ထိုထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက နိုင်ငံရေးယုံကြည်ချက်တွေကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ တို့ ပါဝင်ပါတ်သက်ခွင့်မရှိပဲ၊ နိုင်ငံရေး ပါတီတွေအနေနဲ့ ပါတီရဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုလုပ်ခွင့် ပေးခြင်းမရှိပဲ ကျင်းပမယ်ဆိုရင် စစ်အုပ်ချုပ်သူတွေ ကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဥိးဥာဏ်ဝင်းကပဲ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖေဖေါ်ဝါရီလါ ၁၃ ရက်နေ့က လွတ်မြောက် လာတဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးဟာ သူရဲ့ တာဝန် ဝတ္တရား တွေကို နောက်ရက်မှာပဲ စတင်ထမ်းဆောင်ခဲ့တာနဲ့ ၊ NLD ရဲ့ အီးစီ ၁၁ ဦးကနေ ၂၀ဦး အထိ တိုးချဲ့မယ့် အစီအစဉ်ကိုလဲ အပေါ် ကျေနပ်အားရမိတယ်လို့ သူ့ကို ပြောပြ ခဲ့တယ် လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်းကပဲ NLD ပါတီဟာ အလုပ်အမှုဆောင် ၁၀၀နဲ့ ဗဟိုကော်မတီ ၂၀ ရှိမယ့် အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။
0 comments:
Post a Comment