dailyvid


1234
x

Latest Post

ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ၂ဝ၁ဝ စက်တင်ဘာ (၁) ရက် ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍

နေ့စွဲ - ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ (၂၅) ရက်


(၁) နအဖ စစ်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းထားသော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ယင်းကော်မရှင်မှ ထုတ်ပြန်သော ဥပဒေ ပြဌာန်းချက်များသည် မြန်မာ နိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ မျှော်လင့် ရည်မှန်းရာ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ အဖြစ် တည်ဆောက်ပေးနိုင်မည့် ရွေးကောက်ပွဲအတွက် တရားမျှတမှုနှင့် ဒီမိုကရေစီစံနှုန်းများ မရှိ သဖြင့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါ ၂ဝ၁ဝ ရွေးကောက်ပွဲအား သပိတ်မှောက်လိုက်ကြောင်း ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ (၇) ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် အခြား နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားပြု ဒီမိုကရေစီ ပါတီအဖွဲ့အစည်းများကလည်း နအဖ စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား သပိတ်မှောက်ကြောင်းး ဆုံးဖြတ်ခဲ့ကြသည်။
(၃) ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ဒီမိုကရေစီ အင်အားစုများကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(ဂျပန်)ကို ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၂၉ ရက်၌ တညီတညွတ်တည်း ဖွဲ့စည်းကာ နအဖ စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်လျက် ယင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
(၄) ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) တွင် ပါဝင်သော အဖွဲ့အစည်းများ အားလုံးသည် မိမိအဖွဲ့အစည်းများ၏ သီးခြားလွတ်လပ်သော ဆုံးဖြတ်ချက်များဖြင့် လက်မှတ်ရေးထိုးကာ ကော်မတီ၌ ပါဝင်ပူးပေါင်း လုပ်ဆောင်ကြခြင်းဖြစ်ပြီး ထိုသို့ဖြစ်စေရန် အခြားတဦး-တဖွဲ့၏ တိုက်တွန်းခြင်းနှင့် သြဇာ လွှမ်းမိုးခြင်းများ အလျဉ်းမရှိပါ။
(၅) ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့မှာ နအဖ စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသူများ ဖြစ်သဖြင့် သူတို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)နှင့် ရွေးကောက်ပွဲ ရပ်တည်ချက် သဘောထားချင်း လုံးဝ ဆန့်ကျင် ကွဲပြားလျက်ရှိနေသည်။
(၆)၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ တိုင်းရင်းသား ကိုယ်စားလှယ်အချို့သည် ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်အတွင်း အတူတကွ လိုက်ပါသွားခဲ့ကြသော်လည်း နအဖ စစ်အုပ်စု၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသည့် ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ရပ်တည်ချက် သဘောထားကို သဘောတူခြင်း အလျဉ်း မရှိပဲ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)၏ ရပ်တည်ချက်အတိုင်းသာ ပြတ်သားစွာ ရပ်တည်ပါကြောင်း ၁၉-၉- ၂ဝ၁ဝ နေ့က ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။
(၇) သို့ဖြစ်ရာ ဦးဟန်ညောင်ဝေနှင့် Victor Biak Lian ၏ ၁-၉-၂ဝ၁ဝ လျှို့ဝှက် ဂျပန်ခရီးစဉ်အတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) မှ အဖွဲ့ဝင်တချို့ဖြစ်သော တိုင်းရင်းသား ကိုယ်စားလှယ် အချို့အား အတူလိုက်ပါစေလျက် ဂျပန်အစိုးရ အသိုင်းအဝိုင်းသို့ ချဉ်းကပ်လုပ်ဆောင်သည့် လုပ်ရပ် များအား ကျွန်ုပ်တို့ ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ လုံးဝ ရှုတ်ချ ကန့်ကွက် လိုက်သည်။


၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်)



(၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်) တွင်ပါဝင်သော အဖွဲ့အစည်းများ၏ စာရင်းကို ပူးတွဲ ဖြန့်ဝေပါသည်။)





1 National League for Democracy (Liberated Area – Japan Branch)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
2 League of Democracy for Burma (LDB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်
3 Burma Democratic Action (BDA)
4 Democratic Federation of Burma (DFB)
5 All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)
6 Democratic Party for a New Society (DPNS-JPB)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)
7 Burma’s Refugees Serving Association (Japan)
မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း
8 Save Burma
9 Peaceful Burma
10 Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC)
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)
11 Self-funding Committee International (SCI)
12 အလင်းအိမ် မဂ္ဂဇင်း
13 National Democratic Front (Burma) (NDF) Representative for Japan
14 Palaun National Society (PNS)
15 Arakan League for Democracy (Exile-Japan)
16 Chin National Community-Japan (CNC- Japan)
17 Hotel and Restaurant Worker’s Union of Burma (HRWUB)
မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်
18 Seasfarers’ Union of Burma (SUB)
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်
19 အဟာရ စာစောင်
20 Human Resource Development Program (HRDP)
21 Burma Campaign Japan (BCJP)
22 Karen National Union – Japan (KNU-Japan)
23 Kachin National Organization, Japan (KNO-Japan)
24 Karen National Community (KNC-Japan)
25 Karen National League (KNL-JP)
26 Punnyagari Mon National Society (PMNS)
27 Shan Nationalities for Democracy – Japan (SND-JP)
28 Kachin State National Congress for Democracy (Liberated Area-Japan) (KNCD)

ကမ္ဘာမြေနှင့် အရွယ်တူ နိုင်သော ဂြိုလ်တစ်လုံးကို နာဆာ (NASA) သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ



နာဆာ သိပ္ပံပညာရှင်များ သည် ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ကျော် အကွာအဝေးတွင် ကမ္ဘာမြေ အရွယ်၏ တစ်ဆခွဲခန့် ရှိသော ဂြိုလ်တစ်လုံးသည် နေနှင့် ဖွဲ့စည်းပုံတူသော ကြယ်တစ်လုံးအား

လှည့်ပါတ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့သည်။
အာကာသ သိပ္ပံပညာရှင်များသည် အမျိုးသား လေကြောင်းနှင့်အာကာသ အုပ်ချုပ်ရေးအဖွဲ့(NASA) နာဆာ၏ Kepler ဂြိုလ်တုမှ ပေးပို့ချက်များကို အခြေခံ၍ ကမ္ဘာနှင့် အရွယ်တူ ဖြစ်နိုင်သော ဂြိုလ်တစ်လုံးကို နေနှင့် ဆင်တူသည့် ကြယ်အား လှည့်ပါတ်နေသည်ကို တွေ့ရှိကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။
အဆိုပါဂြိုလ်အား တွေ့ရှိသည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် သိပ္ပံပညာရှင်များက ကြိုးပမ်းနေဆဲ့ဖြစ်ကြောင်း၊ ယခုတွေ့ရှိချက်သည် Kepler ဂြိုလ်တု၏ အဓိက ဦးတည်ချက်ဖြစ်သော နေအဖွဲ့အစည်းနှင့် ဆင်တူသော ကြယ် အစုအဝေးအတွင်း ကမ္ဘာနှင့်ဆင်တူသော ဂြိုလ်ကို ရှာဖွေမည့် အစီအစဉ်အတွက် အရေးပါသော အဆင့်ဖြစ်ကြောင်း ခေါင်းဆောင် ပညာရှင်တစ်ဦးဖြစ်သူ ဟာဗတ်တက္ကသိုလ်မှာ ဒေါက်တာ Matthew Holman က ပြောကြားပါသည်။
နာဆာ သုတေသီများသည် စကြဝဠာအတွင်း နေအဖွဲ့အစည်း၏ ဖွဲ့စည်ပုံနှင့် ဆင်တူသော ဂြိုလ်အစုအဝေးနှင့် ကမ္ဘာမြေ၏ တည်ဆောက်ပုံနှင့် ဆင်တူသော ဂြိုလ်များကို ရှာဖွေလျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Kepler ဂြိုလ်တုကို ၂၀၀၉ ခုနှစ် မတ်လတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။http://www.blogger.com/small-size-image" />

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ



June 29, 2010...ဧရာဝတီ
ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေ ရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမားတဦး ဘယ်ဘက်လက်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာအနည်းအငယ် ရရှိသွားကြောင်း ၎င်း သတင်း၌ ဖော်ပြထားသည်။

အလုပ်သမားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း ခရိုင်အတွင်းရှိ ပလာဘူလီ ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် ခဲ့ ရာ တာဝန်ရှိသူ ရဲအရာရှိ တဦးက ဖြစ်ပွားပုံကို မသိရှိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများကို လက်ရှိ ထို ရဲစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးသွားမည် ဖြစ် ကြောင်း သိ ရသည်။ ယာဉ်မောင်းကိုမူ တရားမ၀င် လူကုန်ကူးမှုဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ပြည် သားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါ အ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို သေဆုံးသူများသည် ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တား ဆီးသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ် သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။

တရုတ်နိုင်ငံတွင် ကောလိပ် ကျောင်းသားများက ဖော်မျူလာ ပြိုင်ကားတီထွင်



16.Sep.2010

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guangxi Zhuang ဒေသမှ Guangxi အင်ဂျင်နီယာ ကောလိပ်တွင် ဖွဲ့စည်းထားသော ပြိုင်ကားအသင်းမှ ကောလိပ် ကျောင်းသားများက ဖော်မျူလာ ပြိုင်ကားတီထွင်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့က သရုပ်ပြ မောင်းနှင်ခဲ့သည်။

အလှပုံအတွက် noise ninja လေးသုံးကြည့်ရအောင်


Written by Moe Pyay Lay...

အလှဓါတ်ပုံရိုက်ရာမှာ အများအားဖြင့် တစ်ကိုယ်လုံးပုံဆို မျက်နှာသေးတဲ့ပုံတွေမှာတော့ လိုင်စင်ပုံလိုသန့်မယ် Background ပြောင်းမယ်။ တစ်ပိုင်းပုံနဲ့ မျက်နှာပုံမှာတော့ မျက်နှာကိုချောအောင် လုပ်ရပါတယ။် မျက်နှာချောရာမှာ တစ်ချို့ကနုထွတ်နေမှကြိုက်ပါတယ် တစ်ချို့က သဘာဝ အသားအရေကိုကြိုက်ပါတယ် ဒါက customer choice ပါ။တစ်ကိုယ်လုံးပုံမှာလည်း ဓါတ်ပုံအနေနဲ့ယူမယ်ဆို 4x6 စာရွက်ပေါ်မှာ မသိသာပေမယ့် ဓါတ်ပုံကို CD ထဲထည့်မယ်ဆိုရင်တော့ တစ်ပုံကို ပုံမှန်အားဖြင့် ၃၅၀၀ လောက်ယူကြပါတယ် ဒီလိုဆိုရင်တော့ မျက်နှာကိုနုအောင်လုပ်ပေးပါတယ်။ အနည်းအများကတော့ setting အတိုးအလျော့ပါပဲ။ မျက်နှာချောအောင်လုပ်တဲ့နေရာမှာ တစ်ချို့ကလဲ brush နဲ့ ပွတ်ပါတယ် တစ်ချို့ကျတော့လည်း blur tool သုံးပါတယ် တစ်ချို့က noise ninja သုံးပါတယ် ဒီမှာတော့ noise ninja နဲ့ ပြပါ့မယ်။ noise ninja ဘာကြောင့်သုံးရသလဲဆိုတော့ brush နဲ့ပွတ်ရင်က အချိန်အတော်ကြာပါတယ် ပြီးတော့ ဘယ်နေရာမှာ ဘယ်လိုပွတ်ရမယ်ဆိုတာရှိပါတယ် အပွတ်မတော်ရင်လည်း ရုပ်က ပြားသွားပါမယ်… output အနေနဲ့လည်း ဘယ်လောက်မှ မကွာတဲ့အတွက် အလွယ်ကူဆုံး noise ninja ကိုသုံးလိုက်ပါတယ်… ဒီတော့ plug in တစ်ခုဖြစ်တဲ့ noise ninja ကို install ထားရအောင်ပါ… အရင်ဆုံး noise ninja ကိုဝယ်ရင်ဝယ် အကုန်ကျများမှာစိုးရင်လည်း ဒေါင်းလိုက်ပါနော် 12MB လောက်ပဲရှိပါတယ်။

Install နည်းလေးကတော့…

အရင်ဆုံး noise ninja folder ကို copy ကူးပြီး C:\Program Files\Adobe\Adobe Photoshop CS2\Plug-Ins ထဲထည့်လိုက်ပါတယ်

ပြီးမှ photoshop ကိုဖွင့်လိုက်ပါတယ် ပြီးရင် ပုံတစ်ပုံပါဖွင့်ပါ။ ပြီးရင် FilteràPictureCodeàNoise ninja ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုပုံပေါ်မှာ မျဉ်းကြောင်းတွေပေါ်နေပါလိမ့်မယ်။ဒီတော့ install လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း Noise ninja ထဲက Install or view license ကိုနှိပ်ပါမယ်။

ကြိုက်တဲ့နာမည် ရိုက်ချင်ရိုက်ပါ။ မရိုက်လဲရပါတယ်။ပြီးရင် install ကိုနှိပ်ပါတယ်။ ပြီးရင် Accept ပါ။ ဒါဆို install ပြီးပါပြီ။


ကျန်းမာရေးကောင်းအောင် ဇနီးမောင်နှံ အတူတူနေပါ


23 sep 2010...မြန်မာသတင်း ရပ်ဝန်း...

လိင်ဆက်ဆံမှုဟာ သင်ရဲ့စိတ်ခံစားမှုကို ကောင်းစေတာကိုတော့ သင်သိပြီးသားပါ။ ဒါပေမဲ့ Sex ဟာ သင်နဲ့ သင့်အမျိုးသား ကျန်းမာရေး အတွက် နည်းပေါင်းများစွာနဲ့ ကောင်းမွန်စေတာကိုတော့ သင်သိသေးမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ခန္ဓာကိုယ်မှ ဟော်မုန်းတွေ ထွက်လာတာကြောင့် နာကျင်မှု သက်သာကာ ကင်ဆာ ဖြစ်နိုင်ခြေ နည်းတာ၊ ခုခံအားစနစ် ကောင်းမွန်တာနဲ့ မီးယပ်သွေးဆုံး ဝေဒနာပါ သက်သာနိုင်ကြောင်း သိရပါတယ်။

(၁) နာတာရှည် နာကျင်မှုကို လျော့ကျစေပါတယ်
သင်ခေါင်းကိုက်နေစဉ်မှာ လိင်ဆက်ဆံမှု ပြုလုပ်ပါ။ သင်ရဲ့ ယောနိနံရံနဲ့ အစေ့ကို နှိုးဆွပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွင်း Endorphins၊ ကော်တီကို စတီးရွိုက်နဲ့ အကိုက်အခဲ သက်သာတဲ့ ပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒါကြောင့် လိင်ကိစ္စ အထွတ်အထိပ် ရောက်နေစဉ်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိမှု နှစ်ဆပိုများသွားတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။

(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်
လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။

(၃) သင့်နှလုံး ကျန်းမာစေပါတယ်
လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။

(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။

(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။

လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။

(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။

ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။

(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

လိင်ဆက်ဆံလို စိတ်ပေါ်လာအောင် နှိုးဆွပေးတာကြောင့် မိန်းမကိုယ်အတွင်း သွေးတွေ ရောက်ရှိလာကာ အာဟာရနဲ့ အောက်ဆီဂျင်တွေ ရရှိစေလို့ပါ။ ခန္ဓာကိုယ်ရဲ့ အဲဒီ အစိတ်အပိုင်းကို အသုံးပြုတာကြောင့် အသက်ကြီးလာရင် အဲဒီတစ်သျှူးသိမ်သွားတာနဲ့ ကျုံ့နိုင်အားလျော့သွားတာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

လူထုသဘောထား


21 Sep 2010...ခေတ်ပြိုင်...

ယခုအခါ နအဖစစ်အစိုးရသည် တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်ပြည်သူလူထုက တခဲနက်ထောက်ခံဆန္ဒမဲပေးကာ ၎င်းတို့ကို ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်လိုက်သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဟု သြဂုတ်လ (၁၃) ရက်နေ့တွင် ကြေညာခဲ့ပေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာခွင့်ပြုရန် … စသည့်အချက်များကို စစ်အစိုးရသာ လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားပေသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးအုန်းကြိုင်က မကြာမီရက်ပိုင်းအတွင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်၌ ကျင်းပသည့် ပါတီခေါင်းဆောင်များအစည်းအဝေး၌ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကိုလက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံပြည်သူလူထုဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ထားပါတယ်” ဟူ၍ ပြောကြားသွားသည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းသည်လည်း မိမိအား ထောက်ခံဆန္ဒမဲပေးလိုက်သည့် မဲဆန္ဒရှင်များအပေါ် တာဝန်ခံရမည်။ မဲဆန္ဒရှင်များအား ပေးထားသော ကတိကို ပစ်ပယ်၍မရ၊ လေးစားရပေမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို မေ့ပျောက်ပစ်၍မရသလို မဲဆန္ဒရှင်ပြည်သူလူထုအပေါ် တာဝန်ခံကတိပေးထားသည်များကို မေ့ပျောက်၍မရချေ။

ထို့အပြင် မိမိအား ရွေးချယ်တာဝန်ပေးလိုက်သော အဖွဲ့ချုပ်အပေါ်တွင်လည်း သစ္စာရှိရပေမည်။ ပြီးခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ပြောင်းကြည့်လျှင် စစ်အစိုးရအာဏာပိုင်များသည် ၁၉၈၉ ခုနှစ်က ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေများကို ယုံကြည်ခဲ့ကြ၍ မဲဆန္ဒရှင်လူထုက ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပေသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ကြခြင်းဖြစ်သည်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မည်သူတဦးတယောက်ကမျှ ခြိမ်းခြောက်မှု၊ အနိုင်အထက်ပြုမှု လုံးဝမရှိဘဲ မဲဆန္ဒရှင်ပြည်သူလူထုက မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရလည်းကောင်း၊ ဒီမိုကရေစီကို လိုက်နာခံယူလိုကြ၍လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ပေသည်။

ပြည်တွင်းပြည်ပနှင့် အာဏာပိုင်တို့ကလည်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် သန့်ရှင်းတရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟူ၍ တရားဝင် ထုတ်ဖော်ကြေညာခဲ့ပေသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၂) လွှတ်တော်ဖွဲ့စည်းခြင်း ခေါင်းစဉ် ပုဒ်မ (၃) တွင် ပြဋ္ဌာန်းထားသည့် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ကို စစ်အစိုးရသည် မျက်ကွယ်ပြုကာ ပယ်ဖျက်လိုက်သည်။

ထို့နောက် ၂၀၀၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် နအဖစစ်အုပ်စုသည် ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ဗိုလ်သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်တွင် မလျော်သြဇာသုံး၍ အတင်းအဓမ္မ မဲထည့်ခိုင်းသည်ကို ဆန္ဒမဲပေးသူများအနက် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးခဲ့ကြကြောင်း အရှက်မရှိ ဖော်ပြခဲ့ပြန်သည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို အဖြစ်ခံမည်မဟုတ်ဘဲ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင် လုပ်မည်မှာ သေချာလှပေသည်။ နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပ္ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအချာ မသိကြသေးသည့် ပြည်သူများ၊ ကြံ့ဖွံ့ပါတီဝင်များ၊ ကြံ့ဖွံ့ပါတီဝင် အလိုအလျောက် ဖြစ်ပြီးကြသည့် အစိုးရ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီပွားရေးကိစ္စ ကိုယ်ကျိုးစီပွားရေးကိစ္စမှလွဲ၍ တိုင်းပြည်ကိစ္စ နိုင်ငံရေးကိစ္စများကို လုံဝ စိတ်မ၀င်စားသလို ရွေးကောက်ပွဲတွင် ဘယ်ပါတီ မည်သူမည်ဝါအား မဲပေးရမည်ကို ရေလည်စွာ မဆုံးဖြတ်ရသေးသူများ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ အကျိုးစီးပွားတစုံတရာ ဖြစ်ထွန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ကျိုးကြည့် အတ္တစီးပွားရေးသမားများ၊ နိုင်ငံရေးအသိပညာ အားနည်ချို့တဲ့သူများ၊ လူနုံလူအများ၏ မဲများကို သေချာပေါက်ရရှိမည်ဟု အပိုင်တွက်ထားပုံရသည်။

မည်သို့ပင်ဆိုစေ နအဖစစ်အစိုးရသည် မိမိတို့ထုတ်ပြန်ခဲ့သော ဥပဒေကို မိမိကိုယ်တိုင် ဗြောင်ချိုးဖောက်နေသည်မှာ ထင်ရှားနေပေသည်။ စင်စစ် နအဖစစ်အစိုးရ၏ တရားဥပဒေဆိုသည်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွစွာဆောင်ရွက်နေသူများ၊ ဥပဒေအကျိုးဆောင် ရှေ့နေများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ လူငယ်အဖွဲ့ဝင်များ၊ စစ်အစိုးရအား ဆန့်ကျင်သော ရဟန်းရှင်လူပြည်သူများကို အနိုင်ကျင့် အကျပ်ကိုင်၍ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်စီရင်နေသည့် အကြမ်းဖက်ယန္တရားတခုသာ ဖြစ်ပေသည်။

အဆိုးဆုံးမှာ ၎င်းတို့ကိုယ်တိုင် ကျင်းပပြုလုပ်ပေးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ခြင်းသည် ပြည်သူလူထုအား လိမ်ညာလှည့်ဖြား သစ္စာဖောက်ခဲ့ခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် လူထုကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း … “ရွေူးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုသေးတယ်ဆိုတဲ့ အချက်ပါပဲ။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့ လုပ်ရပ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြား စော်ကားရာရောက်ပါတယ်။”

“ပြီးတော့ အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာ ကစားရမယ့် အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။

နိုင်ငံရေးဆိုသည်မှာ ရှုထောင့်တခုက ကြည့်လျှင် ဆန့်ကျင်ဘက်အင်အားစုချင်း အားစမ်းသည့် ကစားပွဲတခုဖြစ်ပေရာ ရန်သူဘက်က ရှေ့တိုးကြည့်ရန် သွေးတိုးစမ်းပါက မိမိဘက်က နောက်ဆုတ်သွားလျှင် ရန်သူသည် အတင့်ရဲကာ ရှေ့ကို ဆက်တိုးလာမည်ဖြစ်ပေသည်။

“ဒီမိုကရေစီကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲကို မလွဲမသွေ ကျော်ဖြတ်ရမည်” “အခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုမကောင်းဘူလား” ဟူသည့် အတွေးအခေါ်များသည် မဆလပါတီပြုတ် မိမိကိုယ်ကိုယ်မိမိ ၀ါရင့်နိုင်ငံရေးသမားဟု အမည်ခံထားသော စစ်အစိုးရလက်ကိုင်တုတ်တို့၏ ၀ါဒဖြန့်ချက်တခုသာဖြစ်ပေသည်။ ဒီမိုကရေစီလမ်းဆိုသည်မှာ ပန်ခင်းသောလမ်း မဟုတ်ပေ။ ရဟန်းရှင်လူ ပြည်သူကျောင်းသားများ၏ သွေးများဖြင့် ခင်းထားသော လမ်းသာဖြစ်ပေသည်။ ဒီမိုကရေစီကို လက်ဖြန့်တောင်း၍ ရလည်းမရပေ။ တိုင်းရင်းသားပြည်သူတရပ်လုံး စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်မှသာလျှင် ရပေမည်။ ၀ံပုလွေကဲ့သို့ ကောက်ကျစ်ယုတ်မာလှသော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် သိုးလိုပုဂ္ဂိုလ်မျိုး စေလွှတ်၍လည်း မရနိုင်ချေ။

ဒီမိုကရေစီတိုက်ပွဲ၌ စစ်အာဏာရှင်တို့၏ ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သွေးစွန်းနေသော ပြည်သူ့တို့၏ မျက်ရည်များ၊ သွေးစွန်းနေသော ဒေါင်းအလံများ၊ သွေးစွန်းနေသော သင်္ကန်းများကို မမေ့သင့်သလို သစ္စာမမဲ့သင့်ပေ။

လောကကြီး၌ မည်သည့်အရာမျှ အလကားမရချေ။ ပြည်သူလူထုတရပ်လုံးသည် ဒီမိုကရက်တစ်နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုက်တန်သည့် ရင်းနှီးမှု၊ ညီမျှသည့် တန်ဖိုးများကို ပေးဆပ်မှသာလျှင် ရပေမည်။ တဘက်ကပေးမှ ယူမည်ဆိုလျှင် ဒီတသက် ကျွန်ုပ်တို့သည် မိမိလိုချင်သည့် ဒီမိုကရေစီကို ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ပေ။

ကျွန်ုပ်တို့သည် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်ခံ၍မရသလို နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်း အတည်ပြုပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားရပေမည်။ သို့မှသာလျှင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပေမည်။ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်ပါက စစ်အာဏာရှင်စနစ်အောက်တွင် ထာဝရစစ်ကျွန်အဖြစ် နွံနစ်၍ ဖိနှိပ်ညှဉ်းပန်းမှုကို ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်ခံရပေမည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်စနစ်ကို သွတ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်မည်လော … သို့တည်းမဟုတ် ဂုဏ်သိက္ခာမဲ့စွာဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ဒူးထောက်အညံ့ခံမည်လော … ကြိုက်ရာလမ်းနှစ်သွယ်အနက် တလမ်းလမ်းကို မုချမသွေ ရွေးချယ်ရန် အချိန်သိပ်မကျန်တော့ပေ။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger