
ကရင်ပြည်နယ်တနေရာမှ လက်နက်ကိုယ်စီဖြင့် တွေ့ရသော KNU တပ်သားတချို့ (ဓာတ်ပုံ - Getty Images)
မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့ နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာန ချုပ်အနီးတွင် ဇွန်လဆန်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေသည်။
ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။
အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများမှာ စိုးရွံ့ထိတ်လန့်၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ ယနေ့အထိ လူဦးရေ ၂၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ပြောသည်။
0 comments:
Post a Comment