မြန်မာစစ်အစိုးရတပ်တို့၏ ဖိနှိပ်ညင်းပမ်းမှုကြောင့် ၂၀၀၆ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည့် ကရင်နီရွာသား၂၀၀၀၀ ခန့်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားမဝင် ဒုက္ခသည်အဖြစ် နေထိုင်ကြဆဲပင် ဖြစ်သည်။ ယခုနှစ် မေလအတွင်း တရွှေ့ရွှေ့ ထပ်မံထွက်ပြေး လာကြသည့် သူများမှာလည်း တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ယာယီထုတ်ပေးသည့် ရိက္ခာဖြင့်သာ အသက်ရှင်နေကြရပါသည်။
ဒုက္ခသည်များအပေါ် ထိုင်းအာဏာပိုင်တို့မှ ကန့်သတ်ပြဌာန်းထားသည့် မူပေါ်လစီအပေါ် UNHCR တို့မှလည်း ဒုက္ခသည်များကို ထိရောက် သည့် အသိအမှတ်ပြုမှုများ မပေးနိုင်သည့်အတွက် ဒုက္ခသည်များအဖို့ ခိုလုံနေထိုင်ခွင့်များ၊ အစားအစာများ ရပိုင်ခွင့်နှင့် လုံခြုံရေးတို့မှာ တရားဝင် သတ်မှတ်ပေးရန် အဟန့်အတားများ ဖြစ်ပေါ်လာပါသည်။
ယခင်က ထိုင်းအစိုးရ အနေဖြင့် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအပေါ် ထားရှိသည့် သဘောထားနှင့် ကိုင်တွယ်မှုတို့မှာ ချီးမွမ်းထိုက် လောက်သည့် သမိုင်းတွင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း နယ်စပ်ရေးရာဆိုင်ရာ ကိစ္စတို့ကို စစ်တပ်ဖြင့် မူပေါ်လစီများ ချမှတ်စေ ခဲ့သည့်အတွက် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
လတ်တလောတွင် ထိုင်းစစ်သားများသည် မဲဆောက်မြို့၏ မြောက်ဘက်ရှိ စစ်ဘေးကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များအား မြန်မာနိုင်ငံသို့  ပြန်လည်အခြေချနေထိုင်စေခြင်း၊ ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျမှ ရောက်လာသော ရိုဟင်ဂျာ ဒုက္ခသည် များအား မတော်မတရား ဆက်ဆံခြင်းနှင့် လာအိုမှ ရောက်လာကြသော H'mong ဒုက္ခသည်တို့ အား ၎င်းတို့၏ နိုင်ငံသို့ အတင်းအဓမ္မ ပြန်လည် အခြေချနေထိုင်စေခဲ့သည်။
ထိုင်းအစိုးရတို့သည် ၁၉၅၁ ခုနှစ်နှင့် ၁၉၆၇ ခုနှစ်တွင် မြန်မာစစ်ပြေးဒုက္ခသည်တို့ အား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် သဘောတူ လက်မှတ် ရေးထိုးချုပ်ဆိုခြင်း မပြုသော်လည်း လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ယာယီခိုလှုံသူများအဖြစ် လက်ခံသည်။ ၂၀၀၉ တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုးံ အစီရင်ခံစာအရ ထိုင်းအစိုးရတို့သည် လူ့အခွင့်အရေးနှင့် ပါတ်သက်ပြီုး ၎င်းတို့၏ ကတိကဝတ်များ ပျက်ပြားလာသည်ဟု ဖော်ပြထားသည်။
မကြာသေးမီက ဒုက္ခသည်များအပေါ် လုပ်ဆောင်ခဲ့သော ၎င်းတို့၏ ပေါ်လစီနှင့် နှိမ်နှင်းမှုသည် နိုင်ငံတကာနှင့် ဒေသအတွင်းရှိ နိုင်ငံများအဖို့ အာရုံစူးစိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဝေဖန်ခြင်းများလည်း ဖြစ်ပေါ်စေခဲ့သည်ဟု ထိုင်းအခြေခံလူမှုအသင်းအဖွဲ့များအား ကိုယ်စားပြုဆိုင်ရာ အမေရိကန် လွတ်တောအမတ်များက ဆိုသည်။
မိမိဘဝလုံခြုံရန်အတွက် ထွက်ပြေးတိမ်းရှောင်လာသည်မှာ မီးမယ် တစ်ဦးတည်း မဟုတ်ပါ။ သူမက ဆက်လက်၍ “ကျမတို့ ထွက်လာတာ ၁၁၅ ယောက်လောက် ရှိတယ်။ ဒီနယ်စပ်ကို ရောက်ဖို့ တစ်ပတ်လောက် ကြာတယ်လေ။ လမ်းခရီးမှာ တောထဲမှာပဲ ပုန်းတယ်၊ အိပ်တယ်၊ တောထဲမှာ လှုပ်ရှားနေတဲ့ နအဖ စစ်သားတို့နဲ့  မြေမြုပ်မိုင်းတွေနဲ့ တိုးမိမှာ အရမ်းစိုးရိမ်တယ်။ နောက်ပြီး လာရမယ့် လမ်းပျောက်သွား မှာကိုလည်း စိုးရိမ်ခဲ့တယ်။ စားစရာတွေ တစ်ချို့ တော့ သယ်လာတယ်ပေါ့။ ဒါပေမယ့် အများအားဖြင့် တောထဲက အစားအစားကိုပဲ စားပါတယ်”
မီးမယ်သည် ထိုင်းနိုင်ငံသို့  စစရောက်ချိန်၌ ဘဝလုံခြုံမှု ရှိသည်ဟု ခံစားရသော်လည်း ထိုင်းအစိုးရတို့၏ တရားဝင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရသည့်အတွက်ကြောင့် ၎င်း၏ လုံခြုံမှုအတွက် ခိုကိုးရာထားခဲ့သည့် စိတ်ခံစားမှုမှာ ပျောက်ကွယ်သွားပါတော့သည်။ သူမသည် ယခုလက်ရှိတွင် မယ်ဟောင်ဆောင်မြောက်ဘက်ရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းတွင် နေထိုင်ပါသည်။
“အခုအချိန်မှာ တစ်ရက်တစ်ကြိမ်လောက် ချေးထားတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတာကိုပဲ တွေးနေပါတယ်။ ကျမမှာ အဝတ်အစားလည်း မရှိဘူး။ သူများတွေကိုပဲ မှီခိုနေပါတယ်။ အစားအစာတော့ နည်းနည်းရှိတယ်။ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီ တာလည်း မရှိပါဘူး။ သူငယ်ချင်းတွေရဲ့ ပေးကမ်းမှုတွေမှာပဲ မှီခိုနေပါတယ်” ဟု မီးမယ်က ဆက်ပြောပါသည်။
အမှတ် (၁) စခန်းတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူမှာ (၁၃၆၃၁) ဦး ရှိပြီး မှတ်ပုံမတင်သူမှာ (၇၂၇) ဦး ရှိသည်။
၂၀၀၉ ၏ ဒီဇင်ဘာလ နောက်ပိုင်းတွင် ထပ်မံရောက်လာကြသူမှာ (၁၁၇၄) ဦး ရှိပါသည်။ TBBC (Thai Burma Border Consortium) ၏ နောက်ဆုးံ အစီရင်ခံစာ ဖြစ်သော (Protracted Displacement and Militarization in Eastern Burma) အရ မြန်မာနိုင်ငံ၏ အရှေ့ ဘက်ရှိ ကျေးလက်တောရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သူဦးရေ (၄၇၀ ၀၀၀) ဦး ရှိသည်ဟု သတ်မှတ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖျက်ဆီးခြင်း ခံခဲ့ရသော ကျေးရွာနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံရသော ကျေးရွာပေါင်း (၃၅၀၀) ရွာ ရှိကာ ၂၀၀၈ သြဂုဏ်လမှ ၂၀၀၉ ဇူလိုင်လကြားတွင်လည်း (၁၂၀) ရွာ ဖျက်စီးခံရသည်ဟု ဖော်ပြ ထားပါသည်။ ထို့ အပြင် Darfur ဒုက္ခသည်နှင့် နိုင်ယှဉ်လျင် မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှု အများဆုံး နေရာ ဖြစ်သည်ဟု ဖော်ပြပြီး မြေမြုပ်မိုင်းနှင့် မြန်မာစစ်အစိုးရတပ်များ တောထဲသို့ ကျက်စားခြင်းသည် ကျေးလက်ဒေသရှိ ရွာသူရွာသားများအတွက် အကြီးမားဆုးံ ခြိမ်းခြောက်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
စခန်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း TBBC ၏ ဤမြေမြုပ်မိုင်းနှင့် တောထဲတွင် ကျက်စားနေကြသော စစ်အစိုးရတပ်တို့သည် ကရင်နီပြည်ရှိ ရွာသူရွာသားများအတွက် အန္တရာယ်ရှိကြောင်း ထုတ်ဖော်ချက်ကို သဘောတူသည်။ ၎င်းက “နအဖ စစ်သားတွေက မြေမြုပ်မိုင်းကို ရွာသားတွေရဲ့  လယ်ယာတွေနဲ့ သွားရာလမ်းတွေမှာ မြုပ်ထားတော့ အန္တရာယ် ရှိတာပေါ့” ဟု ဆိုပါသည်။
မီးမယ်တို့ ဇနီးမောင်နှံသည် ကရင်နီတပ်မတော်များအား အကူအညီ ပေးသည်ဟု စစ်အစိုးရတပ်များက စွပ်စွဲထားသည့်အတွက် မိမိ၏ ရွာဟောင်းကို မပြန်ရဲကြောင်း ဆိုသည်။
အားကိုးအားထားရသော လင်အသတ်ခံရသည့် မီးမယ်က ဝမ်းနည်းကြေကွဲစွာဖြင့် ယခုလို ပြောချလိုက်ပါတော့သည်။
“ကျမ ယောက်ကျားကို နအဖ စစ်သားတွေ သတ်လိုက်ပြီးနောက်ပိုင်း ကျမတို့ တောင်ယာကို လုပ်ကိုင်မယ့် သူနဲ့ ကျမတို့ကို လုပ်ကျွေးမယ့်သူ မရှိတော့ဘူးလေ။ ဒီတော့ ကျမတို့ ဘယ်လို ဆက်လုပ်ရတော့မှာလဲ”

ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ UNHCR တို့ နှင့် ထိုင်းအစိုးရတို့ မှာ ဒုက္ခသည်များ၏ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအပေါ် ငြင်းခံမှုများ ဖြစ်ပေါ်လာသည်။ ဒုက္ခသည်များ၏ အခွင့်အရေးဆိုသည်မှာ ဘာလဲ ဆိုသည့် ငြင်းခံမှုများ ဖြစ်ပေါ်နေချိန်တွင် ယခု မတ်လအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်မှ စစ်ဘေးဒါဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အသက် ၃၅ နှစ်အရွယ်ရှိ မီးမယ်က “ကျမ ယောင်္ကျားကို နအဖ စစ်သားတွေက သတ်ခဲ့တယ်။ ရွာတွေလည်း ဖျက်ဆီးခံလိုက်ရတယ်။ လယ်ယာတွေကိုလည်း စွန့်လွတ်လိုက်ရတယ်။ ကျမမှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ ကျမ ကလေးတွေရဲ့ ဘဝလုံခြုံရေးတွေ အတွက်ကြောင့် ဒီနယ်စပ်ကို ထွက်လာရတာပါ” ဟု ပြောဆိုပါသည်။
မိမိဘဝလုံခြုံရန်အတွက် ထွက်ပြေးတိမ်းရှောင်လာသည်မှာ မီးမယ် တစ်ဦးတည်း မဟုတ်ပါ။ သူမက ဆက်လက်၍ “ကျမတို့ ထွက်လာတာ ၁၁၅ ယောက်လောက် ရှိတယ်။ ဒီနယ်စပ်ကို ရောက်ဖို့ တစ်ပတ်လောက် ကြာတယ်လေ။ လမ်းခရီးမှာ တောထဲမှာပဲ ပုန်းတယ်၊ အိပ်တယ်၊ တောထဲမှာ လှုပ်ရှားနေတဲ့ နအဖ စစ်သားတို့နဲ့  မြေမြုပ်မိုင်းတွေနဲ့ တိုးမိမှာ အရမ်းစိုးရိမ်တယ်။ နောက်ပြီး လာရမယ့် လမ်းပျောက်သွား မှာကိုလည်း စိုးရိမ်ခဲ့တယ်။ စားစရာတွေ တစ်ချို့ တော့ သယ်လာတယ်ပေါ့။ ဒါပေမယ့် အများအားဖြင့် တောထဲက အစားအစားကိုပဲ စားပါတယ်”
မီးမယ်သည် ထိုင်းနိုင်ငံသို့  စစရောက်ချိန်၌ ဘဝလုံခြုံမှု ရှိသည်ဟု ခံစားရသော်လည်း ထိုင်းအစိုးရတို့၏ တရားဝင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရသည့်အတွက်ကြောင့် ၎င်း၏ လုံခြုံမှုအတွက် ခိုကိုးရာထားခဲ့သည့် စိတ်ခံစားမှုမှာ ပျောက်ကွယ်သွားပါတော့သည်။ သူမသည် ယခုလက်ရှိတွင် မယ်ဟောင်ဆောင်မြောက်ဘက်ရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းတွင် နေထိုင်ပါသည်။
“အခုအချိန်မှာ တစ်ရက်တစ်ကြိမ်လောက် ချေးထားတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတာကိုပဲ တွေးနေပါတယ်။ ကျမမှာ အဝတ်အစားလည်း မရှိဘူး။ သူများတွေကိုပဲ မှီခိုနေပါတယ်။ အစားအစာတော့ နည်းနည်းရှိတယ်။ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီ တာလည်း မရှိပါဘူး။ သူငယ်ချင်းတွေရဲ့ ပေးကမ်းမှုတွေမှာပဲ မှီခိုနေပါတယ်” ဟု မီးမယ်က ဆက်ပြောပါသည်။
အမှတ် (၁) စခန်းတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူမှာ (၁၃၆၃၁) ဦး ရှိပြီး မှတ်ပုံမတင်သူမှာ (၇၂၇) ဦး ရှိသည်။
၂၀၀၉ ၏ ဒီဇင်ဘာလ နောက်ပိုင်းတွင် ထပ်မံရောက်လာကြသူမှာ (၁၁၇၄) ဦး ရှိပါသည်။ TBBC (Thai Burma Border Consortium) ၏ နောက်ဆုးံ အစီရင်ခံစာ ဖြစ်သော (Protracted Displacement and Militarization in Eastern Burma) အရ မြန်မာနိုင်ငံ၏ အရှေ့ ဘက်ရှိ ကျေးလက်တောရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သူဦးရေ (၄၇၀ ၀၀၀) ဦး ရှိသည်ဟု သတ်မှတ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖျက်ဆီးခြင်း ခံခဲ့ရသော ကျေးရွာနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံရသော ကျေးရွာပေါင်း (၃၅၀၀) ရွာ ရှိကာ ၂၀၀၈ သြဂုဏ်လမှ ၂၀၀၉ ဇူလိုင်လကြားတွင်လည်း (၁၂၀) ရွာ ဖျက်စီးခံရသည်ဟု ဖော်ပြ ထားပါသည်။ ထို့ အပြင် Darfur ဒုက္ခသည်နှင့် နိုင်ယှဉ်လျင် မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှု အများဆုံး နေရာ ဖြစ်သည်ဟု ဖော်ပြပြီး မြေမြုပ်မိုင်းနှင့် မြန်မာစစ်အစိုးရတပ်များ တောထဲသို့ ကျက်စားခြင်းသည် ကျေးလက်ဒေသရှိ ရွာသူရွာသားများအတွက် အကြီးမားဆုးံ ခြိမ်းခြောက်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
စခန်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း TBBC ၏ ဤမြေမြုပ်မိုင်းနှင့် တောထဲတွင် ကျက်စားနေကြသော စစ်အစိုးရတပ်တို့သည် ကရင်နီပြည်ရှိ ရွာသူရွာသားများအတွက် အန္တရာယ်ရှိကြောင်း ထုတ်ဖော်ချက်ကို သဘောတူသည်။ ၎င်းက “နအဖ စစ်သားတွေက မြေမြုပ်မိုင်းကို ရွာသားတွေရဲ့  လယ်ယာတွေနဲ့ သွားရာလမ်းတွေမှာ မြုပ်ထားတော့ အန္တရာယ် ရှိတာပေါ့” ဟု ဆိုပါသည်။
မီးမယ်တို့ ဇနီးမောင်နှံသည် ကရင်နီတပ်မတော်များအား အကူအညီ ပေးသည်ဟု စစ်အစိုးရတပ်များက စွပ်စွဲထားသည့်အတွက် မိမိ၏ ရွာဟောင်းကို မပြန်ရဲကြောင်း ဆိုသည်။
အားကိုးအားထားရသော လင်အသတ်ခံရသည့် မီးမယ်က ဝမ်းနည်းကြေကွဲစွာဖြင့် ယခုလို ပြောချလိုက်ပါတော့သည်။
“ကျမ ယောက်ကျားကို နအဖ စစ်သားတွေ သတ်လိုက်ပြီးနောက်ပိုင်း ကျမတို့ တောင်ယာကို လုပ်ကိုင်မယ့် သူနဲ့ ကျမတို့ကို လုပ်ကျွေးမယ့်သူ မရှိတော့ဘူးလေ။ ဒီတော့ ကျမတို့ ဘယ်လို ဆက်လုပ်ရတော့မှာလဲ”
ကန္တာရ၀တီတိုင်းမ်
0 comments:
Post a Comment