဟင်း၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက်၊ ကန်သွန်းရွက်၊
ဟင်းရွက်ပြုတ်ကိုသာ စားရခြင်း၊ ဆားမရရှိခြင်း၊ ရရှိသောဟင်းများမှာ
နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း။
အချက် ၄ ။ ။ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းအကျဉ်းမှာ မနက်(၁)နာရီ၊
နေ့ခင်း(၁)နာရီသာ အပြင်ထွက်ခွင့်ရခြင်း၊ ကျန်အချိန်များတွင် တိုက်ထဲတွင်
အပိတ်ခံထားရခြင်း။
အချက် ၅ ။ ။ မည်သည့် အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင်၊
စာရွက်ကိုင်ဆောင်ခွင့်မရခြင်း၊ တွေ့ရှိပါက စစ်ခွေးတိုက် သို့
ပို့ဆောင်အရေးယူခြင်း၊ မိသားစုထံသို့ အကြောင်းကြားစာရေးသားခွင့်မရခြင်း
စသည့်အချက်တို့ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန်(ဗဟို)အကျဉ်းထောင်
ရန်ကုန်
မျှဝေပေးသူ U AUNG MYO THEIN အားကျေးဇူးတင်ရှိပါသည်။

ဗမာ့တန်ဖိုး / ဗမာကျွန် ပပျောက်ရေး

မေးလ်ထဲက အတိုင်း ပြန်လည်မျှဝေပေးပါသည်။
မနေ့က အွန်လိုင်းပေါ်မှာ မလေးရှားက မိတ်ဆွေ တစ်ယောက် နှင့် တွေ့လို့ စကားပြောဖြစ်ခဲ့ကြပါသည်။ ဘယ်ဈေးပေါက်နေလဲ ဟုမေးကြည့်ရာ ရောင်းဈေး ၃၀၀၊ ပြန်တက် ၂၂၀၀၀၊ တစ်ဆင့်ပြန်ရောင်း ၄၀၀၀၀ လို့ ဆိုပါတယ်။ ကျနော်တို့ပြောနေကြတာ ကုန်ပစ္စည်း ဈေးနှုန်းမဟုတ်ပါ။ မလေးရှား နှင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူကုန်ကူးမှု ဈေးကွက် (Market of Human Trafficking) မှာ ဗမာတစ်ယောက် ရဲ့ တန်ဖိုး (တစ်နည်းအားဖြင့်) ဗမာတစ်ယောက်၏ ပေါက်ဈေးဖြစ်ပါသည်။

ကျနော့်မိတ်ဆွေမှာ လူပွဲစားတစ်ယောက် မဟုတ်ပါ။ သူက မလေးရှား နိုင်ငံတွင် နေလာခဲ့သည်မှာ ၁၃ နှစ်ကျော်ပြီ။ မလေးစကားကိုလည်း ကောင်းကောင်းပြောနိုင်သည်။ သူနှင့် ကျနော် ကွာလာလမ်ပူရှိ လူမှုရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်စဉ်က သိကျွမ်းခဲ့ကြသည်။ ထိုစဉ်က သူလုပ်နေသော အလုပ် အလုံးစုံ ကို ကျနော်မသိခဲ့ပါ။ နောင်အခါ ကျနော် နေစရာ အခက်အခဲဖြစ်သောအခါတွင် သူ့အိမ်တွင်လိုက်နေမှ
သူလုပ်နေသည့်အလုပ်ကို ကောင်းကောင်းသိခဲ့ရသည်။

(ဤနေရာတွင် မလေးရှား နိုင်ငံရှိ တရားမ၀င် ဗမာအလုပ်သမားများအကြောင်းကို
အကျယ်တ၀င့် ရေးမနေတော့ပါ။ သတင်းဌာန အတော်များ များတွင် အခြားသူများလည်း
ရေးနှင့်ခဲ့ပြီးသောကြောင့်ဖြစ်ပါသည်။)

ကျနော့်မိတ်ဆွေသည် မလေးရှားရှိ သူနှင့် နီးစပ်သော တရားမ၀င်အလုပ်သမားများ (သို့မဟုတ်) အခြားအလုပ်သမား တစ်ယောက်ယောက် အလုပ်မရှိလျှင် သော်လည်းကောင်း၊ ရဲအဖမ်းခံရလျှင် သော်လည်းကောင်း၊ သူဋ္ဌေး ညစ်လျှင်သော်လည်းကောင်း လိုက်လံပြီး ဖြေရှင်းပေးပါသည်။ အကယ်၍ အလုပ်သမားတစ်ဦးဦး ထောင်ကျ၍ ထိုင်းနယ်စပ်ရှိ ပွဲစားများထံ ရောင်းစားခံရသောအခါ၊ ထိုအလုပ်သမားက ဗမာပြည်သို့ မပြန်ဘဲ ကွာလာလမ်ပူသို့ ပြန်တက် လာချင်သောအခါ ကျနော့်မိတ်ဆွေက သူတတ်စွမ်းသ၍
ကူညီဆောင်ရွက်ပေးသည့် အလုပ်ကို လုပ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ Volunteer အလုပ်ဟု ဆိုရမည်။ တစ်ခါတစ်ရံ ကိုယ့်အိပ်ထဲက စိုက်ကုန်ရသည်များလည်း ရှိသည်။


မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားတစ်ယောက်အဖမ်း ခံရသည်ဆိုပါစို့။ ပထမ ဦးစွာ ရဲက ထိုအလုပ်သမားအား ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် မေးခွန်းများ စစ်ဆေးမေးမြန်းခြင်းခံရမည်။ အကယ်၍ တရားရုံးတင်၍ စွပ်စွဲ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရလျှင်၊ အဆိုပါ အလုပ်သမားထွက်ဆိုသည့်အရာများကို သက်သေအဖြစ် ယူဆနိုင်သည်။ အကယ်၍ ထိုအလုပ်သမား အား ရဲက ရက်ပေါင်း (၁၄) ရက်ထက် ကျော်ပြီး ချုပ်ထားလိုပါက၊ သူတို့သည် တရားရုံး (အောက်ရုံးရှိ) တရားသူကြီးထံမှ ခွင့်ပြုချက် ရယူရပါမည်။

ရဲစခန်းတွင် ထိမ်းသိမ်းခံနေရစဉ်အတွင်း ထိုအလုပ်သမားအတွက် ဖြစ်နိုင်ခြေသုံးခုမှာ (ငွေကြေးနှင့်ဖြေရှင်း၍ရလျှင်) ရဲက လွှတ်ပေးမည်၊ ဒုတိယတစ်ခုမှာ (ငွေကြေးနှင့် ဖြေရှင်း၍ မရလျှင်) တရားရုံးတင်၍ စစ်ဆေးမည်။ နောက်ဆုံးတစ်ခုမှာ လ၀က ထိန်းသိမ်းရေးစခန်း (immigration camp) ထဲသို့ ပို့မည်။

အကယ်၍ တရားမ၀င်အလုပ်သမား တစ်ဦးအား ရုံးတင်စစ်ဆေးခဲ့သော်……..

တရားရုံး (အောက်ရုံး၌) UNHCR (သို့) လူမှုရေးအဖွဲ့အစည်းတစ်ခုခုသို့ အကြောင်းကြားရမည်။ (မှတ်ချက်။ ။ မြန်မာသံရုံးမပါ။) UNHCR နှင့် အဖမ်းဆီးခံရသူ၏ အသိမိတ်ဆွေအသိုင်းအ၀ိုင်းကို ဆက်သွယ်၍ မရခဲ့လျှင် အောက်တရားသူကြီးရုံးအား UNHCR ရုံးသို့ ဆက်သွယ်ဖို့ရန် ခွင့်တောင်းရမည်။ မိမိအား ကူညီပေးမည့် ရှေ့နေတစ်ဦးဦးကို ဥပဒေအကျိုးတော်ဆောင် ဋ္ဌာနတွင် အကူအညီတောင်းခံမည်။ မလေးဘာသာ စကားကို နားမလည်လျှင် စကားပြန် တစ်ယောက်ကို အကူအညီတောင်းခံမည်။ မိမိသည် မိသားစုကို ကြည့်ရှုသူဖြစ်ကြောင်း၊ ငွေကြေးအခက်အခဲ နှင့်ကျန်းမာရေးအခြေအနေများကို တရားသူကြီးထံပြောပြရမည်။ မိမိ၏ ရပိုင်ခွင့်နှင့် အခွင့်အရေး ကို ကာကွယ်ရန် တရားသူကြီးတွင် တာဝန်ရှိသည်ဆိုသည်ကို သိထားရမည်။

အကယ်၍ တရားရုံးက မိမိသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရလျှင် (မည်သည့်အခြေအနေဖြစ်နေပါစေ) မှားပါသည် ဟု (ထိုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေသည့် စကားဖြင့်) ၀န်မခံသင့်ပါ။ တရားရုံးတွင် စွဲချက်တင်ခြင်းခံရသည့် အမှုနံပါတ်နှင့် ဖြစ်နိုင်ပါက စွဲချက်မိတ္တူကို တောင်းယူရမည်။ နောက်ဆုံး စီရင်ချက် ချမှတ်လျှင် ထောင်ဒဏ် (သို့) ငွေဒဏ် (သို့) ကြိမ်ဒဏ် တစ်ခုခု ဖြစ်နိုင်သည်။ စီရင်ချက်ချ မှတ်လျှင် စီရင်ချက်ကို အသနားခံရမည်။ ကြိမ်ဒဏ်မပေးရန်တောင်းဆိုရမည်။

အထက်ပါ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးခံရသည့် တရားမ၀င် အလုပ်သမားတစ်ယောက် သိထားရမည့်အချက်များ ဖြစ်ပါသည်။ ထို့နောက် စီရင်ချက်သည် ထောင်ဒဏ်ဖြစ်သည် ဆိုပါစို့။ ထိုအလုပ်သမားသည် ထောင်ထဲတွင် တစ်လ မှ လေးလ လောက်အထိ ဖမ်းဆီးထိန်းသိမ်းခံရမည်။ ထိုအတောအတွင်း ထို အလုပ်သမားအား ထောင်အာဏာပိုင်များက ထိုင်းနယ်စပ်တွင် သွားရောက်စွန့်ပစ်ခံရန် လက်ခံနိုင်၊ လက်မခံနိုင်ကို မေးမည်။

ထိုအခါ ထောင်တွင်းတွင် အစာရေစာ ၀၀ လင်လင် မစားရ၍ သော်လည်းကောင်း၊ ထောင်ထဲရှိ အခြား နိုင်ငံသားများ (အင်ဒိုနီးရှား နှင့် ဘင်္ဂလား ကုလားများ) ၏ အနိုင်ကျင့် ထိုးကြိတ်ခြင်းကို မခံနိုင်ကြ၍ သော်လည်းကောင်း၊ စွန့်ပစ်မည့် အစီအစဉ်ကို လက်ခံကြ သည့်သူများသည် ရောင်းစားခြင်းကို ခံကြရသည်။ တစ်နည်းအားဖြင့် ဆိုသော် လူကုန်ကူးခြင်းကို ခံကြရသည်။

စွန့်ပစ်ဖို့ လက်မခံသူများသည် ထောင်ထဲတွင် UNHCR မှ အရာရှိများ လာရောက် ကယ်ထုတ်နိုင်မည့် နေ့ကို စောင့်ရင်း နှစ်ပေါင်းများစွာ ထောင်ထဲ၌ပင် ဒုက္ခ ဆက်လက်ခံကြရသည်။ ယခင်က UN မှ အရာရှိများက ထောင်သားများကို လာရောက်ပြီး ကယ်တင်၊ ထုတ်ယူခွင့် ရှိသော်လည်း၊ ယခုတွင် UNHCR အား မလေးအာဏာပိုင်များက ထောင်းတွင်းသို့ သွားရောက်လည်ပတ်ခွင့် မပေးတော့ပါ။ မိမိတွင် ထောင်ဝင်စာ လာတွေ့မည့်သူရှိလျှင် အနည်းဆုံး တစ်လ တစ်ခါတော့ အူစို (ဖွယ်ဖွယ်ရာရာလေး စားကြရသည်) ကြရသည်။

ဗမာ ကျွန် သမိုင်းအစ

၁၉၉၅/၉၆ လောက်ကဖြစ်သည်။ မလေးရှား နိုင်ငံတွင် ဗမာအလုပ်သမားများ ဗီဇာသက်တမ်းကျော်ပြီး စတင် နေထိုင်စ ကာလ ကဖြစ်သည်။ မလေးအစိုးရက ဗမာနိုင်ငံသားတွေ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သည့် ကိစ္စနှင့် ပက်သက်၍ ဗမာအစိုးရကို ဆွေးနွေးရာ၊ ဗမာအစိုးရက မလေးရှားနိုင်ငံတွင် တရားမ၀င်
အလုပ်လုပ်နေသော ဗမာများသည် ဗမာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်နေသော ပြည်ပြေးများသာဖြစ် ကြောင်း၊ ထို့ကြောင့် ဗမာ အစိုးရတွင် တာဝန်မရှိကြောင်း ငြင်းလိုက်သည့်အတွက်၊ ထိုအချိန်ကစပြီး မလေးရဲတွေက ဗမာတွေကို ဖမ်းမိသည့်အခါ ထိုင်း-မလေးရှား နယ်စပ်တွင် သွားလွှင့်ပစ်ပါတော့သည်။ ၉၉/၂၀၀၀ လောက်က စပြီး၊ မလေးရဲတွေက ဖမ်းမိတဲ့ ဗမာတွေကို ထိုင်းရဲလက်ထဲကို အပ်ပါသည်။

ထိုင်းရဲတွေက
တစ်ဆင့် ထို ဗမာများကို ရနောင်း ဘက်တွင် သွားလွှင့်ပစ်ပါသည်။ တရားမ၀င် ဗမာအလုပ်သမား စွန့်ပစ်ရေးကိစ္စနှင့် ပက်သက်ပြီး မလေးအာဏာပိုင်များ နှင့် ထိုင်းအာဏာပိုင်တို့အကြား သဘောထား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ကို သွားပစ်ပါသည်။ အဲဒီ နောက်ပိုင်း ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းက စပြီး မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ရှိ ပွဲစားတွေလက်ထဲကို ရောင်းပါတော့သည်။ ထို အချိန်မှ စပြီး၊ ထိုင်း နှင့် မလေး နယ်စပ်တို့တွင် လူကုန်ကူးမှုသည် တစ်စတစ်ခု ကြီးထွားလာကာ ဗမာကျွန်ရောင်းဝယ်ရေး စနစ်သည်လည်း အသက်ဝင်လာခဲ့သည်။

မိမိအား ထိုင်း - မလေးရှား နယ်စပ်တွင် စွန့်ပစ်ရန် သဘောတူကြသည့်သူများကို မလေးရဲက ထိုင်း နယ်စပ်တွင်ရှိသော ထိုင်း ပွဲစားများထံ မလေးရင်းဂစ် ၃၀၀ နှင့် ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် ဗမာ အပါအ၀င်၊ တိုင်းရင်းသားပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။ ထိုပွဲစားများ လက်ထဲသို့ရောက်သွားပါက ရွေးချယ်ရန် လမ်းနှစ်လမ်းထဲမှ တစ်လမ်းကို ရွေးနိုင်သည်။ ပထမ တစ်ခုမှာ ဗမာပြည်ကို ပြန်မလား၊ သို့မဟုတ်၊ ကွာလာလမ်ပူသို့ ပြန်တက်မလား။

ဗမာပြည်သို့ ပြန်မည်ဆိုလျှင် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ရန် ဗမာပြည်ရှိ မိမိ၏ မိသားစု (သို့မဟုတ်) ဆွေမျိုးများအား ပွဲစားက အကြောင်းကြားပေးမည်။ ကွာလာလမ်ပူသို့ ပြန်တက်မည်ဆိုလျှင် မိမိအား ပွဲစားလက်ထဲမှ ထိုင်းဘတ် ၂၂၀၀၀ နှင့် ၀ယ်ရန် မလေးရှိ မိမိ၏ မိတ်ဆွေ တစ်ဦးဦးအား ပွဲစားက ဆက်သွယ်ပေးမည်။ ပိုက်ဆံလွှဲရန် ၄င်း၏ ဘဏ်စာရင်း နံပါတ်အားပေးလိုက်မည်။ ၂၂၀၀၀ ရပါက ပွဲစားက မိမိအား အခြားပွဲစား တစ်ဦးဦးလက်သို့ အပ်ကာ ကွာလာလမ်ပူ အထိအရောက်ပို့ပေးမည်။ ယခင်က ကွာလာလမ်ပူသို့ ပြန်တက်လျှင် ထိုင်းဘတ် ၁၅၀၀၀ ပေးရသော်လည်း၊ ယခုအခါ ဘတ် ၂၂၀၀၀ အထိ ပေးကြရကြောင်း၊ ရောင်းစားခံခဲ့ကြရသော ဗမာအလုပ်သမားများ ထံမှ သိရသည်။ ထို လမ်းကြောင်း နှစ်ခု ထဲမှ တစ်ခုခုအား ရွေးချယ်ရန် ပွဲစားက ရက်အနည်းငယ် အချိန်ပေးမည်။ သို့သော် မိမိအား ၄င်းလက်ထဲတွင် ကြာကြာထားမည်မဟုတ်။ ရက် အကန့်အသက်ဖြင့်သာ။ ထိုရက်ကျော်သွားပါက ထိုင်းနိုင်ငံတွင်းရှိ ရာဘာခြံတစ်ခုခု သို့ ဗမာတစ်ယောက် ကို ကျွန်အဖြစ် ထိုင်းဘတ် ၄၀၀၀၀ ဖြင့် ရောင်းစားမည်။

ကွာလာလမ်ပူသို့ ပြန်တက်မည့်သူများသည် ထောင်တွင်း၌ရှိနေစဉ်ကတည်းက မိမိအား စွန့်ပစ်ရန် သဘောတူညီပြီးသော်၊ မိမိမိတ်ဆွေမှ နောက်တစ်ကြိမ်ထောင်ဝင်စာ လာတွေ့ပါက မိမိအနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက်တွင် မလေးနယ်စပ်သို့စွန့်ပစ် (ရောင်းစား) ခံရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ပေးပါရန်၊ မိမိမိတ်ဆွေတွင် ငွေကြေးအလုံအလောက်မရှိပါက စုပေါင်း စပ်ပေါင်း ချေးငှားပြီး မဖြစ်ဖြစ်သည့်နည်းနှင့် ၀ယ်ပေးပါရန် ပြောရတော့သည်။ ထိုအခါ သူ့အလှည့်၊ ကိုယ့်အလှည့် ဆိုတာ ရှိသည့်အတွက် ကြောင့် အလုပ်လုပ်နေသော (အဖမ်းဆီးမခံရသေးသော၊ မိမိတို့လည်း တရားမ၀င် အလုပ်လုပ်နေကြရသော) အလုပ်သမားများက စာနာထောက်ထားစွာ ၀ိုင်းဝန်းကူညီကြသည်။ သို့သော် အချို့က ကူညီချင်သော်လည်း အလုပ်အကိုင်က အဆင်မပြေ (ယခု အချိန်အခါမျိုးသည် အဆိုးဆုံးအခြေအနေဖြစ်ပါသည်)။ ထိုအခါမျိုးတွင် ရော်ဘာခြံသို့ ဘတ်လေးသောင်း ဖြင့် ရောင်းစားခံကြရသည်။

ရာဘာခြံသို့ရောက်သော် ထိုင်းသူဋ္ဌေးက မျက်နှာသာမပေး။ ရာဘာခြံမှ ထိုင်းအလုပ်သမားများက မကျေနပ်။ အဘယ်ကြောင့်ဆိုသော် (ရောင်းစားခြင်းမခံရသော) သာမန် အလုပ်သမားတစ်ယောက် ရာဘာခြံတွင် အလုပ်ရပါက ထိုအနေရာတွင်ပင် အလုပ်အကိုင် အခြေတကျဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။ ၀င်ငွေလည်းမှန်သည်။ ထိုအခါ အခြားသူများလည်း အလုပ်လာလျှောက်ချင်ကြသည်။ သို့သော် ရာဘာခြံတစ်ခြံမှာ ရာဘာခြစ်သည့် အလုပ်ရရန်မှာ မလွယ်ကူပါ။ အလုပ်ရလျှင်လည်း နှစ်နှင့်ချီပြီး စားပေဦးတော့။ ထိုအခါ ထိုင်းနိုင်ငံတွင် ရာဘာခြံများ၌ ထိုင်းအလုပ်သမားများအကြား၊ ဗမာ အလုပ်သမားများအကြား၊ ထိုင်း နှင့် ဗမာအလုပ်သမားများအကြား ခြံလုသော ပြဿနာ ကြီးထွားလာသည်။ မိမိရာဘာ ခြစ်သည့် ခြံအတွင်း ရာဘာစေးခံသည့် ခွက်ထဲ၌ သေနတ်ကျည်တစ်တောင့် လာထည့်ထားသည်ကို တွေ့ပါက ပြေးပေတော့။ သို့မဟုတ်ပါက မကြာမီ အသတ်ခံရမည်။ ရာဘာခြံ အလုပ်သမားများသည် ရာဘာခြစ်ရန် မနက် ၂ နာရီ၊ ၃ နာရီ ထပြီး ခြစ်ကြရသည်။ ရာဘာစေး က အေးသည့်အချိန်တွင် ထွက်သည့်အတွက်ကြောင့်ဖြစ်သည်။ မနက် မိုးလင်းလျှင် ရာဘာစေးက
သိပ်မထွက်တော့။

မနက်စောစောစီးစီး အလင်းရောင်က မလာသေး။ မိမိတွင်ပါလာသော မှိန်ဖျဖျ မီးအိမ်ကလေးဖြင့် တစ်ယောက်တစ်နေရာတွင် နေရာခွဲပြီး ရာဘာခြစ်ကြရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန်မျိုးတွင် ရာဘာခြံတွင်း လူသတ်မှု အဖြစ်များသည်။ မနက်မိုးလင်းသော် မိမိအဖော် ပါမလာ၍ ဟိုရှာ၊ သည်ရှာ၊ ရှာတော့မှ အလောင်းကို ချောင်းစပ်၊ မြောင်းစပ်တွင် သွားပစ်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် အခေါက်က ကျနော် ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီ ထမရတ်ခရိုင်၊ နာဘွန်မြို့က ဗမာအလုပ်သမားများ နေထိုင်ရာ ရာဘာတော သို့ အလည်သွားခဲ့စဉ်က၊ ကျနော် ထိုနေရာသို့ မရောက်မီ တစ်ပတ်အလိုတွင် အလားတူ လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်ကိုကျနော်နှင့် အတူနေခဲ့သူ ရာဘာခြံအလုပ်သမားတစ်ဦးကပြောပြ၍ သိခဲ့ရသည်။

ထိုအခါ အထက်တွင်ရေးခဲ့သလိုမျိုး ရောင်းစားခံထားရသော ဗမာ အလုပ်သမားတစ်ယောက် (ဗမာကျွန်တစ်ယောက်)က မိမိအလုပ်လုပ်နေ သော ရာဘာခြံအတွင်း ရာဘာစေးခွက်ထဲ၌ ကျည်ဆန်တစ်တောင့် ကိုတွေ့၍ ထွက်မပြေးခဲ့သော်၊ အသက်အန္တရာယ် အတွက် စိုးရိမ်ရသည်။ ထွက်ပြေးခဲ့သော် ငွေဝယ်ကျွန်ဖြစ်သည့်အတွက် သူဋ္ဌေးက ရန်ရှာမည်။ ရွေးစရာ လမ်းမရှိ၊ ပြေးစရာ မြေမရှိ။ ခေတ်သစ် ကျွန်ပိုင်ရှင်စနစ် မှ ဗမာကျွန်များ၏ ဘ၀က ဆိုးဝါးလှသည်။

ကျွန် ချင်းတူသော်လည်း တန်ဖိုးချင်းမတူ

အောက်မှာ ဖော်ပြထားတဲ့ သတင်းစာ အပိုင်းအစလေး ကို ဖတ်ကြည့်စေချင်ပါသည်။ ကျနော် မလေး မှာ ရှိစဉ်တုန်းက ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် New Straits Times သတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်းလေးတစ်ပုဒ်ပါ။ တစ်နေ့ ဒီဆောင်းပါးကို ရေးမယ်လို့ စိတ်ကူးထားသည့်အတွက် အဲဒီ သတင်းလေးကို ဖြတ်ပြီး သိမ်းထားခဲ့တာပါ။ အောက်မှာ သတင်းကို ဘာသာပြန်ပေးထားပါတယ်။

ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို ရဲ့ သူသားချင်း စာနာမှု ပြယုဂ်

ဆော်ဒီ အာရေဗီးယား နိုင်ငံကနေ သေဒဏ်ပေးထားခံရခြင်းမှ လွတ်မြောက်လာသူ ဖိလစ်ပိုင် အိမ်ဖော် ဆာရာ ဒီမတ်ထရာ (ပုံ - ညာ) ကို ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယိုကမနေ့က (၁၀.၅.၂၀၀၇) မနီလာရှိ မာလကန်နန် သမ္မတနန်းတော်မှာ ဆော်ဒီ အစိုးရထံမှလွှဲပြောင်း လက်ခံယူလိုက်ပါတယ်။ ဆော်ရီအာရေဗီးယား နိုင်ငံတွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ ဆာရာဟာ ၁၉၉၂ ခုနှစ်က သူမရဲ့ အလုပ်ရှင် သူဋ္ဌေးအမျိုးသမီးကို တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့အတွက် သေဒဏ်ပေးထားခြင်းခံရပြီး၊ ထောင်ထဲမှာလည်း ၁၅
နှစ်ကြာ ချုပ်နှောင်ထားခြင်းခံရပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမ(ဒီမတ်ထရာ) မှာ လေးနှစ်အရွယ် သမီးလေးရှိပါတယ်။ ဆော်ဒီ အာရေဗီးယား နိုင်ငံရဲ့ ဥပဒေအရ ကလေးဖြစ်သူ အသက်၁၈ နှစ် မပြည့်ခင်မှာ မိခင်ဖြစ်သူကို သေဒဏ်ပေးခွင့် မရှိသေးပါဘူး။ အာရိုယိုဟာ ဆော်ဒီ ဘုရင် အဗ္ဗဒူလာ နဲ့ ပြီးခဲ့တဲ့နှစ် (၂၀၀၆) မေလမှာ တွေ့ဆုံပြီး၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုဟာ သေဒဏ်ချထားခြင်းခံရသူ ဒီမတ်ထရာ အတွက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုတစ်ခု ဖြစ်ခဲ့ပါတယ်။

အသတ်ခံရသူ သူဋ္ဌေးမ မိသားစုက ဖိလစ်ပိုင်အစိုးရအား တရားခံ ဒီမတ်ထရာ ရဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းပေးဖို့ဆိုရင် ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်း (မလေးငွေ ရင်းဂစ် ၃.၄ သန်း) ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့ ငွေကြေးလှူဒါန်းမည့်သူအချို့က ထိုအချက်ကို သဘောတူညီပြီး လူ့အသက်တစ်ချောင်း ကယ်တင်ရေးလှူဒါန်းငွေတစ်ရပ်အနေနဲ့ တရားလို မိသားစုကို ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်းကို ပေးလိုက်ပါတယ်။ ထို လှူဒါန်းငွေ ၄၈ သန်းထဲက ပီဆို ၈ သန်းကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေက စုပေါင်းလှူဒါန်း တာဖြစ်ပြီး၊ ပီဆို တစ်သန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတွေက လှူဒါန်းတာဖြစ်ပါတယ်။ သမ္မတာ အာရိုယို ရဲ့ ဆော်ဒီ ခရီးစဉ် အပြီးမှာ၊ ဆော်ဒီ အာရေဗီးယား နိုင်ငံက ဖိလစ်ပိုင်အလုပ်သမား တစ်ထောင်ကို သူတို့ရဲ့အလုပ်ရှင်တွေက အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာ တွေကြောင့် ဖိလစ်ပိုင် နိုင်ငံကို ပြန်ပို့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန က အတွင်းရေးမှူးဖြစ်သူ အာတူရို ဘရီယွန် က မကြာသေးမီက ပြောပြခဲ့ပါတယ်။

အထက်ဖော်ပြပါ သတင်းကို ဖတ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်သူရဲ့ မိမိ လူမျိုးအပေါ် (အိမ်ဖော်ပင် ဖြစ်လင့်ကစား) လူလူချင်း တန်ဖိုးထားတယ် ဆိုတာ ပေါ်လွင်နေပါတယ်။ နောက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုလည်း တွေ့ရမှာပါ။ ဒီမတ်ထရာ ဆိုသူ အိမ်ဖော်ရဲ့ တန်ဖိုး နဲ့ ထိုင်း - မလေးနယ်စပ်မှာ ရောင်းစားခံနေရတဲ့ ဗမာကျွန်တွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ အခြေအနေနှစ်ရပ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါပြီ။

ကျွန် ဆိုရာ၌ စိတ်ပိုင်းဆိုင်ရာ ကျွန် နှင့် အခြေအနေအရ ကျွန်ဟူ၍ နှစ်မျိုး နှစ်စား ခွဲပြီးပြောချင်ပါသည်။ အထက်ဖော်ပြပါ ကျွန်အမျိုးအစားမှာ မိမိ ၏ စားဝတ်နေရေးအခြေအနေအရ သူများထံတွင် ကျွန်ခံပြီး အလုပ်လုပ်နေရသော သူများသာ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျွန်ဆိုသည်မှာ မိမိလူမျိုးအချင်းချင်း ဖိနှိပ်၊
ညှဉ်းဆဲသူ။ လွတ်မြောက်နိုင်သည့် လမ်းကြောင်း ကို မရှာဖွေချင်သူ။ မရှာဖွေသူ။ တစ်နေရာထဲတွင် မှီခိုကာ လွတ်မြောက်ရေးလမ်းကို မရှာဖွေသူသည်လည်း စိတ်ဓာတ်ရေးရာအားဖြင့် ကျွန်စိတ်ဓာတ်ဟု ဆိုချင်ပါသည်။ ရှင်းရှင်း ဆိုရသော် လွတ်လမ်းမရှာဘဲ မှီခိုချင်သည့် စိတ်ဓာတ်သည် ကျွန်စိတ်ဓာတ်သာလျှင်ဖြစ်သည်။

ဗမာ ကျွန်ရှိနေသ၍၊ ကိုယ်သည် ဗမာတစ်ယောက် (ဗမာနိုင်ငံဖွား) တစ်ယောက် ဖြစ်နေသ၍ ကိုယ်လည်းဘဲ ကျွန်မျိုး၊ ကျွန်နွယ်ဝင်ဖြစ်နေမည်။ ထို့ကြောင့် မိမိလူမျိုးအချင်းချင်း စာနာထောက်ထား၍၊ အားလုံးဝိုင်းဝန်း၍ ဗမာကျွန်စနစ် ပပျောက်သွားအောင် ၀ိုင်းဝန်းကြိုးပမ်းကြမှသာ ဗမာကျွန် ဟူသော စကားလည်းပပျောက်သွားမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

chittatthu.mdy92@gmail.com

တစ်လက်စ တည်း ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ကဗျာလေးကိုလည်း
ဖတ်သွားစေချင်ပါသည်။ ရင်ကို ကိုင်လှုပ်သော ကဗျာတွေထဲက တစ်ပုဒ်ပါ။

*ကျွန်*........................

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။

ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။

ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။

သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။

တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။

လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။

ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြည်ထောင်စုနေ့ ညစာစားပွဲ ဓာတ်ပုံများ

Google Buzz VS Your Privacy

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။

Gmail view: standard | turn off chat | turn off buzz | older version | basic HTML Learn more
©2010 Google - Terms - Privacy Policy - Gmail Blog - Join the Gmail team - Google Home


source by : htootayzar

ဆုတောင်း - တောင်းဆု

ကာတွန်း ဟန်လေး ခေတ်ပြိုင် |

ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ် “ရရင်ရ၊ မရရင်ချ”

ခင်မမမျိုး
Monday, February 15, 2010
အချိန်ကား ၂ဝဝ၅ ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။
နေရာကား ရန်ကုန်တိုင်း၊ တွံ့တေးမြို့

အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ဖေက ကျူရှင်မှ တပည့်တွေကို ဗိုလ်ချုပ် အောင်ဆန်း၏ ဂုဏ်ကျေးဇူးအကြောင်း ပြောပြပြီး၊ ဓာတ်ပုံကို အလေးပြုခဲ့သည်။ တမျိုး သားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာများကို တိုင်းသူ ပြည်သားများက လေးစားတာ၊ အရိုအသေ ပေးတာ နိုင်ငံတိုင်း မှာ ဖြစ်နေကျ၊ ရှိနေကျ။ သို့ပေမယ့် စစ်အာဏာရှင်ဆိုး ဖိနပ်အောက်က မြန်မာ ပြည်မှာတော့ ဤသည်ကပင် ပြစ်မှုတခုဖြစ်သွားခဲ့ကာ ဆရာဦးအောင်ဖေ ခမျာ မတ ရားအစိုးရ၏ အမျက်တော်ရှ၊ ထောင်တွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတော့သည်။ ထောင်ဒဏ်ကား သုံးနှစ်။ ဓာတ်ပုံလေး တပုံနှင့်ပင် စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှ သဝန်တို မရှုစိမ့် ဖြစ်နေ ရပါသနည်း။ အဖြေက ရှင်းပါသည်။ ဗိုလ်ချုပ် ဆိုသော ရာထူးဂုဏ်ပုဒ်ချင်းတူပေမယ့် စိတ်ဓာတ်၊ အကျင့် စာရိတ္တ၊ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များက ဆီနှင့် ရေပမာ၊ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်ကိုး။

ယနေ့ခေတ် စစ်အာဏာရှင်များ သူတို့ ပခုံးနှင့် ရင်ဘတ်ပေါ်တွင် မည်၍မည်မျှ များပြားသော တံဆိပ်ကြီးများ၊ ရာထူး ဂုဏ်ဆောင်များ တပ် ဆင်ကာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည်သော အမည်နာမတို့ကို ခံယူ ထားစေကာမူ “တို့ဗိုလ်ချုပ်”ဟု လူထုက ကြည် ညိုလေးစားစွာ အခေါ်ခံ ခဲ့ရသူကတော့ မြန်မာပြည်တွင် တဦးတည်းသာ ရှိခဲ့ပါသည်။ ထိုသူကား သခင်အောင်ဆန်း (ဝါ) ဗိုလ်ချုပ် အောင်ဆန်း။ မြန်မာတမျိုးသားလုံးကို ကျွန်ဘဝမှ ကယ်တင်ခဲ့သူ၊ ကိုယ်ကျိုးမဖက်ပဲ လူထုအကျိုးကိုသာ သယ်ပိုးခဲ့သူ၊ နယ်ချဲ့ အစိုးရ တို့ နည်းမျိုးစုံဖြင့် သွေးခွဲနေသည့်ကြားမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်းနိုင်ခဲ့သူ၊ မြန်မာပြည်သူတို့အတွက် အ သက်နှင့် ဘဝကို စွန့်လွှတ်ခဲ့သည့် တကယ့်ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတယောက်။

မြန်မာပြည်ကြီး ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်း၍ သူ့ကျွန်ဘဝသို့ အလုံးစုံ ကျရောက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကာလတခုတွင် မြန်မာပြည်အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ သူရဲကောင်း တဦး ဖွားမြင်လာခဲ့သည်။ အချိန် အတိအကျဆိုလျှင်တော့ (၁၉ ၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။ “ခေါင်းဆောင်ဟူသည် မွေးရာပါဖြစ်သည်” ဟု အချို့သော ခေါင်းဆောင်မှုပညာ လေ့လာသူ သု တေသနပညာရှင်များက ဆိုကြပါသည်။ အချို့ကလဲ “ခေါင်းဆောင်မှုဟူသည် လေ့ကျင့်ယူ၍ ရသည်”ဟု ဆိုကြသည်။ အဆိုပါ ပညာ ရှင်တို့သည် ဗိုလ်ချုပ်ကိုကား မွေးရာပါခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား။ လေ့လာလေ့ကျင့်မှုမှ တိုးတက်လာသော ခေါင်း ဆောင်ဟု သတ်မှတ်ကြမည်လား မသိ။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ခေါင်းဆောင်မှုပညာရပ်ရှုထောင့်မှ ဆန်းစစ်ထားသော စာ တမ်းများကား ပေါ်ထွက်လာခြင်း မရှိသေး။ မည်သို့ဆိုစေ ခေါင်းဆောင်ကောင်း အရည်အချင်းရှိ၍ လူထုက ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြု တင်မြှောက်ခြင်း ခံခဲ့ရကဲ့သို့၊ လူထု၏ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်စွာ ခေါင်းဆောင်ကောင်း ပီသခဲ့သူ ဖြစ်သည်မှာကား သိ သာထင်ရှားလှပါသည်။

ခေါင်းဆောင် တယောက်၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိ ခေါင်းဆောင် နေသည့် လုပ်ငန်းဆောင်တာ အပေါ်တွင် ထားရှိသော သစ္စာ တရားတို့ကို ဗိုလ်ချုပ်ထံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပါသည်။ အထင်ရှားဆုံး ဥပမာ သာဓကတခုကား “ငရဲခွေးကြီး လွတ်နေ ပြီ” ဆောင်းပါး ဂယက်တွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း ဘ၀၏ တာဝန်ယူမှုနှင့် သစ္စာရှိမှု။ ကျောင်းသား ဘ၀တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ အလုပ်မှုဆောင် ကော်မတီဝင် ဖြစ်လာခဲ့ပြီး၊ သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း၏ အယ်ဒီတာဖြစ် လာခဲ့သော အချိန်ကာလတွင် တာဝန်ယူထားသော အလုပ်နှင့် ရဲဘော်ရဲဘက်အပေါ်တွင် ထားရှိသော သစ္စာတရား၊ စွန့်လွှတ် အနစ် နာခံသည့် ခေါင်းဆောင် ပီသသော စိတ်ထားကား ထင်ထင်ရှားရှား ပေါ်ထွက် လာခဲ့ပါသည်။

(၁၉၃၆) ခု၊ ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းပါ “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်သည့် အာဏာ ဖီဆန်ရေး ဂယက် ကြီး ပေါ်ထွက် လာခဲ့ပါသည်။ ဆောင်းပါးရေးသူ၏အမည်ရင်းကို တက္ကသိုလ် အာဏာပိုင်တို့က မေးမြန်း စစ်ဆေးသော်လည်း ကျောင်း သားခေါင်းဆောင် ကိုအောင်ဆန်းသည် တာဝန်ခံ အယ်ဒီတာ ပီသစွာ ဆောင်းပါးရေးသူ၏ အမည်ရင်းကို ထုတ်ဖော် မပြောခဲ့။ ရဲဘော် ရဲဘက် အချင်းချင်း အပေါ်တွင် သစ္စာ စောင့်သိခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အာဏာပိုင်တို့၏ ကျောင်းမှထုတ်ပယ် အရေး ယူမှုကို ကျေနပ်စွာ ခံယူခဲ့သည်။ မခံရပ်နိုင်သူများက အချင်းချင်း သစ္စာ စောင့်သိတတ်သည့် တက္ကသိုလ် ကျောင်းသားများ။ ကျောင်းသား ခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရမှုကို “ငါနှင့်မဆိုင်၊ ငါဘီအေ၊ ဘီအယ်လ်၊ အိုင်စီအက်စ်ရပြီး အရေးပိုင် ဖြစ်ရင်ပြီးရော” ဟူသည့် စိတ်ထားမျိုး မထားခဲ့ကြ။ ကိုယ်ကျိုးရှာ ရုန်းထွက် လိုစိတ်တွေ မမွေးခဲ့ကြ။ လက်သည်း ဆိတ်လျှင် လက်ထိတ် နာ ဆိုသကဲ့သို့ ဝန်းရံပေးခဲ့ကြပြီး၊ ကျောင်းသားသပိတ် အရေးတော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ “စုစည်းမှု တရပ်ဆီမှ ထွက်ပေါ်လာ သော အင်အားတရပ်ကို အဘယ်သို့သော အာဏာပိုင်သည် မာန်တင်း ခံနိုင်ပါအံ့နည်း”။ နောက်ဆုံးတော့ အာဏာပိုင်များ အလျှော့ ပေးကာ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

အရေးကြုံလာသော အခြေအနေနှင့် အချိန်အခါတွင် ကိုယ်လွတ် မရုန်းတတ်သော သူများကိုသာ လူအများက ခေါင်းဆောင်ကောင်း အဖြစ် အထင်ကြီး လေးစား တတ်ကြသည်မှာ ကလဲ လူ့သဘာဝ။ ခါတော်မီခေါင်းဆောင်နှင့် လူအများ ရင်ထဲကို စွဲစွဲမြဲမြဲ စူးစိုက်ဝင် ရောက်နိုင်သည့် ခေါင်းဆောင် တို့၏ တန်ဖိုးက တခြားစီ ဖြစ်သည်။ ခေါင်းဆောင်ဟူသည် ဆုတ်ခွာချိန်တွင်ပင် နောက်လိုက်များကို စွန့် ခွာမထားခဲ့ရ။ ပြေးဖို့ လိုအပ်လျှင်လဲ ကိုယ်လွတ်ရုန်း မပြေးရ။ ထမ်းပိုးပြေးသင့်လျှင်ပင် ထမ်းပိုးပြေးရမည်။ တာဝန်ခံရမည်။ တာဝန်ယူ ရမည်။ အနစ်နာခံရမည်။ “နောက်ကျခြေထောက်၊ သစ္စာဖောက်” ဆိုပြီး အရေးကြုံသည့်အချိန်တွင် စွန့်ခွာ ပြေးတတ် သူများကို ခါ တော်မီ ခေါင်းဆောင် ဖြစ်နေစေကာမူ ခေါင်းဆောင်ကောင်း အဖြစ် လူအများက သတ်မှတ်လေ့ မရှိကြ။ ကျောင်းသားခေါင်းဆောင် ကို အောင်ဆန်းကား ခေါင်းဆောင် ကောင်းတို့၏ အရည်အချင်းနှင့် သတ္တိသွေးတို့ ပြည့်စုံလှသည် ဖြစ်ရာ ကျောင်းသားခေါင်းဆောင် ဘ၀မှ အမျိုးသား ခေါင်းဆောင် အဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိ လာခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ၏ ဥက္ကဋ္ဌ၊ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး၊ ဗမာ့ ထွက်ရပ်ဂိုဏ်း၏ အထွေထွေအ တွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ရန် လူအများက ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုမှတဆင့် တို့ဗမာ အစည်းအရုံးဝင် ဖြစ်ကာ သခင် အမည်ခံယူ၍ သခင် အောင်ဆန်း ဟူ၍ မြန်မာပြည် တဝှမ်းဝှမ်း ဟိုးဟိုး ကျော်လာသော အခါတွင်ကား နယ်ချဲ့တို့ လျစ်လျူ မရှုရဲကြတော့။ ဆုငွေထုတ်၊ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံဖမ်းဆီးကြတော့သည်။

သခင် အောင်ဆန်းကား ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆက်စပ် စဉ်းစားနိုင်သော အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကောင်း တဦး လည်းဖြစ်သည်။ မည်သို့သောအခြေအနေတွင် မည်သည့်တိုက်ပွဲဝင်ပုံစံကို အကောင်အထည် ဖော်ရမည်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိ သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ချပြဆွေးနွေးပြီး၊ သဘောတူ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်နိုင် စွမ်းလည်း ရှိသည်။ လူအများနှင့် ချပြဆွေးနွေးရာတွင် လှေကားချ စည်းရုံးနိုင်စွမ်း ရှိရမည်။ “ငါသိ၊ ငါတတ်” သဘောမျိုးနှင့် အပေါ်စီးက ဆွေးနွေး တတ်သူကို မည်သူမှ ခေါင်းဆောင်ကောင်း မသတ်မှတ်။ “ငါ့စကားနွားရ” ပြောတတ်သူ ဟုသာ သတ်မှတ်ပြီး ရှောင်ဖယ် သွားလေ့ ရှိကြသည်။

သခင် အောင်ဆန်းကား အားတက်သရော ငြင်းခုန် ဆွေးနွေး တတ်သော်လည်း အချက်အလက်နှင့် ဆွေးနွေး တတ်သူဖြစ်သည်။ တောင် စဉ်ရေမရ ပြောချင်ရာ၊ ပြောနေတတ်သူ မဟုတ်။ မြန်မာလူ့ဘောင်၏ အခက်အခဲနှင့် အခြေအနေကို နားလည်သကဲ့သို့၊ ကမ္ဘာ့အခင်း အကျင်းကိုလဲ နားလည်ခဲ့သူ ဖြစ်သည်။ ကမ္ဘာစစ် ဖြစ်ပွားနေသော ခေတ်အခါ သမယတွင် လက်နက်ဆို၍ အပ်တိုတချောင်းပင် ကိုင် ဆောင်ခွင့်မရသော မြန်မာတို့ အဖြစ်၊ တနေ့တခြား လုံးပါးပါးတော့မည်ကို သူနားလည်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေး မလုပ်ပဲ နယ်ချဲ့စနစ်ကို သုတ်သင်နိုင်မည် မဟုတ်ကြောင်း သိမြင်သည်။ ဤသို့သော အကြောင်းများဖြင့် ရဲဘော် သုံးကျိပ် ပေါ်လာခဲ့ကာ မြန်မာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) မွေးဖွားလာခဲ့ရသည်။ သခင် အောင်ဆန်းသည် မြန်မာ့ တပ်မတော်၏ ဖခင်ရင်းအစစ်။

နယ်ချဲ့ ထွက်ပြီး၊ ဖက်ဆစ်ဝင်လာ၍ မင်းသားရုပ်ကိုခွာကာ ဘီလူးရုပ်ကို လှစ်ပြပြန်တော့လဲ ဖက်ဆစ် ပေးထားသော ရာထူး စည်းစိမ်တို့ တွင် မွေ့လျော်ခြင်းမရှိ။ ပြည်သူ့မျက်နှာ တမျက်နှာတည်းကိုသာ ကြည့်ခဲ့သည်။ ပြည်သူ့ သစ္စာကိုသာ ခံယူခဲ့သည်။ နိုင်ငံတကာ အခြေ အနေကို စောင့်စားခဲ့သည်။ အချိန်အခါ ကောင်းကို စောင့်၍ ဂျပန်တို့ ကမ္ဘာစစ်တွင် အရေးနိမ့်စ ပြုလာသော အချိန်တွင်မှ လှည်းနေလှေ အောင်း၊ မြင်းဇောင်းမကျန် လူထု တရပ်လုံးပါဝင်သည့် ဖက်ဆစ် တော်လှန်ရေးကြီးကို ဦးဆောင် ဆင်နွှဲခဲ့သည်။ အခွင့်အခါကောင်းကို စနစ်တကျ အသုံးချတတ်ခဲ့သူ ဖြစ်သည်။

ဖက်ဆစ် တော်လှန်ရေး အပြီး၊ ဖတပလမှ အမည်ပြောင်းလာသော ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးချယ် ခံရပြီး မြန်မာ့ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် သမိုင်းဝင် အောင်ဆန်း၊ အက်တ လီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မနှင့် တောင်တန်းသားများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးကာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

တောင်တန်း ဒေသများတို့ စည်းရုံးရေး ခရီးစဉ် သွားရောက်ခဲ့ကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက် ခဲ့သည်။ ဗိုလ် ချုပ်ကျဆုံးပြီး နောက်တနေ့၌ ဒူးဝါးကြီးဆမားဆင်ဝါနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာဘ်ကိုကြည့်ပြီး မျက်ရည်ပေါက် ကြီးငယ်ပင် ကျခဲ့သည်။ ဤမျှအထိ တောင်တန်းသား ခေါင်းဆောင်ကြီးများ၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သူဖြစ်သည်။ ဖက်ဆစ် တော် လှန်ရေးတွင် ဂျင်းဖော၊ ကရင်၊မွန်၊ချင်း၊ သျှမ်းစသော တိုင်းရင်းသားများ အားလုံး ဗမာများနှင့်အတူ လက်တွဲပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ဦးပုကလေး ရေးသားသော “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” စာအုပ်တွင် “ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဥာတိအစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်ကမှ မငဲ့ညှာပဲ အဂတိတရားကင်းရှင်းစွာ ထာဝစဉ် ကာကွယ် စောင့်ရှောက် ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစု တိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက်ရှိလေပြီ” ဟူ၍ ဗိုလ်ထွန်းလှက နိဒါန်း ရေးထား ခဲ့လေသည်။

ထိုသို့ တိုင်းရင်းသား ပြည်သူလူထု အားလုံး၏ ချစ်ခင်လေးစား၊ အားကိုးအားထားခြင်းကို ခံခဲ့ရသော ဗိုလ်ချုပ် အောင်ဆန်းကား ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူများ လက်ချက်ကြောင့်၊ အခြား အစိုးရ အဖွဲ့ဝင် ခေါင်းဆောင်ကြီးများ၊ သက်တော်စောင့် ကို ထွေးတို့နှင့် အတူ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကား သူချစ်သော မြန်မာ ပြည်သူပြည်သားတို့ အတွက် သူ၏ အသက်ခန္ဓာကို ပေးလှူ သွားခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး၏ ဗိသုကာ ဗိုလ်ချုပ်ကျေးဇူးကြီးမားပေစွတကား။

သို့ပေမယ့် ကျေးဇူးဟူသည် ကျေးဇူး သိနေရုံနှင့် မပြီးသေး။ “ဗိုလ်ချုပ်ပုံကို အိမ်မှာချိတ်ကာ နေ့စဉ် ထိုင်ကန်တော့ ပါသည်၊ ဗိုလ်ချုပ်မွေး နေ့တိုင်း အခမ်းအနားတွေ ကျင်းပပါသည်” ဆိုသည်က ကျေးဇူး သိတတ်မှုမျှသာ ဖြစ်သည်။ ကျေးဇူးဆပ်ခြင်းကား မဟုတ်။ ကျေးဇူးသိ လျှင် ကျေးဇူးဆပ် နိုင်အောင် ကြိုးစားကြဖို့လိုသည်။

ဗိုလ်ချုပ်၏ ကျေးဇူးအား ဆပ်ရန်နှင့် ပတ်သက်၍ ဆရာကြီးရန်အောင်က ...

“မြန်မာပြည်ဖွား၊ ပြည်ထောင်သားတို့
ကွဲပြားမရှိ၊ မြင်လိုဘိ၏။
နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်
ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား
လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ
ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏။
မွေးဖဗိုလ်ချုပ်
အားထုတ်တောင့်တ၊အဝဝကို
စေ့ငပြီးပြေ၊ ဆောင်ရွက်လေလျှင်
မည်ပေကျေးဇူးဆပ်ခြင်းတည်း”
ဟု စပ်ဆိုခဲ့လေသည်။

ယခုကား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခဲ့သည်မှာ အနှစ် ခြောက်ဆယ်ကျော် ခဲ့လေပြီ။ သူအသက်ပေးပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေး အရသာကို သူချစ်သော တိုင်းရင်းသား ပြည်သူများကား ယခု အချိန်ထိ မခံစားကြရသေး။ ဤအဖြစ်ကို သာ တမလွန်မှ တွေ့မြင်နေပါက မည်မျှ ဝမ်းနည်း နေရှာမည် မသိ။ သူတည်ထောင်ခဲ့သော ပြည်သူ့ တပ်မတော်ကြီး၊ စစ်အာဏာရှင် လက်ကိုင်ဒုတ် လူသတ် စစ်တပ်ကြီး အဖြစ်သို့ အသွင် ကူးပြောင်းနေသည်ကို ကြည့်ရင်းဖြင့်လည်း မည်မျှ နှမြောတသ ဖြစ်နေမည် မသိ။ သူမြင်တွေ့လိုသော ပြည့်စုံကုံလုံသည့် မြန်မာပြည်သူပြည်သားတို့ဘဝမှာ အာဏာရှင် လက်ပါးစေများကြောင့် မသေချာမရေရာ၊ ပုံပြင်ပမာ ဖြစ်နေရသည်ကို တွေ့မြင်ရင်း မည်မျှ ယူကြုံးမရ ဖြစ်နေရှာမည် မသိ။ (၁၉၈၉) ခုနှစ်က သူကျဆုံးခဲ့သော အာဇာနည်နေ့ အထိမ်း အမှတ် နှစ်ပတ်လည် ချီတက်ပွဲအား ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်း လမ်းဆုံ အထွက်၊ ဗီယက်နမ် သံရုံးရှေ့တွင် အာဏာရှင်များက ပိတ် ဆို့တားဆီး၊ ဝိုင်းဝန်း ရိုက်နှက် သဖြင့် သွေးချောင်းစီး ဖြစ်ခဲ့ရသည်ကို ကြည့်ရင်းဖြင့် လူထုကြီးကိုယ်စား မည်မျှ ဒေါသ ထွက်နေရှာမည် မသိ။

မည်သို့ဆိုစေ သူသာ သက်ရှိထင်ရှား ရှိနေသည်ဆိုပါက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော မြန်မာ ပြည်သူ လူထုကြီးအား စကားတ ခွန်းတော့ သေချာပေါက်မှာလိမ့်မည် မလွဲပါ။ ဤအရာသည် ...
“ရရင်ရ၊ မရရင်ချ”
မှလွဲ၍ မည်သည်များ ဖြစ်နိုင်ပါဦး မည်နည်း။

ခင်မမမျိုး (၂၀၀၇)
(၂၀၀၇) ခုနှစ်က ရေးသားဖြန့်ဝေထားသော ဆောင်းပါးဟောင်း တပုဒ်ဖြစ်ပါသည်။

ပန်းချီ မင်းကျော်ခိုင်

source by : နေ့သစ်
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger