dailyvid


1234
x

Latest Post

Showing posts with label link. Show all posts
Showing posts with label link. Show all posts

မြန်မာဒုက္ခသည် တို့ အိမ်မက်ဆိုးများနှင့် တ၀ဲလည်လည်

မြန်မာစစ်အစိုးရတပ်တို့၏ ဖိနှိပ်ညင်းပမ်းမှုကြောင့် ၂၀၀၆ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည့် ကရင်နီရွာသား၂၀၀၀၀ ခန့်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားမဝင် ဒုက္ခသည်အဖြစ် နေထိုင်ကြဆဲပင် ဖြစ်သည်။ ယခုနှစ် မေလအတွင်း တရွှေ့ရွှေ့ ထပ်မံထွက်ပြေး လာကြသည့် သူများမှာလည်း တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ယာယီထုတ်ပေးသည့် ရိက္ခာဖြင့်သာ အသက်ရှင်နေကြရပါသည်။

ဒုက္ခသည်များအပေါ် ထိုင်းအာဏာပိုင်တို့မှ ကန့်သတ်ပြဌာန်းထားသည့် မူပေါ်လစီအပေါ် UNHCR တို့မှလည်း ဒုက္ခသည်များကို ထိရောက် သည့် အသိအမှတ်ပြုမှုများ မပေးနိုင်သည့်အတွက် ဒုက္ခသည်များအဖို့ ခိုလုံနေထိုင်ခွင့်များ၊ အစားအစာများ ရပိုင်ခွင့်နှင့် လုံခြုံရေးတို့မှာ တရားဝင် သတ်မှတ်ပေးရန် အဟန့်အတားများ ဖြစ်ပေါ်လာပါသည်။

ယခင်က ထိုင်းအစိုးရ အနေဖြင့် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအပေါ် ထားရှိသည့် သဘောထားနှင့် ကိုင်တွယ်မှုတို့မှာ ချီးမွမ်းထိုက် လောက်သည့် သမိုင်းတွင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း နယ်စပ်ရေးရာဆိုင်ရာ ကိစ္စတို့ကို စစ်တပ်ဖြင့် မူပေါ်လစီများ ချမှတ်စေ ခဲ့သည့်အတွက် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

လတ်တလောတွင် ထိုင်းစစ်သားများသည် မဲဆောက်မြို့၏ မြောက်ဘက်ရှိ စစ်ဘေးကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များအား မြန်မာနိုင်ငံသို့  ပြန်လည်အခြေချနေထိုင်စေခြင်း၊ ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျမှ ရောက်လာသော ရိုဟင်ဂျာ ဒုက္ခသည် များအား မတော်မတရား ဆက်ဆံခြင်းနှင့် လာအိုမှ ရောက်လာကြသော H'mong ဒုက္ခသည်တို့ အား ၎င်းတို့၏ နိုင်ငံသို့ အတင်းအဓမ္မ ပြန်လည် အခြေချနေထိုင်စေခဲ့သည်။

ထိုင်းအစိုးရတို့သည် ၁၉၅၁ ခုနှစ်နှင့် ၁၉၆၇ ခုနှစ်တွင် မြန်မာစစ်ပြေးဒုက္ခသည်တို့ အား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် သဘောတူ လက်မှတ် ရေးထိုးချုပ်ဆိုခြင်း မပြုသော်လည်း လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ယာယီခိုလှုံသူများအဖြစ် လက်ခံသည်။ ၂၀၀၉ တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုးံ အစီရင်ခံစာအရ ထိုင်းအစိုးရတို့သည် လူ့အခွင့်အရေးနှင့် ပါတ်သက်ပြီုး ၎င်းတို့၏ ကတိကဝတ်များ ပျက်ပြားလာသည်ဟု ဖော်ပြထားသည်။

မကြာသေးမီက ဒုက္ခသည်များအပေါ် လုပ်ဆောင်ခဲ့သော ၎င်းတို့၏ ပေါ်လစီနှင့် နှိမ်နှင်းမှုသည် နိုင်ငံတကာနှင့် ဒေသအတွင်းရှိ နိုင်ငံများအဖို့ အာရုံစူးစိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဝေဖန်ခြင်းများလည်း ဖြစ်ပေါ်စေခဲ့သည်ဟု ထိုင်းအခြေခံလူမှုအသင်းအဖွဲ့များအား ကိုယ်စားပြုဆိုင်ရာ အမေရိကန် လွတ်တောအမတ်များက ဆိုသည်။

ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ UNHCR တို့ နှင့် ထိုင်းအစိုးရတို့ မှာ ဒုက္ခသည်များ၏ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအပေါ် ငြင်းခံမှုများ ဖြစ်ပေါ်လာသည်။ ဒုက္ခသည်များ၏ အခွင့်အရေးဆိုသည်မှာ ဘာလဲ ဆိုသည့် ငြင်းခံမှုများ ဖြစ်ပေါ်နေချိန်တွင် ယခု မတ်လအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်မှ စစ်ဘေးဒါဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အသက် ၃၅ နှစ်အရွယ်ရှိ မီးမယ်က “ကျမ ယောင်္ကျားကို နအဖ စစ်သားတွေက သတ်ခဲ့တယ်။ ရွာတွေလည်း ဖျက်ဆီးခံလိုက်ရတယ်။ လယ်ယာတွေကိုလည်း စွန့်လွတ်လိုက်ရတယ်။ ကျမမှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ ကျမ ကလေးတွေရဲ့ ဘဝလုံခြုံရေးတွေ အတွက်ကြောင့် ဒီနယ်စပ်ကို ထွက်လာရတာပါ” ဟု ပြောဆိုပါသည်။

မိမိဘဝလုံခြုံရန်အတွက် ထွက်ပြေးတိမ်းရှောင်လာသည်မှာ မီးမယ် တစ်ဦးတည်း မဟုတ်ပါ။ သူမက ဆက်လက်၍ “ကျမတို့ ထွက်လာတာ ၁၁၅ ယောက်လောက် ရှိတယ်။ ဒီနယ်စပ်ကို ရောက်ဖို့ တစ်ပတ်လောက် ကြာတယ်လေ။ လမ်းခရီးမှာ တောထဲမှာပဲ ပုန်းတယ်၊ အိပ်တယ်၊ တောထဲမှာ လှုပ်ရှားနေတဲ့ နအဖ စစ်သားတို့နဲ့  မြေမြုပ်မိုင်းတွေနဲ့ တိုးမိမှာ အရမ်းစိုးရိမ်တယ်။ နောက်ပြီး လာရမယ့် လမ်းပျောက်သွား မှာကိုလည်း စိုးရိမ်ခဲ့တယ်။ စားစရာတွေ တစ်ချို့ တော့ သယ်လာတယ်ပေါ့။ ဒါပေမယ့် အများအားဖြင့် တောထဲက အစားအစားကိုပဲ စားပါတယ်”

မီးမယ်သည် ထိုင်းနိုင်ငံသို့  စစရောက်ချိန်၌ ဘဝလုံခြုံမှု ရှိသည်ဟု ခံစားရသော်လည်း ထိုင်းအစိုးရတို့၏ တရားဝင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရသည့်အတွက်ကြောင့် ၎င်း၏ လုံခြုံမှုအတွက် ခိုကိုးရာထားခဲ့သည့် စိတ်ခံစားမှုမှာ ပျောက်ကွယ်သွားပါတော့သည်။ သူမသည် ယခုလက်ရှိတွင် မယ်ဟောင်ဆောင်မြောက်ဘက်ရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းတွင် နေထိုင်ပါသည်။

“အခုအချိန်မှာ တစ်ရက်တစ်ကြိမ်လောက် ချေးထားတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတာကိုပဲ တွေးနေပါတယ်။ ကျမမှာ အဝတ်အစားလည်း မရှိဘူး။ သူများတွေကိုပဲ မှီခိုနေပါတယ်။ အစားအစာတော့ နည်းနည်းရှိတယ်။ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီ တာလည်း မရှိပါဘူး။ သူငယ်ချင်းတွေရဲ့ ပေးကမ်းမှုတွေမှာပဲ မှီခိုနေပါတယ်” ဟု မီးမယ်က ဆက်ပြောပါသည်။

အမှတ် (၁) စခန်းတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူမှာ (၁၃၆၃၁) ဦး ရှိပြီး မှတ်ပုံမတင်သူမှာ (၇၂၇) ဦး ရှိသည်။

၂၀၀၉ ၏ ဒီဇင်ဘာလ နောက်ပိုင်းတွင် ထပ်မံရောက်လာကြသူမှာ (၁၁၇၄) ဦး ရှိပါသည်။ TBBC (Thai Burma Border Consortium) ၏ နောက်ဆုးံ အစီရင်ခံစာ ဖြစ်သော (Protracted Displacement and Militarization in Eastern Burma) အရ မြန်မာနိုင်ငံ၏ အရှေ့ ဘက်ရှိ ကျေးလက်တောရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သူဦးရေ (၄၇၀ ၀၀၀) ဦး ရှိသည်ဟု သတ်မှတ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖျက်ဆီးခြင်း ခံခဲ့ရသော ကျေးရွာနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံရသော ကျေးရွာပေါင်း (၃၅၀၀) ရွာ ရှိကာ ၂၀၀၈ သြဂုဏ်လမှ ၂၀၀၉ ဇူလိုင်လကြားတွင်လည်း (၁၂၀) ရွာ ဖျက်စီးခံရသည်ဟု ဖော်ပြ ထားပါသည်။ ထို့ အပြင် Darfur ဒုက္ခသည်နှင့် နိုင်ယှဉ်လျင် မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှု အများဆုံး နေရာ ဖြစ်သည်ဟု ဖော်ပြပြီး မြေမြုပ်မိုင်းနှင့် မြန်မာစစ်အစိုးရတပ်များ တောထဲသို့ ကျက်စားခြင်းသည် ကျေးလက်ဒေသရှိ ရွာသူရွာသားများအတွက် အကြီးမားဆုးံ ခြိမ်းခြောက်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စခန်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း TBBC ၏ ဤမြေမြုပ်မိုင်းနှင့် တောထဲတွင် ကျက်စားနေကြသော စစ်အစိုးရတပ်တို့သည် ကရင်နီပြည်ရှိ ရွာသူရွာသားများအတွက် အန္တရာယ်ရှိကြောင်း ထုတ်ဖော်ချက်ကို သဘောတူသည်။ ၎င်းက “နအဖ စစ်သားတွေက မြေမြုပ်မိုင်းကို ရွာသားတွေရဲ့  လယ်ယာတွေနဲ့ သွားရာလမ်းတွေမှာ မြုပ်ထားတော့ အန္တရာယ် ရှိတာပေါ့” ဟု ဆိုပါသည်။

ကရင်နီဒုက္ခသည်စခန်းတွင် မီးမယ် လွယ်အိပ်ယှက်သင်နေပြီ
မီးမယ်တို့ ဇနီးမောင်နှံသည် ကရင်နီတပ်မတော်များအား အကူအညီ ပေးသည်ဟု စစ်အစိုးရတပ်များက စွပ်စွဲထားသည့်အတွက် မိမိ၏ ရွာဟောင်းကို မပြန်ရဲကြောင်း ဆိုသည်။

အားကိုးအားထားရသော လင်အသတ်ခံရသည့် မီးမယ်က ဝမ်းနည်းကြေကွဲစွာဖြင့် ယခုလို ပြောချလိုက်ပါတော့သည်။

“ကျမ ယောက်ကျားကို နအဖ စစ်သားတွေ သတ်လိုက်ပြီးနောက်ပိုင်း ကျမတို့ တောင်ယာကို လုပ်ကိုင်မယ့် သူနဲ့ ကျမတို့ကို လုပ်ကျွေးမယ့်သူ မရှိတော့ဘူးလေ။ ဒီတော့ ကျမတို့ ဘယ်လို ဆက်လုပ်ရတော့မှာလဲ”

ကန္တာရ၀တီတိုင်းမ်

ရွှေ့ပြောင်းမြန်မာ ကလေးများ၏ ၂၀၁၀/၁၁ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းများ စတင်ဖွင့်လှစ်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ သားသမီးများအတွက်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ယမန်နေ့တွင် ကျောင်းများစတင် ဖွင့်လှစ်ပြီး ၂၀၁၀/ ၁၁ ပညာသင်နှစ်ကို စတင်ခဲ့သည်။

ကျောင်းများပြန်လည် ဖွင့်လှစ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး FED မှ ပညာရေးတာဝန်ခံ ဦးမင်းသိမ်းကျော်က “မနေ့က ကျောင်း (၁၀)ကျောင်း ဖွင့်ပါတယ်။ ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ ကျောင်းသား (၄၈၁)ယောက် ရှိပါတယ်။ ကျနော်တို့ကျောင်းမှာ နိုင်ငံခြား ဘော်လန်တီယာ ဆရာတွေ၊ ထိုင်းဆရာမတွေ ပြီးတော့ မြန်မာနိင်ငံက ရောက်လာကြတဲ့ ဘွဲ့ရ၊ ဘွဲ့လွန် ဆရာ၊ ဆရာမ စုစုပေါင်း (၄၀)၀န်းကျင်နဲ့ သင်ကြားပေးပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုရင် လူငယ်သိပံ္ပကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျနော်တို့က သြစတေးလျားက ပညာရေး ဒေါက်တာတစ်ယောက်ရဲ့ အကြံဥာဏ်ကို ရယူပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့ သင်ရိုးချကြတယ်။ မြန်မာပြည်မှာလို အလွတ်ကျက် ပညာသင်ကြားနည်းကိုတော့ ကျနော်တို့ မသုံးဘူး။ ကလေးတွေ လွတ်လပ်စွာ တွေးတော့ကြံဆနိုင်တဲ့ နည်းဖြစ်ပါတယ်”ဟု ပြောသည်။
အိမ်စာပေးခြင်းမျိုး ရှောင်ရှားပြီး၊ စာသင်ခန်းတွင် ပြီးမြောက်အောင် သင်ကြားပေးသည်။ ထို့အပြင် အကြောက်တရား ကင်းစင်ပြီး ပြောရဲ၊ ဆိုရဲရှိသော ကလေးများဖြစ်အောင် လေ့ကျင့်သင်ကြားပေးသည်ဟု သိရသည်။

ကလေးများသည် အရာအားလုံးတွင် မတော်နိုင်သလို အရာအားလုံးတွင်လည်း မညံ့နိုင်ကြောင်း၊ တစ်နေကုန် စာသင်ပြီး အိမ်ပြန်ရောက်၍ မိသားစုနှင့် နေထိုင်ချိန်တွင် နွေးထွေးစွာနှင့် လွတ်လပ်ပေါ့ပါးစွာ နေထိုင်သင့်ကြောင်း ကလေးများကို ကိုယ်ပိုင်ချိန် ပေးသင့်ကြောင်း ဦးမင်းသိန်းကျော်က ဆက်ပြီးရှင်းပြသည်။

၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်ပွားပြီးနောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၀၅ခုနှစ် ဇွန်လတွင် စာသင်ကျောင်း (၃)ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ယခုပညာသင်နှစ်သည် ဆဋ္ဌမမြောက် ဖြစ်ပြီး စတင်ခဲ့ချိန်က ကြုံတွေ့ခဲ့ရပုံများကို (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က အခုလို ရှင်းပြသည်။

“အစပိုင်းတုန်းက ဒေသခံ ထိုင်းလူမျိုးတွေ အမြင်မကြည်တာကို ကျနော်တို့ အရင်ကြိုးစားခဲ့ရတယ်။ လုံခြုံရေးက အစပေါ့။ အခုတော့ ကျနော်တို့ ကိုယ်ပိုင်မြေ၀ယ်ပြီး ကျောင်းတွေ ဆောက်နိုင်ခဲ့ပြီ။ တစ်နှစ်မှာ ကျောင်းသား ခြောက်ရာကျော် ခုနှစ်ရာကျော်အထိ သင်ကြားပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့က ကလေးတွေ ပညာရေးကိစ္စ တစ်ခုတည်းမဟုတ်ပဲ။ ကလေးမိဘတွေရဲ့ အလုပ်သမား အခွင့်အရေးကိစ္စ၊ အလုပ်အကိုင် ရှာဖွေရေးကိစ္စ၊ ကျန်းမာရေးကိစ္စ အပါအ၀င် အခြားကဏ္ဍ အတော်များများကိုပါ ကူညီဆောင်ရွက်ပေးတာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အထူးကောင်းမွန်ပါတယ်။ နိုင်ငံတကာ စီးပွားရေး ကျပ်တည်းမှုကြောင့် ရံပုံငွေ အခက်အခဲ အနည်းငယ်တော့ ရှိပါတယ်။ လူထုရဲ့အားကို ကျနော်ယုံပါတယ်။ ကျနော်တို့ အခက်အခဲ ကြုံနေရချိန်မှာ သူတို့တွေကလည်း အလှူငွေအချို့ ထည့်ဝင်ကြပါတယ်”ဟု ပြောပြသည်။

Integration အစီအစဉ်ဖြင့် ပြီးခဲ့သောနှစ်နှင့် ယခုနှစ်များတွင် မြန်မာကလေးငယ် တရာကျော်ကို ထိုင်းအစိုးရ ကျောင်းများသို့ ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ထိုင်းအစိုးရ ပညာရေးဋ္ဌာန(ဖန်င)က FED မှ ကျောင်းများကို တရားဝင် အသိအမှတ်ပြုထာပြီး ဖြစ်သည်။ ယခုနှစ်တွင် အဖွဲ့အစည်းပိုင် ၀ယ်ယူထားသည့် မြေပေါ်၌ အနည်းဆုံး ကျောင်းသူ/ကျောင်းသား (၃၀၀)ကျော် ပညာသင်ကြားနိုင်ပြီး ကျောင်းအိပ်၊ ကျောင်းစား နေထိုင်နိုင်သည့် အဆောက်ဦတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

IMG_3577_1024x768FED ၏ ပညာရေး ကျောင်းတွင် လေးနှစ်တိုင် ပညာသင်ကြားခဲ့ပြီး ဖြစ်သော အသက် (၁၃)နှစ်အရွယ် မအိအိမိုး၏ မိခင် ဒေါ်လှမြင့်က “သမီးလေး အခုလို ကျောင်းတက်ခွင့်ရနေတာကို ၀မ်းလည်းသာပါတယ်။ FED အဖွဲ့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ဗမာပြည်မှာဆိုရင် ကျမတို့ ဘယ်ကျောင်းထားနိုင်မလဲ၊ အခုသမီးလေးက မိဘတွေလုပ်တဲ့ အလုပ်ကိုလည်း ၀င်ကူပြီး လုပ်တယ်။ ကျောင်းအကြို အပို့အတွက် ကားခတစ်လကို ဘတ် (၃၀၀)ပဲ ပေးရပါတယ်။ ဘာစရိတ်မှ မရှိဘူး။ ဗမာပြည်မှာဆိုရင် ဘာစရိတ်၊ ညာစရိတ်ဆိုပြီး တောက်လျှောက် ကောက်နေတာ။ ဒီမှာကလေးတွေ ပေါ့ပေါ့ပါးပါးနဲ့ ပညာသင်နေရသလို ကျမတို့ ကျောင်းသားမိဘတွေမှာလည်း ဘာဝန်ထုတ်ဝန်ပိုးမှ မရှိဘူးရှင့်” ဟုပြောသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မြန်မာအလုပ်သမားများမှာ ရာဘာခြံ၊ ငါးဖမ်း၊ ပန်းရံ၊ ဟိုတယ်၊ အိမ်ဖေါ်နှင့် အခြားလုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြသည်။ FED မှ ကျောင်းများ ဖွင့်လှစ်ထားသဖြင့် တချို့ အလုပ်သမားများသည် မြန်မာပြည်မှ သားသမီးများကိုပါ ပြန်လည်ခေါ်ယူပြီး မိသားစု အတူနေထိုင်းကာ ကလေးများကို ပညာသင်ပေးလျှက်ရှိကြောင်း သိရသည်။

မလေးရှားရှိ UNHCR မြန်မာလူမျိုး အချင်းအချင်းကို သွေးခွဲနေ


“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ
“ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ”
ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံး အတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ - ခမိခဆဲ

ဘလော့ဂ်မှာ Online TV for international News အသစ်တွေ တက်နေအောင်


အပေါ်တွင် ရှိသော embed it ကို click လုပ်ပါ။ embed code အကုန်ပါအောင် copy ကူးပြီး မိမိတို့ blog နှင့် Homepage များတွင် ဖော်ပြနိုင်ပါသည်။ width နဲ့ height ကိုလည်း မိမိလိုသလို ပြူပြင်နိုင်ပါသည်။

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။
နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူများသို့

နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများ အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါ။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်
။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

ဒီ Link လေးတွေကို အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်

မိတ်ဆွေများအားလုံး Linkလေးတွေကို မိတ်ဆွေတယောက်က ပို့ပေးလိုက်တာကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်

မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးရန်ပုံငွေ တည်ငြိမ်မှုရှိစေရန်

မိမိတို့အနေဖြင့် ရန်ပုံငွေတည်ငြိမ်မှုရှိစေရန် အတွက် ‘Globalgiving’ Website တွင် ကြော်ငြာခွင့်ရရန် ကြိုးစားခဲ့ပါသည်။ အဆိုပါ Website တွင် အမြဲတမ်း ကြော်ငြာခွင့်ရရန်၊ လူဦးရေ (၅၀) မှ $ (၄၀၀၀) (ဒေါ်လာလေးထောင်) တိတိကို တစ်လအတွင်း လှူဒါန်းမှ သာလျှင်အမြဲတမ်း အဖွဲ့ဝင် ဖြစ်နိုင်မည် ဖြစ်ပါသည်။

၎င်းတို့၏ သတ်မှတ်ချက်မှာ $ ၄၀၀၀ ကို အနဲဆုံး လူဦးရေ(၅၀)မှ လှူဒါန်းရမည်ဖြစ်ပြီး၊ လူဦးရေ ပြည့်ပြီး သတ်မှတ်ငွေကြေး မပြည့်ပါက အဖွဲ့ဝင်မဖြစ်နိုင်သလို၊ သတ်မှတ်ငွေကြေး ပြည့်စုံပြီး သတ်မှတ်လူဦးရေ မပြည့်စုံပါကလည်း အမြဲတမ်းအဖွဲ့ဝင် မဖြစ်နိုင်ပါ။

၎င်းတို့၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်စေရန်အတွက် မိမိတို့အနေဖြင့် နိုဝင်ဘာ (၂၄)မှ ဒီဇင်ဘာ (၂၃)ရက်နေ့အတွင်း ကြိုးစားရမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးကို စိတ်ဝင်စားသူတိုင်း မိမိတို့ကိုယ်တိုင် ထည့်ဝင်ပေးကြပါရန်နှင့် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်းများအား လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

Dear Friends,

FED-GHRE has been accepted to participate in the Global Giving Challenge that runs from November 24th – December 23rd 2009. GHRE needs to raise $4000 through at least 50 separate donors to gain a permanent place on the Global Giving Website so we can gain further support in all our worthwhile projects! Check out our website for more information: www.ghre.org

Many donors are now pulling out of Phang Nga and Thailand as a whole as Tsunami funds all but dry up and the Global Economic Crisis persists. This has resulted in decreased funds for GHRE, putting pressure on the sustainability of our projects. However, the problem of access to education still remains for marginalized Burmese migrant children in Southern Thailand so we must find a way to continue to support their development, fulfill their Right to Education and empower them to break the cycle of poverty in the future.

Please help us by following this link and donating a minimum of $10 / to our education project in the Khuk khak area that currently supports 265 students.

http://www.globalgiving.com/projects/burmese-migrant-children-go-to-school/

On behalf of everyone at FED-GHRE and the local migrant community,
thank you for your support!

Ms Zurine Santander,
Fundraising Officer FED-GHRE

ﱢﱟﱞﱡ۩ﱡﱞﱟﱢ ပေးပို့ပေးသူ - ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
004522838096

မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး Myanmar-OSN

Myanmar Orphans Support Network (Myanmar-OSN) ဆိုတဲ့ အဖွဲ့လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Myanmar-OSN ဆိုတာ မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး တစ်ခုပါ။ ဒီအဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ စာတတ်မြောက်စေရေး နှင့် စိတ်ဓာတ်မြှင့်တင်ပေးရေးတို့ ဖြစ်ပါတယ်။ ရေအိုင်ထဲမှာ ဖားသူငယ်လေးတွေလို ဖြစ်နေတဲ့ ဒီမိဘမဲ့ ဆင်းရဲနွမ်းပါးကလေးတွေကို ရေအိုင်ရဲ့ တစ်ခြားတစ်ဘက်က ကမ္ဘာကြီးအကြောင်းကို ပြသပေးချင်တာ ဒီအဖွဲ့လေးရဲ့ ဆန္ဒပါဘဲ။ သူတို့လေးတွေရဲ့ သိမ်ငယ်စိတ်တွေကို လျော့ချပြီး ယုံကြည်မှုတွေခိုင်မာလာစေကာ နောင်တစ်ချိန် သူတို့ရဲ့ဘဝတူ မောင်နှမများရှေ့မှာ သူတို့ရဲ့ ကြိုးစားမှုရလဒ်တွေကို မျှဝေပေးနိုင်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တာလဲ ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ပါဘဲ။ ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့လေးကို Inforithm-Maze ဆိုတဲ့ ကုမ္ပဏီနဲ့ သူ့ရဲ့ ဝန်ထမ်းများကနေ ၂၀၀၉ ခုနှစ် ဇွန်လ မှာ စဖွဲ့ခဲ့တဲ့အဖွဲ့လေးပါ။ ဒီအဖွဲ့လေးရဲ့ ပထမဆုံးခြေလှမ်းအဖြစ် ကျောင်းတစ်ကျောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ရန် ဖြစ်ပါတယ်။ အခုလို စဉ်းစားပြီး ရှာကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ၊ ထောက်ကြန့်နားက ဆင်းရဲနွမ်းပါးတဲ့ သီလရှင်သင် အမျိုးသမီးကျောင်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောင်းကို Myanmar-OSN ရဲ့ ထောက်ပံ့ပေးမှုလုပ်ဆောင်ရန် ပထမဆုံး ကျောင်းအဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကျောင်းလေးကို သွားရောက်လေ့လာဖြစ် ခဲ့ကြပါတယ်။



(၂၁.၆.၂၀၀၉) တနင်္ဂနွေနေ့က ကာယ (၁၂)လမ်း၊ ဒေါ်ငိုတံတားလမ်း၊ သင်္ဃန်းကျွန်းကြီးအနီး၊ မင်္ဂလာဒုံမြို့နယ်က မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် အမျိုးသမီးပညာရေး၊ ပရဟိတကျောင်း) ကို Myanmar-OSN အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ မှ သွားရောက် လေ့လာခဲ့ပါတယ်။ ကျောင်းက အမှတ် (၃) လမ်းမကြီးကနေ ဝင်ရင် (၂၀) မိနစ်လောက် ကားမောင်းဝင်ရပါတယ်။ ကျောင်းက လမ်းမတန်းမှာလည်းမဟုတ်သလို လွယ်လွယ်ကူကူသွားရောက်လို့ရနိုင်တဲ့ နေရာလေးလည်း မဟုတ်ပါဘူး.... လမ်းတလျှောက်လုံးမှာ ၀ါးပင်တန်းလေးတွေနဲ့ တမျိုးတဖုံ တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်... အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်ဟာ ပညာသင်ကြားပေးရန် အများကြီးလိုအပ်နေသေတဲ့ အနေအထားတွေကိုတွေ့ရပါတယ်... လူနေမှုစရိုက် ပညာလိုချင်မှု စိတ်နေစိတ်ထား ထောက်ပံ့မှုနဲ့ စာနာမှုတွေ အများဆုံးလိုအပ်နေတဲ့ နေရာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်... ဒီလိုနေရာမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့စိတ်ကူးနဲ့ စာသင်တိုက်တစ်ခုကို ရဲရဲဝင့်ဝင့် တည်ထောင်ထားတဲ့ သီလရှင်ဆရာကြီးတွေရဲ့ စိတ်နေစိတ်ထားကတော့ အဖွဲ့ဝင်များကိုယ်တိုင် ကြောက်ခမန်းလိလိ လေးစားခဲ့ရတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်... ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အတွက် သဒ္ဒါစိတ်တွေ အလိုလိုပေါ်ထွန်းလာခဲ့ပါတယ်...

မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်နှင့် အမျိုးသမီးများ သင်ကြားပေးနေသော ပရဟိတကျောင်း) ကျောင်းထိုင်သီလရှင်ဆရာကြီးရဲ့ ဘွဲ့အမည်ကတော့ ဒေါ်သီလဝတီပါ။ အသက်ကတော့ (၄၀) နှစ် ဝါတော် (၂၈) နှစ် ဖြစ်ပါတယ်။ ကျောင်းကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံရာ၌ (၃) မျိုး လက်ခံပါတယ်။ အတိုကောက် အနေနဲ့မှတ်ရမယ်ဆိုရင်တော့ " စုံ ၊ ပဲ့ ၊ မဲ့ " လို့သတ်မှတ်ထားကြောင်း သိရပါတယ်... မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးတွေ၊ မိဘ နှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးတွေနဲ့ မိဘလုံးဝမဲ့နေတဲ့ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေသော၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက် ပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ကြောင့် လေ့လာသိရှိရပါတယ်.. လက်ရှိအခြေအနေမှာ " စုံ ၊ ပဲ့ ၊ မဲ့ " ကလေးစုစုပေါင်း (၅၇၃) ယောက် ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင် နဲ့ မိဘမဲ့ကလေး အရေအတွက် (၈၀) ကျော် နေထိုင်ပါတယ်။ သူငယ်တန်းကနေ အဌမတန်းအထိ စာသင်ကြားပေးတဲ့ ဒီကျောင်းလေးကို ၂၀၀၂ ခုနှစ်ကစပြီး အစိုးရက တရားဝင် အသိအမှတ်ပြုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။ ကျောင်းပိတ်ရက်ကတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ တွေကို သတ်မှတ်ထားပါတယ်။ မနက်ပိုင်းတွင် ကလေးငယ်များ လိမ္မာယဉ်ကျေးလာစေရန်အတွက် အဘိဓမ္မာနှင့် ဓမ္မာစရိယတန်းများဖွင့်လှစ်သင်ကြားပေးပီး နေ့လည်၁၂ နာရီမှ ညနေ (၅)နာရီအထိ ကိုတော့ စာပေအတန်းပညာကို သင်ကြားပေးနေတာကို တွေ့ရပါတယ်..။

ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေးအလှမ်းဝေးတဲ့ကျောင်းလေးတစ်ကျောင်းပါ .. စာနာထောက်ထားမှု နဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်ဆိုရင် လှူသင့်တဲ့ စာသင်တိုက်လေးတစ်ခုဖြစ်ပါတယ်... နေ့စဉ်စာသင်ကြား နေတဲ့ကလေးတွေကို ကျွေးမွေးမှုစရိတ် ၊ ပညာသင်ကြားမှုစရိတ်နဲ့ လူတန်းစေ့ဝတ်စားနိုင်ရေးအတွက် ထောက်ပံ့နေရတဲ့စရိတ်တွေက မသိသာပေမယ့် မလွယ်ကူတဲ့ စရိတ်တွေပဲဖြစ်ပါတယ်.. အလှူငွေ သိပ်မရှိတဲ့ကျောင်းဖြစ်သလို ရတဲ့အလှူငွေနဲ့လုံလောက်အောင် အသုံးပြုလုပ်ဆောင်နေရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်...။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာကတော့ အလျား ပေ (၉၀) အနံ ပေ (၃၀) ရှိတဲ့ ကျောင်းဆောင် တစ်ဆောင်ဆောက်ဖို့ ပဲဖြစ်ပါတယ်.. အနီးပတ်ဝန်းကျင်ကနေ ကျောင်းလာတက်တဲ့ကလေးတွေက ပိုပြီးတိုးလာတဲ့အခါ စာသင်ဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်... ခန့်မှန်း တန်ဖိုးငွေ သိန်း (၃၀၀) ဝန်းကျင်ဖြစ်ပြီး။ တနင်္ဂနွေလိုနေ့မျိုးတွေမှာလည်း အချိန်ပိုသင်တန်းများကို သဒ္ဒါတရားထက်သန်သော အစိုးရ စာသင်ကျောင်းမှ ဆရာမများကိုယ်တိုင် ဒါနအဖြစ် စာသင်ကြားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်လဆန်းမှာ ဒီကျောင်းလေးကို စာအုပ်တွေ သွားလှူမှာ ဖြစ်ပါတယ်။ ကလေးများအတွက် စာအုပ်စာတမ်း၊ အင်္ကျီ၊ အလှူငွေများ လူဒါန်းလိုပါက မသွားမီ လာရောက်လှူဒါန်းနိုင်ပါတယ်။ လူမှုရေး ၊ ကျန်းမာရေး နဲ့ ပညာသင်ကြားရေးအတွက် လိုအပ်တဲ့ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်.....

Myanmar-OSN ရဲ့ ပထမဆုံးသော ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ချင်တဲ့ စာနာတတ်သူတွေကို Myanmar-OSN အဖွဲ့မှ ကြိုဆိုပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့ လိပ်စာကတော့ -

Khin Myat Myat Naing
Humanitarian Project Coordinator
Inforithm-maze Company Limited, 10th floor, Lapyaewon Plaza, Dagon Township, Yangon.
Telephone :+95 1 243542, 386 459, 373629
Email : khinmyat2naing@gmail.com
Website : http://www.facebook.com/topic.php?uid=88745803980&topic=8871&ref=mf#/topic.php?uid=88745803980&topic=8871

မြန်မာပြည်မှ ဘလော့ဂ်ဖတ်လို သူများသို့ လက်ဆောင်မွန်

မြန်မာပြည်မှ အင်တာနက်ကြည့်ရသည်မှာ အလွန်စိတ်ညစ်စရာကောင်းလှပါသည်။ ဒီအခက်အခဲများကို စာရေးသူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့် ယခုလိပ်စာများဖြင့် အသုံးပြုပြီး proxy ကျော်လွှားနိုင်စေရန် တင်ပြခြင်းဖြစ်ပါသည်။ proxy ကို အသုံးပြုပါက လွယ်ကူပြီး သင်မည်သူ၊ မည်ဝါဆိုတာကို အတိအကျမသိနိုင်ပါ။

ယခင်က လိပ်စာများတင်ပေးခဲ့ပါသည်။ ကျွန်တော်က ဒီနေ့တင်ပေးလိုက်သော်လည်း နောက်နေ့ ထိုလိပ်စာများကို စစ်အုပ်စုမှ ပိတ်ပစ်လိုက်သဖြင့် ဖွင့်လို့မရနိုင်ကြောင်း မြန်မာပြည်မှ မိတ်ဆွေတစ်ဦးထံမှ သိရပါသည်။ ထိုကြောင့်မိမိဘာသာ အချိန်ပေးပြီး cgiproxy , proxy servers အစရှိသည်ဖြင့်ရိုက်ထည့်ပြီး ရှာဖွေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သိရပါသည်။

ဖတ်လို့ကောင်းတဲ့ Link လေးတွေပါ































Dr.lunswe
နစ်နေမန်း
ဖိုးတရုတ်
ငွန်ငယ်မိုး
နွေဆူးလင်္ကာ
မိုးသောက်ကြယ်
အရှင်ထာဝရ
ဒီရေ
ဒီမိုဝေယံ
ဒို့အာဇာနည်
မြတ်လေးငုံ
flyingpeacock
မောင်ထားဝယ်
လွင်ပြင်
ခမိခဆဲ






























ဒေါင်းတမာန်
ဒေါင်းမာန်ဟုန်
ခွပ်ဒေါင်းသွေး
နက်ဝေါ့မီဒီယာ
ကိုရင်နော်ခင်လေး
မဆုမွန်
ခြေလှမ်းသစ်
ရွှေနန္ဒရဲ့ခရေပန်း
Save Burma
ရဲရင့်ငယ်
လင်းဦး(စိတ်ပညာ)
မေတ္တာမီးအိမ်
kiki-idiotlove
မကြီးသဒ္ဓါ
ကောင်းကင်ကို






























မငယ်နိုင်
ကိုရန်အောင်
G-Waveအဖွဲ့
မြေသြဇာအဖွဲ့
ငဝန်နဒီ
NLD.LA.JB
မျိုးချစ်မြန်မာ
ရွှေဝါရောင်
ဖိုးရှုပ်လေး
ခေတ်သစ်ဒီမိုကရေစီ
မြေကြီး
Data carrier
ခွပ်ဒေါင်းကြယ်စင်
ကိုမင်းမော်စိုး
ကိုညိုကြီး


မြန်မာပြည်မှ စာဖတ်ရလွယ်ကူအောင် သတင်းအစုံကို ညီအစ်ကိုများ စုပေါင်းတင်ပေးထားသော
လိပ်စာလေး>>>>>>>>>>>>
Freemyanmar
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger