Latest Post
ဆန္ဒပြ ထိုင်းအလုပ်သမားများ၏ တောင်းဆိုချက်များ အောင်မြင်
အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှုများကို မကျေနပ်ကြသဖြင့် အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသော မြန်မာအလုပ်သမား၏ တောင်းဆိုချက်များအားလုံးကို အလုပ်ရှင်မှ လိုက်လျောမည်ဟု ယနေ့တွင် ကတိပြုခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ချုံဘူရီခရိုင်၊ စမူပါကန်၊ တလာဘန့် ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်များအတွက် ပြီးခဲ့သော စနေနေ့ (အောက်တိုဘာ ၃ရက်)တွင် စတင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အလုပ်သမားများမှ ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို အကူအညီတောင်းခံခဲ့သဖြင့် အဆိုပါအဖွဲ့မှ ကိုအောင်မြင့်သိန်းနှင့် ထိုင်းရှေ့နေ (၂)ယောက်က လာရောက်ကူညီခဲ့ကြသည်ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုကျော်စိုးပိုင်က အခုလိုပြောပြသည်။
“ဒီနေ့ မနက်ပိုင်းမှာ ကိုအောင်မြင့်သိန်းနဲ့ ထိုင်းရှေ့နေ (၂)ယောက် ရောက်လာတယ်။ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံးမှာ တိုင်ချက်ဖွင့်ကြတယ်။ ကျနော်အပါအ၀င် အလုပ်သမားခေါင်းဆောင် (၇)ယောက်ပါတယ်ပေါ့နော်။ ကျနော်တို့ အပြည့်အစုံ တင်ပြပြီးတော့ ဖိနပ်စက်ရုံကို သွားကြတယ်။ အလုပ်အကိုင် ရှာဖွေရေးရုံးက လူကြီးတွေက မန်နေဂျာကို ပြောတယ်။ အစိုးရ သတ်မှတ်ထားတဲ့ နေ့တွက်လုပ်အားခ မညီတာတွေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရတာတွေကို မကျေနပ်ကြလို့ လာရှင်းရတာဖြစ်တယ်။ အဲဒါဟုတ်လားလို့ မေးတော့ မန်နေဂျာမ ကလည်း မငြင်းတော့ဘူး။ သူဌေးမတော့ မလာဘူး။ ဖုန်းပဲဆက်တယ်။ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေကို လိုက်လျောမယ်လို့ ကတိပေးတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း အလုပ်ရုံ စည်းကမ်းအတိုင်း ကောင်းကောင်းမွန်မွန် အလုပ် လုပ်ကြဖို့ ပြောသွားတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများမှာ မိမိတို့ စည်းလုံးညီညွှတ်မှုကြောင့် အောင်မြင့်မှု ရခဲ့ကြသဖြင့် အထူးဝမ်းမြောက် နေကြကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလှစိုးက ပြောပြသည်။
အဆိုစက်ရုံတွင် မြန်မာအလုပ်သမား သုံးထောင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်း အလုပ်သမားများ၏ ပြောဆိုချက်အရ သိရှိရသည်။
http://ghre.org/mm/index.php?option=com_content&view=article&id=389:2009-10-05-13-30-34&catid=1:latest-news&Itemid=54 မှရယူသည်။
နအဖခေါင်းဆောင်အား မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ကြောင်းကြေငြာချက်
ABMA 5.10.09
ဖြန့်ဝေသူ - မင်းသုည (ကွမ်းခြံကုန်း)
ဖြန့်ဝေသူ - မင်းသုည (ကွမ်းခြံကုန်း)
ရာဇဝင်ရိုင်း ဖွတ်သမိုင်း | ကိုစိုး(နာဂါစကီ)
မြတ်မိခင်ကို
ငါလျှင်လွန်စွာ
တွေ့ချင်ပါလျှက်
တွေ့ရန်ခက်ခဲ့။
ဇနီမယား
သမီးသားကို
ငါကားလွန်စွာ
တွေ့ချင်ပါလျှက်
တွေ့ရန်ခက်ခဲ့။
တအူထုံဆင်း
တူကြီးပြင်းသည့်
မောင်ရင်းနှမ
လွန်ချစ်လှစွာ
တွေ့ချင်ပါလည်း
တွေ့ရန်ခက်ခဲ့။
ငါ့တိုင်းရွာကို
လွန်စွာချစ်ခင်
ငါပြန်ချင်လျှက်
အပြန်ခက်ခဲ့
ဘယ်အတွက်နည်း။
ဖွတ်မိကျောင်းဖြစ်
အနှီမြစ်မှာ
ဘယ်သောခါမှ
ချမ်းသာမရှိ
ပုံထင်သိကြ
အမိပြည်ရွာ
မြန်တိုင်းဋ္ဌာတွင်
အာဏာရှင်စက်
လွန်ရက်စက်စွာ
ကိုယ်ကျိုးရှာသည့်
ရာဇဝင်ရိုင်း
ဖွတ်သမိုင်းကြောင့်
ငါ့တိုင်းပြည်ရွာ
ပြန်ချင်ပါလျှက်
အပြန်ခက်ခဲ့။....။
ကိုစိုး(နာဂါစကီ)
ယမုံနာမြစ်အလယ်တွင် ကံဆောင်သပိတ်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ခဲ့
ဖြိုးဝေ-mmp | သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့၊ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍ စစ်အာဏာရှင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်များ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါသည်။
အန္ဒိယနိုင်ငံအနေဖြင့် Old-ဒေလီ အရှေ့ပိုင်းရှိ ယမုံနာမြစ်တွင် သံဃာ ၇ ပါးဖြင့် သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့ မွန်းလွဲ (၃)နာရီမှစတင်ကာ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဖတ်ပြီး သပိတ်မှောက်ကံဆောင်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ကံဆောင်သပိတ်အား မြတ်စွာဘုရား၏ ဝိနည်းတော်နှင့်အညီ ပကတိပုရိသ ယောကျာင်္းတစ်ယောက်၏ ခဲတပစ်စာ ယမုံနာမြစ်အလည်တွင် သိမ်သမုတ်ပြီး ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဖတ်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပြီး ၄ နာရီတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်းသိရပါသည်။
ထို့နောက် သီတင်းကျွတ်မီးထွန်းပွဲကို အန္ဒိယနိုင်ငံအနေဖြင့် New-ဒေလီရှိ မြန်မာ့ရိပ်သာခန်းမ (BCRC)တွင် အန္ဒိယရောက် မြန်မာများ စုပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓမ္မတွေပြန် အားကောင်းလာစေရန်နှင့် ဓမ္မလင်းရောင်ခြည် ပြန်သန်းလာစေရန်အတွက် သံဃာတော်များနှင့် ဒကာ၊ ဒကာမများမှ နေရာအနှံ့အပြားရှိ ဘုရားစေတီအမျိုးမျိုးတို့တွင်

၁။ နမော တဿ သုံးကြိမ်ကို တပြိုင်တည်း ၁၀ ပါး/ယောက်ဖြစ်စေ၊ အပါး/အယောက် ၂၀၊ ၃၀ ဖြင့်ဖြစ်စေ စသည်ဖြင့် စုပေါင်းကာ ရွတ်ပေးကြပါရန်နှင့် တရားထိုင်ခြင်းများကို ပြုလုပ်ပေးကြရန် မိန့်တော်မူသည်။ ၄င်းအား ပြည်တွင်း/ပြည်ပ နေရာ အသီးသီးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
၂။ သရဏဂုံသုံးပါး
၃။ ငါးပါးသီလ
၎။ မေတ္တာသုတ်
Subscribe to:
Posts (Atom)