dailyvid

Home » » ကမ္ဘာမြေနှင့် အရွယ်တူ နိုင်သော ဂြိုလ်တစ်လုံးကို နာဆာ (NASA) သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ကမ္ဘာမြေနှင့် အရွယ်တူ နိုင်သော ဂြိုလ်တစ်လုံးကို နာဆာ (NASA) သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ



နာဆာ သိပ္ပံပညာရှင်များ သည် ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ကျော် အကွာအဝေးတွင် ကမ္ဘာမြေ အရွယ်၏ တစ်ဆခွဲခန့် ရှိသော ဂြိုလ်တစ်လုံးသည် နေနှင့် ဖွဲ့စည်းပုံတူသော ကြယ်တစ်လုံးအား

လှည့်ပါတ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့သည်။
အာကာသ သိပ္ပံပညာရှင်များသည် အမျိုးသား လေကြောင်းနှင့်အာကာသ အုပ်ချုပ်ရေးအဖွဲ့(NASA) နာဆာ၏ Kepler ဂြိုလ်တုမှ ပေးပို့ချက်များကို အခြေခံ၍ ကမ္ဘာနှင့် အရွယ်တူ ဖြစ်နိုင်သော ဂြိုလ်တစ်လုံးကို နေနှင့် ဆင်တူသည့် ကြယ်အား လှည့်ပါတ်နေသည်ကို တွေ့ရှိကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။
အဆိုပါဂြိုလ်အား တွေ့ရှိသည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် သိပ္ပံပညာရှင်များက ကြိုးပမ်းနေဆဲ့ဖြစ်ကြောင်း၊ ယခုတွေ့ရှိချက်သည် Kepler ဂြိုလ်တု၏ အဓိက ဦးတည်ချက်ဖြစ်သော နေအဖွဲ့အစည်းနှင့် ဆင်တူသော ကြယ် အစုအဝေးအတွင်း ကမ္ဘာနှင့်ဆင်တူသော ဂြိုလ်ကို ရှာဖွေမည့် အစီအစဉ်အတွက် အရေးပါသော အဆင့်ဖြစ်ကြောင်း ခေါင်းဆောင် ပညာရှင်တစ်ဦးဖြစ်သူ ဟာဗတ်တက္ကသိုလ်မှာ ဒေါက်တာ Matthew Holman က ပြောကြားပါသည်။
နာဆာ သုတေသီများသည် စကြဝဠာအတွင်း နေအဖွဲ့အစည်း၏ ဖွဲ့စည်ပုံနှင့် ဆင်တူသော ဂြိုလ်အစုအဝေးနှင့် ကမ္ဘာမြေ၏ တည်ဆောက်ပုံနှင့် ဆင်တူသော ဂြိုလ်များကို ရှာဖွေလျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Kepler ဂြိုလ်တုကို ၂၀၀၉ ခုနှစ် မတ်လတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။http://www.blogger.com/small-size-image" />
Share this article :

0 comments:

Post a Comment

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger