18 Sep 2010 ( BCJP News )
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှအခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ယနေ့အခမ်းအနားမှာ Global Action Campaign ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်ကြသည့် အင်အားစုများတို့မှလည်း Global Action Campaignမှာ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ကို ကျင်းပရေးတာဝန်ခံ ဦးသန်းဆွေမှ ရှင်းလင်းပြောကြားသွားပါသည်။
အခမ်းအနားတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် IBMO(Japam-branch)တာဝန်ခံ ရောတော် ဦးဓမ္မဇောတိ နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ ဆရာတော်ဦးထာဝရတို့မလညှ်း တက်ရောက်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်းကို ပြောကြားပြီးနောက် မွန်းလွဲ (၃း၀၀)နာရီ၌ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
0 comments:
Post a Comment