dailyvid

Home » » ပြည်သူလူထုတစ်ရပ်လုံးက ချစ်မြတ်နိုး လေးစားရတဲ့ ကိုဇာဂနာ (ခ) ကိုသူရ၏ မွေးနေ့  (ဇန်န၀ါရီလ - ၂၇ ရက်နေ့ ) အထိမ်းအမှတ် အထူးတင်ဆက်မှု

ပြည်သူလူထုတစ်ရပ်လုံးက ချစ်မြတ်နိုး လေးစားရတဲ့ ကိုဇာဂနာ (ခ) ကိုသူရ၏ မွေးနေ့  (ဇန်န၀ါရီလ - ၂၇ ရက်နေ့ ) အထိမ်းအမှတ် အထူးတင်ဆက်မှု



ကိုဇာဂနာ (ခ) ကိုသူရရဲ့  တိုင်းပြည်နဲ့  လူမျိုးအပေါ်ထားရှိတဲ့ မွန်မြတ်သောစိတ်ဓါတ်၊ ပြည်သူတွေ ပျော်ရွှင်ကြည်နူးအောင် ရယ်မောဖွယ်ရာများ ပြောတတ်တဲ့ ဟာသဥာဏ်ပညာ၊ အာဏာရူးတွေရဲ့  မတရားမှု မမှန်ကန်မှုတွေကို ရဲရဲဝန့် ဝန့်  သမာသမတ်ရှိရှိ ထောက်ပြပြောဆိုရဲတဲ့သတ္တိတို့ ကို အထူးလေးစားရပါတယ်။

“ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်” ဆိုတဲ့စကားအတိုင်း အာဏာရှင်တွေရဲ့  မှားယွင်းမှုတွေကို ရဲဝန့် စွာ ပြောဆိုပြရဲတဲ့ ကိုဇာဂနာကို ကြောက်နေသူ အာဏာရူးတွေကတော့ အခုထိ ကြောက်မွှေးတွေရှိနေပြီး ဇာဂနာနဲ့  အနှုတ်ခံရမှာ ကြောက်နေတုန်း ကြောက်နေဆဲပါဘဲ။

ပညာအရည်အချင်းနဲ့  ပြည်စုံသူ၊ ဥာဏ်အမျှော်အမြင်ကြီးမားသူ၊ ဟာသဥာဏ်ရွှင်ပျသူ၊ ကိုယ်ကျင့်သိက္ခာတရားပြည့်ဝသူ၊ ဖော်ရွေခင်မင်ဖွယ်ကောင်းသူ၊ တရားမျှတမှုနဲ့ အမှန်တရားကို ချစ်မြတ်နိုးလက်ဆုတ်ကိုင်ထားသူ၊ တိုင်းပြည်နဲ့  ပြည်သူတွေ အကျိုးစီးပွားကို ရှေ့ တန်းတင်ဆောင်ရွက်သူ ကိုဇာဂနာလို လူမျိုးကို ထောင်နှစ်ပေါင်းများစွာချထားပြီး ဖမ်းဆီးချုပ်နှောင်ထားသူတွေဟာ ကိုဇာဂနာရဲ့  စကားလုံးအပြောအဆိုတွေနဲ့  ထောက်ပြဝေဖန်မှုတွေ အနုပညာဆောင်ရွက်မှုတွေ အများအကျိုးပရဟိတလုပ်ဆောင်မှုတွေကို ကြောက်လန့် နေခြင်းသာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၂၇) ရက်နေ့ မှာ ကျရောက်တဲ့ ကိုဇာဂနာ (ခ) ကိုသူရရဲ့  မွေးနေ့ မင်္ဂလာမှာ ကိုဇာဂနာတစ်ယောက် အနှောင်အဖွဲ့ ကင်းလွတ်စွာနဲ့  အမှန်တရားကို လွတ်လွတ်လပ်လပ် အနှောင့်အယှက်တားဆီးပိတ်ပင်ခံရခြင်းမရှိဘဲ ၀ါသနာပါသော ပြည်သူ့ အကျိုးပြု အနုပညာလုပ်ငန်းများ အပြည့်အ၀ လုပ်ကိုင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

လေးစားလျက် - နစ်နေမန်း

ကိုဇာဂနာနဲ့ တွေ့ ဆုံစကားပြောမှုကို တင်ဆက်ထားတဲ့ ဗွီဒီယိုအပိုင်းအစလေး ဖြစ်ပါတယ်။ "freezarganar" ကနေ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်။

ဒီဗွီဒီယိုကို ဒေါင်းလုပ်လုပ်လိုတယ်ဆိုရင်တော့ http://www.mediafire.com/?xjjlymktnnn (70MB) ။

မျှဝေပေးသူ ကိုနစ်နေမန်းအား ကျေးဇူးတင်ရှိပါသည်။

Share this article :

0 comments:

Post a Comment

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger