dailyvid


1234
x

Latest Post

Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

မော်တော်ကား တိမ်းမှောက်မှုကြောင့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး

နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို့  အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

မောင်ဖိုးတီလုံးမှာ မော်တော်ကား တိမ်းမှောက် ချိန်တွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ရန်ကုန်မြို့တော်ဝန် စီးနင်းလာသည့် မော်တော် ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈) ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့တော်ဝန် သည် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ရှိ မင်္ဂလာဈေး မီးလာင်မှု၊ သီရိ မင်္ဂလာဈေး ရွှေ့ပြောင်း နေရာချထားမှု၊ နှစ် ခြောက်ဆယ် မြေဂရမ်များ ပြန်လည် စီစစ်ရန် အတွက် နေပြည်တော်သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်ချုပ် ဌေးဦး နှင့် တွေ့ဆုံအပြီး (လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စည်ပင် အရာရှိတစ်ဦးက ပြောသည်။

တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ
မော်တော်ကား တိမ်းမှောက်မှု ဖြစ်စဉ်တွင် ထိုတိမ်းမှောက်ရာ နေရာ၌ လက်ကိုင်ဖုန်းများ မှ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိ နေခြင်း၊ စတစ်ကာ ကပ်ထားသော မော်တော်ကား ဖြစ်၍ ရွာသားများက ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ကို မလုပ်ရဲ ဟု သိရသည်။

မြို့တော်ဝန်၏ မော်တော်ကား ရန်ကုန်မြို့ထဲ ၀င်လာ ချိန် တွင် ရန်ကုန်မြို့၌ မိုးသည်းထန် စွာရွာသွန်းနေချိန် ဖြစ်သည်။ ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်း ဈေး မီးလောင်မှုတွင် ၎င်းကိုယ်တိုင် မီးရှို့ခိုင်းသည် ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ ဈေးသားများက ငြိုငြင်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သီရိမင်္ဂလာဈေး ပြောင်းရွှေ့မှု တွင် စည်ပင်ရဲနှင့် ဈေးသူ ဈေးသားတို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင်တို့တွေ အသေဆိုး နဲ့ သေပါစေဟု ဆုတောင်း ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင် ရန်ကုန်မြို့၌ သဂြိုလ်မည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို

တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတု မာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉ နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင် ထွက်ခွာပါသည်။ ပထမဦးဆုံး မိသာစုမှ ဂါရ၀ ပြုပြီးနောက် ကြွရောက် လာတဲ့ သံတမန်များ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များ ဧည့်ပရိတ်သတ်များ မှ ဂါရ၀ပြုပါတယ် ထို့နောက် အခမ်းအနား အစီအစဉ်ဖြင့် ကျင်းပ ရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံး ဂါရ၀ါပြုခြင်း အစီအစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ် စည်းမှာ အဖွဲ့ချုပ် အဖွဲ့ဝင်များမှ နောက်ဆုံး အကြိမ် ဂါရ၀ပြုခြင်း အစီအစဉ် ၃ အရ သံဝေဂ ကထာ ဖတ်ခြင်း(ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင် စိုးမြင့်၏ အထ္ထုပ္ပတ္တိနှင့် လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ်ကြားခြင်း(တာမွေ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သည့် အတွက် တို့ဗမာ သီချင်းကို ကြွရောက် လာသူများက သံပြိုင် သီဆို၍ အခမ်းအနား ပြီးဆုံးပါသည် (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။


ထို့နောက် ကြေးစည် သခင် စိုးမြင့်၏ ဓာတ်ပုံ လွမ်းသူ ပန်းခြင်း ပန်းခွေများကို သားသမီး မြေးမြစ်များ နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင် စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍ မီးသဂြိုလ် စက်သို့ ပို့ဆောင် သဂြိုလ် ပါသည်။ သခင် စိုးမြင့် ၏ ဈာပန သို့ မိသားစုဝင်များ နိုင်ငံခြား သံတမန်မျာ (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ) ၀ါရင့် နိုင်ငံရေး သမားများ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ဦးဝင်းတင် ဦးဉာဏ်ဝင်း အပါအ၀င် အဖွဲ့ချုပ် အဖွဲ့ဝင်များ ဆွေမျိုး မိတ်သင်္ဂဟ များ မှ လိုက်ပါ ပို့ဆောင် ကြပါသည်။ ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးပါသည်။

အင်းလေး ကန် ရေခမ်းခြင်း နောက်ဆက်တွဲ မှတ်တမ်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
အင်းလေး ကန် ရေခမ်းခြင်း နောက်ဆက်တွဲ မှတ်တမ်း ဓါတ်ပုံများ

မြန်မာပြည်သူလူထု ရဲ့ THE HERO ခေါ် လွတ်လပ်ရေး ဖခင်

နည်းနည်းတော့ သည်းခံပြီး စက္ကန့် ၁၀၀ လောက် စောင့်ပေးပါ.. ပြီးလျှင်တော့ အရမ်းကို အံ့သြဖွယ်ရာ မြင်ကွင်းကို သင်တွေ့ရှိပါလိမ့်မယ်..

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းရမည် ဖြစ်ကြောင်း BLC ထုတ်ပြန်




ပေးပို့ပေးသော ကျွန်တော်တို့၏ သတင်းထောက် (001) အားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger