“ကျနော်တို့ တင်ထားတဲ့ သက်သေ ၃ ဦး ကိစ္စ ပြင်ဆင်မှုနဲ့ ပတ်သက်ရင် တိုင်းတရားသူကြီးဆီမှာ ကျနော်တို့ ဘက်ရော တရားလိုဘက်ရော ၂ ဘက် လျှောက်လဲချက်ကို ဒီညနေ ၃ နာရီမှာ ပေးခဲ့ပါတယ်၊ လျှောက်လဲချက် ပေးပြီးတော့ တိုင်းတရားသူကြီးက ဒီပြင်ဆင်မှုနဲ့ပတ်သက်ပြီး အမိန့်ချဖို့ ၉ ရက်နေ့ ၃ နာရီကို ချိန်းပါတယ်၊ ဒီနေ့ က ကြားနာရုံသက်သက်ပါ”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်းကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုထားသည့် မူလခရိုင်တရားရုံးသို့ သွားရောက် ရာတွင် တိုင်းတရားရုံးက ပြင်ဆင်ချက်ရှိနေသည့်အတွက် အပြီးသတ်လျှောက်လဲရန်နှင့် ပတ်သက်ပြီး ရက်ချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုလိုက်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“တိုင်းရုံးက ပြင်ဆင်မှုရှိနေတဲ့အတွက် ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရက်ချိန်းကို ၁၂ ရက် ၆ လ ကို ရွှေ့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒါကလည်း အပြီးသတ်လျှောက်လဲချက်အတွက် မဟုတ်သေးဘူး၊ ဒါက ဒီမှာ ကျင့်သုံးတဲ့ မူအရ တိုင်းရုံးကအဖြေတခုခုရမှသာ အောက်ရုံးက ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အဲဒီတော့ အခု ချိန်းတယ်ဆိုတာက အခြေအနေတင်ပြရုံ ရက်ချိန်း၊ အဲဒါက မူလအမှု”ဟု ဦးဉာဏ်ဝင်း က ရှင်းပြသည်။ အပြည့်အစုံသို့

0 comments:
Post a Comment