dailyvid


1234
x

Latest Post

နောက်ဆုံးစိစစ်ချက်အရ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးရှိ

The Burmese military regime announced on Sep 17 that it will release 7114 prisoners from prisons around the country. U Zaw Win, Director of the regime’s Prison Department spoke to journalists gathering in front of Insein Prison today that at least about 250 prisoners who were imprisoned for security reasons would be included in the release. So far, I can confirm the release of 54 political prisoners below, based on various sources, including AAPP, NLD (LA) and Burmese radio services. Two MPs, two monks and three journalists are included.


From Insein Prison, Rangoon Division

1. Eik Khaing Oo (Female) (Journalist)

2. U Tin Mya (Chairman, NLD Thingangyun Township)
4. Kyaw Kyaw Thant (Journalist)
5. Monywar Aung Shin (a) U Aye Kyu (NLD and a Poet)
6. U Nine Nine (NLD MP)
7. Tin Tin Myint (Female)
8. Than Than Htay (Female) (NLD)
9. Thin Min Soe (Female)
10. Kyi Kyi Min (Female)
11. Tin Myo Htut (a) Kyaw Oo
12. Win Myint
13. Shin Sandaw Batha (Monk)
14. Aung Gyi
15. Mi Mi Sein (Female)

16. Ma Htay (a) San San Myint (Female)



From Butheetaung Prison, Rakhine State

17. Nyi Nyi Min

From Oo-Bo Prison, Mandalay

18. Than Than Sint (Female)

From Ka Le Myo Prison, Sagaing Division

19. Zaw Htut Aung

20. U Ba Min (NLD)

21. U Nyo Mya (NLD)

22. Michael Win Kyaw (NLD)

23. Thet Zin (Journalist)


From Myitkyina Prison, Kachin State
24. Kyaw Maung
25. Nay Win
26. Kyi Lin
27. Soe Wai (a) Than Zaw

From Lashio Prison, Shan State

28. Soe Han

From Bago (Pegu) Prison

29. Bo Gyi
30. Khin Khin Lay (Female)
31. Pe Tin

From MawlaMyine Prison, Mon State

32. Tin Myint
33. Zin Mar Htwe (Female)
34. Moe Hlaing
35. Moe Lwin
36. Myo Min Lwin


From Taungoo Prison, Mandalay Division

37. Thet Oo
38. U Pannita (a) Myint Aye (Monk)
39. Zaw Tun


From Myingyan Prison, Mandalay Division

40. Bo Bo
41. Sanda (Female)


From Pa-an Prison, Karen State

42. Pyait Phyo Aung
43. Wunna Soe


From Tharyarwaddy Prison, Pegu (Bago) Division

44. U Ba Chit
45. Aye Min Min
46. Tin Tun
47. Shwe Thar



From Sagaing Prison, Sagaing Division
48. Maw Si

49. Khin Maung Thein

50. Tin Maung Nyunt

51. Aung Swe


From Kut Kai Prison, Shan State

52. Than Tun



From Shwebo Prison, Sagaing Division

53. Aung Myo


From Theinni Prison, Shan State

54. Maung Maung Htwe

ဒီမိုကရေစီလှုပ်ရှားသူအချို့၏ သမိုင်း

မြန်မာ ဝန်ကြီးချုပ်ဟောင်း တို့၏သမီးများ ၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမည်

လူထုအသံ / မြန်မာပြည် လွတ်လပ်ရေး ရခါစ ကာလ ၀န်ကြီးချုပ်ဟောင်း ၂ ဦး ဖြစ်သော ဦးနု နှင့် ဦးဗဆွေ တို့၏ သမီး ၃ ဦးတို့က လာမည့်နှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီတခု ဖွဲ့စည်း ထူထောင်ကာ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု အင်္ဂါနေ့က ထိုပါတီ၏ စည်ရုံးရေးမှူး တဦးမှ သတင်းထုတ်ပြန် ပြောကြား လိုက်သည်။

စစ်အစိုးရက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ထုတ်ပြန်သည်နှင့် တပြိုင်နက် ဒီမိုကရက် တစ်ပါတီ (Democratic Party) အား ထူထောင်ရန် စီစဉ်ထားပြီဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စစ်ပြန်ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ(အသက် ၇၇ နှစ်)က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ နောက်ဆုံး ဝန်ကြီးချုပ် ဦးနု၏ သမီး ဒေါ်သန်းသန်းနု ( အသက်-၆၂နှစ်) မှာ ထိုပါတီတွင် အထွေထွေ အတွင်းရေးမှူး နေရာ ရယူထားပြီး၊ သူမမှာ ၁၉၆၉ ခုနှစ် ကတည်းကပင် မိဘများနှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၂၀၀၃ ခုနှစ်မှ အမိနိုင်ငံသို့ ပြန်လည်နေထိုင်သူ ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်သူ ဦးဗဆွေ၏ သမီးဖြစ်သော ဒေါ်နေရည်ဗဆွေ နှင့် ယင်းခေတ်က ဒု-ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ သမီး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း တို့လည်း အတွင်းရေးမှူးများ အဖွဲ့တွင် လှုပ်ရှားပါဝင် ဆောင်ရွက်မည်ဟု ဦးသုဝေက ထပ်လောင်း ပြောကြားလိုက်သည်။

ဒေါ်သန်းသန်းနု၏ ဖခင်ဖြစ်သော ဝန်ကြီးချုပ် ဦးနုမှာ မြန်မာပြည်၏ ပထမဦးဆုံးသော ၀န်ကြီးချုပ် ဖြစ်ကာ၊ ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်သည်။ ဒေါ်နေရည်ဗဆွေ ၏ ဖခင် ဦးဗဆွေသည် ၁၉၅၆ မှ ၅၇ ခုနှစ် အထိ ၀န်ကြီးချုပ် တာဝန်ယူခဲ့ကာ ၁၉၈၇ တွင် ကွယ်လွန်ခဲ့သည်။ ဦးသုဝေမှာ စစ်ပြန် နိုင်ငံရေးသမားကြီး ဖြစ်ကာ နိုင်ငံရေးပုဒ်မဖြင့် ထောင်၁၀ နှစ်ခန့် အကျဉ်းချ ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာကာ ယခု ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဟု သိရှိရသည်။

ဒေါ်သန်းသန်းနုက အေအက်(ဖ်)ပီ သတင်းဋ္ဌာနသို့ ပြောကြားရာတွင် “ ကျမတို့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ် ရတာဟာ တိုင်းပြည်ကို တဖက်တလမ်းက အလုပ်ကြွေးပြုဖို့ မျှော်လင့်လို့ပါပဲ ” ဟု ပြောဆိုလိုက်သည်။ လူထုအသံ မှရယူသည်။

အလုပ်ရှင်နှင့် မန်နေဂျာ ကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော်အဖမ်းခံရ

ဇော်ကြီး / ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှင်က လက်မှတ်ပြု လုပ်ရန်ငွေရယူပြီး ဆောင်ရွက်မပေးသဖြင့် အလုပ်သမားများကို တရားမ၀င်နေထိုင်မှုဖြစ် ဒေသခံအာဏာပိုင်များ က ဖမ်းဆီးလိုက်သည်။

ရရောင်းခရိုင်၊ မက်ခါမြို့နယ် အတွင်းရှိ Makarkhit (မကာခစ်) ရာဘာစက်ရုံပိုင်ရှင် နှင့် မန်နေဂျာတို့သည် စက် ရုံအလုပ်သမားများအား အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန်အတွက် သက်ဆိုင်ရာသို့ ကျသင့်ငွေ မပေးချေ သဖြင့် အဆိုပါစက်ရုံလုပ်သားများအား ယခုလ ၃ ရက်နေ့က မြို့နယ် လူဝင်မှုကြီးကြပ်ရေး(လ၀က)မှ ဖမ်းဆီး သွားသည်ဟု စက်ရုံလုပ်သား ကိုမိုးနိုင်က ယခုလိုပြောသည်။

“သူတို့ဒီမှာဘတ်(အလုပ်သမားမှတ်ပုံတင်) ရိုက်ထားပြီးတော့ သူတို့(အလုပ်ရှင်)ဘက်က ငွေသွားမချေ ထားသေးတော့ သူတို့ဘတ်က တရားမ၀င်ဘူးဖြစ်နေတယ်အခုက။ တရားမ၀င်တော့ ထောင်ထဲမှာကျ နေတယ်။ အားလုံးအဖမ်းခံရတာ ၂၂၀ ရှိတယ်။”

အဖမ်းခံရသူများထဲ၌ တရားမ၀င်အလုပ်သမား ၁၅ ယောက်ခန့်ပါဝင်ပြီး ကျန်လူအားလုံးမှာ အလုပ်သမားမှတ်ပုံ တင်ပြုလုပ်ထားဆဲ ထောက်ခံစာ ကိုင်ဆောင်ထား သူများဖြစ်သည်။

အလုပ်သမားလက်မှတ်ပြုလုပ်စဉ်က ကုန်ကျငွေအားလက်ငင်းချေသူနှင့် အရစ်ကျချေသူဟူ၍ နှစ်မျိုးရှိပြီး အလုပ် သမားတစ်ဦးလျှင် ထိုင်းဘတ် ငွေ ၅၅၀၀ ကုန်ကျသည်။

ယခုအဖမ်းခံရသူများမှာ အရစ်ကျငွေပေးချေသူများသာဖြစ်သည်ဟု စက်ရုံအလုပ်သမား နောက်တဦးက ယခုလို ပြောသည်။

“ဒီနှစ်မှာ ဘတ် မရိုက်မနေရဆိုတော့ အကုန်လုံးရိုက်ကြတာပေါ့နော်။ တချို့ကျတော့ ပိုက်ဆံအပြီး သွင်းနိုင်တဲ့သူတွေကျရင် ဘတ်အစစ်ရကြတယ်။ အပြီးမပေးနိုင်တဲ့သူကျတော့ အရစ်ကျပေးရတယ်။ တ၀စ်(ဆယ့်ငါးရက်) ကို ငါးရာဆိုရင်ငါးရာ၊ တစ်ထောင်ဆိုရင် တစ်ထောင် ဖြတ်ယူတယ်။ အဲလို အရစ် ကျပေးတဲ့သူတွေပဲ အဖမ်းခံရတယ်။”

အဆိုပါစက်ရုံ၌ မြန်မာအလုပ်သမား ၄၀၀ ကျော်ရှိပြီး တရားဝင်အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသူ အ နည်းငယ်သာရှိ၍ ကျန်သူများအား စက်ရုံမန်နေဂျာမှ တာဝန်ခံ၍ လက်မှတ်လုပ်ပေးခဲ့သည်။

မြို့နယ် လ၀က မှ လာရောက်ဖမ်းဆီးစဉ်က အလုပ်သမားများနှင့်အတူ စက်ရုံမန်နေဂျာလည်း အဖမ်းခံခဲ့ရပြီး နောက်တနေ့တွင် အလုပ်ရှင်မှ မန်နေဂျာတဦးတည်းကိုသာ အာမခံဖြင့် ပြန်လည် ထုတ်ယူခဲ့သည်။

အဖမ်းခံရသူများအား မြို့နယ်ရဲစခန်း၌ ၃ ရက်ထားပြီး အလုပ်ရှင်မှ လာရောက်မထုတ်ယူ သည့်အတွက် အကျဉ်း ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားသဖြင့် အခက်အခဲများရင်ဆိုင်နေရ သည်ဟု ကိုမိုးနိုင်ကပြောသည်။

ထိုင်းနိုင်ငံ၌လာရောက် အလုပ်လုပ်ကိုင်သည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား ထိုင်းအလုပ်သမား ရေးရာဝန်ကြီးဌာနမှ တရားဝင်အလုပ်သမားမှတ်ပုံတင်ကို လွန်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ ကစတင်၍ ပြုလုပ် ပေးခဲ့သည်။ Network Media Group မှ ရယူပါသည်။

မြန်မာပြည်အမှောင်ဖုံးခဲ့သည့်သော နှစ်ပတ်လည်နေ့သို့

၁၉၈၈ခုနှစ်၏ အောင်ပွဲနှင့်လက်တစ်ကမ်း အလိုမှာပဲ စတင်ဘာလ (၁၈)ရက် ညနေ (၄)နာရီမိနစ် (၃ဝ)မှာ ဗိုလ်ချုပ်ကြီး စောမောင်ဦးစီးတဲ့ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း မြန်မာ့အသံ ရေဒီယို ရုပ်မြင်သံကြားတွေက ကြေညာလိုက်ကာ အာဏာသိမ်းခဲ့တဲ့နေ့စပြီး သပိတ်မှောက်အင်အားစု တွေကို ယနေ့တိုင် အပြင်းအထန် ဖိနှိပ်ချေမှုန်း နေပါသည်။

ထိုမမေ့နိုင်လောက်အောင် မြန်မာပြည် အမှောင်ဖုံးခဲ့သည့်သော နှစ်ပတ်လည်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အောက်ပါ အစီအစဉ်အတိုင်း ကန့်ကွက်ဆန္ဒပြမည် ဖြစ်ပါသဖြင့် ပူးပေါင်းပါဝင်ကြပါရန် တင်ပြအပ်ပါသည်။

နေ့ရက် - ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ (၁၈)ရက်
အချိန် - မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ
နေရာ - နအဖ အခွန်ရုံး (Shinagawa)

JAC – Information
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 JAC)参加団体

အာဏာ၏ ၄၀ ရာခိုင်နှုန်း ခွဲဝေပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု

နန်းဒေဝီ / စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၌ အုပ်ချုပ်ရေး အာဏာ၏ ၄၀ ရာခိုင်နှုန်းကို ခွဲဝေပေးရန် ဝါရင့် နိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင်က တောင်းဆိုလိုက်သည်။

‘၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲ’ အမည်ရ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ယနေ့ ကျင်းပရာ ပြည်တွင်းပြည်ပမှ သတင်းထောက် ၃၀ ဦးခန့် ရှေ့မှောက်တွင် သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစိုးရက အာဏာကို ၆၀ ယူပါ။ ၄၀ ကို ဒီမိုကရေစီ အင်အားစုတွေကို ပေးပါ။ လူဦးရေကို ပြောတာ မဟုတ်ဘူးနော်။ နိုင်ငံတော် အာဏာကို ပြောတာ။ အမတ် ၆၀ ယူပါ။ ကျန်တာ ၄၀ ပေးပါ။ ဒါမျိုး မဟုတ်ဘူး။ လူဦးရေနဲ့ နိုင်ငံတော် အာဏာက တခုနဲ့တခု အဆက်အသွယ် ရှိပေမယ်လို့ အမတ်များတိုင်း အာဏာရတာ မဟုတ်ဘူး” ဟု ဦးဝင်းနိုင်က ပြောသည်။

“အဓိကတော့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ နိုင်ချေ သိပ်မရှိဘူးလို့ ခန့်မှန်းလို့ အာဏာခွဲဝေရေးကို ရွေးကောက်ပွဲ ပြီးရင်လည်း စဉ်းစားပေးပါလို့ တင်ပြခဲ့တာပါ” ဟု သူက ဆက်ပြောသည်။ တောင်းဆိုချက်အပေါ် စစ်အစိုးရ အနေဖြင့် လက်ခံစဉ်းစားရန် တာဝန် အရှိဆုံးဟုလည်း ပြောသည်။

ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးခဲ့သူ နောက်တဦးဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကမူ ဦးဝင်းနိုင်၏ အဆိုပြုချက်အပေါ် သဘောမတူကြောင်း ပြောသည်။

“ကျနော်ကတော့ အဲဒါတွေကို သိပ်မစဉ်းစားဘူး။ အာဏာ ဝေမျှမယ်လို့လည်း မထင်ဘူး။ သူ (ဦးဝင်းနိုင်) ပြောချင်တဲ့ ဟာကတော့ဖြင့် အေးအေးဆေးဆေး၊ ညီညီညွတ်ညွတ်လေး ဖြစ်သွားရင် ကောင်းတာပေါ့လေ။ ကျနော်ကတော့ သိပ်မထင်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဘာဖြစ်မလဲဆိုတာ ဘာမှ ကြိုတင် ခန့်မှန်းရခက်တယ်” ဟု ဦးသုဝေက ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါ နိုင်ငံရေးသမားကြီး နှစ်ဦး၏ သဘောထားအမြင်များ ခင်းကျင်း ပြသခဲ့မှုအပေါ် အားရကျေနပ်ကြောင်း တက်ရောက်ခဲ့သူ တချို့က ပြောသည်။

“နှစ်ယောက်လုံး ပြောတာကတော့ ကောင်းပါတယ်။ ဦးဝင်းနိုင် ပြောတာကို ပိုပြီး သဘောကျတယ်။ ဖြစ်နိုင်ချေတွေကို ခင်းပြခဲ့တာဆိုတော့ လက်ခံနိုင်စရာ တော်တော် များပါတယ်” ဟု ရန်ကုန်မြို့မှ ကိုကိုလတ်က မဇ္စျိမကို ပြောသည်။

ဦးဝင်းနိုင်က နိုင်ငံရပ်ခြား တိုင်းပြည်များက မြန်မာနိုင်ငံအပေါ် မည်သည့်ပေါ်လစီ ချမှတ်သည်ဖြစ်စေ မျှော်လင့်၍ မရကြောင်းနှင့် ထိုက်သင့်သလောက်သာ အားကိုးနိုင်သဖြင့် မြန်မာပြည်သားအချင်းချင်း ညှိနှိုင်းအဖြေရှာ၍ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်ဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့်အနာဂတ် နိုင်ငံရေး အာဏာကို စစ်တပ်က ၂၅ ရာခိုင်နှုန်း လျာထားသော်လည်း၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားပြောင်း ရွေးကောက်ပွဲဝင်မည့် စစ်တပ်အနေဖြင့် အုပ်ချုပ်ရေးအာဏာကို ၆၀ ရာခိုင်နှုန်းမက ရယူရန် ကြိုးစားလာနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားများက ဆိုသည်။

ဦးဝင်းနိုင်က “ဒါကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားစေချင်ရင်၊ အာဏာခွဲဝေရေးဆိုတာကို လက်ခံပါ။ တပ်မတော်ထဲမှာ ဘယ်လောက်ပဲနိုင်နိုင်၊ ဘယ်လောက်ပဲရရ ဒီဘက်ကို ထိုက်သင့်သလောက် အာဏာခွဲဝေပေးဖို့ ပြောတာပါ” ဟု ဆိုသည်။

သို့သော် ဦးသုဝေကမူ နှစ် ၂၀ ကျော် အုပ်ချုပ်လာခဲ့သည့် စစ်အစိုးရလက်ထက်တွင် ပြည်သူလူထုက အကူးအပြောင်း လိုချင်နေသဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် တိုင်းပြည်အတွက် တစုံတရာ လုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ရွေးကောက်ပွဲ ဝင်ရတာကတော့ တိုင်းပြည်မှာ ချို့ယွင်းချက်တွေ အများကြီး ရှိတယ်။ ပြင်နိုင်ဖို့ကတော့ တရားဝင် လုပ်ပိုင်ခွင့်ရှိမှ ထိထိရောက်ရောက် ရှိမှာပါ။ နောက်တခုက ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားတွေကို ယူဖို့လိုတယ်” ဟု သူက ပြောသည်။

သူက ဆက်ပြီး “လွန်ခဲ့တဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့သူတွေ အနေနဲ့ အခုနှစ်ပေါင်း ၂၀ အတွင်းမှာ သူတို့ ဆန္ဒတွေကို ပြောပိုင်ခွင့်ရှိတုန်း ပြောနိုင်အောင် တိုက်တွန်းချင်တယ်” ဟု ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရွှေတိဂုံဘုရားပေါ်၌ ဆန္ဒပြ သံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ပါဝင်ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအဝင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

အဆိုပါ ရွှေဝါရောင် လှုပ်ရှားမှုအပြီး အာဏာပိုင်များက ဦးဝင်နိုင်ကို ဖမ်းဆီး ထိန်းသိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ဆက်လက်၍ နိုင်ငံရေးလုပ်တော့မည် မဟုတ်ကြောင်း သူက ပြောဆိုခဲ့သော်လည်း ယခုတဖန် အနားယူရာမှ ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေးကို မဆုံးဖြတ်နိုင်သေးကြောင်းနှင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သူက ဆိုသည်။ မဇ္ဈိမ မှရယူသည်။

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger