dailyvid


1234
x

Latest Post

ကိုနေဘုန်းလတ်ကို လွတ်လပ်မှုကလောင်ရှင်ဆု အပ်နှင်း (ဗီဒီယို)

RFA | ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို PEN American Center က ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmiths Freedom to Write Award ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားအကြောင်း ဗီဒီယိုသတင်း တင်ပြထားပါတယ်။

Courtesy of Friends and Family

There are two photos of Nay Phone Latt that I love. In the first one, he's in a vacant lot flying a kite. In the other, he's standing in front of a wall-size King Kong poster, a dinosaur lunging for his right ear.

Looking at these, it takes no great leap to guess what he is: a poet and blogger. And since he lives in Burma, you can guess what else he is: a prisoner.

The recipient of this years PEN/Barbara Goldsmith Freedom to Write Award, Nay Phone Latt, 29, is the voice of a generation of Burmese who are finding ways around an aging regimes desperate censorship. When the junta there cracked down on Buddhist-monk-led demonstrations in 2007 and restricted press coverage, Nay Phone Latts blog was a go-to source for international journalists. For this, he was arrested and is serving 12 years.

As Burma charts its future in this crucial year, what it really needs is kite flyers who stand up to giants. Will the generals let him go free?

Rushdie is a novelist

TIME 100 Social-Networking Index: 122

copy from: http://www.time.com/time/specials/packages/article/0,28804,1984685_1984949_1985235,00.html

ကလေးစစ်သားများနဲ့ မိဘများ - မှတ်တမ်းများက ပြောတဲ့ သူတို့ ဘ၀များ

သတင်းဇစ်မြစ် - ဦးအေးမြင့် (လမ်းပြကြယ်)
မိုးမခအထောက်တော် ၀၀၃
ရဲမြင့်ဟိန်း (၁၉၉၃ - ) ၁၇ နှစ်
ပဲခူးတိုင်း၊ ပခုက္ကူမြို့၊ ၁၀တန်းကျောင်းသား၊ ဧပြီလ ၂၅ ရက်က အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့သည်။
ဌာနေ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၂ တပ်က ရဲမြတ်ဟိန်းနှင့် ၁၀ တန်းကျောင်းသားများကို စစ်တပ်ထဲဝင်ရန် လိုက်လံစည်းရုံးခြင်း၊ တွေ့ဆုံစကားပြောရန် ကြိုးစားခြင်းတို့ ပြုလုပ်နေကြသဖြင့် မိဘများက စိုးရိမ်ကြီးစွာဖြင့် စောင့်ကြပ်နေစဉ်မှာ ကလေးပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ယခုအချိန်ထိ ၂၅၂ တပ်က ထိုကလေးများ ၎င်းတို့ဆီတွင် မရှိကြောင်း ငြင်းဆန်လျက်ရှိသည်။

မောင်ညီညီနိုင် (စစ်နိုင်) (၁၉၉၄ - ) ၁၆ နှစ်
ပဲခူးတိုင်း၊ က၀မြို့နယ်၊ သက္ကလကျေးရွာ၊ ညီအကိုနှစ်ဦးကို လှည်းကူးမြို့နယ် ရဲမွန်တပ်က ဆရာကြီး မြင့်သန်းက ၎င်းတို့တပ် ၂၁၉ သို့ ၀င်ပါက ကျောင်းပညာရေး အဆုံးသင်ရမည်ဟု လှည့်ပတ် ခေါ်ဆောင်ပြီး တပ်ထဲသွင်းခဲ့သည်။ အသက်မပြည့်သဖြင့် စစ်နိုင် အသက် ၂၀ ဟု အမည်ပြောင်း၊ အသက်လိမ်ပြီး တပ်ထဲသွင်းခဲ့သည်။
ညီဖြစ်သူမှာ ၁၀ နှစ် သား သာရှိသဖြင့် နောက်ဆုံးတွင် တပ်က စာနာသူများက မိဘများထံ ဆက်သွယ်ပြီး ပြန်ပို့ပေးခဲ့။ ညီညီနိုင်မှာမူ ရမည်းသင်း လေ့ကျင့်ရေး စခန်းကို ပို့ထားပြီး ဖြစ်၍ မိဘများက အကြိမ်ကြိမ်သွားရောက် တွေ့ဆုံရန် ကြိုးစားသော်လည်း မရရှိခဲ့။ နောက်ဆုံး ရမည်းသင်း စခန်းဆင်းတော့မှ မိဘများ တွေ့ခွင့်ရ။
သို့သော်လည်း ကလေးမှာ ရဲမွန်တပ် ၂၁၉ သို့ ပြန်မကျဘဲ ရှမ်းပြည်သို့ တာဝန်ချခြင်းခံရသဖြင့် မိဘများကော၊ ကလေးပါ စိတ်ထိခိုက် စိတ်ဒုက္ခရောက်ပြီး လမ်းပြကြယ် သို့ လာရောက် အကူအညီ တောင်းခဲ့ကြသည်။

အောင်စိုးလင်း (၁၉၉၅ - ) ၁၅ နှစ်
စစ်ကိုင်းတိုင်း၊ တပ်ကုန်းကျေးရွာ၊ ဦးသိန်အောင်၊ ဒေါ်ဝင်းမေသား၊
ခမရ (၃၆၄ တပ်ရင်း) က ဗိုလ်မှူးသက်ဦး၊ တပ်ကြပ်ကြီး ၀င်းတင်၊ ဒုတပ်ကြပ် ပန်းတင်နှင့် တပ်သား ၅ ဦးက ဖခင် ဦးသိန်းအောင်အား အမှုဆင် စွပ်စွဲပြီး သားဖြစ်သူအား တပ်ထဲသို့ ထည့်သွင်းရန် လိမ်လည် ခြိမ်းခြောက် ခေါ်ဆောင်ခဲ့သည် (၁၆ အောက်တိုဘာ ၂၀၀၉)
မော်လိုက်မြို့ ခမရ (၃၆၄) သို့ မိဘက အကြိမ်ကြိမ် စုံစမ်းသော်လည်း ငြင်းပယ်ခြင်း ခံရသည်။
နောက်ဆုံး ၂၈ မတ် ၂၀၁၀ တွင် နမခမှ တပ်ကြီးကြီးတဦးသတင်းပေးချက်အရ ကလေးမြို့ စတခ (င) တွင် သင်တန်းတက်ပြီး ဆင်းသွားပြီ ဖြစ်ကြောင်း၊ မည်သည့်တပ်ကို ရောက်ရှိသွားခြင်း မသိရဟု ဆိုသည်။
(ဓာတ်ပုံများ - ညီညီနီုင်၏ ပုံ)


နာဂစ်မုန်တိုင်းနှစ်နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲ တိုကျို၌ပြုလုပ်

တိုကျို၊ မေ(၂)
သတင်း-သန့်မျိုးထွေး
၂၀၀၈ခုနှစ် မေလ(၃)ရက်နေ့တွင် ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့သူများအတွက် အောင့်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ-ဂျေအေစီ၏ ဦးဆောင်မှုဖြင့် တိုကျိုမြို့၊ တိုရှိးမားမြို့နယ်ရှိ Komagome Bunka Centreတွင် ယနေ့မနက်(၉)နာရီ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆုတောင်းပွဲကို ဂျပန်ရောက်မြန်မာလူမျိုး(၅၀)ကျော် တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာမှဆုတောင်းမေတ္တာပို့သခြင်းကို တိုကျိုမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်းမှ တာဝန်ခံဆရာတော်အရှင်ဓမ္မဇောတိမှ ပရိတ်တရားနာရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာအမျှပေးဝေ၍ တက်ရောက်သူများအားတရားနာချီးမြှင့်ခဲ့ပြီး ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်းအစီအစဉ်ကို (OKOJ)မှဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။

လူသားအားလုံး၏ ငြိမ်းချမ်းရေးရရှိဖို့နှင့် လူသားအချင်းချင်းချစ်ခြင်းမေတ္တာဖြင့် တဦးပေါ်တဦးသဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလိုနာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်းဖြစ်ကြောင်း ဆရာစောလှကြည်မှပြောပြသွားသည်။

“စစ်အစိုးရက သူတို့ရဲ့သြဇာအာဏာတည်တံ့ခိုင်မြဲဖို့နဲ့အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့်နာဂစ်မုန်တိုင်းရဲ့ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကိုအဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကိုအရေးမထားခဲ့တာ” ဟု၎င်းကဆက်လက်ပြောပြသည်။


နာဂစ်တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်းသိရပြီး ဂျေအေစီမှယန်းတစ်းသန်းကျော်ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပေးပို့လှူဒါန်းခဲ့သလို ဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော်ကျန်ရှိနေသေးကြောင်း ဂျေအေစီမှတာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။

အစ္စလမ်ဘာသာမှဆုတောင်းပေးသူ ဦးလှမောင်ကလည်း “ဒီနေ့နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးရတဲ့အခါမှာ ကျနော်အင်မတန်မှကြေကွဲဝမ်းနည်ရပါတယ်။ ဒီလိုကျနော်တို့တိုင်းပြည်မှာ လူတသိန်းခွဲလောက်သေသွားရတယ်ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့မင်းဆိုးမင်းညစ်တွေ ပြည်သူကိုမတရားညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာသေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေအုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်”ဟု နာဂစ်တိုက်ခတ်သွားခြင်းကို ၄င်း၏ဘာသာရေးအမြင်ဖြင့် သုံးသပ်ပြောဆိုသွားသည်။

နာဂစ် (၂) နှစ် မြောက် ဆွမ်းသွပ် အမျှဝေ အလှူပွဲ မှတ်တမ်းဓါတ်ပုံများ။

သြစတေးသျးနိုင်ငံ မဲဘုန်းမြို.က မျိုးချစ် မြန်မာများရဲ. နာဂစ် (၂) နှစ် မြောက် ဆွမ်းသွပ် အမျှဝေ အလှူပွဲနဲ. ကဆုန်ညောင်ရေသွန်းပွဲ မှတ်တမ်းဓါတ်ပုံများ။



Thanks: shwenanda@gmail.com

လက်ပါးစေအချို့ NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်

Freedoom News Group | မင်းကိုနိုင် ၊ ကိုကိုကြီး တို့ ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့ နာမည်အား ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစ၍ တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့် အဖွဲ့သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံ နှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ အလံ တို့ကို ဆင်တူ ယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ် နေသည်ကို ကန့်ကွက် နိုင်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

Freedom News Group သည် ကိုအေးလွင် တို့ အဖွဲ့ ၏ တံဆိပ် နှင့် အလံများ ဆင်တူယိုးမှားပြုခြင်း နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ လိုလားသူများ နှင့် ဆက်သွယ် မေးမြန်း နေပါသည်။ (မကြာခင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်)
ကိုအေးလွင် ၏ ညီ ကိုရဲထွန်းတို့ အဖွဲ့၏ ထိုဆင်တူယိုးမှား လုပ်ရပ်ကို သင် ကန့်ကွက်မည် ဆိုပါက သင်၏ ထင်မြင်ချက် ကို စာကြောင်းရေ ငါးကြောင်း ထက် မပိုပဲ freedomnewsgroup@gmail.com သို့ ပို့ပေးပါ။ ပေးပို့သူ၏ နာမည်ရင်း လိုအပ်ပါသည်။

source by : Freedoom News Group

လက်ရှိဝန်ကြီးချုပ် ပါတီထောင်သည့်ကိစ္စ ဥပဒေကို ချိုးဖောက်

VOA NEWS | မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်လာတာဟာ ကိုယ်ပြန်ဌာန်းထားတဲ့ ဥပဒေဆိုတာကို ကိုယ်တိုင်ပြန်ပြီး ချိုးဖောက်တာပဲဖြစ်တယ်လို့ အခြေခံဥပဒေ ရေးရာ ကျွမ်းကျင်သူ ဥပဒပညာရှင်တယောက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အားနည်းစေသလို ရွေးကောက်ပွဲဝင်မယ့် တခြားပါတီတွေအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ စစ်တပ်ရာထူး ကနေအနားယူပြီး ဦးသိန်းစိန်အဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သူအပါအ၀င် တခြား စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ နိုင်ငံရေး ပါတီတခုကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီပါတီရဲ့ နာမည်ကလဲ မြန်မာစစ်ကောင်စီက လူမှုရေးအဖွဲ့အစည်းဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း (USDA) နဲ့ နာမည်ဆင်တူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်နေပါတယ်။

ဒီလိုလုပ်တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား တက္ကသိုလ်၊ ဒီမိုကရေစီ အခြေခံဥပဒေဌာနက ဥပဒေ ဘွဲ့လွန်ပါရဂူ သုသေသီ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ထောက်ပြပါတယ်။

"နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေပေါ့နော်၊ သူတို့အခေါ် ဥပဒေပေါ့။ ကျနော့်အခေါ်တော့ အမိန့်ပေါ့။ ပုဒ်မ (၄/ဃ) မှာ နိုင်ငံ ၀န်ထမ်း မဟုတ်သူများလို့ သေချာပြဌာန်းထားတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၆/က) မှာ နိုင်ငံဝန်ထမ်း များသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည် ဆိုပြီးတော့ အတိအလင်း ပြဌာန်းထားတယ်။ ဆိုတော့ ၀န်ကြီးချုပ် ဦးသိန်းစိန် နဲ့ အဖွဲ့တွေ ကြံ့ဖွံ့ပါတီအဖြစ် ပါတီဖွဲ့ပြီးဝင်မယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ် ထိုးပြီးတော့ ထုတ်ပြန် လိုက်တဲ့ ရွေးကောက်ပွဲ အမိန့်တွေကို မလေးစားရာလည်း ကျတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာကျတယ် လို့ ကျနော်ကတော့ မြင်ပါတယ်။"

ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော် အသီးသီးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ကို အခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းအပြင်ကို နောက်ထပ်နေရာတွေ ရယူနိုင်ဖို့ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုမယ့်သူတွေ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ အရင်ကတည်းက တွက်ထားပြီးသားဖြစ်ပေမဲ့ အခုလို လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် စစ်တပ်ကထွက်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ လုပ်တာကတော့ အင်မတန် ဆိုးရွားလွန်းတယ်လို့ ဒေါက်တာငွန်ကျူံးလျန်က ပြောပါတယ်။

"အခုလို ကိုယ်ထုတ်ထားတဲ့အမိန့်၊ ကိုယ်ထုတ်ထားတဲ့ ဥပဒေကိုမှ မလိုက်နာဘဲ ၀န်ထမ်းဖြစ်လျက်သားနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တာ တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်ဖြစ်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခြင်း၊ မဲပေးခြင်း၊ ပါတီထောင်ခြင်းတွေဟာ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ ပြန်လည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်တဲ့ လုပ်ရပ်တခု အနေနဲ့မြင်တဲ့ နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ မဲပေးချင်တဲ့သူတွေ အတွက်လည်း တော်တော်ကို နစ်နာစရာ ဖြစ်လာတယ်။ နောက်ပြီးတော့ တဖက်က လုပ်တဲ့သူတွေအတွက်လည်း တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်တခု ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

အခုလုပ်ရပ်ဟာ နဂိုကတည်းက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ထားတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ပေမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် မဖြတ်မဖြစ် ဖြတ်သန်းရမယ့် အဆင့် ဖြစ်တယ်၊ ကာလရှည်ကြာ စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအစိုးရတရပ် ပေါ်လာဖို့အခွင့်အရေးကို ဘယ်လိုပဲ ဖြစ်ဖြစ် အမိအရ ဆုပ်ကိုင်သင့်တယ်လို့ ယူဆပြီး ရွေးကောက် ပွဲဝင်ဖို့ ပြင်ဆင်နေသူတွေ အတွက်ကတော့ ဦးသိန်းစိန် တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်တို့လုပ်ရပ်ကြောင့် ရထိုက်တဲ့ အခွင့်အရေးလေးတောင် ဆုံးရှုံးမယ့်အရေး ဖြစ်နေတယ်လို့ ဒေါက်တာ ငွန်ကျူံးလျန်က သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ အတွက်တော့ အခု သိန်းစိန်တို့ လုပ်လိုက်တဲ့ကိစ္စက တော်တော်ကို တပူပေါ် ဆယ်ပူဆင့် နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေထဲက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးစရာ ဖြစ်လာတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်တဲ့အချက်ကို တော်လှန်ရေးတရပ်အနေနဲ့ စဉ်းစားပြီး ဆက်လက်လှုပ်ရှားလိုတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း အဲဒီအချက်ကြောင့် သူတို့ မရပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။"

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာစစ်အာဏာပိုင်တွေက အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမှာဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လုံးဝ တရားမျှတမှု မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘူး၊ မဲမပေးဘူးဆိုတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိသလို ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ထိထိ ရောက်ရောက် အသုံးချလိုသူတွေလည်း ရှိနေပါတယ်။ ဒီ ဘက်နှစ်ဘက်လုံးဟာ တဘက်ရဲ့ရပ်တည်ချက်ကို တဘက်က အသိအမှတ် ပြုသင့်တယ်လို့ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အကြံပေးပါတယ်။

"ရွေးကောက်ပွဲမှာ အသည်းကြားက မဲတပြားကို မဲရုံမှာသွားပြီး မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ် ရရှိရေး တိုက်ပွဲဝင်လိုတဲ့ ပြည်သူတွေ အတွက်လည်း နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိုင်ကြည့်နေမယ့်အစား ဆန္ဒမဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့ ရပ်တည်ချက်ကို ဆက်လက် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တဘက်ကလည်း မဲမပေးခြင်း ပါတီမထောင်ခြင်း နိုင်ငံရေးတိုက်ပွဲ ၀င်လိုတဲ့သူတွေလည်း အခြားသူတွေရဲ့ ခံယူချက် ရပ်တည်ချက်ကို လေးစားသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခြင်း မပေးခြင်းဟာ လူတဦးတယောက်ရဲ့ ပင်ကိုအခွင့်အရေး ဖြစ်တယ်။ အဲဒီတော့ မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့သူကိုလည်း မဲမပေးခြင်းးဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ် ပြောလို့မရသလို၊ မဲမပေးလိုတဲ့သူကိုလည်း မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ်လို့ မပြောသင့်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။"

အခု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီကို နိုင်ငံရေး ပါတီအဖြစ် အတည်ပြုပေးဖို့ စဉ်းစားတဲ့ နေရာမှာ ရွေးကောက်ပွဲကော်မရှင် လူကြီးတွေဟာ သမိုင်းအမည်းစက် ထင်ကျန်မယ့်အရေးကို ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အဆိုပြုသွားပါတယ်။

အခုအချိန်ထိတော့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ လက်ရှိဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ့် အလားအလာမျိုး မတွေ့ရသေးသလို သူ့ရဲ့ USDP ပါတီနဲ့ USDA ပြည်ခိုင်ဖြိုးအဖွဲ့တို့အကြား အဆက်အစပ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပါ။

( နာဂစ် ) “I Want to Help My Own People” HRW Report Nargis after ( နာဂစ် )

This 102-page report based on 135 interviews with cyclone survivors, aid workers, and other eyewitnesses, details the Burmese military government's response to Nargis and its implications for human rights and development in Burma today. The report describes the government's attempts to block assistance in the desperate three weeks after the cyclone, which struck Burma's Irrawaddy Delta on May 2, 2008, and the concerted response from increasingly assertive Burmese civil society groups to overcome government restrictions to providing assistance. The report details continuing violations of rights to free expression, association, and movement against Burmese aid workers and their organizations by the ruling State Peace and Development Council (SPDC).
“I Want to Help My Own People” HRW Report Nargis after
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger