dailyvid


1234
x

Latest Post

Showing posts with label bcjpnof. Show all posts
Showing posts with label bcjpnof. Show all posts

ရွှေဝါရောင် ဥဒါန်း (သစ်ကောင်းအိမ်)

တုံဏှိဘာဝေ နိုင်ငံမှာ (In the quiet Land) (ဒေါ်အောင်ဆန်းစုကြည်)


ဒီ တုံဏှိဘာဝေနိုင်ငံမှာ..
ဒင်းတို့ ရောင်းဝယ် ဖောက်ကားနိုင်တဲ့
လိျု့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ
ဘယ်သူမှ ပြောမပြနိုင်ဘူး။

သတင်းတွေကို
ဒီနိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင်
ဘယ်သူမှ မပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ကြသလို
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။

ဒီ တုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို
လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ
တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ကို ခေါ်ဆောင်သွားမယ့်
စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ
ပြောမပြနိုင်ပေဘူး။

တရုတ်တွေက
လမ်းတွေကို လိုချင်တယ်....
ပြင်သစ်တွေကတော့
လောင်စာဆီကို လိုချင်တယ်..
ထိုင်းတွေက
သစ်တွေကို ယူတယ်...
နအဖ ကတော့
အမြတ်အစွန်းတွေကို ယူတယ်လေ...။

ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
လူသတ်သမားတွေကြောင့်
တေမိဇာတ် ခင်းနေရတာ...
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို
မကြားသိနိုင်ပေဘူး။

ဒါပေမဲ့
ဘယ်လိုပဲ အင်အားသုံးသုံး
လွပ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့ မရသလို
ဘယ်လိုအသံမျိုးနဲ့မှလည်း
မဖုံးလွှမ်းနိုင်ပေဘူး...။

ဒေါ်အောင်ဆန်းစုကြည်
(အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့)
(မြန်မာပြန်..ဖေသက်နီ)

အကယ်၍............(ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်)


မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ..

ဒါမှမဟုတ်
မင်းဘဝ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် ..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် ..
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် ..
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင် ..

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် ..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်..
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင် ..

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်..
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင် ..

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် ..
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင် ..

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ..

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးကကြွဘူးဆိုရင် ..

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် ..

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် ..

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် ..

ငါ့သားရေ ..
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ ..
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့ ..

Rudyard Kipling
ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ (အောင်ဆန်းစုကြည်)


သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံးလဝီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘဝတွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု.

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်

သစ္စာ(မင်းကိုနိုင်)


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့ ၏မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

ကြယ်ကြွေသတို့သား (မင်းကိုနိုင်)


သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်
(၂ဝဝ၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)

ဥဒါန်း ( ရွှေဘုန်းလူ)



ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာမှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့ အောက်က မြေက
'မေမေ' လို့  တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊

နေဝင်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး

သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

'ဟေ့ ကြိုးစင်'
ငါ ရင်ကော့ပြီး လာခဲ့မယ်။

ရွှေဘုန်းလူ

မျှော် ( ရွှေဘုန်းလူ )

မက်စရာအိပ်မက်လည်းမရှိဘူး (မင်းကိုနိုင်)



ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို
ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ်
နောက်ကျနေပြီ အသိကညှင်း
ဘိန်းစားဘိန်းပြတ်သလို
ကဗျာငတ်ခဲ့ပါတယ်
စာငတ်ခဲ့ပါတယ်
အမြတ်တနိုးနဲ့
မစားရက် မသောက်ရက်ခဲ့သမျှ
လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ
ဒဏချိုချိုဘဝတိုတို သားရည်ယို ငေးကောင်းတုန်း
ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို
ဖျောက်ပြမှာကို သိနေလည်း
ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။

ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာအိပ်မက်လည်းမရှိဘူး
အိတ်ထဲလက်နှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ် ကဗျာ)

ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )

နေပြင်းလျှင်
    နှင်းမှုန်လည်း
    စွေ့စွေ့ခုန် အိုက်လိုအိုက်
    ခိုက်ခိုက်တုန် ချမ်းလိုချမ်း
    အခန်းကျဉ်ကျဉ်း
    အလင်းမဝင် .. လေမဝင်
    နေမမြင် .. လမမြင်
    လူမမြင် .. သူမမြင်မှာ
    ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
    အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
    သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
    စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
    တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
    အဟောသိက .. သံသရာ
    ငါ့ကမ္ဘာ ပိစိကွေး
    အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
    သံတခါးဝ .. ရပ်လိုက်
    တမတ်တပ်တပ် .. တနေကုန်။

    မနေ့ ကလည်း .. တနေကုန်
    ဒီနေ့ လည်း .. တနေကုန်
    မနက်ဖြန်လည်း .. ကုန်အုံးမယ်
    ကုန် .. ကုန် .. ကုန် ..
    ကုန်ချင်သလောက်ကုန်စမ်း..
    တရက်ကုန်မလား .. တသက်ကုန်မလား
    တလကုန်မလား .. တဘဝကုန် မလား
    တနှစ်ကုန်မလား .. တခေတ်ကုန်မလား
    အားမလျှော့ဘူး .. မပျော့ဘူး
    ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
    အမှန်တရား .. တို့ဖက်မှာရှိတယ်
    ပြည်သူအများ .. တို့ဖက်မှာရှိတယ်
    ကာလယန္တား .. တို့ဖက်မှာရှိတယ်
    ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
    သိကြရဲ့လား။

    တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
    တလွန့်လွန့်နဲ့ 
    ကျားညွန့် တုံးမယ် ထင်နေသလား ..
    မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။

    မှတ်ထားဟေ့ ..
    အဝါပေါ်မှာ .. အနက်စင်း ..
    မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
    အရှင်းသား မလွဲသ၍
    အထင်းသားစွဲ သ၍
    ကျားရဲဟာ ကျားရဲ
    ငါလည်း ..
    အဲဒီလိုပဲကွ .. ဟေ။

    ဦးဝင်းတင် (ဟံသာဝတီ)
    (ထောင်တွင်းမှကဗျာ)

 

“လက်ကျန်စာမျက်နှာကိစ္စ”.....စိုးနေလင်း

အောင်လံကိုင်ဘယ်သူလဲ ....... (တင်မိုး )

ရန်သူရဲ့ သေနတ်ပြောင်းဝက
    တစက်စက်ကျတဲ့ သွေး
    ငါတို့တတွေရဲ့ သွေး
    ဘယ်တော့မှ မတိတ်တဲ့ သွေး
    အရေးတော်ပုံ သွေး။

    သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
    အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
    မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။

    အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
    ရန်သူများ
    သစ္စာဖောက်များ
    ကိုယ်ကျိုးရှာသမားများ
    သတင်းပေးများက
    မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။

    နှလုံးသားထဲက ကျောက်တိုင်
    ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
    အောင်လံကိုင်သူ အစစ်အမှန်ဟာ
    ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။

    တင်မိုး

မီးလျှံထဲက ကြာ..................... (ဟံသာဝတီ ဦးဝင်းတင်)

ရဲ - ဇွဲ - ဉာဏ် - စည်း - တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ
.
..
..
..
..
..
..
..

(ဟံသာဝတီ ဦးဝင်းတင်)
ဇွန် ၁၃၊ ၂၀၁၀


၁၉၉၉ နှစ်ကုန်ပိုင်းက အင်းစိန်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးရေးတဲ့ ကဗျာ။ ရဲ ဆိုတာ ရဲရင့်ခြင်း၊

ဇွဲ ဆိုတာ ဇွဲမြဲခြင်း၊

ဉာဏ် ဆိုတာ ဉာဏ်မြော်မြင်ကြီးခြင်း၊

စည်း ဆိုတာ စည်းကမ်းကြီးခြင်း
စည်းကမ်းသိခြင်း
စည်းကမ်းထိန်းခြင်း

တာ ဆိုတာ တာဝန်သိခြင်း
တာဝန်ယူခြင်း
တာဝန်ခံခြင်း

ညီမောင် စစ်သည်သို့...(အောင်ဝေး)

ညီမောင် စစ်သည်ရေ ...
တကယ်လို့မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် -
မင်း စိတ်ထဲမှာ
မင်း ရင်ထဲမှာ
မင်း နှလုံးသားထဲမှာ
စစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ်တော့ဘူး။

တကယ်လို့ ညီလေးဟာ မျိုးးချစ်ရဲဘော်တဦး ဖြစ်မယ်ဆိုရင် -
စစ်သားတယောက်ဟာ
ကျောင်းသားတယောက်
ဒါမှမဟုတ် သံဃာတပါး
ဒါမှမဟုတ် ပြည်သူတဦးလည်း ဖြစ်နိုင်တာပဲ။

တကယ်လို့ငါ့ညီဟာ ဒီမိုကရေစီဘက်သား စစ်သည်တော်တပါး ဖြစ်မယ်ဆိုရင် -
စစ်သားတယောက်ရဲ့ အဓိပ္ပါယ်မှာ မင်းဟာ
ကျွန်တယောက် မဟုတ်သလို
သားသတ်သမားလည်း မဟုတ်ဘူး
ထို့အတူ သစ္စာဖောက်လည်း မဟုတ်ဘူးပေါ့။

မင်း အပါအဝင်
တို့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေ
မင်း အပါအဝင်
တို့ ဒီမိုကရေစီ မြတ်နိုးသူတွေ
မင်း အပါအဝင်
တို့ ငြိမ်းချမ်းရေး ကြိုးပမ်းသူတွေ

တို့အားလုံး လက်ချင်းချိတ်ပြီး အစိုးရတရပ် -
ပြည်သူ့အတွက် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့
အဲဒီလို ပြည်သူ့အစိုးရတရပ်
တို့ တည်ဆောက်ကြရအောင်။

ကဲ ... ညီမောင် စစ်သည်အပေါင်းတို့
အချိန်မဆိုင်းဘဲ နည်းလမ်းရှာကြံပြီး
ပြည်သူတွေကို ကယ်တငကြလော့ -
ပြည်သူတွေကို ချစကြလော့ -
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြပါလော့ - ။ ။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
စစ်သားဟောင်းကြီး တဦးရဲ့ သား
၅-၁ဝ-ဝ၇

အောင်လံကိုင်ဘယ်သူလဲ ....... (တင်မိုး )

16.Sep.2010...
ရန်သူရဲ့ သေနတ်ပြောင်းဝက
    တစက်စက်ကျတဲ့ သွေး
    ငါတို့တတွေရဲ့ သွေး
    ဘယ်တော့မှ မတိတ်တဲ့ သွေး
    အရေးတော်ပုံ သွေး။

    သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
    အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
    မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။

    အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
    ရန်သူများ
    သစ္စာဖောက်များ
    ကိုယ်ကျိုးရှာသမားများ
    သတင်းပေးများက
    မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။

    နှလုံးသားထဲက ကျောက်တိုင်
    ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
    အောင်လံကိုင်သူ အစစ်အမှန်ဟာ
    ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။

    တင်မိုး

ဘေဘီနီလာသိန်းဧချင်း (အောင်ဝေး )


လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။


သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...


နို့မဝ၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။


ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။


မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...


နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။


အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...


ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ဝင်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။


သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
'စစ်အစိုးရ ကျဆုံးပါစေ'။


သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
'လူထုအစိုးရ ပေါ် ထွန်းပါစေ'။


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...


သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။


အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။


ဟိံ သစ္စံ၊ အမှန်ဖက်၍
'အစိုးရပျက်'
'အာဏာစက်'ကို
ဓမ္မစက်နှင့် 'ဖျက်'စေသတည်း။ ။


အောင်ဝေး
(၂၉-၉-ဝ၇)


(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ ...)
.

မြန်မာနိုင်ငံ အမျိုးသ္မီးများအပေါ် စစ်အစိုးရမှကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲ

အမျီုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် Japan နိုင်ငံ Humam Right Now (HRW) တို့မှတာဝန်ယူ ကျင်းပသည့် မြန်မာနိုင်ငံ မှ အမျီုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်သော ရာဇ၀တ်မှူများနှင့် ပတ်သက်သည့် ဟောပြောပွဲ နှင့် နိုင်ငံတကာပြည့်သူခုံရုံးကို Japan နိုင်ငံ Aoyama Gakuin University တွင်ပထမဦးဆုံးကျင်းပသည့် အခမ်းအနား ဓါတ်ပုံမှတ်တမ်း။

စစ်အုပ်စု၏ အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ ဂျပန်နိုင်ငံတွင် ပြည်သူ့ခုံရုံးတက်မည်

မြန်မာစစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင်ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၄င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် တိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေဖြင့် တားဆီးရန် ၂၀၁၀ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ်ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံး ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ပြည်သူများအပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ခုံရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ ပြည်သူ့ခုံရုံးဖွင့်၍ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးများအပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ခုံရုံးဖြစ်ကြောင်း BCJP သို့ ပြောကြားလာပါသည်။

အဆိုပါ ပြည်သူ့ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘတ်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘတ်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုက်ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)

မော်တော်ကား တိမ်းမှောက်မှုကြောင့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး

နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို့  အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

မောင်ဖိုးတီလုံးမှာ မော်တော်ကား တိမ်းမှောက် ချိန်တွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ရန်ကုန်မြို့တော်ဝန် စီးနင်းလာသည့် မော်တော် ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈) ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့တော်ဝန် သည် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ရှိ မင်္ဂလာဈေး မီးလာင်မှု၊ သီရိ မင်္ဂလာဈေး ရွှေ့ပြောင်း နေရာချထားမှု၊ နှစ် ခြောက်ဆယ် မြေဂရမ်များ ပြန်လည် စီစစ်ရန် အတွက် နေပြည်တော်သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်ချုပ် ဌေးဦး နှင့် တွေ့ဆုံအပြီး (လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စည်ပင် အရာရှိတစ်ဦးက ပြောသည်။

တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ
မော်တော်ကား တိမ်းမှောက်မှု ဖြစ်စဉ်တွင် ထိုတိမ်းမှောက်ရာ နေရာ၌ လက်ကိုင်ဖုန်းများ မှ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိ နေခြင်း၊ စတစ်ကာ ကပ်ထားသော မော်တော်ကား ဖြစ်၍ ရွာသားများက ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ကို မလုပ်ရဲ ဟု သိရသည်။

မြို့တော်ဝန်၏ မော်တော်ကား ရန်ကုန်မြို့ထဲ ၀င်လာ ချိန် တွင် ရန်ကုန်မြို့၌ မိုးသည်းထန် စွာရွာသွန်းနေချိန် ဖြစ်သည်။ ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်း ဈေး မီးလောင်မှုတွင် ၎င်းကိုယ်တိုင် မီးရှို့ခိုင်းသည် ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ ဈေးသားများက ငြိုငြင်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သီရိမင်္ဂလာဈေး ပြောင်းရွှေ့မှု တွင် စည်ပင်ရဲနှင့် ဈေးသူ ဈေးသားတို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင်တို့တွေ အသေဆိုး နဲ့ သေပါစေဟု ဆုတောင်း ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင် ရန်ကုန်မြို့၌ သဂြိုလ်မည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

ကလေးစစ်သား စုဆောင်းမှု့တွေကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်စာ ၀ါးရုံကုန်းကျေး၇ွာအုပ်စု စံဖဲ၇ွာမှအသက် ၁၅ နှစ်အရွယ်မောင်တင်မင်းနိုင်ဆိုသူအား မေလ ၁၆ ရက်နေ့က ခမရ (၅၈၆)မှတပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရပြီး ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ခံခဲ့ရကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ မောင်တင်မင်းနိုင်နှင့်တချားလူငယ်တစ်ဦးတို့ ကြွက်ထိုးနေစဉ် အဆိုပါအနီးနားမှာရှိသော (ဒေသအခေါ်)သံလမ်းကင်း (မီးရထားလမ်းဘေးတွင်ရှိသောအစောင့်တဲ) မှတာဝန်ကျ နအဖ စစ်သားသုံးယောက်က (ဟေ့ကောင်တွေလာအုံးဟု) လှမ်းခေါ်ပြီး မောင်တင်မင်းနိုင်နှင့်သူ၏အဖော်အား မင်းတို့စစ်ထဲဝင်မလား မဝင်ရင်မင်းတို့ပြန်လို့မရတော့ဘူး ဆိုပြီးခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ဆိုသူထွက်ပြေးစဉ် တာဝန်ကျသုံးဦးအနက်မှ တပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ပြီး အသက်ရှင်နေသေးသော မောင်တင်မင်းနိုင်အား ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ပြီး ကျန် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ကြောင်းသိရပါသည်။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger