dailyvid

Home » » လှိုင်သာယာက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ သတင်းဓာတ်ပုံမှတ်တမ်းနှင့် လက်တလော သတင်း အခြေအနေ

လှိုင်သာယာက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ သတင်းဓာတ်ပုံမှတ်တမ်းနှင့် လက်တလော သတင်း အခြေအနေ







လှိုင်သာယာ စက်မှုဇုံ ( ၃ ) တွင်ရှိသော တိုင်ရီ ဖိနပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ မှာ လူနေမှု့  စားရိတ်ကြီးမြင့်လာသည် တစ်ကြောင်း ရရှိသည့်လစာမှာလဲ အလွန်နည်းပါးသည်တို့ ကြောင့် ၎င်း တို့  ၏ လိုအပ်ချက်များကို စုပေါင်းတောင်းဆိုသည့်အနေဖြင့် (8.2.2010) နေ့ နံနက် 7 နာရီစတင်၍အလုပ်သမားအင်အား 2000 ကျော်မှတောင်းဆို ဆန္ဒပြကြရာ အာဏာပိုင်များမှာနေ ၍ (၅ ) ဦးထက်ပိုမိုစုရုံးပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့် ကျင် နေသည့် အတွက် အမြန်ဆုံးလူစုခွဲ ကြရန်ငြိမ်းချမ်းစွာအခွင့်အရေးတောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက်ပြောဆိုခဲ့ သည်။

ထို့အပြင် လုံထိန်းကားများ ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရန်ပိတ်ဆို့  ထားပြီး အလုပ်သမားထုအား အင်အားသုံးဖြိုခွဲရန် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့  နေ့ လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင်ထပ်မံရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒ ပြနေ ကြသော စက်ရုံးအလုပ်သမားများကို ထပ်မံခြိမ်းခြောက်လျှက်ရှိသည်ဟုသိရပါသည်။ ထပ်မံရရှိမည့် သတင်းများအား ဆက်လက် တင်ရှိပေးသွားမည့်ဖြစ်ပါကြောင်း http://freeforcountry.blogspot.com/2010/02/blog-post.html ခွပ်ဒေါင်းသွေး ဘလော့ဂ် တွင်ဖော်ပြထားပါသည်။

ဆန္ဒပြနေသည့်နေရာ ---- လှိုင်သာယာ စက်မှုဇုံ ၃၊ ၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း မြဖက်ရှင် အထည်ချုပ်စက်ရုံ (ထိုင်းလူမျိုးပိုင်ရှင်က)

အလုပ်သမားအင်အား ---- အင်အား ၂၀၀၀ ကျော်

တောင်းဆိုချက်တွေက ----
၁။ လစာ တသောင်း ထပ်တိုးပေးဖို့
၂။ အလုပ်ချိန် လျော့ချပေးဖို့ (လက်ရှိအလုပ်ချိန်က နံက် ၇ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ)
၃။ အလုပ်သမားမားစားသောက်နေထိုင်တဲ့နေရာတွေ သန့်ရှင်းစေဖို့

အလုပ်ရှင်ရဲ့တုံ့ပြန်မှု --- အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတင်ပြချက်ကို လက်မခံပဲ အာဏာပိုင်တွေကို တိုင်ကြားလိုက်တယ်။

နအဖ တုံ့ပြန်မှု -- အကြမ်းဖက်ဖြိုခွင်းမည့်ပုံမျိုးရှိနေ။ လုံထိမ်း ၁၀၀၀ လောက် နဲ့ဝိုင်းထားတယ်။ အချုပ်ကား ရဲကား မီးသတ်ကားတွေနဲ့ ပိတ်ဆို့ထားတယ်။ န၀ဒေး လမ်းဆုံဘက်မှာလည်း ပိတ်ဆို့ထားတယ်။ ဆန္ဒပြအလုပ်သမားတွေ အပြင်မထွက်နိုင်အောင်။ အပြင်က ပြည်သူလူထုတွေ လာရောက်မပူးပေါင်းနိုင်အောင် ဖြတ်တောက် ပိတ်ဆို့မှုတွေလုပ်နေတယ်။ သတင်းဆက်သွယ်မှုတွေနှေးကွေးအောင် ဖြတ်တောက်မှုတွေလုပ်နေတယ်။ အင်တာနက်အမြန်နှုံးတွေ လျော့ချထားတယ်။

ဘေးပတ်ဝန်းကျင်အခြေအနေ -- အနီးအနားက အခြားစက်ရုံများမှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြပွဲကို ပူးပေါင်းလာကြပြီ။ yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သားထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများ။

- ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ။

လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး

Share this article :

0 comments:

Post a Comment

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger