dailyvid


1234
x

Latest Post

Showing posts with label bcjpnoj. Show all posts
Showing posts with label bcjpnoj. Show all posts

ကျန်းမာရေးကောင်းအောင် ဇနီးမောင်နှံ အတူတူနေပါ


23 sep 2010...မြန်မာသတင်း ရပ်ဝန်း...

လိင်ဆက်ဆံမှုဟာ သင်ရဲ့စိတ်ခံစားမှုကို ကောင်းစေတာကိုတော့ သင်သိပြီးသားပါ။ ဒါပေမဲ့ Sex ဟာ သင်နဲ့ သင့်အမျိုးသား ကျန်းမာရေး အတွက် နည်းပေါင်းများစွာနဲ့ ကောင်းမွန်စေတာကိုတော့ သင်သိသေးမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ခန္ဓာကိုယ်မှ ဟော်မုန်းတွေ ထွက်လာတာကြောင့် နာကျင်မှု သက်သာကာ ကင်ဆာ ဖြစ်နိုင်ခြေ နည်းတာ၊ ခုခံအားစနစ် ကောင်းမွန်တာနဲ့ မီးယပ်သွေးဆုံး ဝေဒနာပါ သက်သာနိုင်ကြောင်း သိရပါတယ်။

(၁) နာတာရှည် နာကျင်မှုကို လျော့ကျစေပါတယ်
သင်ခေါင်းကိုက်နေစဉ်မှာ လိင်ဆက်ဆံမှု ပြုလုပ်ပါ။ သင်ရဲ့ ယောနိနံရံနဲ့ အစေ့ကို နှိုးဆွပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွင်း Endorphins၊ ကော်တီကို စတီးရွိုက်နဲ့ အကိုက်အခဲ သက်သာတဲ့ ပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒါကြောင့် လိင်ကိစ္စ အထွတ်အထိပ် ရောက်နေစဉ်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိမှု နှစ်ဆပိုများသွားတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။

(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်
လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။

(၃) သင့်နှလုံး ကျန်းမာစေပါတယ်
လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။

(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။

(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။

လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။

(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။

ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။

(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

လိင်ဆက်ဆံလို စိတ်ပေါ်လာအောင် နှိုးဆွပေးတာကြောင့် မိန်းမကိုယ်အတွင်း သွေးတွေ ရောက်ရှိလာကာ အာဟာရနဲ့ အောက်ဆီဂျင်တွေ ရရှိစေလို့ပါ။ ခန္ဓာကိုယ်ရဲ့ အဲဒီ အစိတ်အပိုင်းကို အသုံးပြုတာကြောင့် အသက်ကြီးလာရင် အဲဒီတစ်သျှူးသိမ်သွားတာနဲ့ ကျုံ့နိုင်အားလျော့သွားတာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

Banana Diets ငှက်ပျောသီး-အာဟာရ


“Blog တခုထဲက Japan မှာ breakfast ကို banana + Pure water နေ့ တိုင်းစားရင် ၆ လ မှာ ၁၃ ကီလို ကျတယ်လို့  ဖတ်ရပါတယ်။ ဘယ်လို မြင်ပါသလဲ၊ ဖြစ်နိုင်ပါသလား ဆရာ။ အရမ်း လွယ်နေလို့ ပါ။”

ဒါက (ဘလော့ခ်) မိတ်ဆွေကနေ “ရှယ်” လိုက်တာ။ သူပြောလာတာ ဆရာပြန်လုပ်ဘို့ ရှာတော့ မနက်စာကို ငှက်ပျောသီး စားနိုင်သလောက် ပြောတာ တွေ့ရသလို တလုံးထဲ စားပါလည်း ဖတ်ရတယ်။ ပြီးရင် အခန်း အပူချိန်သာရှိတဲ့ ရိုးရိုးရေ သောက်ပါတဲ့။ နေ့လည်စာ နဲ့ ညစာ ကြိုက်တာ သုံးဆောင်ပါတဲ့။ ညနေ ၃ နာရီ အဆာပြေလည်း သဘောဘဲတဲ့။ အဲ့ အချိုတည်းတာတော့ မဟဲနဲ့တဲ့။ ပြီးရင် သန်းခေါင် မတိုင်ခင် အိပ်ပါတဲ့။ ဟုတ်ပ လွယ်လိုက်၊ ရှင်းလိုက်တာ။

ရေးထားတာထဲမှာ ဇီဝဖြစ်စဉ် Metabolism ကောင်းစေတယ် ဆိုတာလည်း ပါသေးတယ်။ ဂျပန် ဆေးပညာ-ပါမောက္ခ ကနေ ထုတ်တဲ့ မေးခွန်းကိုတော့ ဂျပန်တွေက မသိချင်ရောင် ဆောင်ကြဆိုဘဲ။ ကိန်းဂဏန်းနဲ့ တိုးတက်လာတာကတော့ တိုင်ဝမ် နဲ့ ဖိလစ်ပိုင်ကလာတဲ့ ငှက်ပျောသီး (အင်ပို့တ်) ဖြစ်တယ်။ အရောင်းက ၈၀% တက်သွားစေလို့တဲ့။

သတင်းထောက် Mary-Liz Shaw ကရေးတော့ ငှက်ပျောသီး-အာဟာရကို ၁၉၇၀ ကတည်းကလို့ သိရတယ်။ တစ္ဆေ၀တ္ထု ရေးတဲ့ စာရေးဆရာ (ကလစ်ဖို့-သာလော) ကနေ ၁၉၉၅ မှာ The Amazingly Simple Banana Diet စာအုပ် ရေးတယ်။ ၂၀၀၈ အောက်တိုဘာ လလယ်ထုတ် (တိုင်းမ်) မှာလဲ Japan Goes Bananas for a New Diet လို့ ပါခဲ့တယ်။ သုံးထားတဲ့ အင်္ဂလိပ် စကားစုက Go crazy နဲ့ အတူတူမို့ ဗမာလိုဆို “အရူးထကြတယ်” လို့ ပြောတာပါ။

မီဒီယာ ဆိုတာက ဘယ်သူ အရူးထထ ရေးစရာ ရတာကိုး။ အကိုးအကားလည်း ပါသေးတာ။ ငှက်ပျောသီးမှာ ကဇီဓါတ် ကနေ အဆီဓါတ် ပြောင်းပေမဲ့ဟာကို တားနိုင်တဲ့ Resistant starch ပါသတဲ့။ ဒါ့ကြောင့် အပိုဆောင်းထားတဲ့ အဆီတွေကို ထုတ်သုံးလိမ့်မယ်ပေါ့။

ရေးတဲ့သူ ရှိတော့ မေးတဲ့-ဖြေတဲ့သူတွေလည်း ပေါ်လာတယ်။
Will the Morning Banana Diet make you thin? ငှက်ပျောသီးနဲ့ (ဘရိတ်ဖတ်) ရင် (၀ိတ်) ကျမယ်ဆိုတာ ဟုတ်ပါလား။
Maybe… ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ သုတေသနတွေတော့ တလှေကြီး လိုအုံးမယ်။
Is the Morning Banana Diet hazardous? အဲဒါက အန္ကရာယ်ကင်းရဲ့လား။
Probably not ကင်းလောက်တယ် ထင်တာဘဲ။
Are you going to try it? ဒါဆို ခင်ဗျားက စမ်းတော့မယ်ပေါ့။
Sorry ဟင့်အင်း။

သိပ္ပံနည်းကျကျ ရေးပြတာတွေလည်း ဖတ်ပါအုံး။ ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety hormones က စားချင်နေတယ်-စားလို့ဝပြီ ဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁၀% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ အခု (ယူအက်စ်-အိုးပင်း-တင်းနစ်) ဖိုင်နယ်နေ့ ရောက်ပြီ။ တင်းနစ် ကစားသူတွေ ငှက်ပျေားသီး တကိုက်စား၊ နားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ ပြောရရင် တင်းနစ် ကစားရင် ငှက်ပျောသီးစားတဲ့နေ့ Hypoglycemia ရလို့ သကြားဓါတ် နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊ အခါခါ အဲလိုသာဖြစ်တယ်။

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရ-ဥပဒေသ Food Rules အရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမကဖြစ်ဖြစ် တခြား အသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃၀ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာ မပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ၀ိုင်-ဘီယာ ဘာမှ မသောက်ပါနဲ့။

Other Rules ထပ်ဆောင်းဥပဒေ၊ ညကိုတော့ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင် လိုတဲ့ ၄ နာရီထက် ပိုရင် ပြန်ဆာလာမှာ စိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နဲနဲ လမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှ ဒါလို့ ပြောပြီး တခုထဲ အပေါ်သာ ဦးစေားပေးတဲ့ (ပေါ်ပြူလာ) ၀ိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာ ပါတယ်။ ပိုတက်ဆီယမ် ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန် ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးက ဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ Pizza တို့ Fries တို့ ကြိုက်တာ စားမဲ့သူတွေအတွက်က Disaster ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင် ကျသွားလို့ ဂျပန်မှာ နာမည်ကြီးသွားရတာ ဖြစ်နိုင်ပါတယ်။ ဂျပန်မလေးတွေ လိုက် အတုခိုးကြတယ်။ ခေတ်မီပြီး Trendy ဖြစ်တာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကို ရေးပေးတဲ့ Mixi (ဆိုရှယ်-နက်တ်ဝပ်ခ်) ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ဆရာတို့ခေတ်က Trend တွေ အတော် အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ

နေ့စဉ်ကြုံတွေ့နေရသည့် ဝေဒနာများအတွက် အလွယ်တကူ ကုသနည်းများ


ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။
- နှိပ်နယ်နည်း
သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။
- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန်သက်သာသွား နိုင်ပါတယ်။

(  မြန်မာသတင်း ရပ်ဝန်း )

ရင်သားတွင် အဖုအကျိတ်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍

18 Sep 2010 (မြန်မာသတင်းရပ်ဝန်း)...

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့
ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့်
တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို
အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။ ဒါပေမဲ့
ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ
ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။
ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။

အကြောင်းအရင်းများ
ရင်သားမှာ အဖုအကျိတ်ဖြစ်တာဟာ အဲဒီနေရာမှာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် ကလေးကိုနို့တိုက်ကျွေးနေတဲ့ မိခင်တွေမှာ နို့သီးခေါင်းဝန်းကျင်က အရေပြားမှာ ဒဏ်ရာရတဲ့အခါ ရောဂါပိုးဝင်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ နို့တိုက် မိခင်တွေမှာ နို့ပြွန်ပိတ်ဆို့ခြင်းကြောင့်လည်း ရင်သားအတွင်းမှာ အဖုသေးလေး တစ်ခု ဖြစ်လာနိုင်ပါတယ်။

ရင်သားထဲမှာ ရှိတဲ့ ကင်ဆာ မဟုတ်တဲ့ဆဲလ်တွေရဲ့ ကြီးထွားမှုကြောင့်လည်း အဖု အကျိတ်တွေ ဖြစ်နိုင်ပါတယ်။ ဒီကင်ဆာ မဟုတ်တဲ့ အဖုအကျိတ်တွေကို Fibroadenoma လို့ခေါ်ပြီး အများအားဖြင့် မာပြီး အစိုင်အခဲ ဖြစ်နေကာ မနာတတ်ပါဘူး။ အသက် ၃၅ နှစ်ဝန်းကျင် အရွယ်အမျိုးသမီးတွေမှာ အဖြစ်များပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။

ရင်သားအတွင်းမှာ ဖြစ်တတ်တဲ့ အရည်အိတ်တွေကတော့ ပျော့ပျောင်းပြီး လုံးဝိုင်း နေတတ်ပါတယ်။ ထိတွေ့တဲ့အခါ အရည်အိတ် ကိုယ်တိုင်ကို ရွှေ့ကြည့်လို့ ရပါတယ်။ အများအားဖြင့် ဒီလိုအရည်အိတ်တွေ ကတော့ ရာသီမလာခင် အချိန်ကလေးမှာ ပိုမို ထင်ရှားလာပြီး ရာသီလာပြီးရင် လျော့သွားတတ်ပါတယ်။

ရင်သားမှာ အရည်အိတ်တစ်ခုထက် ပိုပြီးတော့လည်း ရှိနိုင်ပါတယ်။ ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ် အတွင်းရှိ အမျိုးသမီးတွေမှာ ဒီလိုအရည်အိတ် ဖြစ်တတ်ပြီး အနည်းငယ် ကတော့ ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ ရင်သားမှာ အဖုအကျိတ် ဖြစ်ရတဲ့ အကြောင်း အရင်းကို တိတိကျကျမသိပေမယ့် မဟော်မုန်း အီထရိုဂျင်က အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်တယ်လို့ ယုံကြည်ကြပါတယ်။

ကင်ဆာရောဂါကို စစ်ဆေးရန်
နို့တိုက်မိခင် မဟုတ်ဘဲ နို့သီးခေါင်းမှာ အရည်ဆင်းခြင်းနဲ့ နို့သီးခေါင်းဝန်းကျင်မှာ ရောင်ရမ်းမှုတွေနဲ့ အတူ ရင်သားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးရဲ့ ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေမှာ ပြောင်းလဲမှု တွေ့ရင်တော့ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။ တချို့ အဖုအကျိတ်တွေက အလွန်သေးငယ်တဲ့ အတွက် အပြင်ကနေ လက်နဲ့စမ်းရုံနဲ့ မသိတာမျိုးရှိနိုင်ပါတယ်။

ဒါကြောင့် သင့်ရင်သားကို ပုံမှန်ဆေးစစ်မှု လုပ်တာက အကောင်းဆုံးပါပဲ။ ရင်သားက အဖုအကျိတ်ကို ဘိုင်အော်စီ (Biopsy)၊ ရင်သားဓာတ်မှန် (Mammogram)၊ အာလ်ထရာဆောင်း ဒါမှမဟုတ် MRI စမ်းသပ်မှုတွေ လုပ်မှသာ ကင်ဆာဟုတ်၊ မဟုတ် သိနိုင်မှာပါ။

ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို အမြဲစစ်ဆေးနေသင့်ပါတယ်။

ကာကွယ်မှု
ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။

သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း အရေးကြီးပါတယ်။ အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။ Evening Primrose Oil ကတော့ ရင်သား အရည်အိတ် ဖြစ်တာကို သဘာဝနည်းလမ်းနဲ့ ကာကွယ် ကုသနိုင်တယ်လို့ ယုံကြည် ကြပါတယ်။

Hepatitis B ဘီပိုးအကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်

19 Sep 2010,,,,,,ကမ္ဘာပေါ်မှာ လူပေါင်း ၃၇၀ သန်း ရောဂါဖြစ်နေပြီး၊ နှစ်တိုင်း လူ ၁ သန်း သေဆုံးနေရတဲ့၊ အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်

၁။ ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
၂။ ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
၃။ HBV က HIV ထက် ၁၀ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
၎။ HIV ထက် HPV က အဆ ၁၀၀ ပိုပြီး ကူစက်နိုင်တယ်။
၅။ သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
၆။ Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈၀ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
၇။ HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃၀ မှာဖြစ်နေတယ်။
၈။ Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
၉။ သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမ၀င် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
၁၀။ Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။


ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။
ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့





ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း
-ကျောအောင့်ခြင်း-အပြင်းဖျားခြင်း
-ချမ်းတုန်ခြင်း

-ပျို့အန်ခြင်း

- မူးဝေခြင်း
ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း
-ဆီးစပ်နေရာတွင် နာကျင်ခြင်း
-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း
-အဖျားသွေးငွေ့ငွေ့ရှိခြင်း


ဆီးလမ်းကြောင်း ယောင်ခြင်း
-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။
ဖြစ်ပွားရသော အကြောင်းများဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်ထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။
ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ
၁။ အမျိုးသမီးများအမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများလိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။
သန္ဓေတားခြင်းအမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ
သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း

ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။


၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ
ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။



၇။ ဆီးပိုက်များဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။


နောက်ဆက်တွဲဆိုးကျိုးများဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။
ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။
ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း
မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ
အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။


အိမ်တွင်းဆေး
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့
၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။
၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။
သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့
၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။

၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။
၃။ ရေအိမ်အမြန်သွားပေးပါ။
သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။

၎။ အမျိုးသမီးသုံးပစ္စည်းအချို့
အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။


ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

မူရင်း1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.
2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.



မွန်းသက်ပန် (ဆေး ၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း


မျက်စိစွန်ခြင်း

bloom: ဆရာခင်ဗျာ မျက်စိစွန်တာ ဘာကြောင့်ဘာလည်း မဖြစ်အောင် ဘယ်လိုနေထိုင်ရမလည်း၊ ဖြစ်ရင်လည်း၊ ဘယ်လိုကုသမှု ခံယူရမလည်း၊ ဖြေကြားပေးပါခင်ဗျာ။

မျက်စိစွန်တာကို ဆေးစာနဲ့ External stye or Hordeolum လို့ခေါ်တယ်။ ချွေးထွက် (ဂလင်း) တွေမှာ ပိုးဝင်တာပါ။ အတွင်းစွန်တာလဲ ရှိသေးတယ်။ Chalazia ခေါ်တယ်။ မျက်စိစွန်တာ ရက်မကြာပါ။ အပြင်စွန်တာက ဆေးမကုတာတောင် ၇-၁၀ ရက်သာ ကြာတယ်။ အတွင်းစွန်က ကြာတယ်။

Staphylococcus ဗက်တီးရီးယား ကြောင့်ဖြစ်ရတာပါ။ မျက်တောင်မွှေး အခြေမှာ အဆီထွက်ပေါက် ပိတ်နေလို့လဲ အဲလိုဘဲ ဖြစ်တယ်။ အအိပ်ပျက်၊ အစားပျက်ကနေလဲ ဖြစ်ဘို့ များစေတတ်တယ်။ သန့်ရှင်းရေး လိုတာကြောင့်လဲ ဖြစ်မယ်။ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ လဲသုံးတာကနေ ကူးတယ်။

ဖြစ်မဲ့နေရာမှာ နီရဲရဲအဖုလေး၊ အလယ်မှာ ခပ်ဝါ၀ါလေး ဖြစ်လာမယ်။ မျက်ခွံလဲ ရောင်နေမယ်။ နာမယ်။ ပူမယ်။ မျက်ခမ်း အနားမှာ အက်နေမယ်။ မျက်လုံး ကောင်းကောင်း ဖွင့်မရဘူး။ ကြည်လို့လဲ မကြည်ဘူး။ မျက်ဝတ်-မျက်ရည် ယိုမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ မျက်စိထဲ တခုခုဝင်နေသလို ခံစားရမယ်။

Erythromycin ပဋိဇီဝမျက်စဉ်း နဲ့ ပဋိဇီဝစားဆေး Chloramphenicol, Amoxacillin တွေ ပေးကုရပါတယ်။ Chloramphenicol မျက်စဉ်းကို တချို့နိုင်ငံတွေမျာဘဲ သုံးတယ်။ ပြည်ရှိနေတာမို့ မဖေါက်ရင် ပေါက်ထွက်တယ်။ ပြည်ကို သေသေ ခြာခြာ ရှင်းပေးရမယ်။ အပူကပ်ပေးရင် သက်သာတယ်။ အနာသက်သာတဲ့ဆေး ပေးအုံးမယ်။ မိတ်ကပ်၊ (အိုင်း-လိုင်နာ) မသုံးသေးပါနဲ့။ ရောဂါပိုးက ဘေးပြန့်သွားရင် ပိုပြင်းတဲ့ဆေးတွေ ပေးရမယ်။ ရှားရှားပါးပါး အတွင်းစွန်တာကနေ အနာရွတ်ဒဏ်ဖြစ်စေနိုင်တယ်။

လက်ဆေးတာနဲ့ မကူးအောင်ကာကွယ်နိုင်တယ်။ 


အပျိုတကယ်စစ်ပါတယ်

 16.Sep.2010
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၄)
ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။

ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola အရောင်ရင့်အ၀ိုင်း နဲ့ Nipple ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

ခန္ခာဗေဒက In the virgin the areola is of a delicate rosy hue လို့ ဆိုပါတယ်။ ဘာသာပြန်ရင် အပျိုဘ၀မှာ နို့အလည်ဝိုင်း Areola ဟာ နှင်းဆီသွေး အရောင်ရှိတယ်။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန်ရှိတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘ၀မှာ ပဌမဆုံး အကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမယ်။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇ၀တ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အ၀ိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ အခု ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

“နို့” ဟာ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက နို့ရည်ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ ယေဘုယျ ပြောရင် ငယ်တုံးက သေးတယ်။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ထိပ်မှာ ပြွန်ပေါက်လေးတွေ ၁၅-၂၀ ရှိတယ်။ နို့သီးအခြေမှာ အရောင်အရင့် အ၀ိုင်း Areola ဆိုတာ ရှိတယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။

Nipple နို့သီးဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁၀ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွရင် သန်မာမှု ဖြစ်စေတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီးထာတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်မှာ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

Areola (အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအ၀ိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တီဗွီ တင်ဆက်သူ Lily Allen အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ ခပ်ချောင်ချောင်သာ ၀တ်ပါတဲ့။

ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘ၀နဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့ သူကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေလုပ်သူက အော်သံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် သွေးစွန်းတဲ့ အိပ်ရာခင်း လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုးထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အ၀ိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။

ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။ 


Dr.တင့်ဆွေ

မြန်မာနိုင်ငံ အမျိုးသ္မီးများအပေါ် စစ်အစိုးရမှကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲ

အမျီုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် Japan နိုင်ငံ Humam Right Now (HRW) တို့မှတာဝန်ယူ ကျင်းပသည့် မြန်မာနိုင်ငံ မှ အမျီုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်သော ရာဇ၀တ်မှူများနှင့် ပတ်သက်သည့် ဟောပြောပွဲ နှင့် နိုင်ငံတကာပြည့်သူခုံရုံးကို Japan နိုင်ငံ Aoyama Gakuin University တွင်ပထမဦးဆုံးကျင်းပသည့် အခမ်းအနား ဓါတ်ပုံမှတ်တမ်း။

စစ်အုပ်စု၏ အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ ဂျပန်နိုင်ငံတွင် ပြည်သူ့ခုံရုံးတက်မည်

မြန်မာစစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင်ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၄င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် တိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေဖြင့် တားဆီးရန် ၂၀၁၀ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ်ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံး ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ပြည်သူများအပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ခုံရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ ပြည်သူ့ခုံရုံးဖွင့်၍ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးများအပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ခုံရုံးဖြစ်ကြောင်း BCJP သို့ ပြောကြားလာပါသည်။

အဆိုပါ ပြည်သူ့ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘတ်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘတ်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုက်ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)

မော်တော်ကား တိမ်းမှောက်မှုကြောင့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး

နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို့  အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

မောင်ဖိုးတီလုံးမှာ မော်တော်ကား တိမ်းမှောက် ချိန်တွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ရန်ကုန်မြို့တော်ဝန် စီးနင်းလာသည့် မော်တော် ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈) ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့တော်ဝန် သည် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ရှိ မင်္ဂလာဈေး မီးလာင်မှု၊ သီရိ မင်္ဂလာဈေး ရွှေ့ပြောင်း နေရာချထားမှု၊ နှစ် ခြောက်ဆယ် မြေဂရမ်များ ပြန်လည် စီစစ်ရန် အတွက် နေပြည်တော်သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်ချုပ် ဌေးဦး နှင့် တွေ့ဆုံအပြီး (လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စည်ပင် အရာရှိတစ်ဦးက ပြောသည်။

တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ
မော်တော်ကား တိမ်းမှောက်မှု ဖြစ်စဉ်တွင် ထိုတိမ်းမှောက်ရာ နေရာ၌ လက်ကိုင်ဖုန်းများ မှ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိ နေခြင်း၊ စတစ်ကာ ကပ်ထားသော မော်တော်ကား ဖြစ်၍ ရွာသားများက ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ကို မလုပ်ရဲ ဟု သိရသည်။

မြို့တော်ဝန်၏ မော်တော်ကား ရန်ကုန်မြို့ထဲ ၀င်လာ ချိန် တွင် ရန်ကုန်မြို့၌ မိုးသည်းထန် စွာရွာသွန်းနေချိန် ဖြစ်သည်။ ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်း ဈေး မီးလောင်မှုတွင် ၎င်းကိုယ်တိုင် မီးရှို့ခိုင်းသည် ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ ဈေးသားများက ငြိုငြင်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သီရိမင်္ဂလာဈေး ပြောင်းရွှေ့မှု တွင် စည်ပင်ရဲနှင့် ဈေးသူ ဈေးသားတို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင်တို့တွေ အသေဆိုး နဲ့ သေပါစေဟု ဆုတောင်း ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင် ရန်ကုန်မြို့၌ သဂြိုလ်မည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

ကလေးစစ်သား စုဆောင်းမှု့တွေကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်စာ ၀ါးရုံကုန်းကျေး၇ွာအုပ်စု စံဖဲ၇ွာမှအသက် ၁၅ နှစ်အရွယ်မောင်တင်မင်းနိုင်ဆိုသူအား မေလ ၁၆ ရက်နေ့က ခမရ (၅၈၆)မှတပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရပြီး ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ခံခဲ့ရကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ မောင်တင်မင်းနိုင်နှင့်တချားလူငယ်တစ်ဦးတို့ ကြွက်ထိုးနေစဉ် အဆိုပါအနီးနားမှာရှိသော (ဒေသအခေါ်)သံလမ်းကင်း (မီးရထားလမ်းဘေးတွင်ရှိသောအစောင့်တဲ) မှတာဝန်ကျ နအဖ စစ်သားသုံးယောက်က (ဟေ့ကောင်တွေလာအုံးဟု) လှမ်းခေါ်ပြီး မောင်တင်မင်းနိုင်နှင့်သူ၏အဖော်အား မင်းတို့စစ်ထဲဝင်မလား မဝင်ရင်မင်းတို့ပြန်လို့မရတော့ဘူး ဆိုပြီးခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ဆိုသူထွက်ပြေးစဉ် တာဝန်ကျသုံးဦးအနက်မှ တပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ပြီး အသက်ရှင်နေသေးသော မောင်တင်မင်းနိုင်အား ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ပြီး ကျန် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ကြောင်းသိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

gordon_brown

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း

လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။
ဧရာဝတီ သတင်းဌာန

နအဖ စစ်သံရုံးရှေ့ တွင်ကျင်းပပြုလုပ်သည့် ဂလိုဘယ်အက်ရှင်နေ့ အခမ်းအနား ( ကိုရီးယား )


လေးစားစွာဖြင့်
flyingpeacock

ကဗျာဆရာ ကိုစောဝေ အကျဉ်းထောင်မှ လွတ်မြောက်

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား ကဗျာ ဖြင့် သရော်ခဲ့သည့် ကဗျာဆရာ စောဝေ သည် ယနေ့ မနက် အစောပိုင်း က ရမည်းသင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ကိုစောဝေ ၏ ဇနီးဖြစ်သူ မနန်းစန်းစန်းအေး က ပြောသည်။ သူညနေ လောက် အိမ်ကို ပြန်ရောက် လာလိမ့်မယ်။ အခုတော့ လွတ်တာ သေချာ သွားပြီ။ သူနဲ့ တယ်လီဖုန်းပြောပြီး ပြီ ဟု ပြောသည်။
ကဗျာဆရာ စောဝေ သည် HIV နှင့် နေထိုင်သည့် ကလေးငယ်များ အတွက် ရံပုံငွေ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည့် အဖြူရောင် သက်တံ့ ကဗျာ ရွတ်ဆိုပွဲ များ ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထုတ် အချစ်ဂျာနယ် တွင် ချစ်သူများ နေ့ နှင့် ပတ်သက်ပြီး သူရေးသည့် အချစ်ကဗျာ တပုဒ် မှာ မြန်မာ စစ်အာဏာရှင် ဗိုလ်ချူပ်မှုး ကြီး သန်းရွှေ အား သွယ်ဝိုက်ပြီး ထိခိုက် သည် ဟု စာဖတ်ပရိတ် သတ် က အထင်ရှိသောကြောင့် လွန်ခဲ့သည့် နှစ်နှစ် ခန့် က ထောင်ဒဏ် နှစ် နှစ် အပြစ် ပေးခံခဲ့ရသည်။

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ရေး အတွက် ပါဝင် လှုပ်ရှားသည့် ကဗျာဆရာ၊စာရေးဆရာ များ ကို စစ်အစိုးရ က အကြောင်း အမျိုးဖြင့် ဖမ်းဆီးထောင်ချ ချသည်။ ဧပြီ လ ၁၅ ရက်နေ့ က ကန်တော်ကြီး ဗုံးကွဲမှု တွင် ဓာတ်ပုံ
မှတ်တမ်း ရိုက်ကူး သော စာရေးဆရာ လင်းယုန်မောင်မောင် ၏ သား နှင့် မြေးဖြစ်သူ အား စစ်အစိုးရ မှအကြောင်းမဲ့ ဖမ်းဆီးထားသည်။
သတင်း - Freedom News Group

photayokeking.org ၀က်ဘ်ဆိုဒ် ပြန်လည် တိုက်ခိုက်ခံရ

စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်အား မေလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် ညပိုင်း အချိန်ကစပြီး မြန်မာပြည်တွင်း အပါအ၀င် နိုင်ငံတကာနေရာ အနှံ့အပြားရှိ ဒေသအသီးသီးမှ ဖွင့်ကြည့်လို့ မရ ဖြစ်ခဲ့ပါတယ်။ ၀က်ဘ်ဆိုဒ်အား ပြန်လည် စစ်ဆေးကြည့်ရှုတဲ့အခါ the domain name photayokeking.org is being attacked on the DNS level to our name servers လို့ Server Company က ပြန်လည် ပြောကြား ခဲ့ပါတယ်။ ၀က်ဘ်ဆိုဒ်အား ဖွင့်ကြည့်တဲ့အခါ Server Not Found ပေါ်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။



ORG Domain ၀က်ဘ်ဆိုဒ်အား ပြန်လည် ပြင်ဆင်နေတာကြောင့် လောလောဆယ်တွင် http://photayokeking.blogspot.com မှာ သတင်းနဲ့ ဆောင်းပါးများ ပြောင်းလဲတင်ပြသွားမှာ ဖြစ်ကြောင်း အကြောင်းကြား အသိပေး အပ်ပါတယ် ခင်ဗျား။

http://photayokeking.blogspot.com/2010/05/org.html

( Behind the scenes with Generation Wave မှန်တာတွေကို ပြောရဲဖို့ လိုလာပြီ

MAE SOT, Thailand — Behind the rusty prison bars, two men lie on the floor in light blue fatigues. A stream of light pours in through a small window near the top of their cell. All is still.

Suddenly, loud music begins to blare. The men leap up and clang their iron shackles as smoke drifts into their cell. They start singing against a heavy beat: “Never turn back, never give up.”

Despite appearances, these men are not criminals and they are not in prison — at least not in a literal sense

9KT and MK are famous Myanmar hip-hop artists on the set of their latest music video, "Never Give Up." Donning black masks and using pseudonyms, these musicians aim to keep their political tunes under the radar of a dictatorship as oppressive as Myanmar, formerly called Burma.

“We wanted to film in a prison cell in order to represent for all our members and friends who are now behind bars,” said 9KT, arranging his mask on the set of the music video. “We are trying to tell the government, even if they imprison us they cannot stop us fighting for freedom; we will always carry on.”

“We are telling the people that they shouldn’t give up,” he said. “Burmese youth can’t be afraid of the Burmese junta, they need to fight for freedom in our country.”

Watch a draft of the "Never Give Up" music video:





Already a prominent hip-hop artist in Myanmar, 9KT grew inspired to make more subversive songs when he heard the political hip-hop of refugees from his country in Australia. He wanted to similarly address the extreme suffering he saw around him.

He traveled to Mae Sot, Thailand, near the Myanmar border, more than a year ago. The area has for more than two decades played host to an array of organizations opposing the Myanmar junta.

There, he joined up with an underground political group called Generation Wave (GW). He later met MK through GW, and they immediately found common ground in their love for music and the desire to “wake up the youth.” In Mae Sot, they can produce their music with relative safety, away from the police presence in Yangon, Myanmar's capital.

GW itself was formed after the "Saffron Revolution" in September 2007 when rising fuel prices provoked thousands of monks to take to the streets in protest. Civilians joined the movement, but the military junta cracked down, leaving hundreds dead and thousands imprisoned.

Following the crackdown, a group of protesters, who had been friends since high school, started GW as a way to inspire new activists inside Myanmar. Having analyzed revolutions worldwide and the opposition movement in their country they decided to focus on non-violent resistance.

In two and half years, the group has carried out what they call “action campaigns” almost every week. Their main activities include anti-government graffiti in busy places, handing out pamphlets and writing and distributing political music.

“The youth of Burma have seen so many activists thrown behind bars, they have seen monks killed in the streets, so many are turning their back to the struggle for human rights,” said Min Yan Naing, founder of GW. “Our job and aim is to bring them back and make them feel the responsibility to change our country and better the lives for all Burmese people.”

Just association with GW risks a hefty prison sentence. Thirty GW members have been arrested. Nyie Chan was handed the longest sentence, 32 years, and is said to be suffering from severe stomach problems in Myanmar’s notorious Insein prison near Yangon.

source by : GlobalPost

မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိ



အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး မီးသတ်ကားများကို ထပ်မံတိုးမြှင့်ခေါ်ယူပြီး မီးဆက်လတ်ငြိမ်းသတ်နေဆဲ ဖြစ်ကြောင်း သိရပါသည်။

ပြည်သူများအနေဖြင့် နေအိမ်များသို့ ကူးဆက်လာမည်ကို စိုးရိမ်နေကြသည်ဟုဆိုသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီ ၀န်းကျင်ခန့်မှ စ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးသည် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်း အတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်) မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။ (ဓါတ်ပုံ များ အောက်တွင် ဖော်ပြထားပါသည်။








source by : ELEVEN MEDIA

မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြောက်ငွေညှစ်ခံရ

မလေးရှားနိုင်ငံ Kedah ပြည်နယ်၌ မြန်မာလူငယ် ၄ ဦးသည် ကိုထွန်းဆိုသူ ပွဲစား၏ ခြိမ်းခြောက်ငွေညှစ်ခံနေရ သဖြင့် မြန်မာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) မှ ငွေပေးချေပြီး ကယ်ဆယ်ခဲ့ရသည်ဟု သတင်းရသည်။

ဖြစ်ပွားပုံမှာ ကိုထွန်းဆိုသူ မွန်အမျိုးသားပွဲစားတစ်ဦးသည် ကိုအောင်(အသက် ၂၉နှစ်)၊ မမျိုး(အသက် ၂၉ နှစ်)၊ ကိုနိုင်(အသက် ၂၄ နှစ်)၊ မအေး(အသက် ၂၉ နှစ်) အပါအ၀င် အခြား ၃ ဦးကို အလုပ်ပေးမည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့တွင် ပူခတ်ဘရာ အရပ်မှ ခေါ်ဆောင်ခဲ့သည်။

ထို ဧပြီလ ၁၆ ရက်နေ့တွင်ပင် စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဧပြီ ၂၁ ရက်နေ့တွင် Lataing ကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ ထိုညမှာပင် ထို ကိုထွန်းဆိုသူက သူတို့လေးဦးနှင့်အတူပါလာသော ကိုမင်း၏ ဇနီးဖြစ်သူ မစိုး (အသက် ၂၉ နှစ်) ကို ခေါ်ထုတ်သွားခဲ့သည်။ ဧပြီ ၂၄ ရက်နေ့တွင် မစိုးက မလေးရှား တွင် မနေချင်တော့သဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကိုထွန်းမှ ကျန် ၆ ဦးအား ပြောခဲ့သည်။

ဧပြီ ၃၀ ရက်နေ့တွင် မယားပျောက်သွားသဖြင့် ကိုမင်းနှင့် သူ၏အမေဆိုသူ အမျိုးသမီးကြီးသည် အလုပ်မှထွက် ပြေးသွားခဲ့သည်။ မေလ ၁ ရက်နေ့တွင် ပွဲစားကိုထွန်းမှ အခြားအလုပ်တစ်ခုကို ပြောင်းပြီး အလုပ်လုပ်ရမည်ဟု ပြောသည်။ မေလ ၃ ရက်နေ့တွင် ကျန် ၄ ဦးမှ စုံတွဲတစ်တွဲကို သူဌေးနဲ့တွေ့ရန် ခေါ်ထုတ်သွားပြီး လမ်းတွင် ၎င်း တို့ ၂ ဦးအား ထွက်ပြေးသွားသော ၂ ဦး နှင့် ပတ်သတ်ပြီး တာဝန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက်ပြီး စိုက်ပျိုးရေး ခြံတစ်ခြံသို့ ခေါ်သွားပြီး ၄ ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။

ထို မေလ ၃ ရက်နေ့ညတွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဆိုသူနှင့် သူတို့ကိုယ်သူတို့ ရဲဟုပြောသော လူ ၂ ဦးတို့သည် ထိန်းသိမ်းထားသော ကိုအောင် နှင့် မမျိုးတို့အား လျှော်ကြေး ရင်းဂစ် ၂၀၀၀ ကျော်ပေးရန် လက် ထိပ်ပြခြိမ်းခြောက်သည်။ ငွေကို မြန်မာပြည်လှမ်းမှာရန်လည်း ပြောသည်။

မေလ ၇ ရက်နေ့တွင် သူတို့ အလုပ်လုပ်နေခဲ့သော ရာဘာခြံသို့ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် ကိုထွန်းမှ ၄ ယောက်စလုံးအား သူ့သူဌေးနဲ့လိုက်တွေ့ရန်နှင့် ငွေလျှော်ရန်ပြောသည်။

မေလ ၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်တွင် ကိုထွန်း၏ သူဌေးဆိုသူရောက်လာပြီး အလုပ်လုပ်ပြီးဆပ်ရန် နှင့် ကိုထွန်းခေါ်ရာသို့ လိုက်သွားရန်ပြောခဲ့သည်။ ထို့နောက် ၄ ယောက်စလုံးအား စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်သွား ခဲ့သည်။ ကိုထွန်းရဲ့ လူယုံ ၂ ဦးက ရင်းဂစ် ၂၈၂၀ ကို ၂ ရက်အတွင်း ပေးရန်ပြောခဲ့သည်။ ၇ ရက်နေ့ည ၁၂ နာရီခန့်တွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဟုဆိုသူနှင့် ရဲဟုသူတို့ဘာသာပြောသော လူ ၃ ဦးက အမျိုး သား ၂ ဦးစလုံးကို လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ အမျိုးသမီးအား ၂ ရက်အတွင်း ငွေရှာကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မမျိုးမှာ အလွန်ကြောက်လန့်ပြီး မေ့မြောသွားသဖြင့် သူတို့အားလုံး ပြန်သွားခဲ့ သည်။ မေလ ၈ ရက်နေ့တွင် ကိုထွန်းရောက်လာပြီး ၂ ရက်အတွင်း ငွေပေးရန် ထပ်ပြောပြန်သည်။

မေလ ၉ ရက်နေ့တွင် ၎င်းတို့ လေးဦးသည် မလေးရှားရှိ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးထံ ဖုန်းဆက်အကူအညီ တောင်းခဲ့သည်။ ထိုမိတ်ဆွေက မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) သို့ အကူအညီပေးပါရန် ဖုန်းဆက် တောင်းခံခဲ့သည်။

မေလ ၁၂ ရက်နေ့တွင် ဘီအာအိုမှဥက္ကဌ ဦးမောင်လှ ကူညီရန်သွားခဲ့သည်။ ၁၄ ရက်နေ့တွင် ကိုထွန်းဆိုသူနဲ့ ဖုန်းဖြင့်ဆက်သွယ်ပြီး ညှိနှိုင်းကာ ရင်းဂစ် ၄၀၀၀ ပေး၍ ကယ်ဆယ်ခဲ့သည်။

ထို ကိုထွန်းဆိုသူမှာ မွန်အမျိုးသားဖြစ်ပြီး အသက် ၄၀ ပတ်ဝန်းကျင်ရှိသည်။ ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ကားမှာ WBM 9699 အနက်ရောင်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသား ဒုက္ခသည်များမှာ ရောက်ရှိရာနေရာဒေသအသီးသီးတွင် ခက်ခက်ခဲခဲလုပ်ကိုင်နေကြ ရသည်။ ပြန်ပေးဆွဲခံရခြင်း၊ လူသတ်မုဒိန်းကျင့်ခြင်းခံနေရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်း၊ ဓါးပြတိုက်ခြင်းများ ခံနေ ရသည်။ ထို့ပြင် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းများကိုလည်း ခံနေရသည်။ အဆိုးဆုံးမှာ မလေးရှား UNHCR မှ မြန်မာလူမျိုးများအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုများကြောင့် မလေးရှားရောက် မြန်မာဒုက္ခ သည်များ၏ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အပြင် လူ့အခွင့်အရေးများ အလွန်အမင်း ဆုံးရှုံးနစ်နာနေကြရသည်။

မောင်မြန်မာ(BRO)
22 May 2010

မှတ်ချက်။ ပွဲစားအမည် ကိုထွန်း ဆိုသူမှာ အမှန်ဖြစ်ပြီး အနိုင်ကျင့်ခံခဲ့ရသူများ၏ နာမည်များကို ပြောင်းလဲထား သည်။
http://kamikaze-2010.blogspot.com/
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger