Pages

အန်တီစု၏ (၆၄)နှစ်ပြည့်မွေးနေ့အတွက် ဂျပန်ရောက်မြန်မာများသို့

ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၄)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုချစ်မြတ်နိုးကြသော ဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှု ကုသိုလ်ပြုပွဲများ ပြုလုပ်ပေးခြင်း၊ အလှူအတန်း ပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။
အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံ တာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချ ချုပ်နှောင်ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ပြောပြသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ (AKIHABARA) ရက်ကွက်ရှိ၊ Kanda ချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင် ဝင်းမှဆက်လက်ရှင်းပြသည်။

မိမိတို့ လေးစားချစ်ခင်မြတ်နိုးသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလိုသူ၊ သို့မဟုတ် ကုသိုလ်ယူလိုသူဂျပန်ရောက် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံ တာဝန်ခံများဖြစ်ကြသည့် ဦးညီညီပေါက် (HRDP-Japan)ဝ၉၀ ၁၆၅၁ ၇၆၄၀၊ ဒေါ်တင်တင်ဝင်း (မိုးသောက်ကြယ်စာကြည့်တိုက်) ဝ၉၀ ၈၇၂၀ ၉၀၁၇၊ ဦးဘုန်းလှိုင် (FWUBC) ဝ၉၀ ၅၃၁၈ ၅၀၅၄၊ ဦး ဝင်းဇော် (NLD LA-JB) ဝ၉၀ ၂၄၈၆ ၂၈၉၇၊ ဦးညိုဝင်းသိန်း (ဖန်မီးအိမ်ဖောင်ဒေးရှင်း-ဂျပန်) ဝ၉၀ ၈၅၀ဝ ၁၆၄၂၊ ဒေါ်အိဖြူထွေး(မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း-ဂျပန်) ဝ၈၀ ၅၆၈၉ ၆၁၄၈၊ ဦးထင်ပေါ်(HRWUB) ဝ၉၀ ၁၇၃၉ ၆၄၈၉ နှင့် ဦး မောင်သန့် (BDA Group) ဝ၈၀ ၁၂၉၉ ၅၈၁၂ သို့ဆက်သွယ် လှူဒါန်းနိုင်သည့်အပြင် အတူလက်တွဲ၍ တာဝန်ယူလုပ်ဆောင်ပေးမည့် သူများကိုလည်း ကြိုဆိုဖိတ်ခေါ်ပါကြောင်း သိရှိရပါသည်။
မိုးသောက်ကြယ် ရယူပါသည်။

No comments:

Post a Comment