Pages

မြန်မာနိုင်ငံသူ/နိုင်ငံသားများ သိစေလိုသော သတင်းအချက်အလတ်များ
humanrights.myanmar@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

Humanrights-Myanmar နှင့်အတူ မြန်မာနိုင်ငံအတွက် မိမိတို့တက်နိုင်သည့်ဘတ်မှ ပါဝင်ကူညီဆောင်ရွက်ပေးသော ယခုစာဖတ်သူအား လေးစားကျေးဇူးတင်ရှိပါသည်။

စာဖတ်သူ၏ password ထည့်ရန်မလိုပဲ သတင်းအချက်အလတ်များရရှိရန် အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။

လေးစားစွာဖြင့်
www.humanright-myanmar.com

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

အင်တာနက်ဆိုင်က အမျိုးသမီး ဝန်ထမ်းကို သတိ ရှိကြဖို့

အခုရက်ပိုင်း အတွင်း မြန်မာပြည်မှ အင်တာနက် ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက် ရေးရာ အထူး လုံခြုံရေး အဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်း ပုံစံဖြင့် အမျိုးသမီး ငယ်များအား လာရောက် ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက် ဆိုင်ရှင် တစ်ဦးမှ ဆက်သွယ် ပြောဆို လာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆို ရာမှာတော့
လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီး ဝန်ထမ်းတွေပဲ ဆိုပြီး သိပ်ပြီး ဂရုမစိုက် ကြတဲ့ အတွက် အန္တရာယ် များကြောင်း .. စအဖမှ အင်တာနက် ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်း လာရောက် ထည့်ထားခြင်း ဖြစ်ကြောင်း ဆိုင်တော်တော် များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်း အတွင်း လာရောက် ထည့်သွင်း ထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင် များလည်း စိတ်ညစ် နေရကြောင်း
ဒီသတင်းကို ဆက်လက် ဖြန့်ဝေ ပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။

ကာတွန်းဆရာ ဟန်လေး လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

VOA News | မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးရဲ့ အနုပညာ လက်ရာတွေအတွက် Human Rights Watch အဖွဲ့ရဲ့ Hellman/Hammett ဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ဂြိုဟ်တု ရုပ်မြင်သံကြား အစီအစဉ်တွေ အတွက်လည်း မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ထင်ဟပ်တဲ့ ကာတွန်းရုပ်ပုံတွေ ရေးဆွဲပေးနေတဲ့ ကာတွန်း ဟန်လေး ဆုရရှိခဲ့တဲ့ အကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၁၀ အတွက် Human Rights Watch အဖွဲ့ကြီးက ဂုဏ်ပြုတဲ့ အနုပညာရှင်တွေထဲမှာ ကာတွန်းဆရာ ဟန်လေးကို Hellman/Hammett ဆုပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်တွေ့ဘ၀တွေကို ထင်ဟပ်စေတဲ့ ကာတွန်းတွေကို ရေးဆွဲခဲ့တဲ့ ကာတွန်း ဟန်လေးရဲ့ လက်ရာဟာ အနုပညာ မြောက်သလို လူ့အခွင့်အရေးအတွက် အကောင်းဆုံး ဖော်ထုတ်နိုင်သူမို့ ဒီဆုကို ထိုက်ထိုက်တန်တန် ရွေးချယ် ပေးအပ်ခဲ့တာလို့ Human Rights Watch က ဆုရွေးချယ်ရေး အဖွဲ့ရဲ့ ထိုင်းအခြေစိုက် တာဝန်ခံ ဒေးဗစ် မက်သီစင်က ပြောပါတယ်။

“ဒီဆုအတွက် ကျနော်တို့ သူ့ကို ရွေးချယ်ရတာက သူဟာ ဒီဆုအတွက် တကယ့်ကို ထိုက်တန်တဲ့သူ၊ ပြောရရင် အရသင့်ဆုံး မြန်မာ ကာတွန်းဆရာ တယောက်ပါ။ သူ့ရဲ့ ကာတွန်းတွေဟာ နိုင်ငံရေးကို သရော်တာ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေ ဖြစ်နေရုံတင် မကပါဘူး၊ တကယ့်ကို အနုပညာ မြောက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့ ကြုံနေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေကိုလည်း သေသေချာချာ ဖော်ပြနိုင်ပါတယ်။ သူ့အနုပညာနဲ့ ဒီလို ဖော်ပြနိုင်တာတွေကြောင့် ဒီဆုနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။”

အခုလို နိုင်ငံတကာ အဖွဲ့ကြီးက ဂုဏ်ပြု ရွေးချယ်တာ ခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ကာတွန်းဆရာ ဟန်လေးက ပြောပါတယ်။

“ကိုယ်လုပ်တဲ့ အလုပ်က လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်အကူ ပြုတယ်ဆိုတော့ နည်းနည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ကို သူများက အသိအမှတ် ပြုတယ်ဆိုတော့ ၀မ်းလည်း သာတာပေါ့။ ကျနော် ထင်လည်း မထင်ထားဘူးလေ။”


သူဟာ ရန်ကုန် ပန်းချီ၊ ပန်းပု အနုပညာကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ပန်းချီပညာကို ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးအမ်တင်အေးနဲ့ ဦးဘကြည်တို့ဆီမှာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ကာတွန်းပညာကိုတော့ ငယ်စဉ်ကတည်းက ၀ါသနာပါပြီး ဖခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ကာတွန်း ရွှေမင်းသားဆီက နည်းပညာတွေ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ကာတွန်း ဟန်လေးဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကစပြီး စာနယ်ဇင်းတွေအတွက် ကြိုးကြားကြိုးကြား ကာတွန်းတွေ ရေးသားခဲ့ပေမဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်းကစပြီး ပုံမှန် ရေးဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ကာတွန်းရေးပါတယ်၊ ရှမ်းသတင်းစဉ်မှာ တင်လိုက်သေးတယ်။ ရှမ်းသတင်းစဉ်ကနေပြီး ဦးကျော်ဇံသာနဲ့တူတယ်၊ အဲဒီတုန်းက ဘီဘီစီမှာ၊ အဲဒီကာတွန်းအကြောင်း ပြောလိုက်တော့ ကျနော် တော်တော် အားရှိသွားတယ်။ ဆက်ပြီးလည်း ရေးဖြစ်လာတယ်။ နောက် ကိုသန်းလွင်ထွန်းနဲ့ တွေ့တော့ ကိုဟန်လေးတဲ့၊ ခင်ဗျား Cartoonist ဆက်လုပ်ပါဗျာတဲ့၊ အဲဒါနဲ့ ကာတွန်းဆွဲဖြစ်သွားတယ်၊ ရေးဖြစ်သွားတယ်၊ ဒီအချိန်ထိပေါ့။

“တော်တော်တော့ ခံစားရတယ်ဗျ။ ဘယ်လိုပြောမလဲ၊ ဘာမှမဟုတ်တာလေးနဲ့ကို ပြစ်မှု ကြီးကြီးကျယ်ကျယ်ကြီးတွေ သတ်မှတ်ပြီးတော့ ဖိနှိပ်နေတာ၊ စိတ်မကောင်း တော်တော်ဖြစ်တယ်။ အမှန် ကျနော့်အလုပ်က သတင်းနဲ့ ပတ်သက်နေတာကိုး။ နိုင်ငံရေးကာတွန်း ရေးစားနေတဲ့ လူတယောက်က သတင်းနဲ့ အမြဲတမ်း ပတ်သက်နေတယ်။ အဲတော့ သတင်းတွေ တက်နားထောင်လိုက်ရင် စိတ်မချမ်းသာတာချည်း၊ ဒီ ၈၈ နောက်ပိုင်း ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မင်္ဂလာယူနေတဲ့ သင်္ကြန်အချိန်မှာတောင်မှ အဲဒီလို သတင်းဆိုးတွေ ထွက်နေတယ်ဆိုတော့ ကောင်းမယ့်သတင်းတွေ ရှားသွားပြီထင်တယ်၊ ကျနော်ထင်တယ် မရှိသလောက် ဖြစ်သွားမယ်၊ ဒီအစိုးရ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင်။”

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေပြီး သူ အခုလို ဖော်ပြခွင့် ရတာဟာ တစိတ်တပိုင်းပဲ ရှိပါသေးတယ်လို့လည်း ပြောပါတယ်။ ကာတွန်းဆရာ ကိုဟန်လေးကို လူ့အခွင့်အရေး အဖွဲ့ကြီးက အခုလို ဂုဏ်ပြုဆု ပေးခဲ့တာဟာ ထိုက်တန်တယ်လို့လည်း မြန်မာစာပေ အနုပညာရှင် ဆရာဦးဝင်းဖေက ပြောပါတယ်။

“အလွန်ဝမ်းသာစရာ ကောင်းတယ်၊ အလွန်ထိုက်တန်တဲ့ ဆုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဟန်လေးက ကာတွန်းဆရာတယောက် အနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခြေခံ အခွင့်အရေးများနဲ့ ပတ်သက်ပြီးတော့ ကာတွန်းတွေ ရေးတဲ့အခါ အလွန်သိက္ခာရှိတဲ့၊ ကာတွန်းအနုပညာရဲ့ ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ် အမြောက်အမြားကို ထိန်းသိမ်းပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ သိက္ခာရှိရှိရေးတဲ့ ကာတွန်းဆရာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဆုနဲ့ အလွန်ထိုက်တန်တယ်။ သူဟာ အရေအတွက်အရ လည်းကောင်း၊ အရည်အသွေးအရ လည်းကောင်း၊ တကယ် ဒီဆုနဲ့ သင့်လျော်တဲ့ ကာတွန်းဆရာတယောက် ဖြစ်ပါတယ်။”

၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်အချို့ ယူနီဖောင်းချွတ်မှု ပြည်သူများ စိတ်မ၀င်စား

The new era journal | မြန်မာ နအဖစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ၀န်ကြီး (၂၂) ဦးတို့သည် ယမန်နေ့ညနေပိုင်းတွင် ၎င်းတို့၏ စစ်ရာထူးများမှ အနားယူလိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ရာထူးများမှ အနားယူလိုက်ခြင်းသည် ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမတိုင်ခင် အရပ်ဝတ် ခေါင်းဆောင်မှုပိုင်းသို့ ပြောင်းလဲလိုက်သည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယခုလောလောဆယ် ၀န်ကြီးနှင့်ဒု-၀န်ကြီး (၂၃) ဦးခန့် စစ်တပ်မှ စစ်ယူနီဖောင်းချွတ်ကာ သာမန်အရပ်သားအဖြစ် ကူးပြောင်းလိုက်ကြသော်လည်း ၎င်းတို့၏ အလုပ်တာဝန်များမှာမူ မူလရာထူးများအတိုင်း ဆက်လက်ရှိမည်ဖြစ်ကြောင်း၊ နောက်ထပ် အရပ်ဘက်သို့ ကူးပြောင်းမည့်သူများ ရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။
စစ်တပ်မှ အနားယူကြသူများထဲတွင် ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်မှူးချုပ်ဘုန်းဆွေတို့လည်း ပါဝင်ကြောင်း၊ ယခုအသုတ်သည် ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ် စစ်ဘက်မှ အရပ်ဘက်ပြောင်းသူများ ဆက်လက် ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း အဆိုပါ အစိုးရအရာရှိက ပြောကြားသည်။ စစ်အစိုးရကမူ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယင်းသို့ စစ်ဗိုလ်ချုပ်များ စစ်ဘက်ရာထူးမှနုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းသည့်သတင်းကို ပြည်သူများက စိတ်မ၀င်စားကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဗဟန်းမြို့နယ်တွင် နေထိုင်သူ စီးပွားရေးသမားတဦးက “သူတို့ဟာ သူတို့ အရပ်ဝတ်ပဲ ပြောင်းပြောင်း၊ ဘုန်းကြီးဝတ်ပဲ ပြောင်းပြောင်း ကျနော်တို့ အလုပ်မဟုတ်ဘူး။ စားဝတ်နေရေး ဘယ်လို အဆင်ပြေမလဲဆိုတာကို တွေးနေရတော့ ဘယ်သူက ဘာပြောင်းပြောင်း ကျနော်တို့ စိတ်မ၀င်စားနိုင်ဘူး” ဟု ပြောသည်။

ယခု အရပ်ဝတ်လဲသူများအနက် ရန်ကုန်မြို့တော်ဝန်လည်းပါဝင်ကြောင်း သတင်းထွက်နေသည့်အတွက် ရန်ကုန်စည်ပင် အငြိမ်းစားအရာထမ်းတဦးက “မြို့တော်ဝန်က အရပ်ဘက်ပြောင်းနေတာ အရင်ကပဲ ပြောင်းနေတာပဲ။ သူလုပ်နေတဲ့ အလုပ်တွေက မြို့တော်စည်ပင်ဆိုတာထက် ကြံ့ဖွံ့ကိုပဲ လုပ်နေတာ။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကပဲ လူတိုင်း သတိပြုမိပြီးသား။ ကျနော်တို့အနေနဲ့ သူ အရပ်ဘက်ပြောင်းတာကို ဘယ်လိုမှ မခံစားရဘူး၊ မြို့တော်ဝန်နေရာကို ဘယ်သူ လာမလဲလည်း စိတ် မ၀င်စားဘူး။ ဘယ်သူ လာလာ စားဖားပဲ လာမှာပဲ” ဟု ပြောသည်။

ယခုနှစ်နှောင်းပိုင်း၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိစေရန် ဥပဒေများ ထုတ်ပြန်ကန့်သတ်ထားသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ပြစ်တင်ဝေဖန်နေကြသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပစ်ရမည်ဟု ရွေးကောက်ပွဲဥပဒေများအရ ပြဋ္ဌာန်းထားသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် ဆက်လက်မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။
အပြည့်အစုံဖတ်မယ်
ပြန်ခေါက်ထားရန်

The Best Manure မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်

အထူး ထုတ်ပြန်ကြေငြာချက်

လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူ လူထုအား လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြ စည်းရုံးခြင်း၊ မတရား ပြုလုပ်လျှက် ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေး အတိုင်း ချပြ စည်းရုံးခြင်း များနှင့် မတရား အုပ်ချုပ် မင်းလုပ်နေပြီး ပြည်သူ တရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည် အထိ အကြောက် တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့ အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သည်။

ယခု အခါ စစ်အာဏာရှင် တစုနှင့် နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ ) ယောက်အား မတရား ဖမ်းဆီးခြင်း၊ ကိုယ်ပိုင် ဟန်းဖုန်းများ သိမ်းယူခြင်း များကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွားခဲ့သော ဗုံးကွဲမှုများကို မိမိတို့ မလုပ်ကိုင်ရ ပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ် နေပါသည်။

၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့) ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့် ပတ်သတ် သရောင်ရောင် စစ်ဆေး မေးမြန်းခြင်း များကို ပြုလုပ် နေပါသည်။

ထို့ကြောင့် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ အနေဖြင့် မူဝါဒ လမ်းစဉ်များ၊ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများ အားလုံးတွင် အကြမ်းဖက်မှုများ လုံးဝ မပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှား ဆောင်ရွက်ခဲ့သည့် အတွက် မတရား အမှုဆင် ဖမ်းဆီး စစ်ဆေး နေမှုများအား အမြန်ဆုံး ရပ်တန့် ပေးရန်နှင့် ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများ ရှိနေပါစေ ခေါင်းငုံ့ မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူ လူထု တရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့် သွားမှာ မဟုတ်ပဲ အရှိန်မြှင့် လှုပ်ရှား ဆောင်ရွက်ပြီး ပြည်သူ လူထု တရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေး လိုက်သည်။

ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့် ပြည်သူ လူထု တရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည် မပြုသလို၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ငြိမ်းချမ်းသော နည်းနာများ သုံးကာ ဖယ်ရှား တော်လှန် သွားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြား လိုက်သည်။


မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
ဆက်သွယ်ရန်-
www.thebestmanure.org
tbmstk1@gmail.com

သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က မူရင်း စိတ်အသွင် သဏ္ဍာန်

ဒီစာအုပ် ဟာ သန်းရွှေရဲ့ ဘ၀ အကြောင်းကို ရေးသားထားတဲ့ “Than Shwe: Unmasking Burma's Tyrant “ စာအုပ်ပါ။ ရေးသားသူ ကတော့ Benedict Rogers ဖြစ်ပြီး၊ ချက်နိုင်ငံ သမ္မတဟောင်း Vaclav Havel ၊ Burma in Revolt စာအုပ် ရေးသားသူ Bertil Lintner ၊ Daughter and Karen political activist from Burma စာအုပ်ရေးသားသူ ဇိုရာဖန်း တို့ကနေ သုံးသပ် ထားပါတယ်။

ဒီစာအုပ်ထဲမှာ - သန်းရွှေရဲ့ နျူကလီးယား အစီအစဉ် လုပ်ဆောင်မှု ရူးသွပ်မှု၊ ဓါတု လက်နက် အစီအစဉ် လုပ်ဆောင်မှုတွေ၊ မူးယစ် ဆေးဝါး ထုတ်လုပ်ရေး လုပ်ဆောင်မှုတွေမှာ သန်းရွှေ ပယောဂတွေ ထိပ်ဆုံးက ပါဝင် ပတ်သက် နေကြောင်းတွေ ဖေါ်ပြထားပါတယ်။

ထို့ အပြင် ယုတ်မာ ကောက်ကျစ်သော ဖျံကျသော တစ်ကိုယ်ကောင်းဆန် အာဏာ မက်သော သန်းရွှေရဲ့ အကျင့် စရိုက်တွေကိုလည်း ဖေါ်ပြ ထားကြောင်းနဲ့  သန်းရွှေ ကဲ့သို့  အာဏာရူးတိုင်းဟာ သူရဲ့ အာဏာ တည်မြဲဖို့ အတွက် မည်သူ့ ကိုမှ အလျှော့ပေး လိုက်လျော ညှိနှိုင်း တာတွေကို လုပ်မှာ မဟုတ်ကြောင်း သုံးသပ် ပြထားပါတယ်။ ဒါတွေကို မြန်မာ ပြည်သူတွေ နားလည် သိစေချင်တဲ့ စာရေးသူရဲ့ စေတနာပါ။ နအဖတွေ ဘက်ကများ လိုက်လျှော ညှိနှိုင်းမှုတွေ နိုင်ငံရေး အရ မျှော်လင့်ချက်တွေ ရနိုင်မလား ဆိုပြီး နအဖနဲ့ တွဲဘက် ဆောင်ရွက်ရန် ခြေလှမ်း လှမ်းနေကြသူကို သတိပေးတဲ့ အနေနဲ့ ဒီစာအုပ် ဖတ်ဖို့ သင့်ကြောင်းလည်း နှိုးဆော် လိုက်ရပါတယ် ခင်ဗျား

ဒေါင်းလုပ်လင့်

စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်စု ဝေဖန်

VOA News | နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရသေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီမှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီစည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ်ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီဆိုင်းဘုတ်တွေ၊ ပါတီအလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။
နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

သန်လျင် ကျောက်တန်း ဒေသမှ ၀ါးပင်များ အပွင့်ပွင့်နေ

သန်လျင် ကျောက်တန်း ဒေသရှိ ၀ါးရုံ တော်တော် များများတွင် ၀ါးပွင့် များ ပွင့် နေကြောင်း ဒေသခံများ ထံမှ သိရှိ ရသည်။ ၀ါးပင် တို့၏ habit အရ အနှစ် နှစ်ဆယ် သုံးဆယ်တွင်မှ တခါ အပွင့်ပွင့် တတ်ကြသည်။ ၄င်း ၀ါးပင်များ အပွင့် ပွင့်လျှင် တိုင်းပြည်တွင် ကြီးမားသော အပြောင်းအလဲများ ( သို့ ) ခေတ်ပျက်ခြင်း ကြုံရလေ့ ရှိကြောင်း မြန်မာ လူမျိုးများက ယုံကြည်ကြသည်။ သန်လျင် ကျောက်တန်း ဒေသတွင် အနှစ် နှစ်ဆယ်ကျော် အတွင်း ယခု တခေါက် ၀ါးပွင့်ခြင်းသည် သုံးကြိမ် မြောက် ဖြစ်ကြောင်း ရှေ့မှီ နောက်မှီ လူကြီးများ၏ ပြောကြားချက် အရ သိရှိရသည်။

ပထမ အကြိမ် ၀ါးပွင့်ခြင်းကို ၁၉၈၈ ခုနှစ် နွေရာသီတွင် ကြုံတွေ့ ကြရကြောင်း ၄င်းဝါးပွင့်ပြီး မကြာမီတွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ကြောင်း။ မကြာသေး အချိန် ၂၀၀၇ ခုနှစ် ကလဲ ဒုတိယ အကြိမ် ၀ါးများပွင့်ကြောင်း၊ ၀ါးပွင့်ပြီး သိပ်မကြာခင်တွင် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပေါ် ခဲ့ကြောင်းနှင့် ယခု အကြိမ် ၀ါးများ အပွင့်ပွင့်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်းနှင့်  ၂၀၀၇ ခုနှစ်က ဒုတိယ အကြိမ်နှင့် သိပ်ကွာခြားမှု မရှိ၍ အလွန် အံ့သြဖွယ် ကောင်းကြောင်း၊ ၀ါးပင်တို့ မည်သည် တစ်ခါ အပွင့် ပွင့်ပြီး ပါက တစ်ရုံလုံး သေသွား တတ်ပြီး အပင်သစ်များ ထပ်မံ ပေါက်လာကြောင်း တခါ အပွင့် ပွင့်ပြီး နှစ်ပေါင်း အတော်ကြာမှသာ ထပ်ပွင့်လေ့ ရှိကြောင်း၊ ယခုလို နှစ်နှစ် သုံးနှစ် အတွင်း ပြန်ပွင့်ခြင်းမှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်သောကြောင့် နိုင်ငံတော် အတွင်း အပြောင်းအလဲ ကြီးကြီး မားမား တခု ကြုံလာနိုင်ကြောင်း ပြည်သူ အများက ယုံကြည် နေကြသည်။

စက်တင်ဘာလ လှုပ်ရှားမှုတွင် ဆောင်ရွက်ခဲ့သော မြေသြဇာ အဖွဲ့၏ အဖြစ်အပျက်များ

မြန်မာ ပြည်တွင်း ဖြစ်ပေါ်ခဲ့သော စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်ခဲ့သော ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ (လူငယ်) လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာ လှုပ်ရှားမှု နှင့် ရင်တွင်း ခံစားချက် ……

၂၆ ရက်နေ့ တွင် စတင် ပစ်ခတ်ခံရပြီး အလုံ သခင်မြပန်းခြံဘက် ချီတက်နေကြပုံ

ဆရာတော် ဦးနေမိန္ဒ နှင့် မြေသြဇာ အဖွဲ့ဝင်များ -
ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွား ကြီးပြင်း ခဲ့တဲ့ တစ်လျောက်မှာ ဒီ နအဖရဲ့ ဖိနှိပ်မှုအောက်မှာ တစ်သက်လုံး ဒီအတိုင်းကြီး အကြောက်တရား လွမ်းမိုးပြီး နေသွားလို့ မရတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ အရင်ဆုံး လုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို့ အတွက် လူထု အပေါ် ထာဝရ နွေးထွေးမှု ပေးနိုင်မယ်လို့ ယုံကြည်တဲ့ လူထု ခေါင်းဆောင် ဆိုတာကို အရင် လေ့လာ ဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲ တွေ့သင့် သူကိုတွေ့။ လိုအပ်တဲ့ ပညာ ယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထု တရပ်လုံးနှင့် နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင် သာဓုကန် စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံး မြေသြဇာ ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းပြီး အောက်ပါ အလုပ်တွေ ဆက်လုပ် ခဲ့ပါတယ်။။

(၉-၁-၂၀၀၅) ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းများမှ လူငယ်များအား စည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့် ရှေ့တွင် စည်းရုံး လှုံ့ဆော် စာများ ရေးသားထားသော (T-shirt)များ အခမဲ့ ဖြန့်ဖြူး ဝတ်စေခြင်း။ ဘောပင်-သော့ချိတ်)များ ပြုလုပ်ဝေခြင်း။ နအဖ ဆန့်ကျင် စာများအား ကျောင်းဝင်း အတွင်း ကပ်ခြင်း။ မြို့နယ်များရှိ ရပ်ကွက်များ အတွင်း ဖြန့်ဝေ ကျဲချခြင်း။ အဖွဲ့လူငယ် များနှင့် တွေ့ဆုံ ဆွေးနွေး ဖလှယ်ခြင်းများ စဉ်ဆက် မပျက် ပြုလုပ် ခဲ့ပါတယ်။။ ဒီလို ဖြတ်သန်း လာရင်းနဲ့ စက်တင်ဘာ သံဃာတော်များ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ ဆရာတော်များရဲ့ လုံခြုံရေးနှင့် ပြည်သူ လူထု တရပ်လုံးနှင့် ကျောင်းသား လူငယ်ထု တရပ်လုံး ပါဝင် လှုပ်ရှား ဆောင်ရွက် နိုင်စေဖို့ အတွက် ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့များနည်းတူ တဖက် တလမ်းက ပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလို ဆောင်ရွက် ခဲ့တဲ့ အတွက် (နအဖ) မှ လိုက်လံ စုံစမ်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချိန်မှာ သူတို့ ဖမ်းဆီးတာကို မခံပဲ လွတ်မြောက် နယ်မြေကို ထွက်လာခဲ့ခြင်း အားဖြင့် ဆက်လက် တော်လှန် သွားမှာ ဖြစ်ပြီး ပြည်တွင်း ကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့် ကျန်အဖွဲ့အစည်းများ။ ပြည်တွင်းရှိ လူထုတရပ်လုံး အတွက် တက်နိုင်တဲ့ ဘက်က ဆက်လက် လှုပ်ရှား ဆောင်ရွက် သွားမယ် ဆိုတာ အသိပေး လိုက်ပါတယ်။။

စက်တင်ဘာ လှုပ်ရှားမှု တစိတ် တဒေသ … … …

(၂၄-၉-၂၀၀၇) - ရွှေတိဂုံ အရှေ့ဘက် မုဒ်မှ စတင် ထွက်ပြီး ဗားကရာလမ်း အတိုင်း။ တဆင့် လှည်းတန်း လမ်းဆုံ မှတဆင့် ရှစ်မိုင် လမ်းဆုံ။ တဆင့် ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့် ကမ္ဘာအေး ဘုရား ရင်ပြင်တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ …..။

(၂၅-၉-၂၀၀၇) - ကြေးသွန်း ဘုရားရှေ့တွင် သပိတ် စခန်းဖွင့်ပြီး ယောက်လမ်း အတိုင်း ချီတက်။ ဆူးလေ ဘုရား ရှေ့တွင် သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့် ပုဇွန်တောင်။ ကျောက်မြောင်း တို့မှ ဖြတ်ပြီး ဗိုလ်ချုပ် ပန်းခြံလမ်း။ တဆင့် ကြေးသွန်း ဘုရားရှေ့တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ………။

(၂၆-၉-၂၀၀၇) - နေ့လည် (၁၁း၃၀) နာရီ ခန့်တွင် ကြေးသွန်း ဘုရားရှေ့တွင် စုဝေး ရောက်ရှိ နေသော သံဃာတော်များ၊ ကျောင်းသားများ နှင့် ပြည်သူ လူထု အတွင်းသို့ စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက် အတွင်းရှိ ခိုး၊ ဆိုး၊ နှိုက်) များ ဦးဆောင်ပြီး အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများ လူမဆန်စွာ ပြုလုပ်လာ သဖြင့် ကြေးသွန်း ဘုရား အနောက်ဖက်ရှိ ညောင်တုန်း ကျောင်းတိုက် အတွင်းတွင် ဆရာတော်များ စုစည်းပြီး အင်အား(၇၀၀၀) ခန့်ဖြင့် ရွှေဂုံတိုင်လမ်း အတိုင်း ထွက်ခွါ လာရာ (NLD) ရုံးတွင်းမှ သံဃာတော်များနှင့် အတူ အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ချီတက် ဆန္ဒပြကြရာ လမ်းတလျှောက်တွင် နအဖ အာဏာ မပိုင်များက မိမိတို့ ကဲ့သို့ အကြမ်းဖက် ခံရပြီး ကွဲထွက်သွားသော တပ်ပေါင်းစု များနှင့် မစု မိစေရန် လိုက်လံပြီး ချီတက်ရာ လမ်းကြောင်း ပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြ ပန်းခြံ ရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြရာ ဆူးလေဘက် တက်မည့် ဘက်မှ ပိတ်ဆို့ ထားခြင်း ခံရပါတယ်။ ဒါကြောင့် ချီတက်ရာ လမ်းကြောင်း ပြောင်းကာ ဘုရင့်နောင် ဘက်သို့ ထပ်မံ ချီတက် ခဲ့ပါတယ်။ အလုံမြို့နယ် ဆင်မင်း ဈေးနား အရောက်တွင် ရှေ့နောက် နှစ်ဘက် ညှပ်ပြီး ထပ်မံ ပိတ်ဆို့ ခံရပါတယ်။ (၂) မိနစ် အတွင်း လူစုခွဲခိုင်းပြီး ပစ်ခတ်။ ရိုက်နှက် ခံရပါတယ်။ နာရီဝက်ခန့် အကြာတွင် ဆင်မင်း ဈေးဘက်မှာ နအဖ အရာရှိမှ သံဃာတော်များ ငြိမ်သက် တိတ်ဆိတ်စွာဖြင့် နှစ်ပါးစီ သွားခွင့် ပြုပြီး သံဃာတော်များနှင့် လူထုကို ဖြိုခွဲခဲ့ပါတယ်။

(၂၇-၉-၂၀၀၇)- ကျိုက်က္ကဆံကွင်း အနီး အထက(၃)ကျောင်း အရှေ့တွင် ဆန္ဒပြ ကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသော စစ်တပ် လုံထိန်းနှင့် စွမ်းအားရှင် များအား ပြန်လည် ပိတ်ဆို့ပြီး ပြန်လွတ် ပေးရန် တောင်းဆိုခြင်း။ တိုင်ကီ များ ချပြီး တောချောက် မောင်းထုတ်သလို ထုခြင်း ကမ္ဘာမကြေ သီဆိုခြင်းများ ပြုလုပ်နေချိန်တွင် ခွတ်ဒေါင်း အလံ လွှင့်ထူပြီး အင်အားဖြည့် လာရောက် ပူးပေါင်းသော ကျောင်းသား လူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသော ကျောင်းသား မိဘများနှင့် လူထုအား တာမွေ အဝိုင်းထိပ် မီးပွိုင့်ဘက်မှ တရကြမ်း မောင်း ဝင်တိုက်သတ်။ ပစ်ခတ် ၊ ရိုက်နှက်၊ ဖမ်းဆီး ခေါ်ဆောင်ကာ လူစုခွဲ ဖြိုခွင်း ခဲ့သော်လည်း ကန္နားလမ်း တလျှောက် ဆန္ဒပြနေသော ကျောင်းသား တပ်ပေါင်းစုနှင့် ထပ်မံ အင်အား ဖြည့် ပါဝင် ဆောင်ရွက်ရာ ဆင်မလိုက် အဝေးပြေးဝင်း အနီးတွင် ထပ်မံ ပစ်ခတ် ဖြိုခွဲ လူစုခွဲခြင်း ခံရပြန် ပါသည်။

၂၅ ရက်နေ့ ထိ ချီတက်ရာ လမ်းကြောင်းတွင် တစုံတရာ နှောက်ယှက်မှု မရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်း ဘုရား ရှေ့တွင် သပိတ် စခန်းဖွင့် စောင့်နေကြသော သံဃာတော်များ။ ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုတ် နိုင်ငံမှ လာဘ်ထိုး ထားသော (Faw) ကားကြီး (၆) စီးနှင့် စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ) မီးသတ်ကား အသေး(၂) စီး တို့ဟာ ယာယီ သပိတ် စခန်းထဲသို့ တရကြမ်း မောင်းဝင် ရိုက်နှက် လူစုခွဲခိုင်းခြင်း၊ သံဃာတော်နှင့် လူထု တချို့အား ပိတ်ထား ခြင်းများ ပြုလုပ်နေမှု၊ အပေါ် စည်းအပြင်ရှိ လူထုများမှ ၄င်းတို့အား ဖွင့်ခိုင်းခြင်း ကြိမ်းမောင်းခြင်း မျိုးစုံဖြင့် ဖိအားပေးနေခြင်း အပေါ် စစ်အာဏာရှင် ငရဲ မကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။ မျက်ရည်ယိုဗုံး ခွဲခြင်းဖြင့် ထပ်မံ ပြုလုပ်လာ သဖြင့် သံဃာ တပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ ကြားတောရလမ်း၊ ရွှေဂုံတိုင်လမ်း၊ အသီးသီး အဖွဲ့ ကွဲထွက်ပြီး (၁) နာရီတွင် စတင် လမ်းလျှောက် ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏ အကြမ်းဖက်မှုကြောင့် အသီးသီး ကွဲထွက် လာသည့် အင်အားဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ မေတ္တာပို့ ထွက်ခဲ့ပါတယ်။ ဒီလို ထွက်ခဲ့တဲ့ ချီတက်ရာ လမ်းတလျှောက်မှာလည်း ငယ်ငယ်က စိမ်ပြေးတမ်း ကစားသလိုပဲ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုများ တောက်လျှောက် လုပ်လာ ပါတယ်။ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြနေတဲ့ တပ်ပေါင်းစုမှာ လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မရှိသော်လဲ လိုက်လံ နှောက်ယှက် နေတဲ့ ဘုရား တည်၊ ကျောင်းဆောက် နေတဲ့ ဘုရား တကာတွေရဲ့ လက်ကိုင်ဒုတ် တပည့်ကျော် တွေရဲ့ လက်တွေ ထဲမှာတော့ အသေးဆုံး နံပါတ်ဒုတ်နဲ့ အကြီးဆုံး(40 နဲ.M-16) တွဲထားတဲ့ လက်နက်တွေနဲ့ လစ်ရင် လစ်သလို ချောင်းတဲ့ နေရာမှာ အပျောက် ရိုက်ဖြိုခွင်းဖို့ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုတွေ လုပ်သော်လဲ သံဃာ တပ်ပေါင်းစု ချီတက်ရာ လမ်းတလျှောက်မှာ လူထု ပါဝင်လာခြင်း။ ဆရာတော်များ ကံဆောင်ခြင်း အပေါ် ဝမ်းသာ မျက်ရည်ဆို့ခြင်း၊ နအဖ အကြမ်းဖက်ခြင်း အပေါ် မေတ္တာပျက် ဝမ်းနည်း မျက်ရည် ဆို့ခြင်း များဖြင့် အားပေး ဆုတောင်းမှုများ ရှိခဲ့ခြင်း များဖြင့် ကံဆောင် သံဃာတော်များ။ ကျောင်းသားများ။ NLD လူငယ်များနှင့် လူထု အတွက် အားဖြစ်ပေါ်လျက် ဆက်လက် ချီတက် ဆန္ဒပြ မေတ္တာပို့ ခဲ့ကြပါတယ်။။

((( စာကြွင်း - ချီတက်ရာ လမ်းတလျှောက်တွင် သံဃာတော်များမှ မေတ္တာပို့ခြင်း။ NLDလူငယ်များနှင့် ကျောင်းသား လူငယ်များမှ သံဃာတော်များ၏ လုံခြုံရေး အတွက် လက်ခြင်းချိတ်ပြီး ဘေးဘယ်ညာ ကာရံ ပေးထားခြင်း။ ဘာသာ ပေါင်းစုံ ပါဝင်သော လူထုမှ သံဃာတော်များ လူထု အတွက် နအဖ ကို မေတ္တာပို့ အမျှဝေခြင်း အပေါ်နအဖ မှ အကြမ်းဖက်သည့် အတွက် သံဃာတော်များနှင့် ဆန္ဒပြ ပြည်သူ လူထုကြီးတို့ ဘုရား ခြေတော်ရင်း တွေမှာ သွေးမြေကျ ကုန်ပါပြီ။ သံဃာတော် များကို လက်အုပ်ချီ ပူဇော်ပေးပါ။ အားပေးပါ။ ပူးပေါင်း ပါဝင်ကြပါဟု လမ်းတလျှောက် ကြွေးကြော် ကြပါတယ် )))

ကျော်ကျော် (တာဝန်ခံ)
လူထု တရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
www.thebestmanure.org
tbmstk1@gmail.com

ဘဘ ဦးဝင်းတင် ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်



သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။ လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
>>>>> မကြောက်တရားလက်နတ်

>>>>> သွေးစည်းညီညွှတ်ရေးလက်နတ်

>>>>> စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တခုတည်းချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နတ်

ဘဘဦးဝင်းတင် ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်ဟာ ဘယ်တော့မှ မပျောက်သွားဖူး။ ယခုဓါတ်ပုံကို ဖော်ပြချင်သဖြင့် ၁၂ ရက်၊ မတ်လ ၂၀၁၀ခုနှစ်မှာ မွေးနေ့ကျရောက်ခဲ့စဉ် ဘဘ ဦးဝင်းတင် ရဲ့ ရှစ်ဆယ်နှစ်ပြည့် စကားသဝဏ်ထဲမှ စာသားနှင့်ပူးတွဲဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်လွှတ်တော်အမတ် တိုက်တွန်းချက်အပေါ် ကြိုဆိုထောက်ခံချက်

Joint Action Democratic Forces for Boycott 2010 Election in Burma
၂၀၁၀ မြန်မာနိုင်ငံရွေးကောက်ပွဲ သပိတ်မှောက်ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများ
======================================================
မြန်မာ့ဒီမိုကရေစီအရေး ပြည်သူ့တပ်မတော်သားများမှ ပူးပေါင်းပါဝင်ကြဖို့
အမေရိကန်လွှတ်တော်အမတ် တိုက်တွန်းချက်အပေါ် ကြိုဆိုထောက်ခံချက်

ရက်စွဲ ။ ။ ဧပြီလ ၊ (၂၃) ရက် ၊ ၂၀၁၀

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်း ကမျိုးချစ်တပ်သား တွေအနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင် တွေကိုတိုက်ထုတ် ကြဖို့ အမေရိကန် အောက်လွှတ်တော် အမတ် ဒေနာ ရိုရာဘာကာ ( Dana Rohrabacher ) က ထုတ်ဖေါ်တောင်းဆို လိုက်သည့်အပေါ် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများမှ ကြိုဆိုထောက်ခံလိုက်သည် ။

မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင် ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံ ဖြစ်လာနေပြီး မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာဟာ ၊ တိုင်း တပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုး နီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်သည် ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက် အောက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ် ။

တရုတ်နိုင်ငံဟာ မြန်မာလူထုလက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေကြောင်းအဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲ ရေးကိုသာ ဦးစားပေး လုပ်ဆောင် နေကြတဲ့ မြန်မာစစ် ခေါင်းဆောင် တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်းဆိုပါတယ် ။

ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ် စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကိုအမှန် လုပ်ဆောင်လိုကြတယ် ၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံ နိုင်ငံ ဖြစ်မသွား စေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ အာဏာရှင် တွေကို ဆန့်ကျင် တိုက်ထုတ်သွားနိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်း လုပ်ဆောင် ကြရမှာ ဖြစ်ပါကြောင်း တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်း ကျပ်ကျပ် ဖိနှိပ် အုပ်ချုပ် လာခဲ့တဲ့ စစ်အာဏာရှင် တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ် လို့လည်း သူက ပြောပါတယ် ။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ အရာခံ ၊ အကြပ် ၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန်တိုက်ထုတ်ကြဖို့ ယင်းလွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ် ။

အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မ တော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိ နေကြတဲ့ စစ်တပ် အတွင်းက မျိုးချစ် ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းနှင့် တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန် ကျရောက်ပြီဖြစ်ကြောင်း ၊ အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ် စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန်ပုန်ကန်ကြဖို့ အခွင့်အခါကောင်းဖြစ်တာကြောင့် ဒီအခွင့် အရေးကို လက်လွတ်ဆုံးရှုံးမခံကြဖို့နဲ့ အဲဒီလို ဒီမိုကရေစီ အရေးအတွက်တော်လှန်ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို ထောက်ခံအားပေးကြမှာပါလို့ လွှတ်တော်အမတ် ရိုရာဘာကာက အားပေးတိုက်တွန်း ပြောကြားခဲ့ပါတယ် ။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာကအမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲမှာ အခုလို ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများမှ ထိုတင်ပြတိုက်တွန်းချက် အပေါ်ကြိုဆို ထောက်ခံလိုက်ပြီး ထပ်ဆင့်တောင်းဆိုလိုက်သည် ။

၁ ။ ၂၀၁၀ လှုပ်ရှားမှုအဖွဲ့ ( ပြည်တွင်း )
၂ ။ ၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)
၃ ။ မြန်မာ့ဒီမိုကရေစီအင်အားစု (နယ်သာလန်)
၎ ။ မြန်မာ့ဒီမိုကရေစီအင်အားစု (ဘယ်လ်ဂျီယံ)
၅ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)
၆ ။ ဖေါ့ဝိန်းမြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရိကန်ပြည်ထောင်စု)
ရ ။ မြန်မာကျောင်းသားများအစည်းအရုံး (ဆန်ဖရန်ဆစPကို - ဘေးဧရိယာ )

ဆက်သွယ်ရန်
မြတ်သီဟ ( EU )+ 31 61 61 03181 ၊ အောင်မြင့်ထွန်း ( USA ) (260) 249 – 7189
+လူ့အခွင့်အရေးပညာသင်ခန်းစာ

+အမျိုးသမီးအခွင့်အရေးပညာသင်ခန်းစာ

+ကလေးအခွင့်အရေးပညာသင်ခန်းစာ

မြစ်ဆုံဗုံးပေါက်ကွဲမှု သံသရှိသူ အဖမ်းခံရ | သတင်းနှင့်မီဒီယာ ကွန်ယက်

ကချင်ပြည်နယ်၊ မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်း ဆောက်လုပ်ရေးဝင်း အတွင်း ဗုံးပေါက်ကွဲမှုများ နှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးအား မြန်မာစစ်အစိုးရက ဖမ်းဆီးထားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တရက်တွင် ဖောက်ခွဲရေးသမားဟု သံသယရှိသူနှစ်ဦးအား ဒေသခံ အာဏာပိုင် အဖွဲ့နှင့် စစ်အစိုးရတပ်က ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်အာဏာပိုင်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြောင်း ယခုလ ၁၈ ရက်နေ့က ထိုဒေသတွင်ရောက်ရှိ နေသည့် ကုန်သည်တစ်ဦးက ယခုလိုပြောသည်။

ကျနော်တို့ တန်ဖဲကနေပြီးတော့ ပြောသံကြားတာကတော့ လူနှစ်ဦးကိုဖမ်းထားတယ်လို့ အဲလိုပြော တယ်။ သူတို့ မသင်္ကာတဲ့လူနှစ်ဦးလို့ ယူဆရတဲ့ လူနှစ်ဦးကိုဖမ်းထားတယ်။ အဲဒီသတင်းတော့ ကြား တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ကျနော်တို့ မသိလိုက်ရဘူး။

ယင်းကိစ္စမှန်ကန်ကြောင်းနှင့် အဖမ်းခံရသူမှာ ဗုံးပေါက်ကွဲရာဒေသတ၀ိုက်မှ ရော်ဘာခြံ ပိုင်ရှင်တစ်ဦးဖြစ်၍ ၎င်း နှင့်အတူ ခြံအလုပ်သမား လေးဦးအဖမ်းခံခဲ့ရပြီး သုံးဦးအားပန်ွတ်ပေးခဲ့သည်ဟု ကချင်သတင်းဌာန အယ်ဒီ တာ ကိုနော်ဒင်း က ယခုလို အတည်ပြု ပြောဆိုသည်။


အဲဒီခြံပိုင်ရှင်ကိုလည်း ဖမ်းထားတယ်။ ပိုင်ရှင်ကတော့ ဇေလွန်းလို့ ပြောတာပေါ့နော်။ သူ့ရဲ့ အလုပ် သမားတစ်ယောက်လည်း ဖမ်းထားတယ်ဗျာ။ သူတို့နှစ်ယောက်ကိုတော့ဒီအချိန်အထိ ဖမ်းထားတယ် ပေါ့။ ကျန်တဲ့ မသင်္ကာတဲ့ သုံးယောက်ကိုတော့ သူတို့ ပြန်လွတ်ပေးပြီလို့ ပြောတယ်။

အဖမ်းခံရသူ ဇေလွန်းမှာ မြစ်ကြီးနားမြို့ ရှစ်မိုင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီနှင့် ပြဿနာ ဖြစ်ခဲ့ဖူးသည့်အတွက် အဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းက ယခုလိုဆက်ပြော သည်။

အေးရှားဝေါကုမ္ပဏီက မီးတွေရှို့ရင်းနဲ့ ရော်ဘာခြံတွေမှာ မီးတွေလောင်ပြီးတော့ တော်တော်များများ ပျက်စီးသွားတာမျိုးတွေရှိတာပေါ့။ အဲလိုမျိုးတွေရှိတော့ အဲဒီကုမ္ပဏီကို သူက(ခြံရှင်) လျော်ကြေး တောင်းထားတာပေါ့။ လျော်ကြေး သိန်းသုံးဆယ်ကနေ လေးဆယ် အဲလိုမျိုး တောင်းထားတာတွေ ရှိတယ်တဲ့။ အဲတာကို ကုမ္ပဏီပိုင်ရှင်တွေက မပေးဘူးတဲ့။ ရော်ဘာခြံပိုင်ရှင်တွေက အဲလိုမျိုးလုပ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ပဲ သူတို့ကို ဖမ်းတာပေါ့။

အဖမ်းခံထားရသူနှစ်ဦးအား မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုမည့်သူမရှိပါ။

တရက်ထဲတွင် မိုင်းဗုံး (၁၀)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ စစ်အစိုးရမှ လုံခြုံရေးများ တင်းကြပ် စွာချထားပြီး စစ်ဆေးမှုများ ပိုမိုဆောင်ရွက်နေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ဆုံရေကာတာတည်ဆောက်ရေး စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း စီမံကိန်းကို စစ်အစိုးရမှ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုပြီး တရားခံဖော်ထုတ်နိုင်ရေးအတွက် စစ်အစိုးရနှင့် (KIO)တို့ ပူးပေါင်း ဆောင်ရွက်သွားရန် ယခုလ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောတူ ခဲ့ကြသည်။

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

လွိုင်ကော်ကျေးရွာဒေသများ၌ ညလမ်းသရဲများ သတိထားနေရ


ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖိုကျေးရွာမှ ပဒါးညေးကျေးရွာသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ထမ်းရောင်းသော ပအိုဝ်းအမျိုးသမီးနှစ်ဦးအား ညလမ်းသရဲများ၏ လုယှက်မှုကို ခံရသည့်အပြင် အတင်းအဓ္ဓ ပြုကျင့်မှုကိုလည်း ခံခဲ့ရသည်ဟု အခင်း ဖြစ်ပွားမှုကို သိရှိသော ရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့်လက အသက် ၅၀ ကျော်ရှိသည့် ပအိုဝ်းအမျိုးသမီးနှစ်ဦးအား လမ်းသရဲအုပ်စုတစုမှ မတရား ပြုကျင့်ခဲ့မှုအပေါ် အာဏာပိုင် ဘက်မှ မည်သည့် စုံစမ်းအရေးယူမှုများ မပြုလုပ်ကြောင်း ဆိုသည်။

အရေးယူမှုများ မရှိသည့်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ညအချိန်ဖြစ်ဖြစ်၊ နေ့အချိန်ဖြစ်ဖြစ် တရွာနှင့်တရွာ သွားလာ သည်ဖြစ်စေ တောင်ယာနှင့် စိုက်ခင်းခြံများသွားသည်ဖြစ်စေ တဦးတယောက်ထဲ မသွားရဲကြဘဲ အုပ်စုလိုက် ဖွဲ့၍ သွားနေကြရသည်ဟု သိရသည်။

ပေါင်လှန် ထောင်းမိတယ် .................... ( ဌေးတင့် နယ်သာလန် )

ကျွန်တော်တို့ မြန်မာပြည်ကလူတွေ အတတ်လွန် အတော်လွန်နေကြပါတယ် ။ မြို့ နယ် အသီးသီး ကဦးဆောင်လှုပ်ရှား ခဲ့ဘူးသုတွေများတော့ အဲဒီ အဆင့်အတွေးအခေါ်က တက်မလာသေးပါဘူး ။ ပြည်တွင်းမှာက အခြေအနေမပေးပါဘူး ။ ထားပါတော့ ။

နယ်စပ်နဲ့ ပြည်ပတွေမှာကော နူနယ်သေးတဲ့ အတွေ့ အကြုံနဲသေးတဲ့ ၁၉၈၈ က ၂၀၀၀ ကာလမှာ ထားပါတော့ အခု ၂၀၁၀ ရောက်လာပြီ ။ ဒီမိုကရေစီ နိုင်ငံတွေမှာ အခြေကြနေပြီ ။ ရင့်ကျက်တဲ့ အနေအထားကို ရောက်ကြပြီလား ။ ပညာတော်သူတွေက အရမ်းတော်ပြီး အောက်ခြေလွတ်လာတယ် ။ ပြည်တွင်းက အသက်စွန့် နေသူကို ဆရာလုပ်တဲ့ အဆင့်တက်လာတယ် ။ကာတွန်း-ဟန်လေး

ကျန်ခဲ့သူတွေကရော လူတိုင်းလွတ်လပ်စွာ လုပ်နိုင်တဲ့ ၁၉၈၈ သြဂုတ်လ နောက်ပိုင်းနဲ့  ၁၉၉၀ ရွေးကောက်ပွဲ အထိ ရယူဘူးတဲ့ နေရာတခုကနေ ပြောနေကြတုံးဘဲ ။ ဘာနေရာမှ မရဘူးသူတွေက ကြိုးစားရင်း နေရာဝင်ယူတာကောင်းပါတယ် ။ ကျွန်တော်မြင်တဲ့ အဓိကပြဿနာက သမိုင်းတွေကို ပေါ့ပေါ့ဖတ်ပြီး ခေါင်းဆောင်ရူးတဲ့ ပြဿနာ နအဖက နောက်မှာနေပြီး ပံ့ပိုးပေးနေသူတွေ အဖွဲ့ အစည်းက ပန့် ပိုးပေးလိုက်တဲ့ ခေါင်းဆောင်ရူးတွေ ဒီပြဿနာနဲ့ နောက်ဆက်တွဲ အနာဂတ်ဟာ ကြောက်စရာ အဖြစ်ဆိုးတွေ
ဝမ်းနည်းစရာ ဖြစ်ပွားခဲ့ပါတယ် ။

မြန်မာပြည်ရဲ့ အနာဂါတ်မှာ ဆက်ဖြစ်နေအုံးမှာပါ
လူထုဟာ ခေါင်းဆောင်ရွေးရတာ ကြောက်သွားပါတယ် ။
ကျွန်တော်တို့ တောင် ပြည်ပမှာ ခေါင်းဆောင်သစ်ရှာဖို့ လည်နေပါတယ် ။

လူထုခံစားမှုနဲ့  ပြည်ပအတိုက်အခံတွေ ခံစားမှုကို နားလည်ပြီး ပြည်တွင်း ပြည်ပနိုင်ငံရေး ကို မှန်မှန်သုံးသပ်ပြီး ဦးဆောင်မည့်သူတွေ ( ငါကမင်းတို့ ထက်ပိုသိသူတွေကတော့ သိတဲ့နေရာမှာ လုပ်ကြပါ )
၁၉၈၈ နောက်ပိုင်းကစပြီး သမိုင်းကောင်းခဲ့သူတွေ တက်စေခြင်ပါတယ်။

စင်မြင်ရင် တက်မယ် ။

မြင်ဘူးသမျှ မြန်မာပြည်သား တော်တော်များများဟာ စင်ကြိုက်ကြပါတယ် ။ ဘာစင်မြင်မြင် အနားကို အရောက်သွားပါတယ် ။ နိုင်ငံရေးလား လူမှုရေးလား ကျန်းမာရေးလာ ဘာသာရေးလား စင်ပေါ်ကလူနဲ့ စကားလေးပြောရမှ ကြေနပ်ပါတယ် ။ အခြေအနေပေးရင် စင်ပေါ်မှာ ထိုင်ဘို့ ကြိုးစားပါမယ် ။ လိုချင်တဲ့ အချက်အလက်ရရင် စင်ပေါ်က အရင်လူကို အတင်းတုတ် ဝါဒဖြန့်  ပြီး ကန်ချတာပါဘဲ ။ စင်မြင်ရင်တက်ချင်တဲ့ မြန်မာပြည်ကလူတွေ နအဖထောင်ချောက် အသုဘစင် တက်မိလို့ ၂၀၁၀ မှာ နအဖနဲ့ ပေါင်းပြီး ဘက်ပြောင်းသွားသူတွေကို မြင်နေရတယ် ။
့တော်လှန်ရေးပြီးရင်တော့ ပြည်သူက အခေါင်းလုပ်ပြီး အားလုံးကို ထဲ့မီးရှို့ မှာပါ ။

ပွားပွားအုပ်စု (ဝါ) ချွန်တွန်းအုပ်စု
အင်မတန်ကြောက်စရာကောင်းပါတယ် ။ အုပ်စုတိုင်း အဖွဲ့ တိုင်းကို အောက်လေနဲ့ လိုက်ပါတယ်။ မြန်မာပြည်တောင် ပတ်စပို့ အတုဝယ် ဝင်ပြီး အစရှာပါတယ် ။ ပါတ်ချွဲ နှပ်ချွဲ အစဖေါ်ပေးပါတယ် ။ ရသမျှ အားနဲ့ ချက် တော့တာပါ ။ အားလုံး နားထောင်ပါတယ် ပြီးရင် ကိုယ်ထမင်း ကိုယ်စားပြီး မီးဖိုချောင် သတင်းအဖြစ်ဝေမျှ ပါတော့တယ် ။ ပြောတဲ့သူက အာညောင်းရှာညောင်း ပြေသွားပါတယ် ။ အပြောခံရသူက အဖွဲ့ အစည်းမှာ တာဝန်ယူနေသူဆိုရင်တော့ ရှင်းပေတော့ ။ မရှင်းတတ်ရင် သမိုင်းပါကွေးတော့တာပါဘဲ ။

လူများများစုမိရင် ပြောလိုက်ခြင်တဲ့ ဝါသနာ
ပြောချင်လွန်းလို့ နေတာ စောင့်နေရတာ
ဒီအစည်းအဝေးကို
ဒီ ကျင်းပမဲ့ ပွဲကို
ဒီ ဖုန်းကွန်းဖရင့်ကို + + + +

ကဲပြောတော့လို့ ခွင့်ပေးလိုက်တာနဲ့ ၁၉၈၈ ကရပ်ကွက်ထဲမှာ ထမင်းထုတ်ကောက်ခဲ့တာတွေ ။ ပြည်တွင်းမှာ ခေါင်းဆောင်ကြီးအဖြစ် အဖမ်းခံတာတွေ တော်လှန်ရေးမှာ အနစ်နာခံပြီး ငပိစားတာတွေ ဘန်ကောက်မှာ ဗီဒီယို ရောက်အောင်သွားပြီး ကြွေးကြော်ခဲ့တာတွေ ပြည်ပမှာ အဖွဲ့ ကြီးထောင်ဘို့ ကြိုးစားနေတာတွေ ။ ဖတ်ဖူးသမျှတွေ ။ ကြားဖူးသမျှတွေ ။ ထင်တာတွေ ပြောတာပါဘဲ နားထောင်သူတွေအားလုံး နားညောင်းသွားပါတယ် ။ ပြောလို့ မပြတ်သေးပါဘူး ။

ဒါဆို ခင်ဗျားက ဘာဖြစ်ချင်တာလဲ ။ ၂၀၁၀ ကိုဘာလုပ်မှာလဲမေးလိုက်
ကျွန်တော်လဲ မသိလို့ အခု အစည်းအဝေးလာတက်တာတဲ့ ;(

အဲဒီလူမျိုးတွေကို မှတ်တမ်းတင်နိုင်ရန် စာရေးလာပြီး တင်ပြပါ ။ မစောင့်နိုင်ရင် အီးမေးနဲ့ ဖြန့် ပါ ။ တကမ္ဘာ လုံးဖတ်ပြီး သိမ်းဆည်း မှတ်တမ်း ထားနိုင်အောင်ပါ ။ မြန်မာပြည်အတွက် ကြိုးစားတာဂုဏ်ပြုပါတယ်။

အလုပ်လုပ်မှ ထမင်းကောင်းကောင်းစားရတဲ့ တိုင်းပြည်က မြန်မာ တအုပ်တော့ ဟင်းကနဲ သက်ပြင်းကလွဲရင် ဘာပြောကြမလဲ အလုပ်ချိန်တွေ အိပ်ချိန်တွေ အနားယူ အချိန်တွေ ပေးပြီး နားထောင်ကြရတာပါ ခင်ဗျား

ပြည်ပက မြန်မာတွေ ဒူးနေရာဒူး တော်နေရာတော် နေကြပြီး၊ သမိုင်းကောင်းခဲ့သူ ခေါင်းဆောင်ဟောင်းတွေက
တက်ကြွပြီး ထက်မြက်တဲ့ နောက်လူငယ်ခေါင်းဆောင်တွေကို လက်တွဲပြီး ပူးပေါင်းကြရင် စစ်မြေပြင် မြန်မာပြည်က အာဏာရှင်တွေကို ၂၀၁၀ မှာ အပြီးတောင် မြေမြုတ် ကြပါစို့ ။

ခေါင်းဆောင်ငယ်များမှ စုပေါင်းခေါင်းဆောင် တာဝန်ယူကြစို့ 

ဌေးတင့်
နယ်သာလန်
(တပည့်ဘဝနဲ့ ဝေးဝေးကနေ ကြားရတာများတော့
လွင့်ထွက်လာတဲ့ သံစဉ် အချို့ ပါ ။ ကျွန်တော့်ကိုလည်း ဧရာဝတီက
ကတုံးနဲ့ သတင်းထောက်ဟောင်းက ကော်ဆန့် ကလာတဲ့ ဝဏ္ကဘာမှမသိလို့ 
့မှတ်ချက်ပေးထားလို့ ၂၀၀၆ ကစ နားလိုက်ရပါတယ်)

မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရာမှာ တာဝန်သိဖို့ အမေရိကန် သတိပေး

RFA News | မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ သတိကြီးကြီးထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်ပွင့်လင်းလင်း ရှိဖို့ အထူးတာဝန်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုက ဧပြီ ၂၁ ရက် မနေ့က သတိပေးလိုက်ပါတယ်။

(Photo: RFA)မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း မြောက်ကိုရီးယားလက်နက်တင် သင်္ဘောတစီး ရန်ကုန်ဆိပ်ကမ်းကို ကပ်ပြီး စစ်သုံးလက်နက်ကြီးနဲ့ ကျည်တွေ ပို့ခဲ့တယ်ဆိုတဲ့ သတင်းအပေါ်မှာ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Philip Crowley က တုံ့ပြန် ပြောလိုက်တာ ဖြစ်ပါတယ်။


မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ သတိထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်လင်းမှုရှိဖို့ အထူးတာဝန်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှုကို စိုးရိမ်မှုရှိတဲ့အကြောင်း အရင်ကတည်းက လူသိထင်ရှား ပြောထားပါတယ်လို့ မစ္စတာခရိုလီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း ဘိလပ်မြေအိတ်တွေအောက်မှာ လက်နက်ပစ္စည်းတွေ တင်လာတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီးဟာ ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ကပ်ခဲ့ပြီး စစ်လက်နက် ပစ္စည်းတွေကို ညဖက်မှာ ချခဲ့တယ်လို့ ဆိပ်ကမ်းဝန်ထမ်းတဦးကို ကိုးကားပြီး RFA က သတင်း ထုတ်လွှင့်ခဲ့ပါတယ်။ဒီသတင်းနဲ့ ပတ်သက်လို့ မစ္စတာခရိုလီက အသေးစိတ်မတုံ့ပြန်ခဲ့ပေမဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာ စောင့်ထိန်းဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပါအဝင် မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် နှစ်ရပ်ဟာ ၂၀ဝ၆ နဲ့ ၂၀ဝ၉ ခုနှစ်တွေက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံက ညူကလီးယားလက်နက်၊ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေကို ရောင်းဝယ်တာကို ပိတ်ပင်ထားပြီး သယ်ဆောင်မှုကိုလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
http://www.rfa.org/burmese/news

၆-ကြိမ်မြောက် ABMA ဂျာနယ်အား ဆက်လက်ဖြန့်ဝေ

ABMA Journal Volume 1 No 6.
A4-စာရွက်ဖြင့် အလွယ်တကူ ပရင့်ထုတ်ပြီး ဖတ်ရှုနိုင်ပါသည်။
ထုတ်ပြီးတဲ့ အမှတ်စဉ်( ၁-၂-၃-၄-၅) ဂျာနယ်များကိုလည်း
မိမိတို့ဝတ်ဆိုဒ်မှ ဒေါင်းလုတ်လုပ်ပြီး ဖတ်ရှုနိုင်ပါသည်။

နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်

စစ်ကျွန်အဖြစ်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော် အပေါင်းတို့ ခင်ဗျား

၂၀၁၀ အတာ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက် ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ ၀မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိ စေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံး သွားကြကုန်သော အပြစ်မဲ့ ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေး ကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့ အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀ နေ့ အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင် သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံး နိုင်ဖွယ်ရာ ရှိကြောင်း ကြားသိ ခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေး သုဿန်၌ မီးသဂြိုလ် ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်း နောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်း ဖြစ်ပါသည်။

ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲ သတင်းများမှာ နအဖ စစ်အစိုးရ၏ ခေါင်းဆောင် သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ် တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ ရက် အလိုတွင် စရဖ ထောက်လှမ်းရေး အဖွဲ့မှ သတင်း ကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေး ဗုံးကို X20 မဏ္ဍာပ်ပေါ်မှ နေ၍ LINCONL ကုမ္ပဏီမှ ဆေးလိပ်များ၊ အရက် ပုလင်းများ ကြဲချရာတွင် ရော၍ ပစ်ချကြောင်း၊ ဖေါက်ခွဲမှု ပြုလုပ်သူများမှာ နအဖ စစ်အစိုးရ စွပ်စွဲ ပြောဆိုနေသော တိုင်းရင်းသား အဖွဲ့အစည်း၊ ကျောင်းသား အဖွဲ့အစည်းများ မဟုတ်ဘဲ နအဖ စစ်အစိုးရ စစ်တပ်မှ လူများ အချင်းချင်း လုပ်ကြံမှု ဖြစ်ပါကြောင်း ခိုင်လုံ သေချာ တိကျသော သတင်း ရပ်ကွက်များမှ ပေးပို့လာပါသည်။

လေးစား ဦးညွှတ်လျှက်
Burma paparazi
ပေးပို့လာသူ့ Burma Paparazi အား ကျေးဇူးတင်ပါသည်။

source by : Facebook

အဖျက်သမား ဘယ်သူလဲ | စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)

သင်္ကြန်အကြတ်နေ့ ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစားမ ဏ္ဍပ်အနီးတွင် ဗုံးသုံးလုံးဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ၉ဦးသေဆုံးခဲ့ပြီး၊ ၁၇၀ကျော်ဒဏ်ရာရရှိခဲ့သည်။ အပြစ်မဲ့ပြည်သူများထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရမီဒီယာများကတော့အဖျက်သမားတွေ ဖော်တာဖြစ် သည်ဟုကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူက တော့အဖျက်သမားသာဖြစ်သည်။ သို့ သော်အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။အဖျက်သမားဘယ်သူလဲ။ ဗုံးဖောက် တဲ့အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ်မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များ မကြာခဏဆိုသ လိုရှိခဲ့သည်။ သွားလေသူ န-အ-ဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦးဧ။်သမီး ပင်လျှင် အိမ်ထဲတွင်ဗုံးပေါက်ပြီးသေခဲ့သည်။ ဗိုလ်ချုပ်တင်ဦးကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ်ပျက်ကျတာမဟုတ်ပဲ ဗုံးပေါက်ပြီးကွယ်လွန်ခဲ့သလိုလိုသတင်းများ ထွက်ပေါ်ခဲ့သည်။ထိုသို့ သတင်းထွက်စရာအကြောင်းကလည်းရှိခဲ့သည်။ ကမ္ဘာ အေး စွယ်တော်ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦးလက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံးပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံဖြစ်သွားခဲ့ ရသည်။

မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်းစစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံဖော်ထုတ်လေ့ရှိသည်။ ပြည်ပြေးးဘယ်အုပ်စုကဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့တွဲပြီး ငဖြူကိုသင်တန်းပေးကာ ငဖြူက ငကြောင် ၊ငကျားစသူတို့နှင့်ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်းစသဖြင့်၎င်းတို့ မျက်စေ့ရှေ့  မှောက်တွင်လုပ်ဆောင်ခဲ့သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့ သော်တရားခံ ကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကိုလုပ်ကြံခဲ့သူမည်သူပါနည်း။ ယခုထိတရားခံမပေါ် သေး။ ထို့ ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ရိပ်သာအနီးဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီးယခုထိတရားခံမပေါ် သေး။ သတင်းစာရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကိုတရားခံပေါ် အောင်ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံးမေးခွန်းနောက်တစ် ခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ဆွေမျိုးမိတ်သင်္ဂဟများ နေထိုင် သောအင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့်ပြုထားခဲ့ရာမှ ယခုနှစ်တွင်ကျင်းပခွင့်မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွှေ့ခဲ့တာ အဘယ်သို့ သောအကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ဦးသေ၊ ၁၇၀ ကျော်ဒဏ်ရာရခဲ့ပြီ။ ထို သို့ အပြစ်မဲ့သောပြည်သူများ အပေါ်ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ်ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်ပါအုံးမည်။ မဝေးလှသောအတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူရာထောင်ချီ၍သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက် ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရဖြစ်ကြောင်းတကမ္ဘာလုံးက သတ်မှတ် ထားသည်။ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့ သော ကျေးလက်တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။၂၀၀၇- စက်တင်ဘာ ရွှေဝါရောက်မေတ္တာပို့သမှုကြီးကိုမြို့ လည်ခေါင် တွင်ရက်ရက်စက်စက်ဖြို ခွဲခဲ့သူ၊ ရဟန်းရှင်လူ ရာထောင်ချီ၍သတ် ဖြတ်ခဲ့သူမှာ န-အ-ဖပင်ဖြစ်သည်။

ထို့ သို့ လူသတ်မှုများသာမက ပြန်ပေးဆွဲ ပြီးလူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်းသေဆုံးခဲ့ မှု၊ အိမ်မဲမြို့ က ကရင်အမျိုးသားကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေ ပြလျက်ရှိသည်။

ဖော်ပြခဲ့သော အကြောင်းအရာများ ကိုထောက်ချင့်ကြည့်သော်၊ မင်္ဂလာအခါ တော်မြန်မာ့နှစ်ကူး အခါသမယမှာ ပြည်သူတွေ သေကြေထိခိုက်ထိတ်လန့် အောင် တိုက်ခိုက်ခဲ့သည့်အကြမ်းဖက်အဖျက်သမားမှာ မည်သူမည်ဝါ ဖြစ်နိုင်သည်ကို ခန့် မှန်းနိုင်လောက်ပါပြီ။

ပြည်သူတွေပြောနေသောစကားနှင့်ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာရှိတော့သည်။

စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)

နအဖ၏ ရာဇ၀တ်မှုများကို တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများ ပြင်ဆင်

တိုကျို၊ ဧပြီ(၁၈)
သတင်း-သန့်မျိုးထွေး |
နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသား အမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ (Criminal Case)များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေး တရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်းသိရသည်။

ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။

ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ စစ်အစိုးရက ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထား အချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိ နိုင်ပုံနှင့်ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။

ယနေ့တွင်ကော်မတီဖွဲ့စည်း လိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့်ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်းသာဖြစ်သည့်အတွက် တရားဝင်မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့်သူများမှာ နအဖစစ်အစိုးရက အမှန်တကယ်ညှင်းပန်း နှိပ်စက်မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်။


ဆက်လက်ပြီး ဒေါ်ချိုချိုအေးက "ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကိုထွက်ပြီးတော့ တရားရုံးတောင်လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့လူ့အခွင့်အရေးချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ်မပေးနိုင်တဲ့ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထား အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာအကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရကာကွယ် စောင့်ရှောင့်မှုပေးနိုင်ခြင်း မရှိပါဘူးဆိုတာကို လက်တွေ့ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့မတူပါဘူး"ဟုရှင်းပြသည်။

ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင်ကျင်းပမှုကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှမယူဘဲ ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ်အကုန်အကျခံကာ တရားရုံး၏ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ဝေသွားမည်ကြောင်း သိရသည်။

နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့်ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင်နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူစုံစမ်းစစ်ဆေးနိုင်ရန်ကြိုးပမ်းကြခြင်းဖြစ်သည်။

ဗုံးဖောက်ခွဲမှုအပေါ် စပ်မိစပ်ရာ အတွေးများ၊ ဆွေးနွေးချက်များ

Saffron Mail Letter Group | ကျွန်တော်တို့ အခုရေးတဲ့ အကြောင်းလေးကို Subject မှာ ရေးထားတဲ့ အတိုင်း စပ်မိစပ်ရာ ဆွေးနွေးချက် လို့ပဲ နားလည်ပေးပါ။ အားလုံးရင်ထဲမှာ ခံစားချက်ကိုယ်စီနဲ့ ရေးနေကြတာကို နားလည်ပါတယ်။ အချို့အချက်အလက်တွေ ကျွန်တော်တို့ တင်ပြချင်ပါတယ်။

၁။ အင်းယားလမ်းထဲမှာ မဏ္ဍပ်မဆောက်ရ သင်္ကြန်မှာ ဘယ်လိုမဝတ်ရ ဆိုပြီးထုတ်ပြန်ချက်တွေနဲ့ အခု သင်္ကြန်ဟာ မစခင်ကတည်းက လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

၂။ တကယ်တော့ အဲ့ဒီ ဗုံးကွဲတဲ့ မဏ္ဍပ်ဟာ အင်းယားလမ်းမှာ ရှိရမှာ ဖြစ်ပေမယ့် အခု ကန်တော်ကြီး ပါတ်လမ်းမှာ ရှိနေပါရပါတယ်။ မိတ်ဆွေများသိတဲ့အတိုင်း အင်းယားလမ်းမှာဆို ဒီထက်မက အုတ်သြော် သောင်းနင်း ဖြစ်ပြီး အသေအပျောက် ပိုများပါလိမ့်မယ်။ လမ်းကျဉ်းလေးထဲမှာ လူတွေပိတ်နေတာနဲ့ပဲ တယောက်ကို တယောက် တက်နင်းပြီး ထပ်ထိခိုက်မှာတွေ တွေးလို့ တောင်မရပါဘူး။

၃။ သင်္ကြန်မှာ ဗုံးကွဲပါတယ်။ ဖြစ်စဉ်ဟာ ဟိုတုန်းက ဂျန်းရှင်း 8 နဲ့ နောက်နှစ်နေရာမှာ ကွဲတဲ့ပုံနဲ့ တော်တော်ပဲ တူညီပါတယ်။ အဲဒီ အမှုကို ဟိုလူဒီလူကို အပြစ်အင်မတန်ရှာတတ် ဆိုင်းဘုတ်ကပ်တတ်တဲ့ နအဖများ နှာစေးနေပါတယ်။ အခုထိ တရားခံ မပေါ်ပါဘူး။ နောက် အတိုက်အခံတွေဘက်ကလဲ ဝန်ခံခဲ့တာ တခုမှ မရှိပါဘူး။

၎။ တုန့်ပြန်မှုဟာ သိပ်မြန်ပါတယ်။ ရဲတွေအချိန်နဲ့ တပြေးညီရောက်လာတော့ လူတွေ လက်ခုပ် တီးကြတာကို ညီလင်းဆက်ဘလော့မှာ ဖေါ်ပြထားပါတယ်။ ကျွန်တော်တို့တွေ အဲဒီအကြောင်း ဆွေးနွေးကြတော့ အနားက ကလေးတယောက်က ဝင်ပြီးပြောတာလေး တခုဖေါက်သည် ချချင်ပါတယ်။ ”ဦးတို့ကလဲ ခလုတ်နှိပ်ပြီးတာနဲ့ ကားတွေကိုလွှတ်လိုက်ရင် အဲလိုရောက်တာပဲ”တဲ့။ ကလေးစကားပါ။ ကျွန်တော် အကိုးအကားမလုပ်ချင်ပေမယ့် သိစေချင်လို့ ရှယ်ယာလုပ်တာပါ။

၅။ ဖြစ်စဉ်အားလုံးကို အချိန်နဲ့ တပြေးညီမှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့်ချက်ခြင်းပဲ သတင်း ထုတ်ပြန်မှုတွေ လုပ်ပါတယ်။ ညခုနှစ်နာရီခွဲ သတင်းတင်ဆက်ချက်မှာ လူ ၇၅ယောက်ဒဏ်ရာရရာ ကနေ နောက်တနေ့ သတင်းမှာ ၁၇၀ဘယ်လိုဖြစ်ရတာပါလဲ။ ပေါက်တာက နေ့ခင်းကတည်းကပါ။ သင်္ကြန်မှာ ထိခိုက်လို့ ဆေးရုံရောက်သမျှကို စာရင်းထည့်ပေါင်းရင်တော့ မသိပါ။ ပိုဇာတ်နာအောင်လုပ်တယ် ဆိုရင်တော့ သတင်းတန်ဘိုးက သုံးမရအောင် ကျသွားပါတယ်။

၆။ သူတို့က အခုတခါ ထူးထူးခြားခြား ဘယ်သူလုပ်တယ်လို့ မစွတ်စွဲပဲ အဖျက်အမှောင့် သမားများလို့ပဲ နာမည်တပ်ပါတယ်။ ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်လို့ ထင်မြင်ရအောင် အကောင့် လုပ်ထားတဲ့ လူတယောက်က NCUM ဆိုပြီး တိတိကျကျစွပ်စွဲပါတယ်။ အဲဒီကယက်ကိုလဲ ဒီမေးဂရုပ်ထဲကလူတွေ အားလုံး ဖတ်သိပြီးဖြစ်လို့ အကျယ်မပြောလိုပါ။(ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်မဟုတ်ရင် တိတိကျကျ သတင်းထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။) ကျွန်တော်လဲ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

၇။ နောက်တခါ နှစ်ရက်ပဲကွာတဲ့ ဒီနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားက မြစ်ဆုံရေကာတာမှာ ဗုံးတွေ ဆက်တိုက်ကွဲပါတယ်။ ဒီတခါကျ သူတို့က ရေငုံနှုတ်ပိတ်နေပါတယ်။ နည်းပညာ တူပါတယ်။ ပိုတောင် အဆင့်နဲနဲ မြင့်ပါသေးတယ်။ တခုပဲ စဉ်းစားစရာက ဒီဖေါက်ခွဲရေး မာစတာကြိးက ရန်ကုန်မှာဖေါက်၊ နောက် မြစ်ကြီးနားကို နှစ်ရက်အတွင်း ချက်ချင်းသွား ဗုံးတွေအများကြီးကို ပဒေသာပင်လိုထောင် တလုံးပြီးတလုံး အားရပါးရခွဲ ၊ ဂျီမ်းစဘွန်းကား ကြည့်နေရသလိုပါပဲ။

၈။ ရေရာသေချာတာ တခုကို ကျွန်တော် ပြောနိုင်တာက အံသြစရာကြီးပဲလို့ပါပဲ။ နောက်ထပ်ပြောနိုင်တာ တခုက သူတို့ အနေနဲ့ ပြည်တွင်းနိုင်ငံရေး အတိုက်အခံတွေကို ကြိုက်သလို တံဆိပ်တပ်ပြီး ဖမ်းခွင့်လိုင်စင်ကို ယူသွားပါပြီ။

၉။ မိတ်ဆွေများ ခင်ဗျား ဒီလိုဖြစ်ရတဲ့ အပေါ်ကျွန်တော်တို့လဲ စိတ်ထိခိုက်ရပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုကို ခဏထိမ်းပြီး ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သေချာစွာလေ့လာစေချင်ပါတယ်။

၁၀။ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော်တို့ ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံတွေအရ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး လူဖမ်းပွဲကြီး စပါတော့မယ်ခင်ဗျား။( အခုရေးလိုက်လို့ သူတို့ မလုပ်ဖြစ်ရင်လဲ ဝမ်းနည်းမှာ မဟုတ်ပဲ အပြစ်မရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အဖမ်းမခံရတဲ့ အတွက် ဝမ်းသာကြေနပ်နေမှာပါ။)

၁၁။နောက်ဆုံးတချက်ပြောချင်တာက ဘယ်သူတွေက လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဂရုမစိုက်တဲ့လူတွေလဲဆိုတာ အလေးအနက် စဉ်းစားကြပါ ခင်ဗျား။

လေးစားလျှက်
Saffron Mail Letter Group

ကန်တော်ကြီး ဗုံးသတင်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။