ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။
နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။
နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။
ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။
niknayman-niknayman မှ သတင်းရယူပါသည်။ အပြည်အစုံဖတ်ရန် ခေါင်းစဉ်ကိုနိုပ်ပါ
Home »
» နအဖရဲ့  ဂျွန်ဝီလီယံယက်တော ရေကူးဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းဖြစ်ကြောင်း ပြည်သူတစ်ဦးမှ ထုတ်ဖော်ပြောဆိုလာ
နအဖရဲ့  ဂျွန်ဝီလီယံယက်တော ရေကူးဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းဖြစ်ကြောင်း ပြည်သူတစ်ဦးမှ ထုတ်ဖော်ပြောဆိုလာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment