Pages

“လက်ကျန်စာမျက်နှာကိစ္စ”.....စိုးနေလင်း

အဲဒီလိုအခင်းအကျင်း အလျှော့အတင်း
မျဉ်းကွေးဂရပ်ဖ်တွန့်ခေါက်
ဇောက်မနက်မြို့တော်နှုတ်ခမ်းပေါ်
ပျော်ပွဲဖွဲ့လိုသူများကိစ္စ…။

ကြားဖူးပါစ…
မျှခြေမျဉ်းတိမ်းစောင်းသော
ချောင်းကောတခုရဲ့ငိုချင်းရှည်
အရေခွံလဲသောမြွေဆိုးများ
ပါးပြင်းထောင်လွှား ဈေးကစားနေသောကိစ္စ…။

ကကြိုးမပြောင်း
ဇာတ်ကောင်မပြောင်း
ဇာတ်တော်ကိုပေါင်းပစ်ဖို့သာ
အစာအိမ်သက်သက်နဲ့ထိမ်းချုပ်
စုံးစုံးမြုပ်လုမြေသားကိုဆွ
အမှိုက်ကပြန်စရမယ့်ကိစ္စ…။

အားလုံးကြားကြားသမျှ
အမျှဝေနေကြခြင်းမဟုတ်
ငုတ်မိသဲတိုင်
(ကောင်းကင်ပြင်ကို)
ပိုင်ဆိုင်ရမယ့်ကိစ္စ။ ။

No comments:

Post a Comment