ရွှေဝါရောင် ဥဒါန်း (သစ်ကောင်းအိမ်)
သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟော့ဒီ ကာလဟက်တက်ကြီးထဲ
အလွမ်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့်ဂူစတီနာ။
မီးသဂြိုလ်စက်တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်လောင်ကျွမ်းကြ။
ဒါ နှင်းဆီရောင်အလှတရားလား..
စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား..
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား..။
ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့..
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့..
ဝါးလုံးဆွေးနဲ့ အလံထောင်လို့
မိစ္ဆာက ဟားတိုက်ရယ်နေရဲ့။
ငါတို့ဖိနပ်သာ ငါတို့ သေနတ် ဖြစ်တယ်။
သွေးကြွေးဆိုတာ
ဆွေးနွေးဖို့ မရှိတော့ပါ။
သစ်ကောင်းအိမ်
(၁၁၊ ၁ဝ၊ ဝ၇)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment