ယနေ့ ၁၈ ရက်နေ့ တွင် နိုင်ငံတကာရှိ မြန်မာသံရုံးများ ရှေ့တွင် ဆန္ဒပြပွဲများ ပြုလုပ်နေကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ အနေနှင့် ယခင် နေ့လည် ၃ နာရီမှ ၄ နာရီ ပြုလုပ်နေရာမှ ၁၅ ရက်နေ့ကနေ စတင်၍ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အချိန်တိုးပြီး လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သတင်းရရှိပါသည်။ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ရာ လူဦးရေ ၄၀၀ ကျော် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွပ်မြောက် ရေးအတွက် စည်းကမ်းရှိရှိ၊ အားတက်သရော ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုပွဲတွင် ဂျပန်လူမှုရေးအဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိသူများ၊ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက အားပေးစကားများပြောကြား သွားခဲ့ပါသည်။
No comments:
Post a Comment